အပြစ်တရားသည် ဘုရားသခင်၏ပညတ်တော်ချိုးဖောက်ခြင်း (၁ယော ၃း၎) နှင့် ဘုရားသခင်ကိုပုန်ကန်ခြင်း (တရားဟော ၉း၇၊ ယောရှု ၁း၁၈)ဖြစ်သည်ဟု သမ္မာကျမ်း စာထဲတွင် ဖော်ပြထားပါသည်။ အပြစ်တရားသည် လူစီဖါအားဖြင့်စတင်ခဲ့သည်။ သူသည် အလှပဆုံးနှင့်တန်ခိုးမရှိဆုံးသောကောင်းကင်တမန်တစ်ပါးဖြစ်သည်။ သူသည် မိမိရာထူး အဆင့်အတန်းနှင့်ရောင့်ရဲမှုမရှိပေ။ သူသည် ဘုရားသခင်ထက်ပိုပြီးမြင့်သောနေရာတွင် နေလိုသည်။ ထိုကြောင့် သူသည် နိမ့်ချခြင်းကိုခံခဲ့ရသည်။ အပြစ်တရား၏မူလအစဖြစ်လာ ခဲ့သည် (ဟေရှာယ ၁၄း၁၂-၁၅)။ သူသည် စာတန်ဟုနာမည်မှည့်ခြင်းကိုခံခဲ့ရသည်။ သူက ဧဒင်ဥယျာဉ်ခြံထဲရှိ လူသားများအပေါ်အပြစ်တရားကိုယူဆောင်လာခဲ့သည်။ သူက အာဒံနှင့်ဧ၀တို့အား “သင်တို့သည် ဘုရားသခင်နှင့်တူလိမ့်မည်”ဟူသော စိတ်လှုပ်ရှားမှုဖြင့် ဧဒင်ဥယျာဉ်ခြံထဲတွင် အာဒံနှင့်ဧ၀ကို လှည့်ဖြားခဲ့သည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၃ ထဲ တွင် အာဒံနှင့်ဧ၀တို့က ဘုရားသခင်နှင့်သူ၏ပညတ်တော်များကိုဆန့်ကျင်ချိုးဖောက်ခဲ့သည် ဟုဖော်ပြထားပါသည်။ ၄င်းမှတဆင့် လူသားအားလုံးများဆီသို့အပြစ်တရားကူးစက်လာခဲ့ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၊ အာဒံမှဆင်းသက်လာသောသူများအားလုံးအပေါ် အာဒံမှတဆင့် အပြစ်တရားကူးဆက်လာခြင်းဖြစ်သည်။ ရောမ ၅း၁၂ ကအာဒံအားဖြင့်ဤလောကသို့အ ပြစ်ဝင်ရောက်လာခဲ့သည်။ “အပြစ်၏အခကားသေခြင်း” (ရောမ ၆း၂၃) ဖြစ်သောကြောင့် လူသာားအား လုံးသည် သေခြင်းအပြစ်နှင့်ရင်ဆိုင်ခဲ့ရသည်။
အာဒံအားဖြင့် လူသားအားလုံးအပေါ်အပြစ်တရားဝင်ရောက်လာခဲ့သောကြောင့် လူ သားအားလုံးသည် အပြစ်သားများအလိုအလျောက်ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ အာဒံသည် အပြစ်ပြုသောအခါပုန်ကန်ခြင်းအပြစ်တရားက သူ၏အတွင်းနှလုံးကို အဆိုးသို့ပြောင်းလဲ ပေးခဲ့သည်။ သူနောက်မှမေးဖွါးလာမည့်လူသားအားလုံး အပေါ်သို့ ၀ိညာဉ်သေခြင်းနှင့်ပျက် ဿုံးခြင်းများဖြစ်စေခဲ့သည်။ ကျွန်ုပ်တို့ပြုသောအပြစ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများမဟုတ်ပေ။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသောကြောင့် အပြစ် ပြုလုပ်ခြင်းဖြစ်သည်။ ဤသို့သောပျက်ဆီးခြင်းကို အာဒံမှအမွေဆက်ခံလာသောအပြစ် ဟု သိရှိရသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မိဘများထံမှ ကိုယ်ကာယပိုင်းဆိုင်ရာအကျင့်စ ရိုက်များအမွေဆက်ခံသည့်နည်းတူ၊ အပြစ်တရားကို အာဒံထံမှဆက်ခံလာခဲ့ကြခြင်း ဖြစ်သည်။လူသားအားပျက်စီးခြင်းအကြောင်းကို ဆာလံ ၅၁း၅ ထဲတွင် ဒါဝိဒ်မင်းကြီးက သီချင်းအားဖြင့်သီကုံးစပ်ဆိုထားပါသည်။ “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင်အပြစ်စွဲပါ၏။”
အခြားသောအပြစ်အမျိုးအစားမှာ အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်းဖြစ်သည်။ နှစ်ခုစလုံး တို့သည် ငွေကြေးနှင့်ဥပဒေ ကိစ္စများတွင် အသုံးပြုထားသည်။ ဂရိ စကားလုံးကို “အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်း”ဟုဘာသာပြန်ထားသည်။ “လူတစ်ဦးတစ် ယောက်၏ပိုင်ဆိုင်မှုကိုယူပြီး အခြားလူတစ်ယောက်ထံပေးအပ်ခြင်းမျိုး” အဓိပ္ပါယ်ဆိုလို သည်။ လူတွေသည် အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်းကြောင့် အပြစ်သားများဖြစ်ကြ သော်လည်း မောရှေပညတ်တော်မပေးမှီ လူတွေပေါ်မှာအပြစ်အတွက်ကိုယ် စားပြုဒဏ်ခံခြင်းမရှိသေးပေ။ ပညတ်တော်ပေးခဲ့ပြီးသောအခါ အပြစ်ပြုသောသူများသည် အပြစ်ဒဏ်ခံရမည်ကိုတွေ့ရှိနိုင်သည် (ရောမ ၅း၁၃)။ ဥပဒေချိုးဖောက်ခြင်းပြစ်ဒဏ်ကိုလူ တွေထဲတွင်မရောက်မှီ အပြစ်တရား(သေခြင်း)က ဆက်လက်အုပ်စိုးနေသည်ကိုတွေ့ရှိ နိုင် သည် (ရောမ ၅း၁၄)။ အာဒံမှမောရှေခေတ်အထိနေထိုင်ခဲ့သောသူများသည် မောရှေပညတ်တော်ကိုဆန့်ကျင်ခြင်း(သူတို့မပိုင်ဆိုင်သောပညတ်) အပြစ်ကြောင့်မဟုတ်၊ အမွေဆက်ခံသောအပြစ်တ ရားကြောင့်သူတို့သည် သေခြင်းအားဖြင့်ဒဏ်ခတ်ခြင်း ခံခဲ့ကြသည်။ မောရှေပြီးနောက် လူတွေက အာဒံထံမှဆက်ခံသောအပြစ်နှင့် ဘုရားသခင် ၏ပညတ်တော်ချိုးဖောက်ခြင်းအပြစ်ကြောင့် သေခြင်းအားဖြင့်ဒဏ်ခတ်ခြင်းခံခဲ့ကြသည်။
သခင်ယေရှုခရစ်တော်သည် ကားတိုင်တော်ပေါ်တွင် အပြစ်အတွက်ပြစ်ကြွေးပေး ဆပ်ရန်အသေခံသောအချိန်တွင် သူ့အပေါ်တွင် ယုံကြည်သူများအပြစ်ကို ဘုရားသခင်က တင်ခဲ့သည်။ ၄င်းသည် လူသားများအကျိုးအတွက်ကိုယ်စားပြုပြစ်ကြွေးခံစေခြင်းနိယာမကို ဘုရားသခင်ကအသုံးပြုထားသည်။ခရစ်တော်သည် အပြစ်သားမဟုတ်သော်လည်း ဘုရား သခင်ကသူ့ကိုအပြစ်သားတစ်ဦးကဲ့သို့ဆက်ဆံခဲ့သည်။ သူသည် ဤလောကတစ်ခုလုံးအ တွက်အသေခံခဲ့သည် (၁ယော ၂း၂)။ ခရစ်တော်အပေါ်အပြစ်များတင်ခြင်းကိုနားလည်ခြင်း သည် အလွန်အရေးကြီးသည်။ သို့သော်သူသည် အာဒံထံမှအပြစ်တရားကိုအမွေမခံခဲ့ပေ။ သို့သော်သူသည် အပြစ်အတွက်ဒဏ်ခံခဲ့သည်။ သို့သော်သူသည် အပြစ်သားတစ်ဦးမဟုတ် ပေ။ သူ၏ဖြူစင်ပြီးပြည့်စုံသောဘ၀ကိုအပြစ်တရားကမထိနိုင်ပေ။ သူသည် လူသားအားလုံး ပြုခဲ့သောအပြစ်သားကဲ့သို့ဆက်ဆံခြင်းခံရသော်လည်း သူသည် အပြစ်လုံးဝမပြုခဲ့ပေ။ ဘုရားသခင်က ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုယုံကြည်သူများအပေါ်တွင် တင်ခဲ့သည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကြောင့် ကျွန်ုပ်တို့သည်ဖြောင့်မတ်သောသူများအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ကြသည်။ ကျွန်ုပ်တို့၏အပြစ်များကို ခရစ်တော်ထံသို့တင်သော ကြောင့်ခရစ်တော်သည်အပြစ်သားတစ်ဦးဖြစ်စေသည် (၂ကော ၅း၁၁)။
တတိယအကြိမ်အပြစ်အမျိုးအစားသည် တစ်ဦးချင်းစီပြုသောအပြစ်ဖြစ်သည်။ ၄င်းသည် လူတွေနေ့စဉ်နေ့တိုင်းပြုသောအပြစ်တရားဖြစ်သည်။ ကျွန်ုပ်တို့သည် အာဒံထံမှအပြစ်တ ရားကိုအမွေခံသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ပြုကြသည်။ လူ့အသက်ကိုတောင်သတ် ဖြတ်ခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်ကိုမယုံကြည်သောသူများသည် အမွေဆက်ခံသောအပြစ်နှင့်လက်ဆက်ကမ်းရရှိသော သူတို့ပြုသည်ဤအပြစ်တရား ကြောင့် အပြစ်စီရင်ခြင်းဒဏ်ခံရမည်ဖြစ်သည်။ သို့သော်ယုံကြည်သူများသည် အပြစ်တရားစီရင်ဒဏ်ခတ်ခြင်းမှလွှတ်မြောက်ခဲ့ကြသည်။ ငရဲနှင့်ဝိညာဉ်ရေးရာသေခြင်းမှ လွှတ်မြောက်ခဲ့ကြသည်။ သို့သော်ယခုတွင် ကျွန်ုပ်တို့မှာ အပြစ်တရားကိုခုခံနိုင်သော တန်ခိုးရှိသည်။ ယခုကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထဲတွင် ကျိန်းဝပ်သောသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် အပြစ်တန်ခိုးကိုခုခံနိုင်ရန် ကျွန်ုပ်တို့မှာတန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းကိုရွေးနိုင်သည်။အပြစ်ကိုလည်းရှောင်နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်ထံ ကျွန်ုပ်တို့အပြစ်များကိုအပ်နှံသောအခါ သူက ကျွန်ုပ်တို့အပြစ်များကို သန့်ရှင်းစင်ကြယ်စေသည်။ နားလည်သိရှိစေသည် (ရောမ ၈း၉-၁၁)။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံကျွန်ုပ်တို့အပြစ်အများအတွက်နောင်တရကာ ခွင့်လွှတ်ရန်တောင်းလျှောက် သောအခါ သူနှင့်အတူပြန်လည်မိတ်သာဟာရဖွဲ့နိုင်ပြီးစည်းလုံးနိုင်ကြသည်။ “ကိုယ့်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်း ငှါ ဘုရားသခင်သည်သစ္စတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။” (၁ယော ၁း၉)။
