သီအိုလော်ဂျီနှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: ကျွန်ုပ်တို့မှာ အစိတ်အပိုင်းနှစ်မျိုးရှိသလား။ (သို့) သုံးမျိုးရှိသလား။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ၊ စိတ် နှင့် ၀ိညာဉ် တို့ဖြင့်တည်ဆောက်ကြသလား။ (သို့) ကိုယ်ခန္ဓာ ၊စိတ်(ခေါ်)၀ိညာဉ်နှစ်မျိုးဖြင့်တည်ဆောက်ကြသလား။

ကမ္ဘာဦးကျမ်း ၁း၂၆-၂၇ ကိုဖတ်ကြည့်သောအခါ လူသားများဖန်ဆင်းခြင်း သည်အခြားသောဖန်ဆင်းခြင်းများနှင့်မတူညီဘဲတမူထူးခြားမှုရှိသည်ကို တွေ့ရှိနိုင်သည်။ လူသား များသည် ဘုရားသခင်နှင့်အဆက်အသွယ်ပြုရန်ရည်ရွယ်၍ ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားသခင်ကလူသားများကို ရုပ်ခန္ဓာနှင့်ဝိ ညာဉ်အားဖြင့်ဖန်ဆင်းခဲ့သည်။ မြင်နိုင်သောရုပ်ခန္ဓာ ကိုယ်သည် ပျက်စီးလွယ်သည်။- ကိုယ်ခန္ဓာ၊ အရိုးများနှင့်အင်္ဂါအစိတ်အပိုင်းများပါဝင်သည်။ ၄င်းတို့သည် လူတစ်ဦးအသက်ရှင်နေသရွေ့တည်ရှိနေသောအရာများဖြစ်သည်။ သာမန်မျက်စိ ဖြင့်မမြင်နိုင် သောအရူပအရာများသည် မပျက်စီးနိုင်ပေ။ ၄င်းတို့မှာ- စိတ်၊ ၀ိညာဉ်၊ စဉ်းစားဆင် ခြင်နိုင်ခြင်း၊ ဆန္ဒရှိခြင်း၊ အတွေးအခေါ် စသည်တို့ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးသေဆုံး ပြီးလျှင်ဆက်လက်တည်ရှိနေသောအရာများဖြစ်ကြသည်။

လူတွေအားလုံးက မြင်နိုင်သောအရာများနှင့်မမြင်နိုင်သောအရာနှစ်မျိုးစလုံးတို့ကိုပိုင်ဆိုင် သည်။ ထိုကြောင့်လူတွေအားလုံးမှာ ကြွက်သား၊ အသွေး၊ အရိုးများ၊ အင်္ဂါအစိတ်အပိုင်းများ၊ နှင့်ကြွက်သားများရှိကြသည်။ သို့ရာတွင် ဤအင်္ဂါအစိတ်အပိုင်းများရှိခြင်းအားဖြင့် လူတစ်ယောက် ဖြစ်လာသည်မဟုတ်ဟု ငြင်းဆိုမှုများလည်းရှိသည်။ ဤအရာများကို သမ္မာကျမ်းစာက မည်ကဲ့သို့ ဖော်ပြထားသနည်း။ ကမ္ဘာဦးကျမ်း ၂း၇တွင် လူသည် ၀ိညာဉ်အသက်ရှင်သော သတ္တ၀ါအဖြစ်ဖန် ဆင်းထား ကြောင်းဖော်ပြထားသည်။ တောလည်ရာကျမ်း ၁၆း၂၂ တွင် ဘုရားသခင်သည် “၀ိညာဉ်များ၏ဘုရား” ဟုဖော်ပြထားသည်။ ၄င်းတို့ကို လူတိုင်းကပိုင်ဆိုင်ထားသည်။ သုတ္တံ ၄း၂၃ ထဲတွင် ”နှလုံးသည်အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကိုအထူးသဖြင့်စောင့် ရှောက်လော့”ဟုဖော်ပြထားသည်။ ထိုကျမ်းပိုဒ်က နှလုံးသည် လူတစ်ယောက်၏လိုအင်ဆန္ဒနှင့် အတွေးအခေါ်၏ဗဟိုဖြစ်ခြင်းကိုဖော်ပြထားသည်။ တမန်တော်ဝတ္ထု ၂၃း၁ ထဲတွင် ”ပေါလုသည် လွှတ်အရာရှိတို့ကိုစေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင်ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ပြုပါသည်ဟု ပြော ဆို၏” ဟုဖော်ပြထားသည်။ ဤနေရာတွင် ပေါလုဖော်ပြလိုသောအရာသည် လူ့အင်္ဂါအစိတ်အပိုင်း တွင်ရှိသောအမှားနှင့်အမှန်ခွဲခြားနိုင်သောစိတ်သည် အတွေးအခေါ်ဖြစ်သည်။ ရောမ ၁၂း၂ ထဲတွင် ”သင်တို့သည် လောကီပုံသဏ္ဍာန်ကိုအဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိနိုင်မည် အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့”ဟုဖော်ပြ ထားသည်။ ဤကျမ်းပိုဒ်များနှင့်အခြားသောကျမ်းပိုဒ်များစွာတို့သည် လူတွေထဲတွင် မမြင်နိုင်သော အင်္ဂါအစိတ်အပိုင်းများရှိကြောင်းကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့အားလုံးသည် မြင်နိုင်သောအရာ များနှင့်မမြင်နိုင်သောအရာများနှစ်ခုစလုံးကိုပိုင်ဆိုင်ကြသည်။

