ကျွန်ုပ်တို့ဖြေဆိုရသောအဖြေသည် ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို မည်ကဲ့သို့မြင်ကြောင့်နှင့် ကျွန်ုပ်တို့အသက်တာ၌ ၎င်း၏အရေးပါမူကိုထင်ရာမြင်ရာတွေးတော၍ဆုံးဖြတ်ဖို့ရန်အတွက်မဟုတ်ပေ။ သို့သော်သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ ခရီးအဆုံးကို ဖော်ပြပါလိမ့်မည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကတော်မှန်လျှင် ကျွန်ုပ်တို့သည် မြတ်နိုးသင့်သည်။ လေ့လာ သင့်သည်။ နာခံသင့်သည်။ ယုံကြည်အားကိုးသင့်သည်။ သမ္မာကျမ်းစာသည် နှုတ်ကတော်ဖြစ်၍ ၎င်းကိုလျစ်လှူရှုခြင်း သည် ဘုရားသခင်ကိုလျစ်လှူရှုခြင်းပင်ဖြစ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့အား သမ္မာကျမ်းစာပေးခြင်းသည် ကျွန်ုပ်တို့အပေါ် သူထားရှိသော ချစ်ခြင်းမေတ္တာကို သက်သေပြရန်နှင့်ထင်ရှားစေရန်ဖြစ်သည်။ “ဗျာဒိတ်တော်” ၏ အဓိပ္ပါယ်သည် ဘုရားသခင်က လူသားများအား သူသည်မည် သည့်အရာသူကြောင်းကိုဖြစ်စေ၊ ကျွန်ုပ်တို့သည် သူနှင့်မည်ကဲ့သို့စစ်မှန်သော မိတ်သဟာဖွဲ့နိုင်မည်ကိုဖြစ်စေ ဖော်ပြလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို မသိသောသူတို့သည် သမ္မာကျမ်းစာထဲ၌ ဘုရာသခင်ဖွင့်ပြသော အရာများကို မသိနိုင်ပေ။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်ဖော်ပြသော သူ့အကြောင်းသည် နှစ် ပေါင်းတစ်ထောင်ငါးရာကျော်ရှိသောလည်း လူသားတို့တွင် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့နိုင်ရန်အတွက် ဘုရားသခင်အကြောင်းနှင့်ပတ်သက်၍ သိသင့်သိ ထိုက်သောအရာများကို သမ္မာကျမ်းစာထဲတွင်တွေ့ရသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်လျှင် ယုံကြည်ခြင်း၊ ဘာသာရေး လှုပ်ရှား မှု နှင့်လူမူကျင့်ဝတ်တို့တွင် အဓိက သွန်သင်ပေးသောတရားတော်ဖြစ်သည်။
ကျွန်ုပ်တို့မေးရမည့်မေးခွန်းသည် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း၊ ကောင်းသော စာအုပ် တစ်အုပ်သာမဟုတ်ကြောင်း ကျွန်ုပ်တို့မည့်သို့သိရှိနိုင်မည်နည်း။ တခြားသော ဘာသာရေးစာအုပ်များထက် သမ္မာကျမ်းစာသည် ယုံကြည်ကိုးစားဖွယ်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း မည်သို့သက်သေပြမည်နည်း။ သမ္မာကျမ်းစာသည် ဘုရားသခင် ၏ နှုတ်ကပတ်တော်၊ ဘုရားမှုတ်သွင်းသောစာအုပ်နှင့် ယုံကြည်ခြင်းနှင့်ခရစ်ယာန်ကျင့်ရိုးကျင့်စဉ်အတွက် ယုံကြည်စိတ်ချရသော စာအုပ်ဖြစ်ကြောင်း ကျွန်ုပ်တို့သည်ကွက်ကွက်ကွင်း ကွင်းဆင်ခြင်လိုလျှင် ဤကဲ့သို့သောမေးခွန်းတို့ကို မေးမြန်းသိရှိရန်လိုအပ်ပေ သည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ဖော်ပြထားခြင်းသည် သံသယဖြစ်စရာအကြောင်း တစ်ခုမှမရှိပေ။ ထိမောသေထံ ရှင်ပေါလုရေးသားထားသော စာတစ်စောင်ထဲတွင် ရှင်းလင်းစွာတွေ့နိုင်ပါသည်။ “ ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုဌါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩ၀ါဒပေးခြင်၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင် ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏” (၂တိ၊ ၃း၁၆-၁၇)။
သမ္မာကျမ်းစာသည် နှုတ်ကတော်ဖြစ်ကြောင်း သမ္မာကျမ်းစာအရဖြစ်စေ၊ ပြင်ပအရာတို့ဖြင့်ဖြစ်စေ သက်သေ အထောက်အထားများစွာရှိပါသည်။ သမ္မာကျမ်းစာအရ သက်သေပြထားခြင်းသည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် သမ္မာ ကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်သည်။ သမ္မာကျမ်းစာအရ ပထမသက်သေပြသခြင်းသည် သမ္မာကျမ်းစာ၏ စည်းလုံးညီညွတ်မူပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာအုပ်သည် စာအုပ်ပေါင်း ၆၆အုပ် ပါဝင်ခြင်း၊ တိုက်ကြီးသုံးတိုက် တွင်ရေးသားခြင်း၊ ဘာသာစကားသုံးမျိုးဖြင့်ရေးသားခြင်း၊ ခန်မှန်းချေနှစ်ပေါင်း ၁၅၀၀ အတွင်းရေးသားခြင်း၊ စာရေးသူ ၄၀ခန့်က ရှုဒေါင့်အမျိုးမျိုးဖြင့်ရေးသားခြင်းရှိသော စာအုပ်ဖြစ်သော်လည်း သမ္မာကျမ်းစာကို အစအလယ်အဆုံးအထိ ကြည့်လျှင်တစ်ခုတစ်ခု ဆန့်ကျင် ဖက်ရှိခြင်းမရှိပဲ ရည်ရွယ်ချက် တစ်ခုတည်းရှိနေသည်ကို တွေ့ရှိနိုင်သည်။ ၎င်းစည်းလုံးမူသည် သမ္မာကျမ်းစာ သည် တခြားစာအုပ်များနှင့်မတူပဲ ထူးခြားကြောင်းနှင့် စာရေးသူများရေးထားမှတ် တမ်းတင်ထားသော အချက်တို့သည် ဘုရားသခင်က လူသားများထံသိစေလိုသော နှုတ်ကပတ် တရားတော် ဖြစ်ကြောင်းကိုသက်သေထူနေပါသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်းကို သမ္မာကျမ်းစာထဲရှိ အကြောင်းအရာတို့ဖြင့် သက်သေပြ ရလျှင် ပရောဖက်ပြုခြင်း၌ပါဝင်သော အကြောင်းအရာတို့ဖြင့် ဖော်ပြရပေမည်။ ဣသရေလလူမျိုးတစ်ခုလုံးအတွက်ဖြစ်စေ၊ မြို့ကြီး တချို့တို့၏အနာဂတ်အတွက်ဖြစ်စေ၊ လူသားတို့၏ အနာဂတ်အတွက်ဖြစ်စေ၊ွလူမျိုးအားလုံးတို့၏ ကယ်တင်ရှင် မေရှီယကြွလာခြင်းအတွက်ဖြစ်စေ (ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သောသူတို့အတွက်သာဖြစ်သည်)၊ အနာဂါတ် နှင့် စပ်ဆိုင်သောအရာနှင့်ချီသည် ပရောဖက်ပြုချက်တို့ကို သမ္မာကျမ်းစာထဲတွင် ပါဝင်လျက်ရှိသည်။ သမ္မာကျမ်းစာ၌ရှိသော ပရောဖက်ပြုချက်တို့သည် တခြားဘာသာရေးစာအုပ်တို့၌ရှိသော ပရောဖက်ပြုခြင်း(သို့) nlostradamus ၏ ပရောဖက်ပြုခြင်း တို့နှင့်မတူပဲ၊ တိကျ၍ အမှန်တကယ်ဖြစ်လာသည်ကိုတွေ့ရသည်။ ဓမ္မဟောင်းကျမ်းစာ၌ ပင် သခင်ယေရှုခရစ်တော်အ ကြောင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်သုံးရာကျော်ရှိပါသည်။ သူသည်မည်သည့်နေရာတွင် မွေးဖွား၍ မည်သည့်မိသားစုမှ ဖွားမြင်လာမည်ကို ပရောဖက်ပြုခြင်းသာမကပဲ သူသည်မည်သို့ အသေခံရမည်ကို၎င်း၊ သုံးရက်မြောက်သောနေ့၌ ထမြောက်မည် ကို၎င်း ပရောဖက်ပြုထားပါသည်။ သမ္မာကျမ်းစာ၌ရှိသော ပရောဖက်ပြုချက်တို့၏ ပြည့်စုံခြင်းသည် အတွေးအခေါ်အားဖြင့် မဖော်ပြနိုင်ပေ။ သို့သော် နှုတ်ကပတ်တော်ပြည့်စုံခြင်းအကြောင်းသာဖြစ်ပါသည်။ သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း တခြား ဘာသာရေးစာပေများ (သို့) တခြားသော ပရောဖက်ပြုခြင်းတို့၌ လုံးဝမတွေ့ရပေ။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း သမ္မာကျမ်းစာအရ ဖော်ပြချက်သုံးခုမြောက်သည် ၎င်း၏ အခွင့်အာဏာနှင့်တန်ခိုးပင်ဖြစ်သည်။ ၎င်းသည် အထက်၌ဖော်ပြထားသော အချက်နှစ်ခုတို့ထက်ပို၍ အမိန့်အာဏာရှိ သည်။ သမ္မာကျမ်းစာတော်သည် တန်ခိုးနည်းသော ဘုရားသခင်အကြောင်း ဖွင့်ဟသော စာအုပ်မဟုတ်ပေ။ သမ္မာကျမ်းစာသည် တခြားသောစာအုပ်များနှင့်မတူ ပဲ အခွင့်အာဏာရှိသောစာအုပ်ဖြစ်သည်။ သဘာဝထက်သာလွန်သော ဘုရားသခင်၏ တန်ခိုးတော်အား ဖြင့် ကျွန်ုပ်တို့အသက်တာထဲ၌ မရေတွက်နိုင်သော နိမိတ် လက္ခာဏာများအား ဖြင့် ထိုအမိန်အာဏာနှင့်တန်ခိုးတို့ကို တွေရှိနိုင်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူတို့ကို သမ္မာကျမ်းစာက ကျိန်ဆဲသည်။ လိင်တူဆက်ဆံသောသူတို့ကို တားမြစ်ထားသည်။ အနှိမ်ခံသောသူတို့နှင့် ပစ်ပယ်ခြင်းခံသော သူတို့၏ဘ၀ကို မြှင့်တင်ပေးသည်။ ဆိုးသွမ်းသာ ရာဇ၀တ်ပြစ်မှု လွန်ကျူးသူ တို့ကို မျှော်လင့်ချက်ပေးသည်။ အပြစ်သားတို့ကို အပြစ်ရှိကြောင်းဖော်ထုတ် ပေးသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် အမုန်းပွါးမူတို့ကို ချစ်ခြင်း မေတ္တာ သို့ပြောင်းလဲပေးသည်။ သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်သောကြောင့် အသက်တာလို မြန်ဆန်စွာပြုပြင်ပြောင်းလဲပေးနိုင်သော တန်ခိုး ရှိသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ပြင်ပသက်သေအထောက်အထားများလည်းရှိသည်။ ပထမ အချက်သည် သမ္မာကျမ်းစာ၏ သမိုင်းအထောက်အထားများဖြင့် သက်သေပြသခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် သမိုင်း၌ ဖြစ်ပျက်သော အကြောင်းအရာများ ဖြစ်သောကြောင့် ၎င်းထဲရှိအကြောင်း အရာတို့၏မှန်ကန်မှုနှင့်တိကျမှု တခြားသော သမိုင်းသုတေသန စာအုပ်များနှင့် တူညီမှုရှိသည်။ သမိုင်းသုတေသနအထောက်အထားနှင့် တခြားစာပေရေးသားချက် အရ သမ္မာကျမ်းစာ၏ သမိုင်းအကြောင်းနှင့်ပတ်သက်၍ မှတ်တမ်းတင်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုတိကျမှန်ကန်စွာ ပြည့်စုံ နေသည်ကိုတွေ့ရသည်။ သုတေသနအားလုံးနှင့်စာမူအားလုံးတို့က သမ္မာကျမ်းစာသည် အကောင်းဆုံးသော ရှေး ဟောင်းစာပေ အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ ဘာသာရေးရှုတောင့်အားဖြင့်ဖြစ်စေ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို ဖော်ပြရာတွင် သမ္မာကျမ်းစာထဲ၌ရှိသော သမိုင်းအကြောင်းတို့၏ တိကျမှန်ကန်စွာ ဖော်ပြထားခြင်းသည် မှန်ကန်စွာဖော်ပြထားသော သမ္မာတရားဖြစ်ကြောင်းသက်သေပြထားပါသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်းကို ပြင်ပဖြင့်သက်သေပြသခြင်းနှင့်ပတ်သက်၍ ဒုတိယ အချက်သည် စာရေးသူတို့၏ ရိုးသားဖြူစင်မှုပင် ဖြစ်သည်။ အစောပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်က လူတို့၏ အ သက်တာကိုအသုံးပြုခြင်းဖြင့် သူ၏နှုတ်ထွက်စကားကို ကျွန်ုပ်တို့အားဖွင့်ပြခြင်းဖြစ်ပါသည်။ ဤစာရေးသူတို့၏ အသက်တာ ကိုကြည့်လျှင်၊ ထိုသူတို့သည် ရိုးသားဖြူစင်သောသူများအဖြစ်သံသယရှိရန် မဟုတ်ပေ။ သူတို့၏ အသက်တာနှင့် သူတို့၏ယုံကြည်ခြင်းအတွက် သေသည်တိုင်အောင်ယုံကြည်မှုခိုင်မြဲခြင်းကို ကြည့်လျှင်သူတို့သည် ဘုရားသခင်စကားပြော ခဲ့သော စစ်မှန်သောသာ မန်ယုံကြည်သူများဖြစ်ကြောင်း သေချာစွာသိရှိနိုင်ပါသည်။ ဓမ္မသစ်ကျမ်းရေးသား ပြုစုသူတို့နှင့် ရာနှင့်ချီသောတခြားယုံကြည်သူများ (၁ကော၊ ၁၅း၆)တို့သည် သခင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီးနောက်၊ သူနှင့်အတူ အချိန်ယူ၍သူကို မြင်တွေ့ခဲ့ကြသောကြောင့် သူတို့ဖော်ပြသောအကြောင်းအရာတို့သည် သမ္မာတရားပင်ဖြစ်လေသည်။ သူတို့သည် သခင်ယေရှု၏ထမြောက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့သောကြောင့် သူတို့စိတ်ထဲ၌ ရဲရင့်မှုကိုခံစားစေခဲ့ရသည်။ ထိုသူတို့ထံ ဘုရားသခင်ဖွင့်ပြခဲ့သော သတင်းတရားကြောင့် သူတို့သည် သေခြင်းကိုပင်ခံယူရန် ဆန္ဒရှိခဲ့ကြသည်။ သူတို့၏ အသက်တာနှင့်အသေခံခြင်းက သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းကို သက်သေထူ ခဲ့သည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ပြင်ပသက်သေအထောက်အထားဖြစ်သော နောက်ဆုံး သော အချက်သည် သမ္မာကျမ်းစာ၏ မပျက်ဆီးနိုင်မှုပင်ဖြစ်သည်။ သမ္မာကျမ်းစာ၏အရေးပါမှုနှင့် ၎င်းသည်နှုတ်ကပတ်တော်ဖြစ် သောကြောင့် သမ္မာကျမ်းစာသည် တိုက်ခိုက်ပျက်ဆီးမှုများစွာတို့နှင့်ရင်ဆိုင်ခဲ့ရသည်။ တခြားစာအုပ်စာပေတို့နှင့်မတူပေ။ Diocletion ကဲ့သို့သော ရောမအင်ပါယာခေတ်မှစတင်၍ ကျမ်းစာကို တိုက်ခိုက်သော အဖွဲ့အစည်းနှင့် ယခုခေတ်ဘာသာ တရားမသိသူနှင့် အယူဝါဒလွှဲမှားသူများတို့က သမ္မာကျမ်းစာကို ဖျတ်ဆီးရန်ကြံစည်သော်လည်း သမ္မာကျမ်းသည် ထိုသူတို့ ၏တိုက်ခိုက်မှုတို့ကို ခုခံနိုင်၍ ယနေ့ကမ္ဘာပေါ်တွင် အများဆုံးထုတ်ဝေထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
အချိန်တိုင်းတွင် သံသယရှိသူတို့သည် သမ္မာကျမ်းစာကို ပုံပြင်ဒဏ္ဍရီအဖြစ် ယုံကြည်ကြသော်လည်း သမိုင်းသုတေ သီအဖွဲတို့က ၎င်းကိုမှတ်တမ်းအဖြစ်အသိအမှတ်ပြုခဲ့သည်။ သမ္မာကျမ်းစာကို တိုက်လှန်သူတို့က ၎င်းထဲ၌ရှိသော သွန်သင် ချက်တို့သည် ရှေးဟောင်းခေတ်ဖြစ်၍ ခေတ်မဆန်တော့ကြောင်းပြောခဲ့ကြသည်။ သို့သော် ၎င်း၏အကျင့်စာရိတ္တနှင့် ဥပဒေ ပိုင်းဆိုင်ရာ ခံယူချက်များနှင့်သွန်သင်ချက်တို့သည် ကမ္ဘာတ၀ှမ်းလုံးတွင် သိပ္ပံနည်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ ခေတ်မီိသည်။ သိပ္ပံပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ နိုင်ငံရေးသမားများက သမ္မာကျမ်းစာကို ဆက်လက်တိုက် ခိုက်ရန်ကြိုးပမ်းသော်လည်း သမ္မာကျမ်းစာသည် အစအဦး၌ရေးသားပြုစုခြင်းကဲ့သို့ ယနေ့ထိတိုင်အောင် မှန်ကန်၍အသုံးဝင် မည်ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခုနှစ်အတွင်း မရေတွက်နိုင်သော လူတို့၏အသက်တာ နှင့်ယဉ်ကျေးမှုတို့ကို တိုးတက်ပြုပြင်ပြောင်းစေသော စာအုပ်တစ်အုပ်ဖြစ်သည်။ သမ္မာကျမ်းစာကို မည်မျှပင်တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်၊ ရှုတ်ချရန်အတွက်ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းသည် ခိုင်မာစွာ၊ မှန်ကန်စွာနှင့် အသုံးကျစွာဖြင့်ပြောင်းလဲမှုမရှိ ပဲ ဆက်လက်တည်မြဲသွားမည်ဖြစ်ပါသည်။ ဖျက်ဆီးရာဖျက်ဆီးကြောင်းကို ကြိုးပမ်းအားထုတ်မှုကြားထဲမှ တည်ရှိသော မှားယွင်းမှုမရှိသောတရားသည် သမ္မာတရားသည် ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်ဖြစ်ကြောင်းနှင့် ဘုရားသခင်က ကာကွယ်စောင့်ထိန်းထားခြင်းဖြစ်ကြောင်းသိသာထင်ရှားပါသည်။ သမ္မာကျမ်းစာကို မည်သို့ပင်တိုက်ခိုက်စေကာမူ၊ ၎င်း သည် ပြောင်းလဲမူမရှိ၊ ရွေ့လျော့မူမရှိခြင်းသည် အံ့ဩဖွယ်မဟုတ်တော့ပေ။ ထို့ပြင် သခင်ယေရှုက“ကောင်းကင်နှင့်မြေ ကြီးမတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်” (မာ၊ ၁၃း၃၂) ဟုမိန့်တော်မူခဲ့ပါသည်။ အထက်၌ဖော်ပြထားသော အချက် အလက်တို့ကိုကြည့်ခြင်းအားဖြင့် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်ဖြစ်ကြောင်း လူတိုင်းက ပြော နိုင်ပါသည်။
“Canon” စကားလုံးအဓိပ္ပါယ်သည် သမ္မာကျမ်းစာထဲတွင် စုစည်းထားသောစာအုပ်များသည် သန့်ရှင်း သောဝိညာဉ်တော်ထံမှလာသော သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းထားသောစာအုပ် ဖြစ်ကြောင်း ဖော်ပြလိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် မည်သည့်စာအုပ်များပါဝင်ရမည်ကို သမ္မာကျမ်း စာထဲတွင် တိတိကျကျဖော်ပြထားခြင်းမရှိသောကြောင်း မည်သည့်စာအုပ်သည် သန့်ရှင်းသောဝိညာဉ် တော်မှုတ်သွင်းထားသောစာအုပ်များဖြစ်သည်ကို ဆုံးဖြတ်ပေးနိုင်ရန် အလွန်ခဲယဉ်းသည်။ သမ္မာကျမ်းစာထဲ တွင်သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသောစာအုပ်များစုစည်းနိုင်ရန် ပထမဆုံးဦးဆောင်သောသူများ သည် ယုဒဆရာများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များဖြစ်ကြပြီး၊ နောက်ပိုင်းတွင် ခရစ်ယာန်များက ဦးဆောင်ထား ပါသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် မည်သို့သောစာအုပ်များသည် သန့်ရှင်းသောဝိညာဉ် တော်မှုတ်သွင်းထားသောစာအုပ်များဆုံးဖြစ်ရာတွင် လမ်းညွန်သောပုဂ္ဂိုလ်ကြီးဖြစ်သည်။ သမ္မာကျမ်းစာအုပ် သည် ဘုရား သခင်က စာရေးသူများကို မှုတ်သွင်းခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်း ထားသော စာအုပ်များဖြစ်ကြသည်။ ထိုကြောင့်သမ္မာကျမ်းစာထဲတွင် မည်သည့်စာအုပ်များပါဝင်ရမည်ကို ဆုံးဖြတ်နိုင်ရန် ဘုရားသခင်က မိမိနောက်လိုက်သူများအား သိရှိနိုင်သောပညာကို ချပေးထားပါသည်။
ဓမ္မသစ်ကျမ်းကို ကြည့်လျှင် ဓမ္မဟောင်းကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခြင်းဖြစ်သည်ဟု ဖော်ပြနိုင်ရန် ငြင်းဆိုဖွယ်ရှိပါသည်။ ဟေဗြဲလူမျိုးယုံကြည်သူများသည် ဘုရားသခင်၏သတင်းကောင်းသယ် လာသူများနှင့် သူတို့ရေးသားထားသောစာများသည် ဘုရားသခင်မှုတ်သွင်းတော်မူသောစာဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ အေဒီ၂၅၀ ခန့်တွင် ဓမ္မာဟောင်းကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ် သွင်းခြင်းဖြစ်ကြောင်း သံသယရှိငြင်းဆိုဖွယ်မရှိပေ။ ဟေဗြဲကျမ်းစာအုပ်သည် သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းထားခြင်းဖြစ်ကြောင်း လူတိုင်းနီးပါးက သဘောတူကြသည်။ Apocrypha ခေါ်ကျမ်းပယ်အချို့များ ရှိသည်။ ယနေ့အချို့သောသူများက ကျမ်းပယ်များသည်လည်းသမ္မာကျမ်းစာထဲတွင် ပါဝင်သင့်ကြောင်း ငြင်းဆိုခဲ့ကြသည်။ ဟေဗြဲကျမ်းတတ်ပုဂ္ဂိုလ်များက ကျမ်းပယ်များသည် သမိုင်းနှင့်ဘာသာရေးဆိုင်းရာ ကောင်းသောစာအုပ်စာပေးဖြစ်ကြောင့် ထောက်ခံခဲ့သည်။ သို့သော် ဟေဗြဲကျမ်းစာအုပ်အဆင့်မမှီကြောင်း ကို ဖော်ပြထားပါသည်။
ဓမ္မသစ်ကျမ်းသည် ခရစ်ယာန်အသင်းတော်၏တစ်ရာစုတွင် အသိအမှတ်ပြုစုစည်းထားသောကျမ်းစာအုပ် ဖြစ်သည်။ ဓမ္မသစ်ကျမ်းအချို့သည် ရေးသားခဲ့ပြီးသည့်နှင့်များမကြာမှီ အသိအမှတ်ပြုခြင်းကို ခံခဲ့ပါသည်။ လုကာရေးသားထားသောစာသည် ဓမ္မဟောင်းကျမ်းကဲ့သို့ အခွင့်အာဏာရှိကြောင်း ပေါလုက ဖော်ပြထား ပါသည် (၁တိ ၅း၁၈၊ တရားဟော ၂၅း၎နှင့် လုကာ ၁၀း၇ တို့ကို ကြည့်ပါ)။ ပေါလုရေးသားထားသောစာ သည် ကျမ်းစာဖြစ်သည်ဟု ပေတာရုက အသိအမှတ်ပြုထားသည် (၂ပေ ၃း၁၅-၁၆)။ အချို့သောဓမ္မသစ် ကျမ်းများသည် ခရစ်ယာန်အသင်းတော်ကြားထဲတွင် ပျံ့နှံ့သွားခဲ့သည် (ကောလော ၄း၁၆၊ ၁သက် ၅း၂၇)။ ရောမဘုရင် ဂလဲမင့် က ဓမ္မသစ်ကျမ်းအနည်းဆုံးရှစ်အုပ်ကို ဖော်ပြထားပါသည် (အေဒီ ၉၅)။ အန္တီအုတ် ဘုရင် အစ်(ဒ်)နားရှပ်(စ်) ကလည်း ဓမ္မသစ်စာအုပ်ခုနစ်ခုတို့ကို အသိအမှတ်ပြုထားသည် (အေဒီ ၁၁၅)။ တမန်တော် ရှင်ယောဟန်၏နောက်လိုက်တပည့်၊ ပိုလီကရ်(ပ်) က ၁၅အုပ်တို့ အသိအမှတ် ပြုထားသည်။ နောက်ပိုင်းတွင် အစ်(ဒ်)နားရှပ်(စ်) က ၂၁ အုပ်ကို အသိအမှတ်ပြုထားသည် (အေဒီ ၁၈၅)။ ဟိပ်(ပ်)ပိုလီး တပ်(စ်) ကလည်း ၂၂ အုပ်တို့ အသိအမှတ်ပြုခဲ့သည် (အေဒီ ၁၇၀-၂၃၅)။ ဓမ္မသစ်ကျမ်းတွင် အဓိကငြင်းဆိုဖွယ်သောအကြောင်းအရာများသည် ဟေဗြဲသြ၀ါဒစာ၊ ရှင်ယာကုပ်သြ၀ါဒစာ၊ ရှင်ပေတရု ဒုတိ ယစောင်၊ ရှင်ယောဟန်သြ၀ါဒစာဒုတိယစောင်နှင့် ရှင်ယောဟန်သြ၀ါဒစာတတိယစောင် များတွင်တွေ့ ရှိနိုင်သည်။
ပထမ “canon” သည် Muratorian Canon ဖြစ်သည်။ အေဒီ ၁၇၀ ခန့်တွင် စုစည်းထားပါသည်။ Muratorian Canon ထဲတွင် ဟေဗြဲသြ၀ါဒစာ၊ ရှင်ယာကုပ်သြ၀ါဒစာ၊ ရှင်ယောဟန်သြ၀ါဒစာ ဒုတိယ စောင်နှင့် ရှင်ယောဟန်သြ၀ါဒစာတတိယစောင် များကလွှဲ၍ ကျန်ဓမ္မသစ်စာ အုပ်များပါဝင်လျက်ရှိသည်။ အေဒီ ၃၆၃ခုနှစ်တွင် the Council of Laodicea က ဓမ္မဟောင်းကျမ်း(ကျမ်းပယ်အပါအ၀င်) နှင့် ၂၇အုပ်ပါ ၀င်သော ဓမ္မသစ်ကျမ်းများကို အသင်းတော်အသုံးရမည်ဟု ဖော်ပြထားပါသည်။ ဟိတ်(ပ်)ပိုကောင်စီ (အေဒီ ၃၉၃) နှင့် ကား(ရ်)သိတ်(ဂ်ျ)ကောင်စီ (အေဒီ ၃၉၇) တို့က ဓမ္မသစ်ကျမ်း၂၇ အုပ်သည် အခွင့်အာ ဏာရှိကြောင်းအသိအမှတ်ပြုထားသည်။
