6
သခင်ယေရှုကိုနာဇရက်မြို့ကလက်မခံခြင်း
(မ၊ ၁၃:၅၃-၅၈။ လု၊ ၄:၁၆-၃၀)
1 ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူ ထို အရပ်မှကြွတော်မူပြီးနောက် မိမိ၏နေရင်း မြို့သို့ရောက်ရှိလာ၏။- 2 ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။- 3 ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
4 သခင်ယေရှုက ``ပရောဖက်မည်သည်မိမိနေရင်း မြို့ရွာ၊ ဆွေမျိုး၊ အိမ်ထောင်စုမှလွဲ၍အဘယ် အရပ်တွင်မဆိုဂုဏ်အသရေရှိသည်'' ဟု မိန့်တော်မူ၏။✡ ယော၊ ၄:၄၄။
5 ကိုယ်တော်သည်ထိုမြို့တွင်ဖျားနာသူအနည်းငယ် ကိုလက်တော်တင်၍ ကျန်းမာစေတော်မူသည်မှ အပ အဘယ်နိမိတ်လက္ခဏာကိုမျှပြတော် မမူနိုင်။- 6 ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။
တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကို စေလွှတ်တော်မူခြင်း
(မ၊ ၁၀:၅-၁၅။ လု၊ ၉:၁-၆)
ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
7 တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။- 8 ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။-✡ လု၊ ၁၀:၄-၁၁။ 9 ဖိနပ်ကိုစီးကြလော့။ သို့ရာတွင်အင်္ကျီနှစ်ထပ် မဝတ်နှင့်။- 10 ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။- 11 သင်တို့ကိုလက်မခံသည့်အရပ်တွင်မနေကြနှင့်။ သင်တို့ဟောပြောသွန်သင်သည်ကိုနားမထောင် သူများထံမှထွက်ခွာသွားကြလော့။ ထွက်ခွာ သွားသည့်အခါတွင်သူတို့ကိုသတိပေးသည့် အနေဖြင့် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့'' ဟုမှာကြားတော်မူ၏။✡ တ၊ ၁၃:၅၁။
12 တပည့်တော်တို့သည်ထွက်သွား၍လူတို့ နောင်တရကြစေရန်ဟောပြောကြ၏။- 13 များစွာသောနတ်မိစ္ဆာတို့ကိုနှင်ထုတ်ကြ၏။ ဖျားနာသူအမြောက်အမြားကိုဆီလိမ်း ၍ကျန်းမာစေကြ၏။✡ ယာ၊ ၅:၁၄။
ဗတ္တိဇံဆရာယောဟန်ကွယ်လွန်ခြင်း
(မ၊ ၁၄:၁-၁၂။ လု၊ ၉:၇-၉)
14 သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။✡ မ၊ ၁၆:၁၄။ မာ၊ ၈:၂၈။ လု၊ ၉:၁၉။
15 အချို့သူများက ``ယေရှုသည်ဧလိယဖြစ် ၏'' ဟုဆိုကြ၏။
အချို့သူများကမူ ``ယေရှုသည်ရှေးပရောဖက် များကဲ့သို့သောပရောဖက်တစ်ပါးဖြစ်၏'' ဟု ပြောဆိုကြ၏။- 16 သို့ရာတွင်သခင်ယေရှုပြုတော်မူသောအမှု အရာအကြောင်းကိုကြားသောအခါ ဟေရုဒ် က ``ငါဦးခေါင်းဖြတ်ခဲ့သောယောဟန်သည် အသက်ပြန်ရှင်လေပြီ'' ဟုဆို၏။- 17 ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။-✡ လု၊ ၃:၁၉-၂၀။ 18 ယောဟန်သည်ဟေရုဒ်အား ``သင်သည်ညီဖြစ်သူ ၏ဇနီးကိုမသိမ်းမယူအပ်'' ဟုအဖန်ဖန် ကန့်ကွက်ပြောဆိုခဲ့၏။
19 သို့ဖြစ်၍ဟေရောဒိသည်ယောဟန်ကိုရန်ငြိုးဖွဲ့ ၍သတ်လို၏။ သို့ရာတွင်သတ်ရန်ကားမတတ်နိုင်။- 20 ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။
