သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: သခင်ယေရှုခရစ်တော်သည် မည်သူနည်း။?

သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ “ဘုရားသခင်တည်ရှိသလား” ဟူသော မေးခွန်းနှင့် မတူပေ။ သခင်ယေရှုခရစ်တော်သည် တည်ရှိသလောဟူသော မေးခွန်းကို လူအနည်းငယ်ကသာ မေးမြန်းတတ်ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ဣသရေလလူမျိုးများကြားထဲတွင် သခင်ယေရှုသည် ဤလောက၌ စစ်မှန်သော လူသားတစ်ဦး အဖြစ် အသက်ရှင်ခဲ့သည်ကို ငြင်းဆိုဖွယ်ရာမရှိပေ။ သခင်ယေရှု၏ ဖြစ်ခြင်းအကြောင်းကို ဆွေးနွေးတိုင်ပင်သည့်အခါတိုင်းတွင် ငြင်းခုံမှုများ ရှိတတ်ကြသည်။ တခြားသော ဘာသာကြီးတို့သည် သခင်ယေရှုကို ပရောဖက်တစ်ပါး၊ ကောင်းသော ဆရာတပါး၊ သိက္ခာရှိသော ပုဂ္ဂိုလ်တပါးဖြစ်သည်ဟု သွန်သင်တတ်ကြသည်။ သခင်ယေရှုသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး နှင့် သိက္ခာရှိသော ပုဂ္ဂိုလ်တပါးထက် သာလွန်သည်ဟု သမ္မာကျမ်းစာက ပြောခဲ့ပါသည်။

C.S. Lewis က သူ၏စာအုပ် Mere Christiarity ထဲတွင် ဤသို့ ရေးသားထားခဲ့ပါသည်။ “သခင်ယေရှု အကြောင်းနှင့် ပတ်သက်၍ လူတွေပြောလေ့ရှိသော မိုက်မဲသော အရာတို့ကို ရပ်တန့်ရန် ကျွန်တော်ကြိုးပမ်းအားထုတ်ခဲ့သည်။ “ကျွန်တော်သည် သခင်ယေရှုကို ကြီးမားသော အကျင့်စာရိတ္တ သွန်သင်သောဆရာအဖြစ် ယုံကြည်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူကြွေးကြော်ခဲ့သောသူသည် ဘုရားဖြစ်ကြောင်းကို ကျွန်တော် မလက်ခံခဲ့ပေ။ ၄င်းခံယူချက်ကို ကျွန်ုပ်တို့ မဖွင့်ပြော အပ်သော စကားပဲဖြစ်ပါသည်။ သာမန်လူသားတစ်ဦးက သခင်ယေရှုသည် ကြီးမားသော အကျင့်စာရိတ္တသွန်သင်သူဟု ပြောခဲ့ လျှင် အဓိပ္ပာယ်မရှိပေ။ သူသည် စိတ်ဝေဒနာရှင် (သို့) ကြက်ဥကို ခေါက်ကွဲပြီး ရေနွေးထဲတွင် ကြိုချက်သော သူနှင့် တူပါလိမ့် မည်။ (သို့) သူသည် ငရဲကို အုပ်စိုးသူ နတ်မင်းကြီးပဲဖြစ်ပါသည်။ မိတ်ဆွေသည် ရွေးချယ်မှုပြုနိုင်သည်။ မိတ်ဆွေသည် သခင် ယေရှုကို ဘုရားသခင်၏ သားတော် (သို့) ရှုးသွတ်သောသူ (သို့) တခြားအပြစ်ဒုက္ခရိုက်ပြုသောသူဟု ပြောနိုင်ပါသည်။ သူ့ကို နတ်တစ်ယောက်အဖြစ် သတ်ပစ်နိုင်သည်။ သူ့ကို စံတွေးဖြင့်လည်း ထွေးနိုင်သည်။ သို့သော် အဓိပ္ပာယ်မရှိသော စကားဖြစ်သည့် သခင်ယေရှုသည် ကြီးမားသော ဆရာတပါးဖြစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အဆုံးမသတ်အပ်ပေ။ ကျွန်ုပ်တို့ စိတ်ထင်သည့်အတိုင်း သူ့ကို မတွေးတောအပ်ပေ။ သူသည် ကျွန်ုပ်တို့တွေးတောခြင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သခင်ယေရှုက မိမိကိုယ်ကို မည်သို့သော ပုဂ္ဂိုလ်အဖြစ် ကြွေးကြော်ခဲ့ပါသနည်း။ သူသည် မည်ကဲ့သို့ သော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သမ္မာကျမ်းစာက ပြောခဲ့သနည်း။ ပထမအနေနှင့် ယောဟန်၊ ၁၀း၃၀ ထဲတွင်ရှိသော သခင်ယေရှု၏ စကားများကို ကြည့်ကြပါစို့။ “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတ၀ဖြစ်၏။” နက်နဲစွာ စဉ်းစားခြင်းမရှိပဲ ကြည့်သော် သူသည် မိမိ ကိုယ်ကို ဘုရားဖြစ်ကြောင်းကို ကြွေးကြော်ခြင်းနှင့်မတူပေ။ သို့သော် ဤဖော်ပြချက်အပေါ် ယုဒလူတို့၏ တုန့်ပြန်မှုကို ကြည့်ကြ ပါစို့။ “ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်၊ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်၏ ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောကြောင့် ခဲနှင့် ပစ်မည်ဟု ဆိုကြ၏” (ယောဟန်၊ ၁၀း၃၃)။ သခင်ယေရှု၏ ဖော်ပြချက်တို့သည် သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်းဖြစ်ကြောင်းကို ယုဒလူတို့က သိရှိခဲ့ကြသည်။ အောက်တွင် ဖော်ပြထားသော ကျမ်းပိုဒ်တို့ကိုကြည့်လျှင် ယုဒလူတို့ပြောသော စကားကို သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ သူက “ငါသည် ဘုရားသခင် မဟုတ်ပေ” ဟု မပြောခဲ့ပေ။ သခင်ယေရှုက သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်ခြင်းကို “ငါသည် ငါခမည်းတော်နှင့် တလုံးတ၀တည်းဖြစ်သည်” ဟူသော အချက်အားဖြင့် သိရှိနိုင်ပါသည်” (ယော၊ ၁၀း၃၀)။ ယောဟန်၊ ၈း၅၈ သည် တခြားသော ဥပမာတစ်ခုပင်ဖြစ်သည်။ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ အားဗြမာမဖြစ်မှီ ငါဖြစ်၏” ဟု မိန့်တော်မူ ခဲ့သည်။ ထို့ကြောင့် ယုဒလူမျိုးတို့သည် ကျောက်ခဲကို ယူ၍ သခင်ယေရှုကို သတ်ပစ်ရန် ကြိုးစားပြန်ပါသည်။ ယောဟန်၊ ၈း၅၉ တွင် သခင်ယေရှုက “ငါ” ဟု ပြောဆိုခြင်းသည် ဓမ္မဟောင်းထဲ၌ ရှိသော ဘုရားသခင်၏ နာမတော်ကို ဖြစ်သဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို ရည်ညွှန်းလိုခြင်းဖြစ်မည် (ထွက်၊ ၃း၁၄)။ သခင်ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ပြစ်မှားကြောင်း ကြွေးကြော်သည်ကို ယုဒလူတို့သည် မယုံကြည်လျှင် အဘယ်ကြောင့် ယုဒလူတို့က သူ့ကို ခဲဖြင့် သတ်ပစ်လိုကြပါသတည်း။ ယောဟန်၊ ၁း၁ တွင် “နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ယောဟန် ၁း၁၄ ထဲတွင် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူမည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိုခြင်းဖြစ်ပါသည်။ သောမက “အကျွန်ုပ်၏အရှင်၊ ဘုရားသခင်” ဟု ၀န်ခံခဲ့ ပါသည် (ယောဟန်၊ ၂၀း၂၈)။ သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ တမန်တော်ရှင်ပေါလုက သခင်ယေရှုကို “ကျွန်ုပ်တို့၏ မြင့်မြတ်သော ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်” (တိ၊ ၂း၁၃) ဟု ဖော်ပြထားပါသည်။ တမန်တော် ရှင်ပေတရု ကလည်း “ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၊ သခင်ယေရှုခရစ်တော်” ဟု ဖော်ပြထားပါသည် (၂ပေ၊ ၁း၁)။ ခမည်းတော် ဘုရားသခင်ကလည်း သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သူကိုယ်တိုင်က လုံးဝ အသိအမှတ်ပြုခဲ့ပါသည်။ သို့သော် သားတော်နှင့် ပတ်သက်၍ သူက “ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်သည် အစဉ်ထာဝရတည်မြဲပါစေ။ ဖြောင့်မတ်ခြင်း တရားသည်လည်း ကိုယ်တော်၏ နိုင်ငံတော် အုပ်စိုးသော သန်လျက်ဖြစ်ပါစေ”။ ဓမ္မဟောင်းကျမ်းထဲတွင် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်းကို ကြွေးကြော်ခဲ့ပါသည်။ အကြောင်းမူကား၊ ငါတို့ အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ကြဖွယ်၊ တိုင်ပင်ဘက်၊ တန်းခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည် (ဟေရှာ၊ ၉း၆)။