ယခုကျွန်ုပ်တို့မှာအပြစ်တရားကိုခုခံနိုင်ရန်တန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့သည်အ ပြစ်တရားကိုရှောင်နိုင်သည်။ အပြစ်လည်းပြုနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားသုံးခုဖြစ်သော အမွေခံသောအပြစ်၊ ကူးစက်သောအပြစ်၊ တစ်ဦးချင်းပြုသော အပြစ်များကြောင့် ပြစ်ဒဏ်ခံကြခြင်းဖြစ်သည်။ အပြစ်တရား၏အခသည်သေခြင်းဖြစ်သည် (ရောမ ၆း၂၃)။ ခန္ဓာကိုယ်သေခြင်းမဟုတ်ဘဲထာဝရသေခြင်းဖြစ်စေသည် (ဗျာဒိတ် ၂၀း၁၁-၁၅)။ အမွေခံသောအပြစ်၊ ကူးစက်သောအပြစ်နှင့်တစ်ယောက်ချင်းစီပြုသောအပြစ် များကိုခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်ခြင်းခံခဲ့ပြီးဖြစ်သည်။ ယခု ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းအားဖြင့် “ခပ်သိမ်းသောသတိပညာ တော်နှင့်လျော်စွာ ငါတို့၌အတိုင်းထက်အလွတ်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ။ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသောရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံ ရကြ၏။” (ဧဖက် ၁း၇)
။ဤမေးခွန်းနှင့်ပတ်သက်ပြီး ဖော်ပြချက်နှစ်ခုရှိသည်။ သမ္မာကျမ်းစာထဲတွင် အပြစ်ဖြစ် သည်ဟုတိတိကျကျဖော်ပြချက်နှင့် တိုက်ရိုက်မဖော်ပြထားသောအပြစ်များဖြစ်သည်။ သမ္မာ ကျမ်းစာအရာ အမျိုးမျိုးသောအပြစ်များကိုဖော်ပြရာတွင် သုတ္တံ ၆း၁၆-၁၉၊ ဂလတိ ၅း၁၉-၂၁၊ နှင့်၁ကော ၆း၉-၁၀ တို့ပါဝင်သည်။ ဤကျမ်းပိုဒ်တွင်ဖော်ပြထားသောဆိုးသွင်းမှုများသည် အပြစ်ဖြစ်ကြောင်းနှင့် ဘုရားသခင်မနှစ်သက်သောအရာများဖြစ်ကြကြောင်း သံသယရှိရန် မလိုတော့ပေ။ လူ့အသက်ကိုသတ်ခြင်း၊ သူများမယားနှင့်ပြစ်မှားခြင်း၊ လိမ်ပြောခြင်း၊ ခိုးခြင်း စသည်တို့သည် သမ္မာကျမ်းစာထဲတွင်အပြစ်ဖြစ်သည်ဟု ဖော်ပြထားသောအရာများဖြစ်ကြ သည်။ ပို၍ခက်ခဲသောအရာသည် သမ္မာကျမ်းစာထဲတွင်မဖော်ပြထားသောအပြစ်များသိရှိ ခြင်းဖြစ်သည်။ သမ္မာကျမ်းစာကဤအကြောင်းနှင့်ပတ်သက်ပြီး ကွက်ကွက်ကွင်းကွင်းဖော် ပြထားခြင်းမရှိပေ။ သို့သော် ကျွန်ုပ်တို့မှာ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကိုသွန်သင်နိုင်သော ယေဘုယျ နည်းဥပဒေသများရှိသည်။
ပထမနေဖြင့်၊ နှုတ်ကပတ်တော်ဖော်ပြခြင်းမရှိသည့်အချိန်တွင် တစုံတခုသည်မှားယွင်း ခြင်းရှိသည်ဟုကျွန်ုပ်တို့မပြောခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့မှားသည်ဟုပြောသောအရာသည် အလွန်ကောင်းသောအရာလည်းဖြစ်တတ်သည်။ ဥပမာ သမ္မာကျမ်းစာထဲတွင် ကျွန်ုပ်တို့သည် “ရရှိသောအချိန်များကို အကျိုးရှိရှိအသုံးပြုတတ် ရန်” (ကောလောသဲ ၄း၅) တိုက်တွန်းထားပါသည်။ ဤလောကတွင် ကျွန်ုပ်တို့သည် ခဏတဖြုတ်အသက်ရှင်ခြင်းဖြစ်သည်။ သို့သော်ထာဝရကာလနှင့်ပတ်သက်မှုရှိကာ ထာဝရကာအတွက်ရွေးချယ်ခြင်းအခွင့်ကို ထိုခဏအတောအတွင်းဆုံးဖြတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အတ္တသဘောဖြင့်အသက်ရှင်ကာ အချိန်မဖြုန်းသင့်ပေ။ သို့သော် ကျွန်ုပ်တို့ အချိန်နာရီများကို “အခြားသူများလိုအပ်မှုကိုဖြည့်ဆည်းခြင်းအားဖြင့် တည်ဆောက်ခြင်း” (ဧဖက် ၄း၂၉) အတွက်အသုံးပြုရမည်ဖြစ်သည်။