ထိုကောင်စီများက ဓမ္မသစ်ကျမ်းသည် သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသည်/မမုတ်သွင်းသည်ကို အောက်ပါနိယာမများကို အသုံးပြု၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။ ၁။ စာရေးသူသည်တမန်တော်ရှင် ပေါ လုဖြစ်သလော (သို့)သူနှင့်ပေါင်းသင်းသောသူငယ်ချင်းတစ်ဦးဦးဖြစ်သလော။ ၂။ အများစုအနေဖြင့်၊ ထိုစာ အုပ်များကို ခရစ်တော်ခန္ဓာကိုယ်က လက်ခံသလား။ ၃။ စာအုပ်ထဲတွင် ခံယူချက်နှင့် orthodox သွန် သင်မှုများ ကိုက်ညီမှုရှိသလား။ ၄။ စာအုပ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်များကို သက်သောထူနိုင်ရန် မြင့်မားသောကိုယ်ကျင့်တရားနှင့် ၀ိညာဉ်ရေးရာအဖိုးထိုက်သောအရာများရှိသလား။ တဖန်မှတ်သားစရာတစ်ခုသည် ယုံကြည်သူများက canon ကို ဆုံးဖြတ်ချက်မပေးခဲ့ပေ။ ကနဦးအသင်း တော်အဖွဲ့အစည်းများကလည်း canon ကို ဆုံးဖြတ်ချက်မချခဲ့ပေ။ ဘုရားသခင်သာလျှင် သမ္မာကျမ်း စာထဲတွင် ရှိသောစာအုပ်များကို ပိုင်ဆိုင်သောအရှင်၊ ဆုံးဖြတ်ပိုင်သောအရှင်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နောက်လိုက်တပည့်တော်များအား သူဆုံးဖြတ်ခဲ့သည့်အတိုင်း မှုတ်သွင်းခြင်းသည် ဘုရားသခင်၏လုပ် ဆောင်ချက်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ရှိသောစာအုပ်များသည် လူတွေ၏စုစည်းထားခြင်းဖြစ်လျှင် မှားယွင်းမှုရှိနိုင်သည်။ သို့သော် ဘုရားသခင်စုစည်းထားသောစာအုပ်များဖြစ်သောကြောင့် မှားယွင်းမှုမရှိ နိုင်ပေ။ ကျွန်ုပ်တို့၏ မသိနားမလည်ခြင်းနှင့်ခေါင်းမာခြင်းများကို ဘေးချိတ်၍ ကနဦးအသင်းတော်ယုံကြည် သူများက သမ္မာကျမ်းစာထဲတွင်ရှိသောစာအုပ်များသည် ဘုရားသခင်မှုသွင်းထားသောစာအုပ်များဖြစ် ကြောင်းအသိအမှတ်ပြုခဲ့ကြသည်။
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို အမှားကင်းသည်ဟု ယူဆသောစိတ်ဖြင့် တန်ဖိုးရှိစွာဖတ်ရှုလျှင် သမ္မာကျမ်းစာသည် ရှေ့နောက်ညီညွှန်မှုရှိကြောင်းကိုဖြစ်စေ၊ တခုနှင့်တခုတတစ်မတ်ဖြစ်ကြောင်းကိုဖြစ် စေ၊ နားလည်ရန်လွယ်ကူကြောင်းကိုဖြစ်စေ ကျွန်ုပ်တို့သိရှိပါလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် နားလည်ရန် ခက်ခဲသောကျမ်းပိုဒ်များရှိတတ်သည်။ တခုနှင့်တခုဆန့်ကျင်ဘက်ဖြစ်သည်ဟု ယူဆရသောကျမ်းပိုဒ်များ လည်းရှိသည်။ သမ္မာကျမ်းစာသည် စာရေးသူအနည်းဆုံး ၄၀ ကျော်က နှစ်ပေါင်း ၁၅၀၀ ၀န်းကျင်တွင် ရေးသားထားသည်ဟု ကျွန်ုပ်တို့သတိထားရန်လိုအပ်သည်။ စာရေးသူတစ်ဦးစီတိုင်းက ပုံစံအမျိုးမျိုးဖြင့်၎င်း၊ ရှုဒေါင့်အမျိုးမျိုးဖြင့်၎င်း၊ နှင့် မတူညီသောလူတန်းစားမျိုးစုံများထံသို့၎င်း၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့်၎င်းရေး သားထားခဲ့ကြသည်။ အရေးမကြီးသောမတူညီသောအကြောင်းအရာအချို့ရှိနိုင်သည်ကို ကျွန်ုပ်တို့ယူဆ နိုင်သည်။ သို့ရာတွင် ထိုမတူညီမှုသည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်ပြုခြင်းမဟုတ်ပေ။ ကျမ်းပိုဒ်တစ်ခု နှင့်တစ်ခု(သို့)အခန်းကြီးတစ်ခုနှင့်တစ်ခုတို့သည် လုံးဝလိုက်ဖက်မှုမရှိနိုင်လျှင် ၄င်းသည် မှားယွင်းသည်။ အဖြေတစ်ခုသည် ယခုချက်ခြင်းမပေးနိုင်သော်လည်း အဖြေမရှိသည်ဟုမဆိုလိုပေ။ များစွာသောလူတို့က သမိုင်းအထောက်အထားအရဖြစ်စေ၊ ပထ၀ီအထောက်အထားအရဖြစ်စေ သမ္မာကျမ်းစာသည်မှားယွင်း ကြောင်း၊ သမ္မာကျမ်းစာသည် ရှေးဟောင်းသမိုင်းသုတေသနအရသာမှန်ကန်ကြောင်း သက်သေပြသခဲ့ကြ သည်။
ကျွန်ုပ်တို့သည် မကြာခဏ “ဤကျမ်းပိုဒ်များသည် တခုနှင့်တခု ဆန့်ကျင်မှုမရှိကြောင်းရှင်းပြပါ” (သို့) “ကြည့်ပါ။ သမ္မာကျမ်းစာထဲတွင် မှားယွင်းမှုရှိသည်” ဟု မေးမြန်းသောမေးခွန်းများစွာ ကြားရကြသည်။ ၀န်ခံ ရလျှင် မေးခွန်းအချို့များဖြေကြားပေးနိုင်ရန် အလွန်ခဲယဉ်းလှပါသည်။ သို့ရာတွင် ထိုမေးခွန်းများသည် ဖြေရှင်းရန်ခက်ခဲသောမေးခွန်းများဖြစ်သည်။ ၄င်းကို့ကို ကျွန်ုပ်တို့က သမ္မာကျမ်းစာမှားယွင်းကြောင်းနှင့် တခုနှင့်တခုဆန့်ကျင်ဘက်ဖြစ်ကြောင်း ယူဆချက်သာဖြစ်သည်။ “သမ္မာကျမ်းစာထဲတွင်ရှိသောမှားယွင်းမှု များ” ဟုဖော်ပြပေးသောစာအုပ်များနှင့် website များရှိသည်။ အများစု စာအုပ်များ၊ website များကြည့်ကာ သမ္မာကျမ်းစာထဲရှိသောမှားယွင်းမှုများဟု ပြောတတ်ကြသည်။ သူတို့သည်မိမိကိုယ်တိုင် ကျမ်းစာဖတ်ကာ မှားသည်ဟု ထင်မြင်ယူဆခြင်းမျိုးမဟုတ်ပေ။ ၀မ်းနည်းစရာအကောင်းဆုံးသောအရာတစ်ခုသည် သမ္မာကျမ်းစာကို ဆန့်ကျင်သောသူများက စစ်မှန်သောအဖြေကို သိရှိရန် စိတ်ဝင်စားမှုမရှိခြင်းဖြစ်သည်။ “သမ္မာကျမ်းစာကို တိုက်ခိုက်သောသူ” အများစုသည် ဤအဖြေများရရှိရန် သတိထားကြသော်လည်း သူတို့ ထုတ်ခဲ့သောမေးခွန်းများကို အသုံးပြုကာသမ္မာကျမ်းစာကို ဆက်လက်ဆန့်ကျင်ကြသည်။
ထိုကြောင့် တစုံတယောက်သည် ကျွန်ုပ်တို့ထံ လာ၍ သမ္မာကျမ်းစာသည် မှားယွင်းသည်ဟု ချေတင်ပြော ဆိုသောအခါ ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည်နည်း။ ၁။ဆုတောင်းခြင်းအားဖြင့် နှုတ်ကပတ် တော်ကိုလေ့လာ၍ ရိုးရိုးသာမန်ဖြင့်ဖော်ပြထားသောအကြောင်းအရာများကြည့်ရမည်။ ၂။သမ္မားကျမ်းစာအ နက်ဖွင့်ကျမ်းများကို ကြည့်၍လေ့လာပါ။ “သမ္မာကျမ်းစာ ခက်ခဲသောကျမ်းများဖြေရှင်းခြင်း” စသောစာအုပ် များနှင့် website များကို ကြည့်ပါ။ ၃။ အဖြေရရှိနိုင်ရန်အတွက် သင်းအုပ်ဆရာများနှင့် အသင်းတော်လူကြီး များကို မေးမြန်းတိုင်ပင်ပါ။ ၄။ အထက်တွင်ဖော်ပြထားသော နံပါတ် ၁၊၂၊၃ များသည် မသေချာသေးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့် ယခုမသိရသေးသော်လည်း နှုတ်ကပတ် တော်ထဲတွင်ဖြေရှင်းပေးနိုင်သော အဖြေများရှိကြောင်းကို ယုံကြည်ပါ (၂တိ ၂း၁၅၊ ၃း၁၆-၁၇)။
။လူတွေက သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည်ဟု ဖော်ပြသောအခါ ဘုရးသခင်သည် နှုတ်ကပတ်တော်ရေးသားထားသောသူများကို ထိန်းချုပ်ထားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရေးထားခဲ့သည်ကို ဖော်ပြလိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် “မှုသွင်းခြင်း” ဟုအသုံးပြုရာတွင် “ဘုရားသခင်၏မှုတ်သွင်းခြင်း’’ ကို ဆိုလိုသည်။ မှုတ်သွင်းခြင်း၏အဓိပ္ပါယ် သည် သမ္မာကျမ်းစာသည် ဘုရားသခင်၏စကားတော်နှင့် သမ္မာကျမ်းစာသည် စာအုပ်အားလုံးများ၏အ ထွတ်အမြတ်ဖြစ်ခြင်းကို ဆိုလိုသည်။
သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရသောစာအုပ်ဖြစ်သည် ဟူသောအချက်နှင့်ပတ်သက်၍ ရှုထောင့်များ စွာရှိသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှလာသော နှုတ်ကပတ်တော်ဖြစ်ခြင်းကို သမ္မာကျမ်းစာထဲ တွင် ဖော်ပြထားပါသဖြင့် သံသယဖြစ်ရန် မလိုတော့ပေ (၁ကော ၂း၁၂-၁၃၊ ၂တိ ၃း၁၆-၁၇)။ ဤရှုထောင့် က နှုတ်ကပတ်တော်သည် “နှုတ်တိုက်ဖွင့်ဆို” ထားသောမှုတ်သွင်းခြင်းဖြစ်သည်ကို ဖော်ပြလိုပါသည်။ ဆိုလိုသောအဓိပ္ပါယ်သည် သမ္မာကျမ်းစာထဲတွင်ရှိသော စကားလုံးဟူသမျှတို့သည် ဘုရားသခင်၏မှုတ် သွင်းခြင်းဖြစ်သည်။ အကြောင်းအရာများမှုတ်သွင်းခြင်းကို မဆိုလိုပေ။ ထိုကြောင့် မှုတ်သွင်းခြင်းသည် သမ္မာကျမ်းစာထဲတွင်ရှင်သောအစိတ်အပိုင်းအားလုံးနှင့် သမ္မာကျမ်းစာ၏ဖော်ပြချက်အားလုံးတို့သည် ဘုရားသခင်မှုတ်သွင်းထားခြင်းကို ဆိုလိုသည်။ လူအချို့တို့က သမ္မာကျမ်းစာတွင်ပါရှိသောအကြောင်းအ ရာအချို့တို့ကို၎င်း၊ ဘာသာရေးခေါင်းဆောင်များ၏စိတ်ထဲတွင် အကြောင်းအရားများကိုသာ မှုတ်သွင်း ထားခြင်းသာဖြစ်သည်ကို၎င်း စသဖြင့် ယူဆတတ်ကြသည်။ သို့သော် ၄င်းရှုထောင့်သည် သမ္မာကျမ်းစာထဲ တွင် ရှိသောမှုတ်သွင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။ လုံဝပြည့်စုံသော မှုတ်သွင်းခြင်းသာလျှင် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းထင်ရှားစေသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းဖြစ်ကြောင်း ၂တိ ၃း၁၆ ထဲတွင် တဖန်ဖော်ပြထား ပါသည်။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်ရသောသူဖြစ်ရမည်အကြောင်း၊ သြ၀ါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြု တတ်၏” (၂တိ ၃း၁၆)။ ဤကျမ်းပိုဒ်ထဲတွင်နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်၏မှုတ်သွင်းခြင်း ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အတွက်အကျုံးဝင်ကြောင်းဖော်ပြထားပါသည်။ ကျမ်းစာအုပ်၏အစိတ်အပိုင်းတစ် ခုသာ ဘာသာရေးအယူဝါဒအတွက် မှုတ်သွင်းထားခြင်းမဟုတ်ပေ။ သို့သော် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ထိ တိုင်အောင် ရှိသောစကားလုံးရှိသမျှသည် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသောစာအုပ်ဖြစ်သောကြောင့် သမ္မာကျမ်းစာသည် ခံယူချက်များထူထောင်ရာ တွင်ဖြစ်စေ၊ လူတွေက ဘုရားသခင်နှင့်စစ်မှန်သော မိတ်သာဟာရဖွဲ့ခြင်းရှိနိုင်ရန် သွန်သင်မှုအတွက်ဖြစ်စေ အခွင့်အာဏာအရှိဆုံးဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသောစာအုပ်သက်သက် မဟုတ်ဘဲ ကျွန်ုပ်တို့၏အသက်တာကို ပြောင်းလဲစေရန်နှင့် “ပြည့်စံစေရန်” သဘာဝတရားထက်လွန်ကဲ သော အစွမ်းအစရှိသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကလွှဲ၍ မည်သည့်အရာလိုအပ်သေးသနည်း။
သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသော စာအုပ်ဖြစ်ကြောင်း ၂ပေ ၁း၂၁ ထဲတွင်လည်း ထပ်မံ ဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်က လူတွေကိုအသုံးပြု၍ သူတို့၏ အတူညီသော ပညာအရည်ချင်းနှင့်ပုံစံအမျိုးမျိုးဖြင့်ရေးသားထားသောစာအုပ်ဖြစ်သော်လည်း သမ္မာကျမ်းစာထဲတွင် ရှိသမျှ သော စာလုံးအားလုံးတို့သည် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ကြောင်းသိရှိနိုင်ရန် ဤကျမ်းပိုဒ်က ဖော် ပြထားပါသည်။ သခင်ယေရှုမိန့်ဆိုသောစကားကိုကြည့်လျှင် သမ္မာကျမ်းစာသည် ဘုရားသခင်နှုတ်တိုက် မှုတ်သွင်းထားသောစကားဖြစ်ကြောင်းဖော်ပြထားပါသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ် ခြင်းငှါ ငါလာသည်ဟု အထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ လာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီးမပျက်ဆီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ…” (မဿဲ ၅း၁၇-၁၈)။ ဤကျမ်းပိုဒ်များတွင် သခင် ယေရှုက ကျမ်းစာထဲတွင် ရှိသော အလွန်သေးငယ်သော အမှတ်အသားတစ်ခုလေးကို ပင်လျှင် ဘုရားသ ခင်မှုတ်သွင်းတော်မူခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းကို ဖော်ပြထားပါသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသော နှုတ်ကပတ်တော်ဖြစ်သောကြောင့် သမ္မာကျမ်းစာ သည်မှားယွင်းခြင်းကင်း၍ အခွင့်အာဏာအရှိဆုံးဖြစ်သည်ဟု နိဂုံးချုပ်နိုင်ပါသည်။ ဘုရားသခင်၏မှန်ကန် သောရှုထောင့်ကသာ သူ၏နှုတ်ကပတ်တော်ကို မှန်ကန်စွာမြင်နိုင်ရန် လမ်းပြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကိုသိတော်မူသောအရှင်၊ပြီးပြည့်စုံသောအရှင် ဖြစ်တော်မူသောကြောင့် သူ၏နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ကဲ့သို့ပြည့်စုံခြင်းရှိသောကြောင့် ဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် နှုတ်ကပတ်တော်သည် ဘုရားသခင်၏မှုတ်သွင်းတော်မူခြင်းဖြစ်သောကြောင့် မှားယွင်းခြင်းကင်း၍ အခွင့်အာဏာအရှိဆုံးဖြစ်သည်။ သံသာယကင်းလျက် သမ္မာကျမ်းစာသည် ငြင်းဆိုဖွယ် ကင်းမဲ့သော၊ အခွင့်သြဇာအရှိဆုံးဖြစ်သော လူသားများအတွက် ဘုရားသခင်ပေးသော နှုတ်ကပတ်တော် ဖြစ်ကြောင်း ကြွေးကြော်နိုင်ပါသည်။
ဟေဗြဲ ၄း၁၂ ထဲတွင် “ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက်တကာတို့ထက်ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့်ခြင်ဆီကို ၄င်းပိုင်းခြား၍ထုတ်ခြင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏”ဟု ဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀၀ ခန့်တွင် ရေးသားထားခဲ့သောစာအုပ် ဖြစ်သောလည်း၊ ၄င်း၏တိကျမှုနှင့်အကျုံးဝင်မှုသည် ယနေ့ထိတိုင်အောင်ပြောင်းလဲခြင်းမရှိပေ။ သမ္မာကျမ်း စာသည် ဘုရားသခင်က မိမိအကြောင်းနှင့် လူသားများအတွက်သူ၏အကြံအစည်တော်များကို ဖော်ပြပေး သော ဗျာဒိတ်တော်အားလုံးတို့၏အခြေခံစာအုပ်တစ်အုတ်ဖြစ်သည်။