ထို့ကြောင့် C.S. Lewis က သခင်ယေရှုသည် ကောင်းသော ဆရာတပါးအဖြစ် ယုံကြည်ခြင်းသည် မှားယွင်း သည် ဟု ပြောခဲ့ပါသည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းကို တိကျ၍ ငြင်းဆို၍ မရပေ။ သခင်ယေရှုသည် ဘုရားသခင် မဟုတ်လျှင် သူသည် လိမ်လည်သူပဲဖြစ်ပါသည်။ သူသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး၊ လူကြီးလူကောင်း တယောက်သာ မဟုတ်ပေ။ သခင်ယေရှုပြောကြားခဲ့သော စကားကို ဘေးချိတ်၍ မျက်မှောက် “ပညာရှင်များ” ကြွေးကြော်သော “စစ်မှန်သော သခင်ယေရှုသမိုင်း” သည် သမ္မာကျမ်းစာ ဖော်ပြချက်နှင့် မကိုက်ညီသောအရာ များစွာရှိပါသည်။ သခင်ယေရှု ပြောခြင်း (သို့) မပြောခြင်း နှင့် ပတ်သက်၍ နှုတ်ကပတ် တရားတော်ကို စောဒကတက်၍ ကျွန်ုပ်တို့သည် မည်သို့သော ပုဂ္ဂိုလ် များ ဖြစ်ကြပါသနည်း”။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခုနှစ်ခန့်က သခင်ယေရှု ပြောခဲ့သောအရာ (သို့) မပြောခဲ့သော အရာတို့ကို မျက်ဝါးထင်ထင် မြင်တွေ့၍ သခင်ယေရှုနှင့် အသက်ရှင်ပြီး၊ သူ့ကို အစေခံကာ၊ သူ့ထံ နည်းခံသော သူတို့၏ စကား ကို “ပညာတတ်ပုဂ္ဂိုလ်” များက မည်သို့ ဖယ်ရှားနိုင်မည်နည်း။

သခင်ယေရှု၏ အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်သည်။ (သို့) မဖြစ်သည်ဟူသော မေးခွန်းကို ဆွေးနွေးရန် အဘယ့်ကြောင့် လိုအပ်သနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြင်ရန် အချက်သည် သူသည်ဘုရားသခင်မဟုတ်ခဲ့လျှင်၊ သူ၏ အသေခံခြင်းသည် လောကသားတစ်ခုလုံး၏ အပြစ်များ ပေးဆပ်ရန် မလုံလောက်ပေ ဟူသော အချက်ပဲဖြစ်ပါသည် (၁ယော၊ ၂း၂)။ ဘုရားသခင်သာလျှင် ထိုသို့သော ပြစ်ကြွေးပေးဆပ်ခြင်းအမှုကို ပြုနိုင်သည် (ရောမ၊ ၅း၈၊ ၂ကော၊ ၅း၂၁)။ ကျွန်ုပ်တို့၏ ပြစ်ကြွေးများ ပေးဆပ်ရန် သခင်ယေရှုသည် ဘုရားသခင်ဖြစ်ရမည်ဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူသားတစ်ဦးဖြစ်ရန် လိုအပ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိခြင်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားဖြစ်ခြင်းသည် သူသာလျှင် ကယ်တင်ခြင်းလမ်းဖြစ်ခြင်းကို ပြသခဲ့သည်။ သခင်ယေရှုက ဤသို့ပြောသော ကြောင့် သူသည် ဘုရားသခင်ဖြစ်ပါသည်။ “ငါသည် ကမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ဘုရားသခင်ထံသို့ မရောက်ရ” (ယောဟန်၊ ၁၄း၆)။

မေးခွန်း: သခင်ယေရှုသည် ဘုရားဖြစ်သလော။ သခင်ယေရှုက မိမိကိုယ်ကို ဘုရားဖြစ်ကြောင်း ကြွေးကြော် ခဲ့ဘူးပါသလား။?