ကောင်းသောစုံစမ်းခြင်းသည် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းသောရည်ရွယ် ချက်များအပြည့်စုံခြင်းအတွက် ကောင်းချီးမင်္ဂလာကို ဘုရားသခင်ထံ ရိုးသားစွာ၊ ကောင်းမြတ် သောစိတ်ထားဖြင့် တောင်းလျှောက်ပြီး၊ အသုံးတော်ခံရန်လိုအပ်သည်။ “သင်တို့သည် စား သော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” (၁ကော ၁၀း၃၁)။ ဘုရားသခင်ဝမ်းမြောက် စေနိုင်မည်လားဟု သံသယရှိလျှင် အရှုံးပေးရန်အလွယ်ကူသည်။ “ယုံကြည်ခြင်းမှမဖြစ်လာ သောအရာဟူသမျှသည် အပြစ်ဖြစ်သည်” (ရောမ ၁၄း၂၃)။ ကျွန်ုပ်တို့ခန္ဓာကိုယ်နှင့်ဝိညာဉ်တို့ ကို ဘုရားသခင်ကရွေးနှုတ်ခဲ့ပြီး၊ သူပိုင်ဆိုင်မှုများဖြစ်သည်ကို ကျွန်ုပ်တို့သိရှိရန်လိုအပ်သည်။ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ၀ိညာဉ်တော် တည်းဟူသော၊ သင်တို့အထဲ၌ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို ၄င်း၊ မိမိတို့ကို မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူ သောသူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသောသူတို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ် အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့” (၁ကော ၆း၁၉-၂၀)။ ကျွန်ုပ်တို့ လုပ်ဆောင်မှုများနှင့် သွားလာလှုပ်ရှားမှုများအားဖြင့် ဤသမ္မာတရားကို ထင်ရှားစေရမည် ဖြစ်သည်။
ထို့ပြင် ဘုရားသခင်နှင့်ဆက်သွယ်ရာတွင်ဖြစ်စေ၊ ကျွန်ုပ်တို့မိသားစု၊ သူငယ်ချင်းမိတ် ဆွေများ၊ အခြားသူများနှင့်ဆက်သွယ်ရာတွင်ဖြစ်စေ ကျွန်ုပ်တို့လုပ်ဆောင်ချက်များကောင်း သည်မကောင်းသည်ကို တန်ဖိုးဖြတ်ရမည်။ ကျွန်ုပ်တို့ကို ဒုက္ခပေးသောအရာမဟုတ်၊ အခြား လူတစ်ဦးကို ဒုက္ခရောက်စေကာ လွှမ်းမိုးခြင်းသည် အပြစ်ဖြစ်သည်။ “အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအ ကြောင်း၊ အားနည်းစရာအကြောင်းများကိုရှောင်အပ်၏။… သို့ဖြစ်ဿအားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်းခြင်းကိုသည်းခံရကြမည်” (ရောမ ၁၄း၂၁၊ ၁၅း၁)။
နောက်ဆုံးအနေဖြင့်၊ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏သခင်နှင့်အရှင်ဖြစ်သည် ကိုသတိရပါ။ ကျွန်ုပ်တို့သည် သူ့အလိုကိုလိုက်လျှောက်နိုင်ရန် တားဆီးပိတ်ပင်သောအရာ တစ်ခုမျှမရှိပေ။ အကျင့်စာရိတ္တ၊ ပြုပြင်မွမ်းမံခြင်းနှင့် ရည်ရွယ်ချက်ပန်းတိုင်များက ကျွန်ုပ်တို့ အသက်သာကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ ခရစ်တော်တစ်ပါးတည်းသာလျှင် အခွင့်အာဏာ ရှိသည်။ “ငါသည်အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကိုပြုနိုင်သည်မှတ်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်။အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသောအမှုအရာ ကို ပြုနိုင်သည်မှတ်စေတော့။ အဘယ်သူမျှ၌ ငါသည်ကျွန်မခံ” (၁ကော ၆း၁၂)။ “စကားပြော သော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့ ၌၀န်ခံကြလော့” (ကောလောသဲ ၃း၁၇)