ထို့ကြောင့် သမ္မာကျမ်းစာထဲတွင် စိတ်နှင့်ဝိညာဉ်အကြောင်းကို များစွာဖော်ပြထားပါသည်။ အခြားတဘက်တွင် စိတ်နှင့်ဝိညာဉ်၊ နှလုံး၊ အတွေးအခေါ်နှင့်စိတ်တို့သည် တစ်ခုနှင့်တစ်ခုဆက် နွယ်ထားကြောင်းဖော်ပြထားပါသည်။ စိတ်နှင့်ဝိညာဉ်၊ အတွေးအခေါ်တို့သည် လူသားများ၏မမြင် နိုင်သောအင်္ဂါအစိတ်အပိုင်းများဖြစ်ကြသည်။ လူတွေသည် ခန္ဓာ၊ စိတ်ဝိညာဉ်နှစ်ပါးတို့ဖြင့်ဖွဲ့စည်း ထားခြင်းနှင့် လူတွေသည် ခန္ဓာ၊ စိတ်၊ နှင့်ဝိညာဉ်သုံးပါးတို့ဖြင့်ဖွဲ့စည်းထားခြင်းဟုသိရှိနိုင်ခြင်းသည် လည်း စိတ်ဖြစ်သည်။ သူတို့သည် မှားသည်/မှန်သည်ဟု တစ်ဖြစ်ချမပြောနိုင်ပေ။ ထိုအမြင်နှစ်ခုစ လုံးသည် ကောင်းပါသည်။ အဓိကသော့ချက်သည် ဟေဗြဲ ၄း၁၂ ဖြစ်သည်။ ”ဘုရားသခင်၏နှုတ် ကပတ်တရားတော်သည်အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက်ထက် ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်ဝိညာဉ်ကို၎င်း၊ အရိုးအဆစ်နှင့်ခြင်ဆီကို၎င်းပိုင်းခြား၍ ထုတ် ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏။” ဤကျမ်းပိုဒ်ထဲတွင် အဓိ ကအမြင်နှစ်ခုကိုဖော်ပြထားသည်။ စိတ်နှင့်ဝိညာဉ်တို့သည်ခွဲနိုင်သည်။ စိတ်နှင့်ဝိညာဉ်တို့၏ပိုင်းခြား မှုသည် ဘုရားသခင်တစ်ပါးတည်းသာလျှင် သိကျွမ်းနိုင်သည်။ ကျွနု်ပ်တို့သည်စိတ်ရှုပ်ထွေးမည့်အ စား ဖန်ဆင်းရှင်ကိုသာအားကိုးရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို “အလွန်အံသြ ဘွယ်ကောင်းစွာ”ဖြင့်ဖန်ဆင်းခဲ့သူဖြစ်သည် (ဆာလံ ၁၃၉း၁၄)။

မေးခွန်း: လူသားများ၏စိတ်နှင့်ဝိညာဉ်တို့၏ခြားနားချက်သည်မည်သည့်အရာဖြစ်သနည်း။

စိတ်နှင့်ဝိညာဉ်တို့သည် လူသားများအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြထား သော မမြင်နိုင်သည့်အဓိကကျသောအရာနှစ်ခုဖြစ်သည်။ စိတ်နှင့်ဝိညာဉ်တို့၏ခြားနားမှုကို ဃဂန ဏ ပိုင်းခြားသိရှိရန် ကြိုးပမ်းနေလျှင်ပို၍ရှုပ်ထွေးသွားမည်ဖြစ်သည်။ “၀ိညာဉ်” စကားလုံးသည် လူတွေအသက်တာတွင် မမြင်နိုင်သောအရာဖြစ်သည်။ လူတွေအားလုံးမှာ ၀ိညာဉ် တွေရှိကြသော်လည်း ၀ိညာဉ်များမဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင် ယုံကြည်သူများသည် ၀ိညာဉ်ရေးရာအသက်ရှင်သောသူများဖြစ်ကြသည်ဟု ဖော်ပြထားပါသည်( ၁ကော ၂း၁၁၊ ဟေဗြဲ ၄း၁၂၊ ယာကုပ် ၂း၂၆)။ မယုံကြည်သူများသည် ၀ိညာဉ်ရေးရာသေသောသူများဖြစ်ကြသည် ( ဧဖက် ၂း၁-၅၊ ကောလောသဲ ၂း၁၃)။ ပေါလုရေးထားသောစာစောင်များထဲတွင် ယုံကြည်သူတစ်ဦး ၏အသက်တာတွင် ၀ိညာဉ်ရေးရာသည် အဓိကကျသည် ( ၁ကော ၂း၁၄၊ ၃း၁၊ ဧဖက် ၁း၃၊ ၅း၁၉၊ ကောလောသဲ ၁း၉၊ ၃း၁၆)။ လူသားများသည် ဘုရားသခင်ရင်းနှီးစွာနှင့်ဆက်သွယ်နိုင်ရန်အတွက် ၀ိညာဉ်သည် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ “၀ိညာဉ်” စကားလုံးကိုအသုံးပြုတိုင်း ၀ိညာဉ်တော်ဖြစ်သောဘုရားသခင်နှင့် “ဆက်သွယ်”နိုင်ရန် လူတွေအတွင်းတွင် လက်ဖြင့်ကိုင်တွင် ၍မရသောအရာကိုဆိုလိုခြင်းဖြစ်သည် (ယောဟန် ၄း၂၄)။