“ငါသည် ဘုရားသခင်ဖြစ်သည်” ဟု သမ္မာကျမ်းစာထဲတွင် သခင်ယေရှုပြောခဲ့သော စကားကိုမတွေ့ရပေ။ သို့သော် သူသည်ဘုရားသခင်ဖြစ်ကြောင်း မကြွေးကြော်ခြင်းကို မဆိုလိုခဲ့ပေ။ ရှင်ယောဟန်၊ ၁၀း၃၀ တွင်ဖော်ပြထားသော သခင်ယေရှု၏စကားကို ဥပမာအဖြစ်ကြည့်ကြပါစို့။ “ငါနှင့်ငါ့ခမည်းတော်သည်တလုံးတ၀ဖြစ်၏”။ မစဉ်းစားပဲကြည့်လိုက်လျှင် ထိုစကားလုံးတို့သည် သခင်ယေရှုက ဘုရားဖြစ်ကြောင်းကြွေးကြော်လိုခြင်းနှင့်မတူပေ။ ထို့ပြင် စကားလုံးတို့သည် သခင်ယေရှုကိုဆန့်ကျင်သော စကားလုံးကို တဖန်ကြည့်ကြပါစို့။ “ယုဒလူတို့က၊ ကောင်းသော အမူကြောင့်ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျှက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကြူးသော စကားကြောင့် ခဲနှင့်ပစ် မည်ဟုဆိုကြ၏ ” (ယောဟန်၊ ၁၀း၃၃)။ ယုဒလူတို့က သခင်ယေရှုသည် မိမိကိုယ်ကိုဘုရားဖြစ်သည်ကို ကြွေးကြော်ခဲ့သည်ကို သိရှိသည်။ ကျန်သောအပိုဒ်တို့ကို ကြည့်လျှင် ယုဒလူမျိုးများပြောဆိုခဲ့သောစကားကို သခင်ယေရှု က “ငါသည် ဘုရားသခင်ဖြစ်သည်သည်ဟုကြွေးကြော်ခြင်းမဟုတ်ပေ” ဟု မပြောခဲ့ပေ။ သခင်ယေရှုက သူသည်စစ်မှန် သော ဘုရားသခင်ဖြစ်ကြောင်း ထိုအရာက သက်သေပြသသည်။ “ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတ၀ဖြစ်၏ ” (ယောဟန် ၁၀း၃၀) ဟုပြောဆိုခဲ့ပါသည်။ ရှင်ယောဟန်၊ ၈း၅၈ သည် တခြားသောဥပမာဖြစ်ပါသည်။ သခင်ယေရှုက “ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံ မဖြစ်မှီငါဖြစ်၏ ” ဟုမိန်တော်မူခဲ့သည်။ ထို့ကြောင့် ယုဒလူမျိုးများက ကျောက်ခဲကို တဖန်ယူ၍ သခင်ယေရှုကို သတ်ပစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည် (ယောဟန်၊ ၈း၅၉)။ သခင်ယေရှုသည် ယုဒလူမျိုး များ ပြစ်တင်ဝေဖန်ချက်ဖြစ်သော ဘုရားသခင်အဖြစ် မိမိကိုယ်ကို မကြွေးကြော်ခဲ့လျှင် အဘယ်ကြောင့် ယုဒလူမျိုးတို့က သူ့ကိုသတ်ပစ်ရန် ကြိုးပမ်းရမည်နည်း။

ယော၊ ၁း ၁ ထဲတွင် “နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ယော၊ ၁း၁၄ ထဲတွင် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူခဲ့သည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ခြင်းကို သေချာစွာ ညွှန်ပြခဲ့ပါသည်။ တ၊ ၂၀း၂၈ တွင် “သင်တို့သည် ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ၀ယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသော ၀ိညာဉ်တော် သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတောမူသော သိုးစုတစုလုံးကို သတိနှင့်ကြည်ရှုကြလော့” ဟု မိန့်ဆိုထားပါသည်။ အသင်းတော်ကို မည်သည်က အသွေးတော်ဖြင့် ရွေးနှုတ်ကယ်တင်ခဲ့သနည်း။ သခင်ယေရှုခရစ်တော်အားဖြင့် ရွေးဝယ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ကြောင် သခင်ယေရှုသည် ဘုရားသခင်ဖြစ်သည်။

တပည့်တော် သောမကလည်း သခင်ယေရှုကို ဤသို့ပြောခဲ့ပါသည်။ “အကျွန်ုပ်၏အရှင်၊ ကျွန်ုပ်၏ဘုရားသခင်” (ယောဟန်၊ ၂၀း၂၈)။ သခင်ယေရှုက အမှားမပြုပြင်ခဲ့ပေ။ တိတု၊ ၂း၁၃ ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ကယ်တင်ရှင်ကြွလာ သော အချိန်ကိုစောင့်ဆိုင်ရန် တိုက်တွန်းထားပါသည် (၂ပေ၊၂း၂ ကို ကြည့်ပါ)။ ဟေဗြဲ၊ ၁း၈ ထဲတွင် ခမည်းတော်က သခင် ယေရှုအား ဤသို့ပြောခဲ့သည်။ “ သားတော်တို့ကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ ”

ဗျာဒိတ်ကျမ်းထဲတွင် ကောင်းကင်တမန်များက တမန်တော်ယောဟန်အား ဘုရားသခင်ကိုကိုးကွယ်ရန် ညွှန်ကြားခဲ့ပါသည် (ဗျာ၊ ၁၉း၁၀)။ အကြိမ်ပေါင်းများစွာ နှုတ်ကပတ်တော်ထဲတွင် သခင်ယေရှုသည် ကိုးကွယ်ခြင်းကို ရရှိခဲ့သည် (မဿဲ၊ ၂း၁၁၊ ၁၄း၃၃၊ ၂၈း၉၊ ၁၇၊ လု၊ ၂၄း၅၂၊ ယော၊ ၉း၃၈)။ လူတွေက သခင်ယေရှုကို ကိုးကွယ်သောအခါ သူကမတားမြစ်ခဲ့ပေ။ သခင်ယေရှုသည် ဘုရားမဟုတ်ခဲ့လျှင် ဗျာဒိတ်ကျမ်းထဲတွင် ကောင်းကင်တမန်များ ပြောသည့်အ တိုင်း လူတွေက သူ့ကိုမကိုးကွယ်ရန် ပြောခဲ့မည်ဖြစ်ပါသည်။ သခင်ယေရှုသည် ဘုရားဖြစ်ကြောင်း သမ္မာကျမ်းစာထဲ၌ရှိ သော ကျမ်းပိုဒ်များစွာတွင်တွေ့ရသည်။ အရေးကြီးဆုံးသော ယူဆချက်သည် သခင်ယေရှုသည် ဘုရားသခင်မဟုတ်ခဲ့လျှင် လောကသားတစ်ခုလုံးတို့အတွက် သူပေးဆပ်ခဲ့သော အသွေးတော်သွန်းလောင်းခြင်းကို လုံးဝလုံလောက်မည်မဟုတ်ပေ (၁ ယော၊ ၂း၂)။ ဘုရားသခင်တဦးတည်းသာလျှင် အပြစ်ကြွေးများပေးဆပ်နိုင်ပါသည်။ ဘုရားသခင်တပါးတည်းသာလျှင် လောကီသားတို့၏အပြစ်များကို ယူဆောင်နိုင်ပါ၍ (၂ကော၊ ၅း၂၁) အသေခံနိုင်ပြီး အပြစ်တရားနှင့် သေခြင်းတရားအပေါ် အောင်မြင်ခြင်းရှိကြောင်းကို သက်သေပြရန် သေခြင်းမှရှင်ပြန်ထမြောက်နိုင်သည်။

မေးခွန်း: ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းသည် သမ္မာကျမ်းစာနှင့်ညီညွတ်သလော?