သမ္မာကျမ်းစာထဲတွင် သိပ္ပံပညာရှင်များလေ့လာတွေ့ရှိချက်များနှင့် သုတေသနပြုချက်များအားဖြင့် အသိအ မှတ်ပြုသော သဘာဝအကြောင်းများကို ခိုင်လှုံစွားဖော်ပြထားပါသည်။ ၄င်းများထဲတွင် ၀တ်ပြုရာကျမ်း ၁၇း၁၁၊ ဒေသနာကျမ်း ၁း၆-၇၊ ယောဘ ၃၆း၂၇-၂၉၊ ဆာလံ ၁၀၂း၂၅-၂၇ နှင့် ကောလောသဲ ၁း၁၆-၁၇ စ သည်တို့ပါဝင်သည်။သမ္မာကျမ်းစာ သမိုင်းထဲတွင်ရှိသော ဘုရားသခင်လူသားများအားရွေးနှုတ်ကယ် တင် ခြင်းအကြောင်းအစီအစဉ်သည် အဖွင့်ပြရသေးပေ။ အခြားသောအရာများတို့သည် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခဲ့သည်။ ထိုသို့ဖော်ပြခြင်းများထဲတွင် သမ္မာကျမ်းစာက လူသားများ၏အကျင့်စရိုက်နှင့် စိတ် ယိမ်းယိုင်မှုများကိုလည်းထပ်မံဖော်ပြထားပါသည်။ ယနေ့ကျွန်ုပ်တို့၏အသက်တာ၌ဖြစ်ပျက်သောအရာ များကိုကြည့်လျှင် လူသားများ၏ကံကြမ္မာများသည် အခြားသောစိတ်ပိုင်းဆိုင်ရာဖော်ပြထားသော စာအုပ်စာ ပေများနှင့်မတူဘဲ၊ သမ္မာကျမ်းစာထဲတွင် ပို၍တိကျစွာဖော်ပြထားကြောင်းတွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာ ထဲတွင် ဖော်ပြထားသောသမိုင်းအဖြစ်အပျက်များမှန်ကန်ကြောင်း အခြားသောသမိုင်းသုတေသနပြုသူများ ကလည်း အသိအမှတ်ပြုထားပါသည်။ သမိုင်းသုတေသနပြုသောသူများက သမ္မာကျမ်းစာထဲတွင် ဖြစ်ပျက် သောအကြောင်းအရာများနှင့် အခြားသောပြင်ပအဖြစ်အပျက်များသည် တထပ်တည်းတူညီကြောင်း အသိ အမှတ်ပြုမှတ်တမ်းတင်ထားပါသည်။
သို့သော်သမ္မာကျမ်းစာအုပ်သည် သမိုင်းစာအုပ်၊ စိတ်ပညာဖော်ပြပေးသောစာအုပ်၊ သိပ္ပံပညာရပ် ဘာသာ ဆိုင်ရာဖော်ပြပေးသောစာအုပ်မဟုတ်ပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်က မိမိအကြောင်းအရာများနှင့် သူ၏အလိုတော်များနှင့် လူသားများအတွက် အကြံအစည်များကို ဖော်ပြပေးထားသောစာအုပ်တစ်အုပ် ဖြစ်သည်။ ထိုရှုပါရုံ၏အရေးကြီးဆုံးသောအကြောင်းအရာသည် အပြစ်တရားအဖြင့်ကျွန်ုပ်တို့သည် ဘုရား သခင်နှင့်အဆက်အသွယ်ပြတ်ရာမှ ကားတိုင်တော်ပေါ်တွင် ဘုရားသခင်၏သားတော်သခင်ယေရှုခရစ် တော်သည် အသေခံခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ရန် ဘုရားခင်ပြင်ဆင်ပေးထားခြင်း အကြောင်းများဖြစ်သည်။ ကျွန်ုပ်တို့လိုအပ်သော ရွေးနှုတ်ကယ်တင်ခြင်းသည် ပြောင်းလဲမှုမရှိပေ။ ဘုရားသခင်၏အလိုတော်ဖြစ်သော ကျွန်ုပ်တို့နှင့်ပြန်လည်သင့်မြတ်ခြင်းသည်လည်း ပြောင်းလဲမှုမရှိပေ။
သမ္မာကျမ်းစာထဲတွင် တိကျ၍အကျုံးဝင်သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။ သမ္မာကျမ်းစာထဲ တွင်အရေးကြီးဆုံးဖော်ပြထားသော ရွေးနှုတ်ကယ်တင်ခြင်းသည် လူတိုင်းအတွက်ဖြစ်၍ လောကီသားများ အတွက် ထာဝရပြင်ဆင်ပေးထားသောအရာဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ခေတ်နောက် ကျခြင်း၊ အစားထိုးနိုင်ခြင်း၊ ပြောင်းလဲခြင်းမရှိနိုင်ပေ။ ယဉ်ကျေးမှုဓလေ့ထုံးစံများပြောင်းလဲသည်။ ဥပဒေများ သည်လည်းပြောင်းလဲတတ်သည်။ မျိုးဆက်သစ်များသည်လည်း ပြောင်းလဲမှုများစွာရှိသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ရေးသားသည့်အချိန်ကတည်းကစ၍ယနေ့တိုင်အောင်ပြောင်းလဲခြင်း မရှိပေ။ အကျုံးဝင်နေဆဲဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသောအကြောင်းအရာများသည် ယနေ့ ကျွန်ုပ်တို့အတွက် အတိအကျအသုံးချရန်မလိုအပ်ပေ။ သို့သော်သမ္မာကျမ်းစာထဲတွင် ယနေ့ကျွန်ုပ်တို့အ တွက် လက်တွေ့အသုံးချနိုင်သော သမ္မာတရားများစွာရှိသည်။
သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်ကို သိရှိခြင်းသည် ယုံကြည်သူတစ်ဦး၏အသက်တာတွင် အရေးကြီးသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သမ္မာကျမ်းကို ရိုးရိုးသာမန်ဖြင့်ဖတ်ရှုရမည်ဟု ဘုရားသ ခင်က မပြေပေ။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာ၍ မှန်ကန်စွာ ဆုတ်ကိုင်ထားရမည် (၂တိ ၂း၁၅)။ နှုတ်ကပတ်တော်လေ့လာခြင်းသည် ခက်ခဲသောလုပ်ငန်းတစ်ခုဖြစ်သည်။ အလျင်တဆောကျမ်းစာ လေ့လာခြင်းတွင် မှားယွင်းမှုများစွာ ဖြစ်ထွန်းနိုင်သည်။ ထိုကြောင့် သမ္မာကျမ်းစာ၏အဓိပ္ပါယ်ကို မှန်ကန်စွာ နားလည်နိုင်သော နည်းလမ်းသိရှိခြင်းသည် အလွန်အရေးကြီးသည်။
ပထမအနေဖြင့်၊ သမ္မာကျမ်းစာသိရှိနားလည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြစ် သောကြောင့် ကျောင်းစာကျောင်းသား/သူများသည် သန့်ရှင်းသောဝိညာဉ်တော်ထံဆုတောင်းခြင်းအားဖြင့် အကူအညီတောင်းရပေမည်။ “သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အားအကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ်အလိုအလျေက် ဟောသည်မဟုတ်။ ကြားသမျှတို့ကိုဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကို လည်းသင်တို့ အားဘော်ပြလိမ့်မည်” (ယောဟန် ၁၆း၁၃)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဓမ္မသစ်ကျမ်းရေးသားသော စာရေးသူများကို လမ်းပြသွန်သင်သည့်နည်းတူ၊ ကျွန်ုပ်တို့ကိုလည်း ကျမ်းစာနားလည်ရန် လမ်းပြပါလိမ့် မည်။ သမ္မာကျမ်းစာသည် ဘုရားစာဖြစ်ကြောင်းကို သိရှိပါ။ ကျွန်ုပ်တို့သည် ကျမ်းစာ၏အနက်အဓိပ္ပါယ်ကို သိရှိနိုင်ရန် ဘုရားသခင်ကို ဆုတောင်းရမည်။ မိတ်ဆွေသည် ခရစ်ယာန်တစ်ဦးဖြစ်လျှင် သမ္မာကျမ်းစာကို ရေးသားသော သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေအထဲတွင် ကျိန်းဝပ်ထား၍ သူက သူရေးသား ထားသော စာများကို နားလည်ရန် မိတ်ဆွေကို အလိုတော်ရှိသည်။
ဒုတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် မိမိနှစ်သက်သောကျမ်းပိုဒ်များကို စွဲယူ၍ ထိုကျမ်းပိုဒ်၏အဓိပ္ပါယ်ကို ပြင်ပ အဖြစ်အပျက်အားဖြင့် အနက်မဖွင့်အပ်ပေ။ ထိုကျမ်းပိုဒ်များ၏ဆိုလိုရင်းကို သိရှိရန် အခန်းကြီးတစ်ခုလုံးကို ဖတ်ရှုပြီး၊ ထိုအခန်းကြီးဖော်ပြပေးလိုသောအကြောင်းအရာများကို သေခြာစွာသိရှိရန် လိုအပ်သည်။ နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်ထံမှလာသည် (၂တိ ၃း၁၆၊ ၂ပေ ၁း၂၁)။ ဘုရားသခင်က ထို နှုတ်ကပတ်တော်များကို ရေးသားရန် လူတွေကို အသုံးပြုခဲ့သည်။ စာရေးသူများက သူတို့၏စိတ်ထဲတွင် ဆောင်ပုဒ်၊ ရေးသားထားသောစာစောင်၏ရည်ရွယ်ချက်နှင့် မည်သူအတွက်ရည်ညွှန်းထားသည်ကို သိရှိကြ သည်။ ကျွန်ုပ်တို့သည် ကျမ်းစာအုပ်များမည်သူက ရေးသားထားသည်ကို၎င်း၊ မည်သူ့အတွက် ရေးသားထားသည်ကို၎င်း၊ မည်သည့်အချိန်တွင် ရေးသားထားသည်ကို၎င်း၊ အဘယ်ကြောင့်ရေးသားထား သည်ကို၎င်း သိရှိနိုင်ရန် သမ္မာကျမ်းစာ၏ နောက်ခံသမိုင်းများကိုလည်း ဖတ်ရှုရမည်ဖြစ်သည်။ ကျမ်းပိုဒ်များ ကို မိမိနှစ်သက်သည့်အတိုင်းအနက်မဖွင့်ဘဲ၊ သူ့ကိုယ်သူ အနက်ဖွင့်စေရမည်ဖြစ်သည်။ တခါတရံ အချို့သောသူများသည် ကျမ်းစာအဓိပ္ပါယ်ကို မိမိနှစ်သက်သည့်အတိုင်း ကိုင်စွဲ၍ အနက်ဖွင့်တတ်ကြပါ သည်။
တတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကျမ်းစာအနက်ဖွင့်ကျမ်းကိုသာ လုံးလုံးလျားလျား မှီခိုးအား ကိုးရန်မဟုတ်ပေ။ သမ္မာကျမ်းစာကို လေ့လာခဲ့ပြီးသောသူများရေးသားထားသော အနက်ဖွင့်ကျမ်းမပါဘဲ ကျွန်ုပ်နားလည်နိုင်မည်မဟုတ်ပေဟု ယူဆခြင်းသည် မိုက်မဲမှုတစ်ခုဖြစ်သည်။ အချို့သောသူများကမူ၊ သန့်ရှင်းသောဝိညာဉ်တော်အပေါ်၌သာ မှီခိုအားထားခြင်းအားဖြင့် သမ္မာကျမ်းစာကို လေ့လာရမည်ဟု ခံယူ ထားပါသည်။ ထိုသို့ပြုလျှင် သမ္မာကျမ်းစာ၏လျှို့ဝှက်နက်နဲသောအရာများကို တွေ့ရှိနိုင်မည်ဟု မှားယွင်း စွာခံယူထးပါသည်။ ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ခြင်းအားဖြင့် ခရစ်တော်၏ခန္ဓာ ကိုယ်အပေါ်သို့ ၀ညာဉ်တော်ဆုကျေးဇူးများကို ချပေးထားပါသည်။ ၀ိညာဉ်တော်ဆုကျေးဇူးများထဲမှ တစ် ခုသည် သွန်သင်ခြင်းဆုကျေးဇူး (ဧဖက် ၄း၁၁-၁၂၊ ၁ကော ၁၂း၂၈) ဖြစ်သည်။ ဤသွန်သင်ဆရာများက နှုတ်ကပတ်တော်ကို မှန်ကန်စွာသွန်သင်နိုင်ရန်အတွက် ဘုရားသခင်က သွန်သင်တတ်သောဆုကျေးဇူးကို သူတို့ပေါ်တွင် ချပေးထားခြင်းဖြစ်သည်။ အခြားသောသူများနှင့်နှုတ်ကပတ်တော်ကို ခုံမင်ဆွေးနွေးခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရှိနားလည်၍မိမိအသက်တာတွင် အသုံးချတတ်ခြင်းသည် လိမ္မာ သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
ထိုကြောင့် အချုပ်အားဖြင့်ဖော်ပြရလျှင်၊ သင့်လျော်သော သမ္မာကျမ်းစာလေ့လာခြင်းသည် မည်သည့်အရာ ဖြစ်သနည်း။ ပထမအနေဖြင့်၊ ကျွန်ုပ်တို့သည် နှိမ့်ချခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် နားလည်နိုင်သော ညာဉ်ပညာရရှိရန် သန့်ရှင်းသောဝိညာဉ်တော်အား အကူအညီတောင်းရမည်။ ဒုတိယအနေဖြင့်၊ ကျွန်ုပ်တို့ သည် ကျမ်းပိုဒ်တစ်ခု၏ အခန်းကြီးတစ်ခုလုံးကို ဖတ်၍ ကျမ်းစာသည် သူ့ကိုယ်သူ အနက်ဖွင့်စေရမည်။ တတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် အတိတ်ကာလတွင်ဖြစ်စေ၊ ပစ္စုပ္ပန်ကာလတွင်ဖြစ်စေ ကျမ်းစာအနက် ဖွင့်ကျမ်းကို ရေးသားထားသောသူများကို ရိုသေရမည်။ ဘုရားသခင်သည် ကျမ်းစာအုပ်ရေးသားသော အရှင်ဖြစ်သည်ကို ၄င်း၊ သူသည် ကျွန်ုပ်တို့အား ကျမ်းပိုဒ်၏အဓိပ္ပါယ်နားလည်ရန် အလိုတော်ရှိသည်ကို၎င်း ကျွန်ုပ်တို့မှတ်ထားရမည်။
။သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် လေ့လာ ဖတ်ရှုရမည်ဖြစ်သည်။ သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်”မူခြင်း (၂တိ ၃း၁၆)ဖြစ်သည်။ အခြားသောစကားဖြင့်ဖော်ပြရလျှင် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏စကားတော်ဖြစ် သည်။ မသိနိုင်သောမေးခွန်းများစွာ၊ ဒဿနိကဗေဒပညာရှင်များမေးမြန်းသောမေးခွန်းများစွာတို့၏အဖြေကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘ၀၏ရည်ရွယ်ချက်သည်အဘယ်နည်း။ ကျွန်ုပ်သည် မည်သည့် နေရာမှလာခဲ့သနည်း။ သေပြီးနောက်နောင်တမလွန်ဘ၀ရှိမလား။ ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ မည်သို့ရောက်နိုင်မည်နည်း။ အဘယ်ကြောင့်ဤလောကတစ်ခုလုံးသည် အပြစ်နှင့်ပြည့်လျှံသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့်ကောင်းမှုကုသိုလ်ပြုရန် ကြိုးပမ်းရမည်နည်း။ ထို “ကြီးမားသော”မေးခွန်းများ အတွက် သမ္မာကျမ်းစာထဲတွင် လက်တွေ့ကျသော အကြံညာဉ်များကို ဖော်ပြထားပါသည်။ ၄င်းတို့မှာ ကျွန်ုပ်သည် အဖော်ရှာရာတွင် မည်သို့ရှာရမည်နည်း။ ကျွန်ုပ်သည် အောင်မြင်သောအိမ်ထောင်ပြုခြင်းကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။ ကျွန်ုပ်သည် မည်သို့ကောင်းသောမိတ်ဆွေဖြစ်နိုင်မည်နည်း။ ကျွန်ုပ်သည် မည်သို့ကောင်းသော မိခင်ဖခင်ဖြစ်နိုင်မည်နည်း။ အောင်မြင်ခြင်းသည်အဘယ်နည်း။ ကျွန်ုပ်သည် မည်သို့အောင်မြင်ခြင်းရယူနိုင်မည်နည်း။ ကျွန်ုပ်သည် မည်သို့ပြောင်းလဲနိုင်မည်နည်း။ ဘ၀တွင်အရေးကြီး သောအရာများသည် မည်သည့်အရာများဖြစ်သနည်း။ ကျွန်ုပ်သည် နောက်တရခြင်းမရှိနိုင်ရန် မည်သို့အသက်ရှင်ရမည်နည်း။ မတရားသောပတ်ဝန်းကျင်နှင့် ဘ၀အောင်မြင်မှုတွင်ဖြစ်ပျက်တတ်သော အဆိုးများကို ကျွန်ုပ်သည် မည်သို့ကိုင်တွယ်ရမည်နည်း။
သမ္မာကျမ်းစာသည် အားကိုးထိုင်၍မှားယွင်းမှုများနှင့် ကင်းသောကြောင့် ကျွန်ုပ်တို့သည် ဖတ်ရှုလေ့လာ သင့်ပါသည်။ သမ္မာကျမ်းစာသည် “သန့်ရှင်းသော’’ စာအုပ်ဖြစ်သည်။ ကောင်းသောသွန်သင်မှုများပါဝင် ရုံသာမက “ငါ့ကိုကိုးစားပါ” ဟုပြောခဲ့သည်။ ကျွန်ုပ်တို့သည် ထောင်ပေါင်းများစွာသော ပရောဖက်ပြုချက် များပြည့်စုံခြင်းအားဖြင့်ဖြစ်စေ၊ သမိုင်းအဖြစ်အပျက်များမှတ်တမ်းတင်ခြင်းအားဖြင့်ဖြစ်စေ၊ သိပ္ပံအချက်အ လက်များနှင့်ပတ်သက်သောအရာများဆန်းစစ်ခြင်းအားဖြင့်ဖြစ်စေ သမ္မာကျမ်းစာသည် မှန်ကန်ကြောင်းသိရှိ နိုင်သည်။ သမ္မာကျမ်းစာသည် မှားယွင်းသည်ဟုပြောသောသူများက သူတို့နားကို သမ္မာတရားကြားရန် ပိတ်ဆို့ထားသောကြောင့်ဖြစ်သည်။ တချိန်တုန်းက သခင်ယေရှုက “သင်၏အပြစ်သည် ခွင့်လွှတ်ခဲ့သည်” (သို့) “သင်ထလော့။ သင့်ကုတင်ကိုထမ်း၍လှမ်းသွားလော့” ဟုပြောခြင်းသည် ပို၍လွယ်ကူသည်ဟုပြောခဲ့ သည်။ သခင်ယေရှုက လက်ခြေသေသောသူများ (သူတို့၏မျက်စိဖြင့်မြင်နိုင်သောအရာ)ကျန်းမာစေခြင်း အားဖြင့် သူသည် အပြစ်များ (မျက်စိဖြင့်မမြင်နိုင်သောအရာ)ခွင့်လွှတ်နိုင်သောအစွမ်းရှိကြောင်း ပြောခဲ့ သည်။ ထိုနည်းတူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည်လည်းမှန်ကန်ကြောင်း အာမခံချက်ရှိသည်။ ကျွန်ုပ်တို့သည် ၀ိညာဉ်ရှုထောင့်ဖြင့်ဆွေးနွေးသောအခါ သာမန်မျက်စိဖြင့်မမြင်နိုင်သောလည်း သမ္မာကျမ်းစာသည် သမိုင်းရှုထောင့်အရဖြစ်စေ၊ သိပ္ပံပညာတိကျမှုအရဖြစ်စေ၊ ပရောဖက်ပြုခြင်းများပြည့်စုံ ခြင်းအားဖြင့်ဖြစ်စေ မှန်ကန်ကြောင်း သက်သေပြသနိုင်ပါသည်။
ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ၊ လူသားတွေ၏သဘာဝသည်လည်းပြောင်းလဲခြင်းမရှိ၊ သမ္မာကျမ်းစာ ထဲတွင်ရေးသားထားသောအကြောင်းအရာများသည် ကျွန်ုပ်တို့အတွက် အလွန်မြင့်မြတ်သောကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရမည်ဖြစ်သည်။ စက်ပိုင်းဆိုင်ရာများသည် ပြောင်းလဲသော် လည်း လူသားများ၏သဘာဝသည် ပြောင်းလဲခြင်းမရှိပေ။ သူတို့၏လိုအင်ဆန္ဒများသည် ပြောင်းလဲမှုမရှိ ပေ။ သမ္မာကျမ်းစာထဲတွင်ရှိသော သမိုင်းများဖတ်ရှုလျှင် ကျွန်ုပ်တို့သည် တစ်ဦးချင်းစကားပြောဆိုခြင်း (သို့)အဖွဲ့လိုက်စကားပြောဆိုခြင်းထဲတွင် “နေအောက်တွင်ရှိသောအရာများအသစ်မရှိပေ” (ဒေသနာ ၁း၉) ဟုတွေ့ရှိနိုင်ပါသည်။ ထိုနောက်လူသားများက မှားယွင်းသောနေရာများတွင် ချစ်ခြင်းနှင့်စိတ်ဖြေသိမ့်မှုများ ရှာဖွေကြသည်။ သို့သော်ကျွနုပ်တို့၏ဖန်ဆင်းရှင်ဘုရားသခင်က နောက်ဆုံးသောပျော်ရွှင်ခြင်းသည် မည် သို့ရရှိမည်ကို ဖော်ပြထားပါသည်။ သခင်ယေရှုဖော်ပြသည့်အတိုင်း ဘုရားသခင်ဖွင့်ပြသောသူ၏စကား တော်၊ သမ္မာကျမ်းစာသည် အလွန်အရေးကြီးသည်။ သခင်ယေရှုက “လူသည်မုန့်အားဖြင့်သာအသက်မွေး ရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြော တော်မူ၏” (မဿဲ ၄း၎) ဟုပြောခဲ့သည်။ အခြားသောစကားအားဖြင့်ဖော်ပြရလျှင် ကျွနုပ်တို့သည် ပြည့်စုံသောဘ၀ကိုပိုင်ဆိုင်လိုလျှင် ဘုရားသခင်အကြံအစည်တော်အတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော် ကို နားထောင်၍သတိပြုရမည်ဖြစ်သည်။
မှားယွင်းသောသွန်သင်မှုများစွာရှိသောကြောင့်ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရ မည်ဖြစ် သည်။ ကျွန်ုပ်တို့သည် အမှားအမှန်ကို မှန်ကန်စွာခွဲခြားသိမြင်နိုင်ရန်အတွက် သမ္မာကျမ်းစာက အမှားအမှန် တိုင်းတာပေးသောပေတံကို ပေးထားသည်။ ဘုရားသခင်သည် မည်သူနှင့်တူကြောင်းကိုလည်းသိရှိရန် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ဘုရားသခင်၏အကြောင်းကို မှားယွင်းစွာသိရှိခြင်းသည် ရုပ်တုကို ကိုးကွယ်ခြင်း (သို့) မှားယွင်းသောဘုရားများကို ကိုးကွယ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား မဟုတ်သောသူများကို ကိုးကွယ်ခြင်းဖြစ်သည်။ လူတစ်ဦးသည် မည်သို့ကောင်းကင်နိုင်ရောက်နိုင်သည်ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိနိုင်ခြင်းသည် ကောင်းမှုကု သိုလ်၊ ဗတ္တိဇံခံယူခြင်း၊ (သို့) ကျွန်ုပ်တို့လုပ်ဆောင်ချက်တစ်ခုခုကြောင် မရောက်နိုင်ပေ( ယောဟန် ၁၄း၆၊ ဧဖက် ၂း၁-၁၀၊ ဟေရှာယ ၅၃း၆၊ ရောမ ၃း၁၀-၁၈၊ ၅း၈၊ ၆း၂၃၊ ၁၀း၉-၁၃)။ ထိုအချိန်တွင် ဘုရားသခင် သည် ကျွန်ုပ်တို့ကို မည်မျှချစ်ခဲ့သည်ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (ရောမ ၅း၆-၈၊ ယော ဟန် ၃း၁၆)။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့ပြန်လာခြင်းအားဖြင့် သူ၏မေတ္တာကိုတုံ့ပြန်ရမည်ဖြစ် သည် (၁ယော ၄း၁၉)။ သမ္မာကျမ်းစာက ဘုရားသခင်ကို အစေခံနိုင်ရန် ကျွန်ုပ်တို့ကို ကူညီသည် (၂တိ ၃း၁၇၊ ဧဖက် ၆း၁၇၊ ဟေဗြဲ ၄း၁၂)။ သမ္မာကျမ်းစာက အပြစ်တရားနှင့်အပြစ်တရားကြောင့်ကျွန်ုပ်တို့ခံစားရမည့်ဒုက္ခများမှ လွှတ် မြောက်စေသောနည်းလမ်းကို ညွှန်ပြထားပါသည် (၂တိ ၃း၁၅)။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အာရုံ စိုက်ခြင်းနှင့် ၄င်း၏သွန်သင်မှုများနာခံခြင်းသည် အောင်မြင်သောဘ၀ကို ပိုင်ဆိုင်စေပါသည် (ယောရှု ၁းဂ၊ ယာကုပ် ၁း၂၅)။ ဘုရားသခင်၏နှုတ်ကပတ်တော်က အပြစ်ကိုဖော်ပြပေး၍ အပြစ်တရားများကို ဖယ်ရှားပေး ထားသည် (ဆာလံ ၁၁၉း၉၊ ၁၁)။ သမ္မာကျမ်းစာက ဘ၀ကို လမ်းညွန်ပေး၍ ကျွန်ုပ်တို့၏ဆရာများထက်ပို၍ လိမ္မာသည် (ဆာလံ ၃၂း၈၊ ၁၁၉း၉၉၊ သုတ္တံ ၁း၆)။ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် မလိုအပ်သောအရာ များပြုခြင်းအားဖြင့်အချိန်ကို အလဟတ္တကုန်ဆုံးစေခြင်းမှ ကာကွယ်ပေးသည် (မဿဲ ၇း၂၄-၂၇)။
သမ္မာကျမ်းစာကို လေ့လာဖတ်ရှုခြင်းသည်အပြစ်တရားလမ်းသို့လိုက်လျှောက်ရန် စုံစမ်းနှောင့်ယှက်ခြင်းမှ လွှတ်မြောက်ရန် ကျွန်ုပတို့ကို ကူညီပေးသည်။ သို့မှသာ ကျွန်ုပ်တို့သည် အခြားသူများပြုမိသောအမှားများ မှသင်ခန်းစာယူနိုင်ပါသည်။ အတွေ့အကြုံသည် ကြီးမားသောဆရာတပါးဖြစ်သည်။ သို့သော် အပြစ်တရား မှသင်ခန်းစာရယူခြင်းသည် အလွန်ထိတ်လှန့်စရာကောင်းသောဆရာဖြစ်သည်။ ထိုကြောင့်အခြားသောသူ များကြုံတွေ့သောသင်ခန်းစာမှသင်ခန်းစာယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အကောင်းကိုပြုလုပ်သောသူများနှင့်အဆိုးကိုပြုလုပ်သောသူများ၏အသက်တာအားဖြင့် သင်ခန်းစာယူစရာ များစွာရှိသည်။ ဥပမာအားဖြင့်၊ ဒါဝိဒ်က ဂေါလျက်ကို သတ်ဖြတ်သောအဖြစ်အပျက်ကိုကြည့်လျှင် ဘုရား သခင်သည်ကျွန်ုပ်တို့ကြုံတွေ့သောပြသနာထက်ပို၍ကြီးမားကြောင်းကို တွေ့ရှိနိုင်သည် (၁ဓမ္မ ၁၇)။ သို့ သော် ဒါဝိဒ်သည် ဗာသရှေဘနှင့်အပြစ်လွန်ကျူးသောအချိန်တွင် သူပြုသောအပြစ်သည်ကြီးမားကြောင်း နှင့်သူ၏ခေတ္တကာမပျော်မွေ့လွန်ကျူးခြင်းအားဖြင့်ဖြစ်ပျက်လာမည့်အပြစ်တရား၏အကျိုးတက်ရောက်မှုများ ကိုလည်းသင်ခန်းစာ ယူစရာဖြစ်သည် (၂ဓမ္မ ၁၁)။
သမ္မာကျမ်းစာသည် ဖတ်ရုံမျှသာဖတ်ရှုရမည့်စာအုပ်မဟုတ်ပေ။ ကျမ်းစာသည် ကျွန်ုပ်တို့အသက်တာ၌ အသုံးချနိုင်ရန်အတွက် လေ့လာရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် အစာကို မ၀ါးဘဲမျိုချပြီး၊ တဖန်ပြန်အံခြင်းနှင့်တူပါလိမ့်မည်။ အင်အားများစွာဖြစ်ထွန်းမည်မဟုတ်ပေ။ သမ္မာကျမ်းစာသည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ထိုနည်းတူ သမ္မာကျမ်းစာသည် သဘာဝတရား၏ဥပဒေလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မထီမဲ့မြင်ပြုနိုင်သည်။ သို့သော်ထိုသို့ပြုခြင်းသည် မိမိကိုယ်ကိုယ်ပျက် ဆီးရာရောက်အောင်ကြံစည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အကောင်းဆုံးသောနည်းဥပဒေသကို မထီမဲ့မြင် ပြုခြင်းဖြစ်သည်။ ထိုသို့ပြုလျှင် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ဘ၀တွင် လုံလောက်စွာ အထူးပြုနိုင် မည်မဟုတ်ပေ။ သမ္မာကျမ်းကို လေ့လာဖတ်ရှုခြင်းသည် ရွှေကိုသိုထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် “ချောင်းထဲရှိကျောက်စရစ်များတွင်ရွှေကိုရှာလျှင်” အနည်းငယ်ကိုသာတွေ့မည်ဖြစ်သည်။ သို့သော် နက်နဲသော မြေကြီးထဲတွင်တူး၍ကြိုးစားရှာဖွေလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကြိုးပမ်းမှုအတွက် ဆုလာတ်များစွာရရှိမည်ဖြစ်ပါသည်။