“စိတ်”စကားလုံးသည် လူတွေထဲတွင် မျက်စိဖြင့်မြင်နိုင်သောအရာနှင့်မမြင်နိုင်သောအရာကို ရည်ညွှန်းဖော်ပြလိုခြင်းဖြစ်သည်။ လူတွေအတွင်းတွင် ၀ိညာဉ်ရှိသည်။ လူတွေသည် စိတ်များဖြစ် ကြသည်။ “စိတ်”ဟုဆိုရာတွင် “အသက်”ကိုဆိုလိုခြင်းဖြစ်သည်။ သို့သော်၎င်း၏မူရင်းအဓိပ္ပါယ်အ ပြင်သမ္မာကျမ်းစာထဲတွင် စိတ်နှင့်ပတ်သက်၍ရှုထောင့်များစွာဖော်ပြထားသည်။ ထိုအရာများထဲမှ တစ်ခုသည် အပြစ်ပြုရန်လူတွေ၏စိတ်ဆန္ဒပြင်းပြမှုဖြစ်သည်(လု ၁၂း၂၆)။ လူသားများသည် သဘာဝအားဖြင့် အပြစ်သားများဖြစ်ကြသည်။ ထိုကြောင့် လူတွေစိတ်ထဲတွင် အပြစ်ပြုလိုသည့် စိတ် အလိုအလျောက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကိုယ်ခန္ဓာသေခြင်းဖြစ်ပေါ်နေသောအချိန်တွင် စိတ်အသက်ရှင်ခြင်းနိယာမဆုံးရှုံးသွားခဲ့သည် (ကမ္ဘာ၃၅း၁၈၊ ယေရမိ ၁၅း၂)။ စိတ်သည်လည်း ၀ိညာဉ်ကဲ့သို့ ၀ိညာဉ်ရေးရာနှင့်ပျော်ရွှင်ခြင်းများ၏အချက်အခြာကျသောနေရာဖြစ်သည်(ယောဘ ၃၀း၂၅၊ ဆာလံ ၄၃း၅၊ ယေရမိ ၁၃း၁၇)။ “စိတ်”စကားလုံးကိုအသုံးပြုသောအခါ အသက်ရှင်နေ သောသူ(သို့) သေပြီးနောင်တမလွန်ဘ၀ကိုရည်ညွှန်းဖော်ပြလိုခြင်းဖြစ်သည်။

စိတ်နှင့်ဝိညာဉ်တို့သည် ဆက်နွယ်မှုရှိသည်။ သို့သော် ခွဲခြားနိုင်သည်( ဟေဗြဲ ၄း၁၂)။ စိတ် သည်ခန္ဓာကိုယ်တွင် အဓိကကျသည်။ ထိုကြောင့်ကျွန်ုပ်တို့လူဖြစ်လာခြင်းဖြစ်သည်။ ၀ိညာဉ်သည် လူဖြစ်ခြင်း၏အနှစ်သာရဖြစ်သည်။ ၀ိညာဉ်ဖြင့်ဘုရားသခင်နှင့်ဆက်နွယ်သည်။

မေးခွန်း: ကမ္ဘာဦးကျမ်းထဲတွင် လူတွေကအဘယ်ကြောင့်နှစ်ပေါင်းများစွာအသက်ရှင်ခဲ့ကြ သနည်း။

ကမ္ဘာဦးကျမ်းထဲတွင်ရှိသောသူများသည် အဘယ်ကြောင့်နှစ်ပေါင်းများစွာအသက်ရှင်ခဲ့ ကြခြင်းနှင့်ပတ်သက်၍လျှို့ဝှက်သောအရာတစ်ခုဖြစ်သည်။ ကျမ်းတတ်ပုဂ္ဂိုလ်များက ဆင်ခြင်ချက် များပေးခဲ့သည်။ ကမ္ဘာအခန်းကြီး ၅ ထဲတွင် အာဒံ၏ဆွေစဉ်မျိုးဆက်များအကြောင်းကိုမှတ်တမ်း တင်ထားသည်။ အာဒံ၏ဆွေစဉ်မျိုးဆက်များမှ ကယ်တင်ရှင်မေရှီယမွေးဖွါးမည်ဟုမှတ်တမ်းတင် ထားသည်။ သူတို့ပြုသောကုသိုလ်နှင့်နာခံခြင်းအားဖြင့် ဘုရားသခင်ကသူတို့ကို နှစ်ပေါင်းများစွာ အသက်ရှင်စေခြင်းအားဖြင့်ကောင်းချီးပေးခဲ့သည်။ ၄င်းသည် ဖြေရှင်းချက်တစ်ခုပဲဖြစ်သည်။ ကမ္ဘာ ဦးကျမ်း အခန်းကြီး ၅ ထဲတွင်ဖော်ပြထားသည့်အတုင်း ဘုရားသခင်က လူတွေအသက်ရှင်ရမည့် အချိန်ကာလကိုသတ်မှတ်ထားခြင်းမရှိပေ။ ထိုပြင် ဧနုတ်ကလွှဲ၍အခြားကောင်းသောသူမရှိဟု ကမ္ဘာဦးကျမ်းအခန်းကြီး ၅ ထဲတွင်ဖော်ပြထားသည်။ ထိုအချိန်ကာလတွင်အသက်ရှင်ခဲ့သောသူ များသည် နှစ်ပေါင်းများစွာအသက်ရှင်ခဲ့ကြပုံရသည်။ ဤအကြောင်းနှင့်ပတ်သက်၍ဆင်ခြင်စရာ များစွာရှိသည်။