ခရစ်တော်သည် မိမိဖြစ်ခြင်းအကြောင်းကို ကိုယ်တိုင် ပြောဆိုခဲ့သည့်အတိုင်း သူ၏ တပည့်တော် တို့ကလည်း ခရစ်တော်၏ ဘုရားဇာတိကို အသိအမှတ်ပြုခဲ့ပါသည်။ ဘုရားသခင်သာလျှင် ပြုနိုင်သော ခွင့်လွှတ်ခြင်းတရားကို သခင်ယေရှု က ပြုနိုင်သော အခွင့်ရှိသည်ဟု တပည့်တော်တို့က ကြွေးကြော်ခဲ့ပါသည်။ အပြစ်တရားက ဘုရားသခင်ကို ပုန်ကန်ခဲ့ပါသည် (တ၊ ၅း၃၁၊ ကောလော၊ ၃း၁၃၊ ဆာ၊ ၁၃၀း၎၊ ယေဇမိ၊ ၃၁း၃၄)။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆုံး ကြည့်လျှင် သခင်ယေရှုသည် “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို” တရားစီရင်မည့် တရားသူကြီးဖြစ်သည် (၂တိ၊ ၄း၁)။ သောမက သခင်ယေရှုသည် “ငါ့၏ အရှင်သခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂၀း၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သောဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့သည် (တိတု၊ ၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိမခံယူမီ “ဘုရားသခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂၀း၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သော ဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့ သည် (တိတု၊ ၁၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိ မခံယူမီ “ဘုရားသခင်” ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါသည်” (ဖိလိပ္ပ၊ ၂း၅-၈)။ ဟေဗြဲသြ၀ါဒစာရေးသူက သခင်ယေရှုကို “အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏” (ဟေဗြဲ၊ ၁း၈) ဟု ဖော်ပြထားပါသည်။ ယောဟန်က “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” (ယော၊ ၁း၁) ဟု ဖော်ပြထားပါသည်။ ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းကို ကျမ်းပိုဒ်များစွာက နမူနာပေး၍ သွန်သင်ထားပါသည် (ဗျာ၊ ၁း၁၇၊ ၂း၈၊ ၂၂း၁၃၊ ၁ ကော၊ ၁၀း၎၊ ၁ပေ၊ ၂း၆-၈၊ ဆာ၊ ၁၈း၂၊ ၉၅း၁၊ ၁ပေ၊ ၅း၎၊ ဟေဗြဲ၊ ၁၃း၂၀)။ သို့သော် ဤကျမ်းပိုဒ်များထဲမှ သခင်ယေရှု၏ နောက်လိုက်တပည့်တော်များ ပြောဆိုသော ခရစ်တော်၏ ဘုရားဇာတ်ဖြစ်ခြင်းကို ပြသသည့် ကျမ်းပိုဒ်တစ်ခုသည် လုံလောက်ပါသည်။

ဓမ္မဟောင်းကျမ်းထဲတွင် သခင်ယေရှု၏ နာမတော်ရာထူးကို ယေဟောဝါဘုရား (ဘုရားသခင်၏ တစ်ခုတည်းသော နာမတော်)ဟု နာမည်ပေးအပ်ခြင်းခံခဲ့ရသည်။ ဓမ္မဟောင်းကျမ်းစာထဲ၌ ဖော်ပြထားသော “ကယ်တင်ရှင်” (ဆာ၊ ၁၃၀း၇၊ ဟောရှေ၊ ၁၃း၎) သည် ဓမ္မသစ်ကျမ်းစာထဲတွင် သခင်ယေရှုကို ညွှန်ပြထားခြင်းပင်ဖြစ်သည်(တိတု၊ ၂း၁၃၊ ဗျာဒိတ်၊ ၅း၉)။ သခင် ယေရှုကို မောနွေလဟု ခေါ်ပါသည်။ (”ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရား” (မဿဲ ၁ ထဲတွင်)”) ဇာခရိ၊ 12း10 ထဲတွင် “သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကိုရှုမြင်ရကြလိမ့်မည်” ဟု ပြောသော သူသည် ယေဟောဝါဘုရားပင်ဖြစ် သည်ဟု ဖော်ပြထားပါသည် (ယော၊ ၁၉း၃၇၊ ဗျာ၊ ၁း၇)။ ထိုးဖောက်ခြင်းခံရသော သူသည် ယေဟောဝါဘုရားဖြစ်သည်။ ပေါလုက ဟေရှာယ၊ ၄၅း၂၂-၂၃ ကို ဖိလိပ္ပိ၊ ၂း၁၀-၁၁ ထဲတွင် သခင်ယေရှုကို ဖော်ပြလိုခြင်းဖြစ်သည်ဟု အနက်ဖွင့်ဆို ထားပါသည်။ ထို့ပြင် ဆုတောင်းခြင်းထဲတွင် သခင်ယေရှု၏ နာမတော်ကို ယေဟောဝါဘုရားအဖြစ် အသုံးပြု ထားပါသည်။ “သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော” (ဂလ၊ ၁း၃၊ ဧဖက်၊ ၁း၂)” ခရစ်တော်သည်ဘုရားသခင်မ ဟုတ်ခဲ့လျှင် ဤကဲ့သို့ပြောဆိုခြင်းသည ပြစ်တင်စရာပင်ဖြစ်သည်။ရေနှစ်ခြင်းခံယူရန် ဘုရားသခင် ယေရှုမိန့်မှာချက်ထဲတွင် ယေဟောဝါးသည် သခင်ယေရှု၏ နာမတော်နှင့် ဒွန်တွဲနေသည်ကို တွေ့ရသည်။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” (မဿဲ၊ ၂၈း၁၉၊ ၂ ဘော၊ ၁၃း၁၄)။

ဘုရားသခင်သာလျှင် ပြုနိုင်သော အမှုတို့ကို သခင်ယေရှုသည်လည်း ပြုနိုင်သော အခွင့်ရှိသည်။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ရုံသာမက (ယော၊ ၅း၂၁၊ ၁၁း၃၈-၄၄)။ သူသည် အပြစ်ကို ခွင့်လွှတ်နိုင်သောအခွင့်ရှိသည် (တ၊ ၅း၃၁၊ ၁၃-၃၈)။ စကြာဝဠာကို ဖန်ဆင်းခဲ့၍ စောင့်ထိန်းထားပါသည် (ယော၊ ၁း၂၊ ကော်လော၊ ၁း၁၆-၁၇)။ ယေဟောဝါးဘုရားသည် ဖန်ဆင်း ခြင်းအမှုပြုသောအခါ သူတစ်ဦးတည်းသာရှိသည်ဟု ယူဆသော သူများအတွက် ဤအချက်သည် အလွန် အကျုံးဝင်ပါသည် (ဟေရှာ၊ ၄၄း၂၄)။” ထို့ပြင် ခရစ်တော်သည် ဘုရားသခင်ကသာ ပိုင်ဆိုင်နိုင်သော အရည်အချင်းကို ပိုင်ဆိုင်နိုင်သည်။ ၎င်းတို့ သည် ထာဝရအသက် (ယော၊ ၈း၅၈)၊ နေရာတိုင်း၌ ရှိခြင်း (မဿဲ၊ သား၂၀၊ ၂၈း၂၀)၊ အရာခပ်သိမ်းကို သိရှိခြင်း (မဿဲ၊ ၁၆-၂၁)၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်း (ယော၊ ၁၁း၃၈-၄၄) တို့ဖြစ်ကြသည်။