ကာမရာဂစိတ်ဖြစ်စေသောရုပ်ပုံများကို အင်တာနက်တွင် အများအားဖြင့်တွေ့ရှိ နိုင်သည်ကို သုတေသနပြုကြသည်။ ယနေ့လောကတွင် ကာမရာဂစိတ်ဖြစ်စေသောရုပ် ပုံများသည် လူတွေစိတ်ကိုထိန်းချုပ်မရလောက်အောင်ဖျက်စီးပေးသောအရာတစ်ခုဖြစ် သည်။ စာတန်သည် လူတွေကိုဖျက်ဆီးသောအခါ အခြားသောအရာများကိုအသုံးပြုခြင်း ထက် ကာမဆက်ဆံရေးကို အလွှဲသုံးစားပြုကာ ကာမစိတ်ဖြစ်စေခြင်းအားဖြင့် လူတွေကို ဖျက်ဆီးနေသည်။ စာတန်သည် ကောင်းမြတ်သောအရာနှင့်မှန်ကန်သောအရာများ( လင်မယားချစ်ခြင်းအားဖြင့်ဖြစ်သောလိင်ဆက်ဆံရေး)ကို ကာမဂုဏ်တပ်မက်ခြင်း၊ မကောင်းသောရုပ်ပုံများကြည့်ခြင်း၊ အဓမ္မ ကျင့်ခြင်း၊ ပြည့်တန်ဆာလုပ်ခြင်းနှင့်လိင်တူဆက် ဆံခြင်းများအားဖြင့်ပြောင်းပြန်လှန်ခဲ့သည်။ ခြေချော်လက်ချော်ဖြစ်ကာ ဆိုးသွမ်းမှုပြုခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းများတိုးတက်ခြင်းအတွက် ပထမခြေလှမ်းသည် မကောင်းသော ရုပ်ပုံများကြည့်ရှုခြင်းဖြစ်သည် (ရောမ ၆း၁၉)။ မကောင်းသောရုပ်ပုံများကြည့်ရှုလျှင် ပို၍ကြည့်ချင်သည့်ဆန္ဒရှိလာမည်ဖြစ်သည်။ အရက်သမားတစ်ယောက်သည် အရက်စွဲ လာသောအခါ ပို၍ “မြင့်သော”အရက်၊ ပိုပြင်းသောအရက်သေစာများသောက်သုံးချင် ဖြစ်လာမည်ဖြစ်သည်။ထိုနည်းတူ လူတစ်ယောက်သည် မကောင်းသောရုပ်ပုံများတခါ ကြည့်လျှင်ပိုပြီးကြည့်ချင်လာကြမည်ဖြစ်သည်။ ၄င်းမှဆင့် လက်တွေ့စမ်းသပ်ကာ ပြည့်တန်ဆာနှင့်ပြစ်မှားခြင်းနှင့်မကောင်းသောအကျင့်များကျင့်ကြံခြင်းများဖြစ်စေနိုင်ပါ သည်။
အပြစ်သုံးမျိုးသုံးစားရှိသည်။ ၄င်းတို့မှာ- ကိုယ်ခန္ဓာတပ်မက်ခြင်အပြစ်၊ မျက်စိတပ် မက်ခြင်းအပြစ်၊ နှင့် မာန်မနထောင်လွှားသောအပြစ် (၁ယောဟန် ၂း၁၆)စသည် တို့ဖြစ်သည်။ မကောင်းသောရုပ်ပုံများကြည့်ခြင်းသည် ကိုယ်ခန္ဓာတပ်မက်ခြင်းများဖြစ်စေ တတ်သည်။ မျက်စိတပ်မက်ခြင်းသည် ရှောင်လွှဲ၍မရသောအရာတစ်ခုဖြစ်သည်။ ဖိလိပ္ပိ ၄း၈အရ ကျွန်ုပ်တို့စဉ်းစားသောအရာများသည် မကောင်းသောရုပ်ပုံများ ကြည့်ရှုခြင်းမမြောက်ပေ။မကောင်းသောရုပ်ပုံများကြည့်ခြင်းသည် စွဲဆောင်နိုင်သည် (၁ကော ၆း၁၂၊ ၂ပေ ၂း၁၉)။ ဖျက်ဆီးစေနိုင်သည် (သုတ္တံ ၆း၂၅-၂၈၊ ယေဇကျေလ ၂၀း၃၀၊ ဧဖက် ၄း၁၉)။ မကောင်းသောရုပ်ပုံများကြည့်ရာမှ ကျွန်ုပ်တို့စိတ်ထဲတွင် အခြားသူများပြစ်မှားခြင်းက ဘုရားသခင်၏ဂုဏ်သိက္ခာကိုစော်ကားသည် (မဿဲ ၅း၂၈)။ လူတစ်ယောက် အသက်တာတွင် မကောင်းသောရုပ်ပုံများကြည့်ခြင်းအကျင့်ရှိသောအခါ ထိုသူသည် ကယ်တင်ခြင်းစိတ်ချမှုမရှိသေးသည်ကို ပြသထားသည် (၁ကော ၆း၉)။
မကောင်းသောရုပ်ပုံများတွင်ပါဝင်သောသူများကို ဘုရားသခင်ကခွင့်လွှတ်နိုင်သည်။ သူတို့အပေါ်အောင်မြင်မှုလည်းပေးနိုင်သည်။မိတ်ဆွေသည် မကောင်းသောရုပ်ပုံများကြည့် ခြင်း၌ပါဝင်ပြီး ၄င်းမှလွှတ်မြောက်လိုသလား။ အောင်မြင်ခြင်းပေးနိုင်သောခြေလှမ်းအဆင့် များကို ဖော်ပြထားပါသည်။ (၁) ဘုရားသခင်ထံ အပြစ်ဝန်ချတောင်းပန်ပါ (၁ယော ၁း၉)။ (၂) မိတ်ဆွေ၏စိတ်ကို ဆေးကြောရန်၊ အသစ်ပြုပြင်ရန်နှင့်ပုံသွင်းပေးရန်အတွက် ဘုရားသခင်ထံဆုတောင်းလိုက်ပါ (ရောမ ၁၂း၂)။ (၃) ဖိလိပ္ပိ ၄း၈ကို ဘုရားသခင်သည် မိတ်ဆွေနှလုံး သားထဲတွင် ကျိန်းဝပ်ရန် တောင်းလျှောက်လိုက်ပါ။ (၄) မိတ်ဆွေ၏ကိုယ် ခန္ဓာသည်သန့်ရှင်းခြင်းရှိရန် လေ့လာပါ (၁သက် ၄း၃-၄)။ (၅) လိင်ဆက်ဆံခြင်းအဓိပ္ပါယ် ကိုကောင်းမွန်စွာသိရှိပြီး၊ မိတ်ဆွေ၏ဇနီးနှင့်သာလိင်ဆက်ဆံခြင်းပြုပါ (၁ကော ၇း၁-၅)။ (၆) မိတ်ဆွေသည် ၀ိညာဉ်တော်အားဖြင့်အသက်ရှင်လျှင် ဇာတိအသွေးအသားတောင့်တ ခြင်းမှလွှတ်မြောက်လိမ့်မည်ကို သိရှိနားလည်ပါ (ဂလာတိ ၅း၁၆)။ (၇) ရုပ်ပုံများကြည့်ခြင်း အားဖြင့် မိတ်ဆွေ၏ကာမဆက်ဆံလိုသည့်စိတ်ပပျောက်သွားစေရန် လက်တွေ့လေ့ကျင့် ပါ။ မိတ်ဆွေ၏ကွန်ပျူတာထဲတွင် မကောင်းသောရုပ်ပုံများထည့်ခြင်း၊ တီဗွီများ၊ ဗွီဒီယိုများ တွင်ကြည်ခြင်းများမပြုရပါ။ မိတ်ဆွေအတွက်ဆုတောင်းပေးမည့်သူတစ်ဦးကိုရှာဖွေ၍ မိတ်ဆွေအတွက်ဆုတောင်းစေပါ။