ကမ္ဘာဦးကျမ်း ၁း၆-၇ ထဲတွင်ရေမျက်နှာပြင်ရှိသည်ဟုဖော်ပြထားသည်။ ကမ္ဘာကြီးကိုရေက ၀ိုင်းရံထားခဲ့သည်။ ထိုရေများက ကုန်းများကိုဖန်ဆင်းထားခဲ့သည်။ သို့သော်ယခုတွင် ပင်လယ်ရေ များက ကုန်းမြေများကို တိုက်စားခဲ့သည်။ ထိုနည်းတူအသက်ရှင်ခြင်းသည်လည်း ထိုသို့သော အ ခြေအနေမျိုးဖြစ်နိုင်ပေမည်။ ကမ္ဘာဦးကျမ်း ၇း၁၁ တွင် ရေလွှမ်းမိုးသောအချိန်တွင် ရေများသည် ကုန်းမြေများပေါ်သို့ဒလဟောသွန်းလောင်းထားကာ အသက်ရှိသောသတ္တ၀ါအားလုံးသေကြေပျက် ဆီးသွားကြောင်းတွေ့ရသည်။ ရေလွှမ်းမိုးခြင်းမတိုင်မီ အသက်ရှင်သောအချိန်( ကမ္ဘာ ၅း၁-၃၂) နှင့် ရေလွှမ်းမိုးပြီးအသက်ရှင်သောအချိန် (ကမ္ဘာ ၁၁း၁၀-၃၂)ကို နှိုင်းယှဉ်ကြည့်ပါ။ ရေလွှမ်းမိုးပြီး သည်နှင့်တပြိုင်နက် လူအသက်သည် ချက်ချင်းတိုသွားခဲ့သည်ကိုတွေ့ရှိနိုင်သည်။

အခြားသောစဉ်းစားစရာတစ်ခုသည် လူဖန်ဆင်းပြီးသည်နှင့် လူတွေအပေါ်တွင် ထိခိုက်နာ ကျင်မှုသိပ်မရှိပေ။ အာဒံနှင့်ဧ၀တို့သည် ပြည့်စုံသောသူများဖြစ်ကြသည်။ သူတို့မှာ ရောဂါစွဲကပ် ခြင်းနှင့်ဖျားနာခြင်းဟူ၍မရှိပေ။ သူတို့၏မျိုးရိုးသည်လည်း ၄င်းအကျိုးကျေးဇူးကိုဆက်ခံနိုင်သည်။ သို့သော်များလာသောအခါ တဖြည်းဖြည်းလျော့နည်းနိုင်သည်။ အချိန်ကြာလာသောအခါ အပြစ် တရားကြောင့် လူတွေမှာ ပျက်စီးမှုများဖြစ်လာခဲ့သည်။ လူတွေမှာခုခံအားနည်းပါးပြီး သေလွယ်၊ ရောဂါရလွယ်ခဲ့ကြသည်။ ထိုကြောင့် လူတွေ၏အသက်တာတဖြည်းဖြည်းတိုတောင်းလာခဲ့ခြင်းဖြစ် သည်။

မေးခွန်း: လူသားများသည် ဘုရားသခင်၏ပုံသဏ္ဍာတော်နှင့်အညီဖန်ဆင်းထားသည်ဟုဖော်ပြ ရာတွင် မည်သည့်အရာကိုဆိုလိုသနည်း။ (ကမ္ဘာ ၁း၂၆-၂၇)

ဖန်ဆင်းခြင်းနောက်ဆုံးနေ့တွင် ဘုရားသခင်က “ငါတို့ပုံသဏ္ဍာတော်နှင့်အညီလူကိုဖန် ဆင်းကြစို့”(ကမ္ဘာ ၁း၂၆) ဟုပြောထားခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် သူ၏လုပ်ငန်းကို “သူ ကိုယ်တိုင်ကိုင်တွယ်ခြင်းအားဖြင့်” ပြီးဆုံးသွားခဲ့သည်။ ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း ခဲ့ပြီးနောက် သူ၏နှာခေါင်းထဲတွင် ဇီဝအသက်ကိုမှုတ်သွင်းခြင်းအားဖြင့်လူသည်အသက်ရှင်သော သတ္တ၀ါဖြစ်လာခဲ့သည် (ကမ္ဘာ ၂း၇)။ ထိုကြောင့် လူသည် အခြားသောဖန်ဆင်းခြင်းများနှင့်မတူညီ ဘဲ တမူထူးခြားခြင်းဖြစ်သည်။ လူ့မှာ ထိတွေ့နိုင်သောကိုယ်ခန္ဓာနှင့်မမြင်နိုင်သောဝိညာဉ်ရှိသည်။

ဘုရားသခင်၏“ပုံသဏ္ဍာတော်နှင့်” တူခြင်းအဓိပ္ပါယ်သည် အရှင်းဆုံးဖြင့်ဖော်ပြရလျှင် လူတွေ သည် ဘုရားသခင်နှင့်တူအောင်ဖန်ဆင်းထားခြင်းဖြစ်သည်။ လူအာဒံသည် အသွေးအသားရှိခြင်း၌ ဘုရားသခင်နှင့်တူခြင်းမဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင် “ဘုရားသခင်သည် နံဝိညာဉ်ဖြစ်သည်” (ယောဟန် ၄း၂၄)ဟုဖော်ပြထားသည်။ ထိုကြောင့်သူ့မှာ ခန္ဓာကိုယ်မရှိပေ။ အာဒံသည် ပြည့်စုံ ကျန်းမာသောသူအဖြစ်ဖန်ဆင်းထားသောသူဖြစ်သောကြောင့် ဘုရားသခင်၏ဘ၀အတွက် ကြည့် မှန်ဖြစ်ခဲ့သည်။ သူသည် လုံးဝသေရမည်မဟုတ်ပေ။