သခင်ယေရှု ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသခြင်းမရှိပဲ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်း (သို့) သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခြင်းသည် ရူးသွပ်ရာ ရောက်သွားခဲ့သည်။ ခရစ်တော် ဘုရားသခင်ဖြစ်ကြောင်းကို သူပြုခဲ့သော အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့် သူ၏ ထမြောက်ခြင်းက သက်သေထူခဲ့ ပါသည်။ သခင်ယေရှုပြုခဲ့သော နိမိတ်လက္ခဏာတချို့တို့ကို ဖော်ပြရလျှင် ရေကို စပျစ်ရည်ဖြစ်စေခြင်း (ယော၊ ၂း၇)၊ ရေပေါ်တွင် လမ်းလျှောက်ခြင်း (မဿဲ၊ ၁၄း၂၅)၊ အရာဝတ္ထုတို့ကို တိုးပွားစေခြင်း (ယော၊ ၆း၁၁)၊ မျက်စိကန်းသောသူကို ပြန်မြင်စေခြင်း (ယော၊ ၉း၇)၊ ခြေထောက် မသန်စွမ်းသောသူကို ပြန်ကောင်းစေခြင်း (မာ၊ ၂း၃)၊ ဖျားနာသောသူကို ပြန်ကောင်းစေခြင်း (မဿဲ၊ ၉း၃၅၊ မာ၊ ၁း၄၀-၄၂) နှင့် သေသောသူများပင်လျှင် ထမြောက်စေခဲ့ပါသည် (ယော၊ ၁၁း၄၃-၄၄၊ လု၊ ၇း၁၁-၁၅၊ မာ၊ ၅း၃၅)။ ၎င်းပြင် ခရစ်တော်ကိုယ်တိုင်က သေခြင်းမှ ထမြောက်ခဲ့ပါသည်။ တခြားသောဘုရားတို့သည် သေ၍ ထမြောက် သည်ဟူ၍ မရှိပေ။ တခြားသော ဘာသာတရား၌ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြွေးကြော်ခြင်းကို မတွေ့ရပေ။ သမ္မာကျမ်းစာဖော်ပြခြင်းကို နောက်ထပ် မဖြည့်စွပ်သင့်ပေ။ Dr Gray Habermas ဖော်ပြချက်အရ၊ တခြားသော ဘာသာရေး ပညာတတ်ပုဂ္ဂိုလ်တို့က ၀န်ခံမှုပြုရန် အနည်းဆုံး ဆယ့်နှစ်ခုရှိပါသည်။

၁။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။

၂။ သူသည် သင်္ဂြိုဟ်ခြင်းခံခဲ့သည်။

၃။ သခင်ယေရှုသည် အသေခံသောကြောင့် သူ၏ တပည့်တော်တို့သည် စိတ်ပျက်၍ မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသည်။

၎။ ရက်အနည်းငယ်ကြာလာပြီးနောက် သခင်ယေရှုသည် ဂူထဲတွင် မရှိကြောင်းကို တွေ့ရှိနိုင်သည်။

၅။ သခင်ယေရှုသည် ထမြောက်ခဲ့ကြောင်း တပည့်တော်များက တွေ့ရှိပါသဖြင့် သူတို့သည် ယုံကြည်ခဲ့ကြသည်။

၆။ ကနဦးအသင်းတော်၌ ဤသတင်းကောင်းသည် အဓိကကျသော တရားဒေသနာဖြစ်ခဲ့သည်။

၈။ ဤသတင်းကောင်းကိုကို ယေရုရှလင်မြို့ထဲတွင် ဟောပြောခဲ့သည်။

၉။ ဤသတင်းဝေငှခြင်းကြောင့် အသင်းတော် အစပြုလာပြီး တိုးတက်လာခဲ့ပါသည်။

၁၀။ ရှင်ပြန်ထမြောက်ရာနေ့ကို ဥပုဒ်နေ့အဖြစ် သတ်မှတ်ကာ ၀တ်ပြုကိုးကွယ်ခြင်းပြုသော နေ့ရက်ဖြစ်လာခဲ့သည်။

၁၁။ သံသယစိတ်ဝင်နေသော သောမသည် ခရစ်တော်သည် ထမြောက်ကြောင်း မြင်တွေ့၍ ယုံကြည်ခဲ့သောကြောင့်

ရဲရင့်သော တပည့်တော်ဖြစ်သွားခဲ့ပါသည်။

၁၂။ ပေါလု၊ ခရစ်တော်တို့၏ ရန်သူသည် ရှင်ပြန်ထမြောက်ခဲ့သော သခင်ယေရှုကို ယုံကြည်နိုင်ရန် အတွက်ကို ကိုယ်တိုင်

ကိုယ်ကျ တွေ့ကြုံခံစားပါသဖြင့် မိမိအသက်တာ ပြောင်းလဲသွားခဲ့သည်။

အထက်၌ ဖော်ပြထားခဲ့သော အချက်အလက်တို့ကို လူတစ်ဦးသည် ယုံကြည်လျှင် ရှင်ပြန်ထမြောက်ခြင်းနှင့် သတင်းကောင်း ဟောပြောခြင်းအမှုလုပ်ရန် အတွက်တိုးတက်ခြင်း အနည်းငယ်သာ လိုတော့သည်။ သတင်းကောင်းသည် သခင်ယေရှု၏ အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း နှင့် ကိုယ်ယောင်ထင်ရှားခြင်း (၁ ကော၊ ၁၅း၁-၅) တို့ဖြစ်သည်။ အထက်၌ ဖော်ပြထားခဲ့သော အချက်များထဲမှ တခု (သို့) နှစ်ခုတို့သည် ရှင်းပြရန် အယူအဆ တချို့ရှိသော်လည်း ရှင်ပြန် ထမြောက်ခြင်းက ၎င်းအချက်အားလုံးကို ပြီးပြည့်စုံစွာဖြင့် ဖော်ပြထားပါသည်။ တပည့်တော်တို့သည် သခင်ယေရှု၏ ထမြောက်ခြင်းကို သူတို့ မြင်တွေ့သည့်အတိုင်း ကြွေးကြော်မှုအပေါ် သံသယစိတ် ရှိသော သူတို့သည်လည်း ၀န်ခံရမည် ဖြစ် ပါသည်။ ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ လိမ်ညှာမှု (သို့) စိတ်စွဲလမ်းမှုဖြင့် မှားယွင်းစွာသိရှိခြင်းတို့က လူတွေကို မပြောင်းလဲစေနိုင်ခဲ့ပေ။ ပထမအနေနှင့် သူတို့သည် မည်သည့်အကျိုးကို ရရှိမည်နည်း။ ခရစ်ယာန်ဘာသာသည် ကျော်ကြား သော ဘာသာမဟုတ်ပေ။ သူတို့ကိုလည်း ငွေကြေးထောက်ပံ့လိမ့်မည် မဟုတ်ပေ။ ဒုတိယအနေနှင့် လိမ်ညှာသော သူတို့သည် ဘယ်တော့မှ သူရဲကောင်းအဖြစ် အသေခံရမည်မဟုတ်ပေ။ တပည့်တော်တို့သည် မိမိယုံကြည်ခြင်းကြောင့်ကားတိုင်ပေါ်တွင် ပြောင်းပြန်အသေခံခြင်းသည် ရှင်ပြန်ထမြောက်ခြင်းအတွက် အကောင်းဆုံးသော သက်သေပြသချက် ဖြစ်သည်။ တခြား သက်သေပြသချက် မလိုအပ်ပေ။ ဟုတ်ပါသည်။ များစွာသော သူတို့သည် မှန်လိမ့်မည်ဟု မိမိထင်မှတ်သော အရာဖြစ်သည့်လိမ်ညာမှုအတွက်သာ အသေခံခဲ့ကြပါသည်။ သို့ရာတွင် မှားသည်ဟု သိရှိသော အရာအတွက် မည်သူကမှ အသေမခံခဲ့ပေ။