သေစေသောအပြစ်ခုနစ်မျိုးတို့သည် ကနဦးအသင်းတော်တွင် လူသားများများ သည်အပြစ်နွံထဲသို့ကျဆင်းခြင်းအကြောင်းနှင့်ပတ်သက်ပြီးနောက်လိုက်သူများကို ပညာပေး ရန်နှင့်သွန်သင်ရန်အတွက်အသုံးပြုထားသောအချက်ခုနစ်ခုများဖြစ်ကြသည်။ “သေစေသော” အပြစ်ခုနစ်ခုတို့အကြောင်းနှင့်ပတ်သက်ပြီး အယူအဆလွှဲမှားခြင်းသည် ၄င်းတို့သည် ဘုရားသခင်ခွင့်မလွှတ်နိုင်သောအပြစ်များဖြစ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာ ထဲတွင် ဘုရားသခင်ခွင့်မလွှတ်နိုင်သောအပြစ်သည် မယုံကြည်ခြင်းမပြစ်ဖြစ် သည်ဟုဖော်ပြ ထားပါသည်။ အကြောင်းမှာ သခင်ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင် ပေါ်တွင်အသေ ခံခြင်းအားဖြင့်ရရှိသော ခွင့်လွှတ်ခြင်းရရှိခြင်းကို သူတို့သည်ငြင်းဆိုခဲ့ကြသောကြောင့်ဖြစ် သည်။
သေစေသောအပြစ်ခုနစ်မျိုးတို့သည် သမ္မာကျမ်းစာနှင့်ညီညွှတ်သလော။ ညီညွှတ်သည်။ မညီညွတ်ပေ။ သုတ္တံ ၆း၁၆-၁၉ ထဲတွင် “ ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအခုနစ်ပါးဟူမူကား၊ (၁) ထောင်လွှားသောမျက်နှာ တစ်ပါး၊ (၂) မုသာ၌ကျင်လည်သောလျှာတပါး၊ (၃) အပြစ်မရှိသောသူ၏အသက်ကိုသတ် သောလက်တပါး၊ (၄) မကောင်းသောအကြံကိုကြံစည်သောနှလုံးတပါး၊ (၅) အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သောခြေတပါး၊ (၆) မုသားစကားကိုပြော၍မမှန်သောသက်သေတပါး၊ (၇) အပေါင်းအဘော်ချင်းရန်တွေ့စေခြင်းငှါပြုတတ်သောသူတပါးတည်း။” သို့သော်လူအများစု တို့သည် အပြစ်ခုနစ်ပါးတို့သည် သေစေသောအပြစ်အဖြစ်မသိရှိခဲ့ကြပေ။
ရာစုနှစ် ၆ တွင် Pope Gregory the Great က သေစေသောအပြစ်သည်အောက်ပါအ တိုင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ ၄င်းတို့မှာ- မာန်မာနထောင်လွှားခြင်း၊ မနာလိုဖြစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ကာမဂုဏ်တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊ အစားကြီးခြင်းနှင့်ခိုးခြင်း စသည်တို့ဖြစ်သည်။ဤအရာများသည် မငြင်းပယ်နိုင်သောအပြစ်များဖြစ်ကြသော်လည်း သမ္မာကျမ်းစာထဲတွင် “သေစေသောအပြစ်များ”အဖြစ်ဖော်ပြထားခြင်းမရှိပေ။ သေစေသော အပြစ်ခုနစ်ခုစာရင်းပြုစုခြင်းမှတဆင့်အခြားသောအပြစ်များစွာရှိသေးသည်။ မည်သည့်အပြစ် မဆို မပြစ်ခုနစ်ပါးတို့၏အစိတ်အပိုင်းတွင်ပါဝက်ပတ်သက်လျက်ရှိသည်။ ပို၍အရေးကြီးသောအ ရာတစ်ခုသည် ဤသေစေအပြစ်ခုနစ်ပါးတို့သည် “သေစေသော” အပြစ်မဟုတ်သည်ကို ကျွန်ုပ်တို့နားလည်သိရှိရမည်ဖြစ်ည်။ အပြစ်ဟူသမျှသည် သေခြင်းဖြစ် စေသည် (ရောမ ၆း၂၃)။ သခင်ယေရှုခရစ်တော်အားဖြင့် “သေစေသောအပြစ်များ” အပါအ၀င် ကျွန်ုပ်တို့၏ အပြစ်ဟူသမျှတို့သည် ခွင့်လွှတ်ခြင်းရရှိခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်ကိုချီးမွမ်းလိုက်စမ်းပါ ( မဿဲ ၂၆း၂၈၊ တမန် ၁၀း၄၃၊ ဧဖက် ၁းရ)။