ဘုရားသခင်၏ပုံသဏ္ဍာတော်ဟုဖော်ပြရာတွင် လူ့အထဲတွင်ရှိသောအမမြင်နိုင်သော အစိတ် အပိုင်းများကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ လူသည် တိရိစ္ဆာန်များနှင့်မတူညီပေ။ဘုရားသခင်က ဤ လောကတစ်ခုလုံးကိုအုပ်စိုးရန်အတွက် လူကိုဖန်ဆင်းထားခြင်းဖြစ်သည် (ကမ္ဘာ ၂း၇)။ ဘုရားသ ခင်က လူကိုသူ၏ပုံသဏ္ဍာန်နှင့်တူအောင်ဖန်ဆင်းထားသည်။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာနှင့်လူမှုရေးပိုင်းဆိုင်ရာတွင် ဘုရားသခင်နှင့်တူညီသည်။

စိတ်ပိုင်းဆိုင်ရာ - လူသည် စဉ်းစားတွေးခေါ်နိုင်သောသူအဖြစ်ဖန်ဆင်းထားခြင်းဖြစ်သည်။ တနည်း အားဖြင့်ဖော်ပြရလျှင် လူသည် စဉ်းစားတွေးခေါ်နိုင်၍ ရွေးချယ်ပိုင်ခွင့်ရှိသည်။ ၄င်းသည် ဘုရား သခင်၏ စိတ်တော်နှင့်ရွေးချယ်ပိုင်ခွင့်ရယူပိုင်ဆိုင်ခြင်းဖြစ်သည်။ လူတစ်ဦးသည် စက်တစ်ခုကို ဖန် တီးသောအခါတွင်ဖြစ်စေ၊ စာအုပ်တစ်ခုရေးသားသောအခါတွင်ဖြစ်စေ၊ ဆေးပန်းချီချယ်ထားသော အခါတွင်ဖြစ်စေ၊ တေးဂီတစပ်ဆိုသောအခါတွင်ဖြစ်စေ၊ သင်္ချာဂဏန်းတွက်နေသောအခါတွင် ဖြစ် စေ၊ နာမည်မှည့်ခေါ်နေသောအခါတွင်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ပုံသဏ္ဍာန်ကိုပိုင်ဆိုင် ကြောင့် ကြွေးကြော်နေခြင်းဖြစ်သည်။

ကိုယ်ကျင့်တရား- လူကို ဖြောင့်မတ်သူနှင့်အပြစ်အနာအဆာမရှိပြည့်စုံသူအဖြစ်ဖန်ဆင်းထား ခြင်းဖြစ်သည်။ ဘုရားသခင်၏သန့်ရှင်းခြင်းဖြစ်သည်။ ဘုရားသခင်က လူသားများအပါဝင် သူ ဖန်ဆင်းသမျှသောအရာတို့ကိုကြည့်က “ကောင်းသည်”(ကမ္ဘာ ၁း၃၁)ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့ စိတ်ထဲတွင် အကောင်းအဆိုးခွဲခြားနိုင်ခြင်းသည် ဘုရားသခင်ထံမှလာသောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် ဥပဒေရေးသားသောအခါတွင်ဖြစ်စေ၊ အပြစ်တရားကိုရှောင်လွှဲသောအခါတွင်ဖြစ် စေ၊ ကောင်းသောအကျင့်တရားကိုချီးမွမ်းသောအခါတွင်ဖြစ်စေ၊ အပြစ်ရှိသည်ဟုထင်မှတ်သောအ ခါတွင်ဖြစ်စေ ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်း ထားသောသူဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။

လူမှုရေး- မိတ်သာဟာရဖွဲ့နိုင်ရန်အတွက်လူကိုဖန်ဆင်းထားခြင်းဖြစ်သည်။ ၄င်းက သုံးပါး တစ်ဆူနှင့်သူ၏ချစ်ခြင်းမေတ္တာတော်ကိုထင်ရှားစေသည်။ ဧဒင်ဥယျာဉ်တွင် လူသည် ဘုရားသခင် နှင့်မိတ်သာဟာရဖွဲ့ခဲ့သည် (ကမ္ဘာ၃း၈) ။ “ယောင်္ကျားသည် တစ်ယောက်တည်းမနေကောင်းသော ကြောင့်” ဘုရားသခင်ကလူမိန်းမဧ၀ကို ဖန်ဆင်းခဲ့သည် (ကမ္ဘာ ၂း၁၈)။ အိမ်ထောင်ပြုသောအခါ တွင်ဖြစ်စေ၊ မိတ်ဖွဲ့သောအခါတွင်ဖြစ်စေ၊ ကလေးတစ်ယောက်ကိုဘက်ယမ်းသောအခါတွင်ဖြစ် စေ၊ ဘုရားကျောင်းတက်ရောက်သောအခါတွင်ဖြစ်စေ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပုံသဏ္ဍာန် တူကြောင်းထင်ရှားလျက်ရှိသည်။

ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားသောသူဖြစ်သောကြောင့် အာဒံမှာ ရွေး ချယ်ပိုင်ခွင့်အပြည့်အ၀ရှိသည်။ အာဒံမှာ ဖြောင့်မတ်ခြင်းသဘာဝထည့်သွင်းပေးထားသော်လည်း သူသည် ဘုရားသခင်ကိုဆန့်ကျင်က အပြစ်တရားကိုရွေးချယ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူအထဲတွင်ရှင်သောဘုရားသခင်၏ပုံသဏ္ဍာန်တော်ကို သူဖျက်ဆီးခဲ့သည်။ သူမှဆင်းသက်လာ သောလူသားအားလုံးတို့သည်လည်းအပြစ်သားဘ၀ဖြစ်စေခဲ့သည်( ရောမ ၅း၁၂)။ ယနေ့ကျွန်ုပ် သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်ကိုသယ်ဆောင်သွားကြသည် (ယာကုပ် ၃း၉)။ သို့သော် ကျွန်ုပ်တို့သ် အပြစ်တရား၏အမာရွက်ကိုလည်းသယ်ကြသည်။ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနှင့်ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွင် အပြစ်ရှိကြောင်းထင်ရှားသည်။

သတင်းကောင်းသည် ဘုရားသခင်က လူတိုင်းကိုကယ်တင်သောအခါ သူ၏ပုံသဏ္ဍာန်တော် မူရင်းအတိုင်းဖြစ်စေခဲ့သည်။ “ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်း၌ ဘုရားသခင်နှင့်ပုံသဏ္ဍာန်တူရန် အသစ်သောသတ္တ၀ါအဖြစ်ဖန်ဆင်းထားသည်” (ဧဖက် ၄း၂၄)။ ကျွန်ုပ်တို့နှင့်ဘုရားသခင်ကွဲကွာ စေသာအပြစ်တရားမှ သခင်ယေရှုခရစ်တော်ထဲ၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူး တော်ကြောင့် ကယ်တင်ခြင်းရရှိခြင်းဖြစ်သည် (ဧဖက် ၂း၈-၉)။ ခရစ်တော်အားဖြင့်၊ ကျွနု်ပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်တူအောင်အသစ်သောသတ္တ၀ါအဖြစ်ဖန်ဆင်းခြင်းခံသောသူများ ဖြစ်ကြသည် (၂ကော ၅း၁၇)။

မေးခွန်း: မျိုးရိုးခြားနားမှုမူလအစသည် မည်သည့်အရာဖြစ်သနည်း။

လူတွေထဲတွင် မျိုးရိုးကွဲပြားမှုနှင့် အသားအရည်ကွဲပြားမှုများကို သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခြင်းမရှိပေ။ အမှန်အကန်ဖော်ပြရလျှင် လူမျိုးတစ်ခုတည်းပဲရှိ သည်။ ၄င်းလူမျိုးတစ်ခုတည်းတွင် အသားအရည်ကွဲပြားခြင်းနှင့်ကိုယ်ကျင့်တရားကွဲပြားခြင်းများ သာဖြစ်သည်။ အချို့သောသူများက ဗာဗုလုန်ရဲတိုက်ကြီးတည်ဆောက်သောအချိန်တွင် ဘုရားသ ခင်က ဘာသာစကားရှုပ်ထွေးစေရာမှ လူမျိုးကွဲပြားမှုဖြစ်လာသည်( ကမ္ဘာ ၁၁း၁-၉) ဆင်ခြင်ပေးခဲ့ ကြသည်။ လူတွေကသူတို့နေထိုင်သောနေရာများတွင် အသက်ရှင်နိုင်ရန်အတွက် ဘုရားသခင် သည်သူတို့၏အသားအရည်များပြောင်းလဲပေးခြင်းဖြစ်နိုင်သည်။ အဖရိကတွင်နေထိုင်နိုင်ရန်အ တွက် အဖရိကသားများသည် နေပူဒဏ်ခံနိုင်အောင်အသားမည်းကြသည်။ ဤရှုထောင့်အရ ဘုရား သခင်သည် လူတွေ၏စကားများကို ရှုပ်ထွေးစေသောအခါ လူတွေ၏ဘာသာစကားများကိုလည်း ကွဲပြားစေခဲ့သည်။ ထိုနောက် လူတွေက သူတို့နေထိုင်သောနေရာဒေသကွဲပြားသောကြောင့် သူ တို့နေထိုင်သောနေရာတွင် အသက်ရှင်နိုင်ရန် သူတို့၏အသားအရည်များကိုလည်းပြောင်းလဲပေး ခြင်းဖြစ်နိုင်သည်။ သို့သော် သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်းကွင်းဖော်ပြထားခြင်းမရှိပေ။ အသားအရည်ကွဲပြားခြင်းနှင့်ပတ်သက်၍ ဗာဗုလုန်ရဲတိုက်ကြီးတည်ဆောက်ခြင်းတွင် ဖော်ပြချက် လုံးဝမရှိပေ။