နိဂုံး

ခရစ်တော်က သူသည် ယေဟောဝါးဘုရားဖြစ်ကြောင်း၊ မိမိကိုယ်ကို ကြွေးကြော်ခဲ့သည်။ သူသည် ဘုရား ဖြစ်သည်။ တခြားသော ဘုရားနည်းတူ ဘုရားတဆူမဟုတ်ပဲ၊ သူသာလျှင် စစ်မှန်သော ဘုရားသခင်ဖြစ်သည်။ သူ၏ တပည့်တော်များ (ရုပ်တုကို ကြောက်ရွံ့ရိုသေသော ယုဒလူမျိုးများ) သည်လည်း သခင်ယေရှုသည် ယေဟောဝါးဘုရားဖြစ်ကြောင်း ယုံကြည်ခဲ့ ကြသည်။ အံ့သြဖွယ်ရာ နိမိတ်လက္ခဏာတို့နှင့်အတူ လောကကို အောင်၍ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသနိုင်ပါသည်။ ထင်ရာမြင်ရာပြောတတ်သော သူတို့သည် ဤအချက်အလက်များကို မရှင်းပြနိုင်ခဲ့ပေ

မေးခွန်း: သခင်ယေရှုသည် အမှန်တည်ရှိသလား။ သခင်ယေရှုခရစ်တော်သည် အမှန်တည် ရှိကြောင်း သမိုင်းအထောက်အထားဖြင့် သက်သေပြနိုင်သလား။

အမှန်အကန်ဖော်ပြရလျှင် ဤမေးခွန်းမေးသောသူသည် လောကီပညာ၌ “ဗဟုသုတ” ကြွယ်ဝသူဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုတည်ရှိခြင်းကို သက်သေအထောက်အထားမရှိဟု ကျွန်ုပ်တို့မပြောနိုင်ကြပေ။ သမ္မသစ်ကျမ်းထဲတွင် သခင်ယေရှုတည်ရှိကြောင်းဖော်ပြချက်ကို နေရာအနှံ့ အပြားတွင် တွေ့ရှိနိုင် သည်။ သတင်းကောင်းများသည် အေဒီနှစ်ရာစု၊ သခင်ယေရှုသေပြီးနှစ်ပေါင်း တစ်ရာထက်မနည်းတွင် ရေးသားထားသည်ဟု အချို့သောသူများက ပြောကြသည်။ ထိုသို့ဖြစ်လျှင် သမိုင်း သုတေသနပြုချက်အရ ထိုစာစောင်များသည် နှစ်ပေါင်းနှစ်ရာထက်နည်းသောအချိန်တွင် ရေးသားထား သော ရှေးဟောင်းစာပေများဖြစ်ပေသည်။ ထို့ပြင် ပညာရှိပုဂ္ဂိုလ်များ (ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ် သောသူများ)သည် ပေါလု ရေးထားသောစာစောင်များ (အနည်းဆုံးစာစောင်များအချို့)တို့သည် အေဒီ တစ်ရာစုအလယ်ပိုင်း၊ သခင် ယေရှုသေသွားပြီး နှစ်ပေါင်း ၄၀ ထက်မနည်းသောအချိန်ကာလတွင် ရှင်ပေါလု ရေးသားခဲ့သည်ဟု ယူဆကြသည်။ ရှေးဟောင်းသမိုင်းစာမူများ သက်သေပြချက်အရ သခင်ယေ ရှုပုဂ္ဂိုလ်ကြီးသည် ဣသရေလလူမျိုးများတွင် အေဒီတစ်ရာစုတွင် တည်ရှိကြောင်း ခိုင်ခိုင်မာမာ သက်သေပြ သနိုင်ပါသည်။

အေဒီ ၇၀ ခုနှစ်တွင် ရောမလူမျိုးများသည် ယေရုရှလင်မြို့နှင့် ဣသရေလနိုင်ငံအများစုကို ၀င်ရောက်သိမ်း ပိုက်၍ တိုင်းသူပြည်သားများသတ်ဖြတ်ခဲ့ခြင်း မှတ်တမ်းသည် အလွန်အရေးကြီးသည်။ မြို့တော်ကြီးတစ်ခု လုံးကို မီးရှို့ခဲ့သည်။ သခင်ယေရှုတည်ရှိခြင်းမှတ်တမ်းများကို လည်းဖျက်ဆီးခဲ့သည်ကို ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။ သခင်ယေရှုတည်ရှိခြင်း သက်သေခံသောသူများကိုလည်း သတ်ဖြတ်ခဲ့ပါသည်။ ထိုသို့ သော အဖြစ်အပျက်များကြောင့် သခင်ယေရှုတည်ရှိခြင်း သက်သေခံသောသူ အနည်းစုသာရှိကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။

သခင်ယေရှု၏သာသနာလုပ်ငန်းသည် ရောမအင်ပါယာတစ်ခုလုံး၏ သေးငယ်သောနယ်မြေအစိတ်အပိုင်း တစ် ခု၌သာထင်ရှားသည်။ သခင်ယေရှု၏သာသနာလုပ်ငန်းသည် လောကသမိုင်းမှ အများစု ကိုးကားထား ကြောင်း ယူဆရသည်။ သခင်ယေရှုအကြောင်းနှင့်ပတ်သက်၍ သမိုင်းအထောက်အထားမှ သက်သေပြသ သော အရေးကြီးသော အချက်အချက်အလက်အချို့တို့သည် အောက်ပါအတိုင်းဖြစ်သည်။