မဿဲ ၅း၂၁-၂၈ ထဲတွင် မိတ်ဆွေနှလုံးသားထဲတွင် တပ်မက်ခြင်းရှိလျှင် ထိုသူနှင့်ပြစ်မှားပြီး၊ မိတ်ဆွေ၏နှလုံးသားထဲတွင် မုန်းတီးသည့်စိတ်ရှိလျှင် လူ့အသက်ကို သတ်ခဲ့ပြီဟု သခင်ယေရှုက ဖော်ပြထားပါသည်။ သို့သော် အပြစ်အားလုံးသည် တူညီသည် ကိုဖော်ပြလိုခြင်းမဟုတ်ပေ။ ဖါရိရှဲများထံ သခင်ယေရှုဖော်ပြလိုသောအရာသည် လက်တွေ့ လုပ်ဆောင်ခြင်းမရှိသော်လည်း ပြုလုပ်ချင်သည့်ဆန္ဒရှိလျှင် ၄င်းသည်အပြစ်ဖြစ်သည်ဟု ဖော်ပြလိုခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့သည် လက်တွေ့လုပ်ဆောင်ခြင်းမပြုသော ဆန္ဒများအားးလုံးသည် လက်တွေ့မပြုမချင်းအပြစ်မဟုတ်ကြောင်းကို သခင်ယေရှုခေတ်ကာ လတွင်ရှိသောဘာသာရေးခေါင်းဆောင်များက သွန်သင်ခဲ့သည်။ ဘုရားသခင်သည် လူတစ်ယောက်၏အတွေးအခေါ်နှင့်လုပ်ဆောင်ချက်များကိုတရားစီရင်ကြောင်း သခင်ယေရှု ကဖော်ပြလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့စိတ်နှလုံးသားထဲ တွင်ရှိသောအရာများဖြစ်သည်ဟု သခင်ယေရှုက ကြွေးကြော်ထားပါသည် (မဿဲ ၁၂း၃၄)။
တပ်မက်ခြင်းနှင့်မိန်းမနှင့်ပြစ်မှားခြင်းတို့သည်အပြစ်များဖြစ်ကြသ်ညဟု သခင်ယေရှုက ပြောခဲ့သည်။ သို့သော် ၄င်းတို့သည်တူညီသောအပြစ်ဖြစ်သည်ဟု မဆိုလိုပေ။ လူ့အသက် သတ်ခြင်းနှင့်မုန်းတီးခြင်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင်အပြစ်များဖြစ်ကြသော်လည်း မုန်းတီးခြင်းသည် လူ့အသက်သတ်ခြင်းထက်ပို၍မှားယွင်းမှုရှိသည်။ အပြစ်အဆင့်အမျိုးမျိုးရှိ သည်။ အချို့သောအပြစ်များသည် အခြားသောအပြစ်များထက်ပိုဆိုးသည်။ကယ်တင်ခြင်းနှင့် အပြစ်တရား၏မကုန်ဆုံးနိုင်သောကွင်းဆက်များကိုကြည့်လဆင် အပြစ်အားလုံးသည်အတူတူ ဖြစ်သည်။ အပြစ်ဟူသမျှတို့သည်သေခြင်းကိုဖြစ်စေသည် (ရောမ ၆း၂၃)။ အပြစ်တရားသည် မည်မျှပင် “သေး”စေကာမူ ထာဝရဘုရားသခင်ကိုဆန့်ကျင်သည်။ ထိုကြောင့် အပြစ်တရား အားလုံးသည် ထာဝရပြစ်ဒဏ်နှင့်ထိုက်တန်သည်။ ထို့ပြင်ဘုရားသခင်ခွင့်လွှတ် ခြင်းမရှိသော အပြစ်တရားတစ်ခုမျှမရှိပေ။ ခရစ်တော်သည်အပြစ်အားလုံးပေးဆပ်ကျေအေးစေ ရန်အတွက် အသေခံခဲ့ပြီးဖြစ်သည် (၁ယောဟန် ၂း၂)။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် အားလုံး အတွက်အသေခံခဲ့ပြီးဖြစ်သည် (၂ ကော ၅း၂၁)။ အပြစ်အားလုံးသည် ဘုရားသခင် အတွက်တူညီသလား။ တူညီသည်။ မတူညီပေ။ ပြင်းထန်သလား။ မပြင်းထန်ပေ။ ပြစ်ဒဏ်ခံ ထိုက်သလား။ ခံထိုက်ပါသည်။ ခွင့်လွှတ်နိုင်မည်လား။ ခွင့်လွှတ်နိုင်ပါသည်။
သမ္မာကျမ်းစာထဲတွင် ဆေးလိပ်သောက်ခြင်းကို တိုက်ရိုက်ဖော်ပြထားခြင်းမရှိပေ။ သို့သော်ဆေးလိပ်သောက်ခြင်းကို ရည်ညွှန်လိုသော နိယာမများရှိသည်။ ပထမအနေဖြင့်၊ တစုံတခုသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများအပေါ် “သခင်”မပြုစေရန်အတွက် သမ္မာကျမ်းစာ က အမိန့်ပေးထားသည်။ “ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကိုပြုနိုင် သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကိုပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည် ကျွန်မခံ” (၁ကော ၆း၁၂)။ ဆေးလိပ်သောက်ခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းမီသည်။ နောက်ပိုင်းတွင် တူညီသောကျမ်းပိုဒ်များကိုလည်းဖော်ပြထားပါသည်။ “အဘယ်သို့နည်း။ သခင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ၀ိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိမပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည်အဘိုးနှင့်ဝယ်တော်မူသောသူဖြစ် သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဘု ရားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့” (၁ကော ၆း၁၉-၂၀)။ ဆေးလိပ်သောက်ခြင်း