ရေလွှမ်းမိုးခြင်းပြီးဆုံးသွားသောအခါ ဘာသာစကားများစွာဖြစ်ထွန်းခဲ့သည်။ တူညီသော စကားများသည် တစ်နေရာတွင်စုရုံးကြကာ သူတို့သည်အခြားသောနေရာတစ်ခုသို့ပြောင်းရွှေ့ နေ ထိုင်ခဲ့ကြသည်။ ၄င်းအချိန်မှစ၍ တူညီသောဘာသာစကားပြောသောသူများသည် အခြားသော သူ များနှင့်ရောထွေးမှုမရှိဘဲ နေရာတစ်ခုတွင် သူတို့နေထိုင်ခဲ့ကြသည်။ လူမျိုးစုများစွာဖြစ်ပေါ်မှုသည် လည်းအနီးစပ်ဆုံးဖော်ပြရလျှင်ဤသို့သောအခြေအနေကြောင့်ဖြစ်နိုင်သည်။ လူမျိုးအနည်းစုများ နေထိုင်ရာမှ လူမျိုးတစ်မျိုးနှင့်တစ်မျိုးဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူမျိုးစုငယ်များဖြစ်ထွန်းလာခဲ့ခြင်း လည်းဖြစ်သည်။ ဘာသာစကားတူညီသောလူများစုရုံးရာမှ သူတို့၏အသားအရည်များသည်လည်း အခြားသောသူများနှင့်မတူဘဲကွဲပြားသွားခြင်းဖြစ်သည်။

အခြားသောဖြေရှင်းချက်တစ်ခုသည် အာဒံနှင့်ဧ၀တို့မှဆင်းသက်လာသောသားသမီးများ သည် မည်းသော၊နီသော၊ ဖြူသောအသားအရည်များရှိခဲ့ကြသည်။ (အသားအရာအများစွာရော ထွေးထားသည်) ထိုကြောင့် အသားအရည်မတူသော လူမျိုးများပေါင်းဖက်သောအခါ သူတို့သား သမီးများ၏အသားအရည်သည်လည်းအမျိုးမျိုးဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်သည် လူသားများအား ကွဲပြားရန်အလိုတော်ရှိခဲ့သောကြောင့် မအာဒံနှင့်ဧ၀တို့အားအသားအရည်အမျိုးမျိုးထုတ်လုပ်နိုင် ရန် အစွမ်းအစများပေးခဲ့သည်။နောက်ပိုင်းတွင် နောဧနှင့်သူ၏ဇနီး သားသုံးယောက်နှင့်သူတို့၏ ဇနီးများသာကျန်ရစ်ခဲ့ကြသည်။ အားလုံးပေါင်း ရှစ်ယောက်ရှိသည် (ကမ္ဘာ ၇း၁၃)။ နောဧ၏ချွေးမ များသည် လူမျိုးပေါင်းစုံဖြစ်နိုင်သည်။ နောဧ၏ဇနီးသည်လည်း နောဧနှင့်လူမျိုးခြားနားနိုင်သည်။ သူတို့ရှစ်ယောက်စလုံးသည် လူမျိုးပေါင်းစုံဖြစ်နိုင်သည်။ ထိုကြောင့်သူတို့သည် မတူညီသော သား သမီးများထွန်းကားနိုင်ကြခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့အားလုံးသည် လူမျိုးတစ် မျိုးဖြစ်သည်ကို အသိအမှတ်ပြုခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဘုရားသခင်၏ဘုန်းတော်ထင် ရှားဖို့ရန်အတွက် တစ်ဆူတည်းသောဘုရားသခင်က ဖန်ဆင်းထားသောသူများဖြစ်ကြသည်။

မေးခွန်း: သမ္မာကျမ်းစာက စိတ်ကြီးဝင်ခြင်း၊ ဘက်လိုက်ခြင်းနှင့်ခွဲခြားဆက်ဆံခြင်းများ အကြောင်း နှင့်ပတ်သက်၍ မည်သို့ဖော်ပြခဲ့သနည်း။

ဤအကြောင်းအရာများမဆွေးနွေးမီ လူမျိုးတစ်မျိုးတည်းရှိကြောင်း ရှေးဦးစွာနားလည်ရ မည်ဖြစ်သည်။ ခူခင်းရှန်း၊ အဖရီကန်၊အာရှ၊ အိန္ဒိယ၊ အာရပ်(ဖ်)၊နှင့်ယုဒလူမျိုးများသည် မတူညီ သောလူမျိုးများမဟုတ်ပေ။ သို့သော်သူတို့သည် အခြားနေရာတစ်မျိုးစီတွင်နေထိုင်သောသူများသာ ဖြစ်သည်။ လူသားအားလုံးမှာ အကျုင့်စရိုက်တစ်မျိုးစီရှိကြသည်။ (မတူညီသောအရာများသည် မပြောပလောက်သောအရာများသာဖြစ်သည်။) ပို၍အရေးကြီးသောအရာသည် လူသားအားလုံး သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်းထားသောသူများဖြစ်သည် (ကမ္ဘာ ၁း၂၆-၂၇)။ ဘုရားသခင်က လောကီသားတို့ကိုချစ်သောကြောင့် ကျွန်ုပ်တို့အတွက်အသေခံရန် သူ၏တပါးတည်းသောသားတော်ကို စွန့်ပစ်ခဲ့သည် (ယောဟန် ၃း၁၆)။ “လောကီသား” ဟုပြော သောအခါ လူမျိုးအားလုံးကိုဆိုလိုသည်။

