သက်သာလောနိတ်သြဝါဒစာဒုတိယစောင်
နိဒါန်း
ခရစ်တော်တစ်ဖန်ကြွလာတော်မူခြင်းနှင့်ပတ် သက်၍ သက်သာလောနိတ်အသင်းတော်တွင်မ တည်မငြိမ်မှုရှိနေသေး၏။ သခင်ဘုရားကြွ လာတော်မူရာနေ့ရက်ကျရောက်ပြီးပြီဟူ သောယုံကြည်ယူဆချက်မှားယွင်းကြောင်း ကိုတင်ပြရန် သက်သာလောနိတ်သြဝါဒစာ ဒုတိယစောင်ကိုရှင်ပေါလုရေးသားပေသည်။ ခရစ်တော်တစ်ဖန်ကြွလာတော်မမူမီကိုယ် တော်ကိုအတိုက်အခံပြုမည့်``သူယုတ်မာ ကြီး'' ဟုအမည်တွင်သူ၏ဦးဆောင်မှုဖြင့် ဆိုးညစ်ယုတ်မာမှုများသည် အဆိုးရွား ဆုံးအခြေအနေသို့ရောက်ရှိလာရဦး မည်ဖြစ်ကြောင်းသွန်သင်၏။
သက်သာလောနိတ်အသင်းတော်ဝင်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကိုခံနေရသော် လည်း ခရစ်တော်ကိုယုံကြည်မှုခိုင်မာစေရန် လည်းကောင်း၊ မိမိနှင့်မိမိ၏လုပ်ဖော်ကိုင် ဘက်များကဲ့သို့ အသက်မွေးဝမ်းကျောင်း ရှာဖွေလုပ်ကိုင်နေကြရန်လည်းကောင်း၊ ကောင်း မြတ်သောအမှုတို့ကိုဆောင်ရွက်ရာတွင်ဇွဲ လုံ့လရှိကြရန်လည်းကောင်း တမန်တော် ကြီးကအလေးအနက်တိုက်တွန်းပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၂
ချီးကူးစကားပြောကြားခြင်း ၁:၃-၁၂
ခရစ်တော်ကြွလာတော်မူခြင်းအကြောင်းနှင့် ပတ်သက်သောသွန်သင်ချက် ၂:၁-၁၇
ခရစ်ယာန်ပြုမူကျင့်ကြံမှုနှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်ခြင်း ၃:၁-၁၆
နိဂုံး ၃:၁၇-၁၈
1
1 ပေါလု၊ သိလွာနု၊ တိမောသေတို့ထံမှငါတို့ အဖဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သော သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။-✡ တ၊ ၁၇:၁။ 2 ငါတို့၏အဖဘုရားသခင်နှင့်အရှင်သခင် ယေရှုခရစ်ထံတော်မှ ကျေးဇူးတော်နှင့်ငြိမ် သက်ခြင်းကိုသင်တို့ခံစားရကြပါစေ သတည်း။
ခရစ်တော်ကြွလာချိန်၌တရားစီရင်တော်မူမည့် အကြောင်း
3 ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။- 4 ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
5 ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။- 6 ဘုရားသခင်သည်တရားသဖြင့်စီရင်တော် မူသောအရှင်ဖြစ်တော်မူသည်အတိုင်း သင်တို့ ကိုဆင်းရဲဒုက္ခရောက်စေသူတို့အားဆင်းရဲ ဒုက္ခရောက်စေတော်မူလိမ့်မည်။- 7-8 ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။- 9-10 ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။✡ ဟေရှာ၊ ၂:၁၀။
11 ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။- 12 ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။