ရာစုတစ် ရှေးဟောင်း သမိုင်းပညာရှင်ဟု အသိအမှတ်ပြုခြင်းခံရသော ရောမလူမျိုး Tacitus က “ခရစ်ယာန် များ” အကြောင်းကို စိတ်ပါဝင်စားစွာ ဖော်ပြထားပါသည်။ ( christus စကားလုံးသည် လတင်စကား ခရစ်မှ ဆင်းသက်လာသည်)။ သူသည် Tiberius အုပ်စိုးသူ Pontius ပိလတ်လက်အောက်တွင် ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံခဲ့ပါသည်။ Suetonuis သည် အင်ပါယာ Hadrian ၏ အတွင်းရေးမှူးဖြစ်ပြီး၊ သူက တစ်ရာစုတွင် Chrestus (သို့) Christ ခေါ် ပုဂ္ဂိုလ်ကြီးတစ်ဦးနေထိုင်ခဲ့ကြောင်း ရေးသားခဲ့သည် (Annals 15.44)။

Flavius Josephus သည် ကျော်ကြားသောဂျူးလူမျိုးသမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ သမိုင်းစာစောင် တစ်ခုတွင် ယာကုပ်သည် “ခရစ်တော်ခေါ် သခင်ယေရှု၏ညီတော်”ဖြစ်ကြောင်း မှတ်တမ်းတင်ထားပါသည်။ (၁၈း၃)တွင် ဖော်ပြထားသော အကြောင်းအရာ “ပညာရှိပုဂ္ဂိုလ်ကြီး သခင်ယေရှုကို ပုဂ္ဂိုလ်တစ်ဦးဖြစ် သည်ဟု ခေါ်လျှင် သူ၏အချိန်ကာလသည်လည်း ရှိသည်။ သူသည် နာကျင်စွာဖြင့် ထိုးကြိတ်ခြင်းကို ခံခဲ့သည်။…သူကို ခရစ်တော်ဟုခေါ်သည်။ … ပရောဖက်များပြောထားသည့်အတိုင်း သူသည် သုံးရက် မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ သူ့အကြောင်းနှင့်ပတ်သက်၍ အံ့သြဘွယ် ကောင်းသောအဖြစ်အပျက် တစ်သောင်းကျော်ရှိသည်” ဟု ဖော်ပြေထားသည်။ ကျမ်းပိုဒ်တစ်ခုတွင် “ဤအချိန်တွင် ပညာရှိပုဂ္ဂိုလ်ကြီး သခင်ယေရှု တည်ရှိခဲ့သည်။ သူ၏ဦးဆောင်မှုသည် ကောင်း၍ သူ့ကို မြင့်မြတ်သောသူအဖြစ်သိရှိခဲ့ရသည်။ ဂျူးလူမျိုးများနှင့် အခြားသောတိုင်းတပါးမှလူမျိုးများသည် သူ၏တ ပည့် တော်များဖြစ်ခဲ့ကြသည်။ ပိလတ်မင်းကြီးက သူ့ကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် အမိန့်ပေး ခဲ့သည်။ သို့သော် သူ၏တပည့်တော်များက သူ့ကို မစွန့်ပစ်ခဲ့ပေ။ သူ တို့က သခင်ယေရှုသည် သုံးရက်မြောက် သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ကြောင်း၊ သူသည် ပရောဖက်များပြောခဲ့သည့်အ တိုင်း မေရှီယဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်” ဟုဖော်ပြထားပါသည်။

Julius Africanus က သမိုင်းပညာရှင် Thallus ဖော်ပြသော သခင်ယေရှုခရစ်တော်၏ ကားတိုင်တင် သတ်ခြင်း (Extant Writings,18) ကို ကိုးကားထောက်ခံခဲ့သည်။

Pliny the Younger က Letters 10:96 ထဲတွင် ကနဦးခရစ်ယာန်များဝတ်ပြုကိုးကွယ်ခြင်းထဲတွင် ခရစ်ယာန်များသည် သခင်ယေရှုကို ဘုရားသခင်အဖြစ်ကိုးကွယ်ကြောင်း၊ သူတို့၏ကိုးကွယ်ခြင်းသည် ကျက် သရေရှိကြောင်းကို ဖော်ပြထားပါသည်။ သူက ချစ်ခြင်းမေတ္တာပွဲတော်နှင့် ပွဲတော်မင်္ဂလာကို ထောက် ခံအားပေး ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

ဗာဗုလုန်လူမျိုး Talmud (Sanhedrin 43a)က သခင်ယေရှုသည် ပသခါပွဲတွင် အသေခံခဲ့ကြောင်းနှင့် သူ့ကို နတ်ဝင်သူနှင့် ဂျူးလူမျိုးများ၏မှားယွင်းသော ပရောဖက်အဖြစ်စွပ်စွဲခြင်းခံခဲ့ကြောင်း မှတ်တမ်းတင် ထားသည်။

Lucian of Samosata သည် နှစ်ရာစုတွင် ဂရိစာရေးဆရာတစ်ဦးဖြစ်သည်။ သူကခရစ်ယာန်များသည် သခင်ယေရှုကို ကိုးကွယ်ကြောင်း၊ သူက အသစ်သောသွန်သင်မှုများဟောပြောခဲ့ကြောင်း၊ သူသည် လူသားများအတွက် အသေခံကြောင်းကို ၀န်ခံခဲ့သည်။ သူက သခင်ယေရှု၏သွန်သင်မှုတွင် ယုံကြည်သူများ ညီအစ်များဖြစ်ကြခြင်း၊ ကယ်တင်ခြင်းရရှိခြင်း၏အရေးပါမှု၊နှင့်အခြားသောဘုရားအတုများ စွန့်ပစ်ခြင်း၏အ ရေးပါမှုစသည်တို့ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ခရစ်ယာန်များသည် သခင်ယေရှု၏ ပညတ်တော် အတိုင်းအသက် ရှင်ခဲ့ကြသည်။ သူတို့သည် အပြစ်သားများဖြစ်ကြောင်းကို ယုံကြည်ခဲ့ကြသည်။ သူတို့သည် သေခြင်းတရားကို မကြောက်ခဲ့ကြပေ။ သူတို့သည် မိမိကိုယ်ကို ဆက်ကပ်သောသူများ၊ ကောင်းမွန်သော အကျင့်များကျင့်ရန် မိမိဆန္ဒကို ငြင်းပယ်သောသူများ ဖြစ်ကြသည်။

Mara Bar-Seration က သခင်ယေရှုသည် ပညာရှိပုဂ္ဂိုလ်နှင့် မြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သူကို ဣသရေလများ၏ရှင်ဘုရင်အဖြစ်လူများစွာတို့က အသိအမှတ်ပြုခဲ့ကြောင်း၊ ဂျူးလူမျိုးများက သူ့ကို ကားတိုင် တင်သတ်ဖြတ်ခဲ့ကြောင်း၊ သူ၏တပည့်တော်များအားသွန်သင်သည် သြ၀ါဒအတိုင်းအသက်ရှင် ကြောင်း အသိအမှတ်ပြုခဲ့သည်။