ဘုရားသခင်သည် လူမျိုးခွဲခြားသည့်စိတ်ဓါတ်မရှိခဲ့ပေ (တရားဟော ၁၀း၁၇၊ တမန်တော် ၁၀း၃၄၊ ရောမ ၂း၁၁၊ ဧဖက် ၆း၉)။ ကျွန်ုပ်တို့အားလုံးကို တန်းတူရည်တူဆက်ဆံသည်။ ယာကုပ် ၂း၎ တွင် “မတရားသောအရာများအားဖြင့်တရားစီရင်ခြင်း” အမှုပြုသောသူများအကြောင်းကို ဖော် ပြထားပါသည်။ ကျွန်ုပ်တို့သည် မိမိနှင့်သက်ဆိုင်သောသူများကို ကိုယ့်ကိုယ်ကိုချစ်သကဲ့သို့ချစ်ရ မည်ဖြစ်သည်(ယာကုပ် ၂း၈)။ ဓမ္မဟောင်းကျမ်းတွင်ဘုရားသခင်က ယုဒလူမျိုးများနှင့်တပါး လူမျိုးများဟူ၍လူမျိုးနှစ်မျိုးခွဲခြားထားသည်။ ယုဒလူမျိုးများသည် ယဇ်ပရောဟိတ်အမျိုးများဖြစ်ကြ ကာ ဟေလသလူမျိုးများထံအမှုတော်ဆောင်ရန်အတွက် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။ အ များအားဖြင့်ယုဒလူမျိုးများသည် သူတို့၏အခြေအနေကြောင့်မာနထောင်လွှားကာ တပါးအမျိုးသား များကို အထီမဲ့မြင်ပြုခဲ့သည်။ သခင်ယေရှုခရစ်တော်က သူတို့ခွဲခြားမှုအုတ်တံတိုင်းကို ချိုးဖြတ်ခဲ့ သည်။ ၄င်းသည်နောက်ဆုံးဖြစ်သည်( ဧဖက် ၂း၁၄)။ စိတ်ကြီးဝင်ခြင်း၊ ဘက်လိုက်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းစသည်တို့သည် ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံသောအချိန်တွင် ကုန်ဆုံးသွားခဲ့သည်။

သခင်ယေရှုကကျွန်ုပ်တို့အား သူသည် ကျွန်ုပ်တို့ကိုချစ်သည်နည်းတူအချင်းချင်းချစ်ကြရန် မိန့်မှာထားခဲ့သည် (ယောဟန် ၁၃း၃၄)။ ဘုရားသခင်သည် မျက်နှာလိုက်ကာ ကျွန်ုပ်တို့ကိုချစ်လျှင် ကျွန်ုပ်တို့သည်လည်း အဆင့်မြင့်သောသူများကိုသာချစ်ရန်လိုအပ်မည်ဖြစ်သည်။ မဿဲအခန်းကြီး ၂၅ ထဲတွင် အငယ်ဆုံးသောသူများထံပြုသမျှသောအရာကို ငါ့ပေါ်တွင်ပြုသည်ဟု သခင်ယေရှုက မိန့်မှာထားခဲ့သည်။ ကျွန်ုပ်တို့သည် လူတစ်ယောက်ကိုအနိုင်ကျင့်လျှင် ဘုရားသခင်၏ပုံသဏ္ဍာန် နှင့်တူသောလူများကိုအနိုင်ကျင့်ခြင်း၊ ဘုရားသခင်ချစ်တော်မူသော၊ သခင်ယေရှုအသေခံသောသူ များအပေါ်အနိုင်ကျင့်ခြင်းဖြစ်သည်။

လူမျိုးကြီးစိတ်ဝင်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လူသားများအပေါ်စွဲ ကပ်ထားခဲ့ပြီးဖြစ်သည်။ ချစ်သောညီအစ်ကိုမောင်နှမများ၊ ကျွန်ုပ်တို့သည်စိတ်ကြီးမ၀င်သင့်ပေ။ ကျွန်ုပ်တို့အပေါ်မတရားဆက်ဆံခြင်းများ၊ ဘက်လိုက်ခြင်းနှင့်ခွဲခြားဆက်ဆံသောသူများကို ကျွန်ုပ်တို့ခွင့်လွှတ်ရမည်ဖြစ်သည်။ ဧဖက် ၄း၃၂ ထဲတွင် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက် ခြင်း၊ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့အချင်းချင်းအပြစ် လွှတ်ခြင်းရှိကြလော့”ဟုဖော်ပြထားပါသည်။ မတရားပြုသောသူများသည် မိတ်ဆွေ၏ခွင့်လွှတ်ခြင်း နှင့်မထိုက်တန်ပါ။ သို့သော်ကျွန်ုပ်တို့သည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းရရှိရန်ထိုက်တန်သည်။ မတရားပြုသောသူများ၊ လူမျိုးခွဲတတ်သောသူများ၊ ဘက်လိုက်တတ်သောသူများနောင်တရရန်လို အပ်သည်။ “သင်တို့၏ကိုယ်အင်္ဂါများကိုဒုစရိုက်လက်နက်ဖြစ်စေ၍၊ အပြစ်တရားအားမဆက်ကြ နှင့်။ သေခြင်းမှထမြောက်၍အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အားကိုယ်ကိုကိုယ်ဆက်ကြ လော့” (ရောမ ၆း၁၃)ဟုဖော်ပြထားပါသည်။ ဂလာတိ ၁၃း၂၈ “ခရစ်တော်၌ယုဒလူမရှိ၊ ဟေလသ လူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောင်္ကျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌သင်တို့အပေါင်းသည်တလုံးတ၀ တည်းဖြစ်ကြ၏” ကိုနားလည်ကြပါစေ။