သည်ကျန်းမာရေးကို အလွန်အမင်းထိခိုက်စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းက အဆုပ်နှင့်နှလုံးကိုပျက်ဆီးစေနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်းသည် “အကျိုး” ရှိသည်ဟုပြောနိုင်မလား(၁ကော ၆း၁၂)။ ဆေးလိပ်သောက်ခြင်းသည်ဘုရားသခင်နှင့်မိတ်ဆွေကိုယ်ခန္ဓာကို အမှန်ဂုဏ်ပြုသည်ဟု ပြောနိုင်မလား (၁ကော ၆း၂၀)။ “ဘုရားသခင်၏ဘုန်းတော်ထင်ရှားဖို့ရန်” အတွက် လူတစ်ဦးသည် ရိုးသားစွာဆေးလိပ်သောက်နိုင်မလား (၁ကော ၁၀း၃၁)။ ဤမေးခွန်းများ အားလုံး၏အဖြေသည် “မဟုတ်”ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။ ထိုကြောင့် ဆေးလိပ်သောက်ခြင်းသည်အပြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ သခင်ယေရှု ခရစ်တော်၏နောက်လိုက်တပည့်တော်များက ဆေးလိပ်မသောက်သင့်ပေ။
အချို့သောသူများက ကိုယ်ခန္ဓာအတွက်ဆိုးသောအရာများနှင့်စိတ်ငြိမ်သက်မှုဖြစ် စေတတ်သော ကျန်းများရေးထိခိုက်သောအစားစာများကိုသုံးစွဲသည်ဟု ဖော်ပြခြင်းအားဖြင့် ဤအမြင်ကိုဆန့်ကျင်ပြောဆိုကြသည်။ ဥပမာအားဖြင့်၊ လူများစွာတို့သည် အကျိုးမပြုနိုင် သော ကော်ဖီဆိုင်များတွင် အချိန်ဖြုန်းကာထိုင်နေကြသည်။ သူတို့သည် မနက်တိုင်းတွင် ကောက်ဖီတစ်ခွက်မသောက်ဘဲမနေနိုင်ကြပေ။ ဤအရာသည်မှန်ကန်သည်။ သို့သော်၎င်း ကြောင့်ဆေးလိပ်သောက်ခြင်းသည်မည်ကဲ့သို့မှန်ကန်နိုင်မည်နည်း။ ခရစ်ယာန်များသည် အစားကြီးခြင်းနှင့်ကျန်းမာရေးနှင့်မညီညွှတ်သောအရာများရှောင်ကြဉ်ရမည်ဖြစ်သည်။ ခရစ် ယာန်များသည် အပြစ်တစ်ခုကိုပြစ်ဒဏ်စီရင်ပြီး၊ အချို့တို့ကို တခါတရံခွင့်လွှတ်တတ်ကြ သည်။ သို့သော် ၄င်းက ဆေးလိပ်သောက်ခြင်းက ဘုရားသခင်ကိုဂုဏ်ပြုသည်ကို မဆိုလိုပေ။
ဤအမြင်ကိုစောဒကတက်ငြင်းဆိုသူများက ၀ိညာဉ်တော်နှင့်ပြည့်ဝသောသူများပင် ဆေးလိပ်သောက်ကြသည်ဟု ငြင်းဆိုခြင်းဖြစ်သည်။ ဗိတိသျှတရားဟောဆရာ စီအိပ်ခ်ျ စပို(ရ်)ဂျင် သည် ဆေးလိပ်သုံးစွဲသူအဖြစ်ထင်ရှားခဲ့သည်။ ဤအဆိုသည်လည်း ထိရောက် မှုရှိသောဖော်ပြချက်ဖြစ်သည်ဟု ကျွန်ုပ်တို့မယုံကြည်နိုင်ကြပေ။ စပို(ရ်)ဂျင်သည် ဆေးလိပ် သောက်သုံးခြင်းအတွက် မှားသည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ သူသည် ၀ိညာဉ်တော်နှင့် ပြည့်ဝသူ၊ နှုတ်ကပတ်တော်ကို အားရနှစ်ထောင်းစွာသွန်သင်သူဖြစ်ခဲ့ သလား။ ဖြစ်ခဲ့ပါသည်။ သို့သော်လူ၏လုပ်ဆောင်ချက်များနှင့်အကျင့်စာရိတ္တများက ဘုရားသခင်ကို ဂုဏ်ပြုခဲ့သလား။ မဂုဏ်ပြုခဲ့ပေ။
ဆေးလိပ်သောက်သုံးခြင်းသည်အပြစ်ဖြစ်သည်ဟုဖော်ပြသောအခါ ဆေးလိပ်သောက်သုံးသူများသည် ကယ်တင်ခြင်းစိတ်ချမှုမရသေးသောသူများဖြစ်ကြသည် ဟု ဖော်ပြလိုခြင်းမဟုတ်ပေ။ သခင်ယေရှုခရစ်တော်ကိုယုံကြည်သူသောသူများဆေးလိပ် သောက်သူအများအပြားရှိသည်။ ဆေးလိပ်သောက်ခြင်းကလူတစ်ယောက်ကို ကယ်တင်ခြင်းမရရှိနိုင်ရန်မတားမြစ်နိုင်ပေ။ ကယ်တင်ခြင်းစိတ်ချမှုကိုလည်းမဆုံးရှုံးစေနိုင် ပေ။ ဆေးလိပ်သောက်သုံးခြင်းသည် အခြားသောအပြစ်များနှင့်အတူတူဖြစ်သည်။ ခရစ်ယာန်တစ်ဦးဖြစ်လာသောအခါတွင်ဖြစ်စေ၊ ခရစ်ယာန်တစ်ဦးသည် ထိုအပြစ်အတွက် ဘုရားသခင်ထံတောင်းလျှောက်လျှင် ဘုရားသခင်သည်ခွင့်လွှတ်ပေးမည်ဖြစ်သည် (၁ယော ၁း၉)။ ဆေးလိပ်သောက်ခြင်းသည် လျစ်လျူမရှုအပ်သောအပြစ်ဖြစ်သောကြောင့် ၄င်းကိုအောင်မြင်ကျော်လွှားနိုင်ရန်ဘုရားသခင်ထံဆုတောင်းလျှင်အောင်မြင်မှုရရှိနိုင်မည်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။