21 ဟေရုဒ်၏မွေးနေ့၌ဟေရောဒိအတွက် အခါ အခွင့်သာလာ၏။ ထိုနေ့၌ဟေရုဒ်သည်ဂါလိလဲ ပြည်မှခေါင်းဆောင်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ ဂုဏ်အသရေရှိလူကြီးလူကောင်းများ ကိုဖိတ်ကြားလျက်ညစာစားပွဲတစ်ရပ်တည်ခင်း ကျွေးမွေး၏။- 22 ထိုညစာစားပွဲသို့ဟေရောဒိ၏သမီးသည် လာ၍ အကနှင့်ဖျော်ဖြေ၏။ သူသည်ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းတို့၏စိတ်ကိုများစွာ ရွှင်လန်းစေ၏။ ဘုရင်မင်းကသူငယ်မအား ``သင် နှစ်သက်ရာကိုတောင်းလော့။ သင့်အားငါပေးမည်။- 23 ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
24 သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
25 သူငယ်မသည်ချက်ချင်းပင်မင်းကြီး၏ထံသို့ အလျင်အမြန်ဝင်ပြီးလျှင် ``ဗတ္တိဇံဆရာ ယောဟန်၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင် ၍ ယခုပင်ပေးတော်မူပါ'' ဟုလျှောက်၏။
26 ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူ၏။ သို့ရာတွင်ဧည့်သည်တော်များရှေ့ တွင် မိမိကျိန်ဆို၍ပေးခဲ့သည့်ကတိကိုထောက် ၍ သူငယ်မ၏တောင်းလျှောက်ချက်ကိုမငြင်း မပယ်နိုင်။- 27 သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေး၍ ကိုယ်ရံတော်တပ်သားတစ်ယောက်ကို စေလွှတ်လိုက်၏။ တပ်သားသည်အကျဉ်းထောင်သို့ သွား၍ယောဟန်၏ဦးခေါင်းကိုဖြတ်၏။- 28 ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ယူဆောင် လာပြီးနောက် သူငယ်မအားပေး၏။ သူငယ်မ သည်လည်းမိခင်အားတစ်ဆင့်ပေး၏။- 29 ယောဟန်၏တပည့်တို့သည်ဤသတင်းကို ကြားသောအခါ လာ၍ယောဟန်၏အလောင်း ကိုယူပြီးလျှင်ဂူသွင်းထားကြ၏။
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
(မ၊ ၁၄:၁၃-၂၁။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄)
30 တမန်တော်တို့သည်သခင်ယေရှုထံတော်သို့ ပြန်လာပြီးလျှင် မိမိတို့လုပ်ဆောင်ခဲ့သမျှ သွန်သင်ခဲ့သမျှတို့ကိုကြားလျှောက်ကြ၏။- 31 များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။- 32 သို့ဖြစ်၍ကိုယ်တော်နှင့်တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်တစ်ခုသို့လှေဖြင့်ထွက် သွားကြ၏။
33 ထိုသို့သွားသည်ကိုလူအများပင်မြင်လိုက် သဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့်အမြို့မြို့အရွာရွာမှလူ အပေါင်းတို့သည် ကိုယ်တော်သွားရာအရပ်သို့ အလျင်အမြန်ကုန်းကြောင်းလိုက်သဖြင့်ကိုယ် တော်နှင့်တပည့်တော်တို့မရောက်မီရောက်နှင့် နေကြ၏။- 34 ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။-✡ တော၊ ၂၇:၁၇။ ၃ရာ၊ ၂၂:၁၇။ ၆ရာ၊ ၁၈:၁၆။ ယေဇ၊ ၃၄:၅။ မ၊ ၉:၃၆။ 35 မိုးချုပ်စပြုသောအခါတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ``ဤအရပ်သည်လူ သူမရှိသည့်အရပ်ဖြစ်ပါ၏။ အချိန်လည်းနှောင်း ပါပြီ။- 36 အစားအစာဝယ်၍စားနိုင်ရန်လူတို့အား ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများသို့ စေလွှတ်တော်မူပါ'' ဟုလျှောက်ထားကြ၏။
37 ကိုယ်တော်က ``သင်တို့ပင်လျှင် သူတို့အားစား စရာတစ်စုံတစ်ခုကိုကျွေးကြလော့'' ဟုမိန့် တော်မူ၏။
ထိုအခါတပည့်တော်တို့က ``အကျွန်ုပ်တို့သည် ငွေဒင်္ဂါးနှစ်ရာဖိုးမျှအစားအစာဝယ်၍ ဤ သူတို့အားကျွေးရပါမည်လော'' ဟုလျှောက် ထားကြ၏။- 38 ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။
သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။
39 ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။- 40 လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။- 41 ထို့နောက်ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ် ကောင်ကိုယူတော်မူ၍ကောင်းကင်သို့မျှော်ကြည့် လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူ၏။ မုန့်ကိုဖဲ့တော်မူပြီးလျှင် လူတို့အား ဝေငှရန်တပည့်တော်တို့အားပေးတော်မူ၏။- 42 ထိုနည်းတူငါးနှစ်ကောင်ကိုလည်းသူတို့အား ခွဲဝေပေးတော်မူ၏။ လူအပေါင်းတို့သည်ဝ စွာစားရကြ၏။- 43 ထို့နောက်တပည့်တော်တို့သည် မုန့်နှင့်ငါးအကြွင်း အကျန်ကိုကောက်သိမ်းရာတစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။- 44 မုန့်စားသူယောကျာ်းဦးရေမှာငါးထောင်မျှရှိ သတည်း။
ရေပေါ်မှာလမ်းလျှောက်တော်မူခြင်း
(မ၊ ၁၄:၂၂-၃၃။ ယော၊ ၆:၁၅-၂၁)
45 ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အားအိမ် သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းမှာပင်တပည့် တော်တို့အားလှေတစ်စင်းပေါ်သို့တက်၍ အိုင်တစ် ဖက်ကမ်းရှိဗက်ဇဲဒရွာသို့ကူးနှင့်စေတော်မူ၏။- 46 ကိုယ်တော်သည်လူအပေါင်းတို့ကိုနှုတ်ဆက်တော် မူပြီးလျှင် ဆုတောင်းပတ္တနာပြုရန်တောင်ပေါ်သို့ တက်တော်မူ၏။- 47 ညချမ်းအချိန်ကျရောက်သော်တပည့်တော်တို့၏ လှေသည် အိုင်အလယ်တွင်ရောက်လျက်နေ၏။ ကိုယ် တော်သည်ကားတစ်ကိုယ်တည်းကုန်းပေါ်မှာရှိ၏။- 48 လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။- 49 သူတို့သည်ရေပေါ်မှာကိုယ်တော်လမ်းလျှောက် နေသည်ကိုမြင်ကြသော်တစ္ဆေဟုထင်မှတ်၍ ဟစ်အော်ကြ၏။- 50 သူတို့သည်ကိုယ်တော်ကိုမြင်သောအခါ ထိတ် လန့်ကြသောကြောင့်ဖြစ်၏။ ထိုအခါကိုယ်တော် က ``အားမငယ်ကြနှင့်။ ငါပင်တည်း။ မကြောက် ကြနှင့်'' ဟုသူတို့အားမိန့်တော်မူ၏။- 51 ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။- 52 အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
ဂင်နေသရက်မြို့တွင်လူနာများကို ကျန်းမာစေတော်မူခြင်း
(မ၊ ၁၄:၃၄-၃၆)
53 ကိုယ်တော်နှင့်တပည့်တော်တို့သည် အိုင်တစ်ဖက် သို့ကူးကြ၏။ ဂင်နေသရက်မြို့သို့ရောက်လျှင် လှေကိုဆိုက်ကြ၏။- 54 သူတို့လှေပေါ်မှဆင်းလျှင်ဆင်းချင်းလူတို့ သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့်၊- 55 ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။- 56 ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။