Gnostic စာစောင်များ (The Gospel of Truth, The Apocrphon of John, The Gospel of Thomas, The Treatise on Resurrection, etc.) တွင်လည်း သခင်ယေရှုအကြောင်းကို ဖော်ပြထားပါသည်။

တကယ်တန်းကျတော့ သခင်ယေရှုအကြောင်းကို ခရစ်ယာန်မဟုတ်သောသူများ ပြောကြားခြင်းများကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ၄င်းတို့မှာ- သခင်ယေရှုသည် ခရစ်တော်ဖြစ်သည် (Josephus)။ “အံ့သြဘွယ်နိမိတ်လက္ခဏာ” ကို ပြုသူ၊ ဣသရေလလူမျိုးများကို အသစ်သောတရားကိုပေးသူ၊ ယုဒ ပြည်တွင် သူတို့အတွက် ပသခါပွဲနေ့တွင် ကားတိုင်တင်ခြင်းခံသူ (Babylonian Talmud) ၊သူသည် ဘုရားသခင်ဖြစ်ကြောင်းနှင့် အကြာမှီပြန်ကြွလာမည်ဖြစ်ကြောင်း (Eliezer)၊ သူ၏တပည့်တော်များက သူ့ကို ဘုရားသခင်အဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြောင်း(Pliny the Younger) စသည်တို့ဖြစ်သည်။

လောကသမိုင်းနှင့် ကျမ်းစာသမိုင်းတွင် သခင်ယေရှုခရစ်တော်သည် အမှန်တည်ရှိကြောင်း ထောက်ခံ ပြောဆိုသောသမိုင်းမှတ်တမ်း အမြောက်အမြားရှိသည်။သခင်ယေရှုတည်ရှိခြင်းနှင့် ပတ်သက်၍ ခိုင်မာ သောသက်သေ အထောက်အထားတစ်ခုသည် တမန်တော်ဆယ့်နှစ်ပါးအပါအ၀င်၊ တစ်ရာစုခုနှစ်တွင် အသက်ရှင်သော ခရစ်ယာန် ထောင်ပေါင်းများစွာတို့က သခင်ယေရှုခရစ်တော်အတွက် အသက်စွန့်အ သေခံဝံ့ခြင်းဖြစ်သည်။ လူတွေက မှန်ကန်သည်ဟု ယုံကြည်သောအရာအတွင် အသက်စွန့်ရဲကြသည်။ သို့သော် လိမ်လည်မှုဖြစ်သည် ဟု ထင်မှတ်သောအရာများအတွင် မည်သူကမှ အသေမခံရဲကြပေ။

မေးခွန်း: သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ဖော်ပြရာတွင် မည်သည့်အရာ ကိုဆိုလိုသနည်း။

လူသားဖခင်နှင့်သား ကဲ့သို့ သခင်ယေရှုသည် ဘုရားသခင်၏သားတော်မဟုတ်ပေ။ ဘုရားသခင်သည် မိန်းမယူ၍ သားရရှိခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်သည် မာရိနှင့် ကာမဆက်ဆံခြင်းပြု၍ ကလေးထွန်းကားခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်သည် လူသားအဖြစ်ထင်ရှားခြင်းအားဖြင့် သခင်ယေ ရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည် (ယောဟန် ၁း၁၊ ၁၄)။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မာရိ သည် ပဋိသန္ဓေစွဲယူခြင်းအားဖြင့် သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်။ လုကာ ၁း၃၅ ထဲတွင် “ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်” ဟုဖော်ပြ ထားပါသည်။

သခင်ယေရှုသည် ဂျူးလူမျိုးခေါင်းဆောင်များရှေ့မှောက်တွင် ရောက်လာသောအခါ ယဇ်ပရောဟိတ်မင်းက ဤသို့ပြောခဲ့သည်။ “သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားမှန်မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏” (မဿဲ ၂၆း၆၃)။ “ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက၊ ငါဆိုသည်ကား၊ နောင်ကာလ၌လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်စီး၍ ကြွလာမည်ကို သင်တို့မြင်ရကြလတံ့ ဟုမိန့်တော် မူ၏” (မဿဲ ၂၆း၆၄)။ ဂျူးလူမျိုးများက သခင်ယေရှုသည် ဘုရားသခင်၏နာမတော်ကို မုသာနှင့်ဆိုင်၍ပြော ဆိုသည်ဟု ပြစ်တင်ခဲ့ကြသည် (မဿဲ ၂၆း၆၅-၆၆)။ နောက်ပိုင်းတွင် ပိလတ်မင်းကြီးရှေ့မှောက်တွင် “ယုဒ လူတို့က၊ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်၌ရှိသော ဓမ္မ သတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏” (ယောဟန် ၁၉း၇)။ သခင်ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ပြောသောအခါ အဘယ်ကြောင့် ဘုရားသခင်၏နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုသောသူ၊ သေထိုက်သောသူဖြစ်သနည်း။ ယုဒလူမျိုးများသည် “ဘုရားသခင်၏သား တော်” ဟူခေါ်ရာတွင်သခင်ယေရှုပြောသောစကား၏အဓိပ္ပါယ်ကို သိရှိခဲ့ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ သားတော်ဟုခေါ်ခြင်းသည် ဘုရားသခင်ဖြစ်သည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။ ဘုရားသခင် ၏သားတော်သည် “ဘုရားသခင်”ပင်ဖြစ်သည်။ ယုဒလူမျိုးများအတွက် ဘုရားသခင်ဟု ကြွေးကြော်ခြင်း သည် ဘုရားသခင်ကို စော်ကားခြင်းဖြစ်သည်။ ထိုကြောင့်သူတို့က ၀တ်ပြုရာကျမ်း ၂၄း၁၅ကို ချိုးဖောက်သူ ဖြစ်ခြင်းအားဖြင့် သခင်ယေရှုကို သတ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဟေဗြဲ ၁း၃ထဲတွင် “ထိုသားတော် သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့်ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်သည်” ဟုဖော်ပြထား သည်။

အခြားသောဥပမာတစ်ခုသည် ယောဟန် ၁၇း၁၂ ထဲတွင် ယုဒကို “ကျိန်ခြင်း၏သား” ဟုဖော်ပြထားသည်။ ယောဟန် ၆း၇၁ က ယုဒသည် ရှိမုန်၏သားဖြစ်ကြောင်း ဖော်ပြထားသည်။ ယောဟန် ၁၇း၁၂ ထဲတွင် အဘယ်ကြောင့် ယုဒကို “ကျိန်ခြင်း၏သား”ဟု ခေါ်သနည်း။ ကျိန်ခြင်း ၏အဓိပ္ပါယ်သည် “ပျက်စီးခြင်း၊ ယိုယွင်းခြင်း၊ဖြုန်းတီးခြင်း”ဖြစ်သည်။ ယုဒသည် “ပျက်စီးခြင်း၊ ယိုယွင်းခြင်း၊ ဖြုန်းတီးခြင်း” ၏သားမ ဟုတ်ပေ။ သို့သော် ထိုအရာများသည် ယုဒအသက်တာ၏ ထင်ရှားသောအမှတ်အသားဖြစ်သည်။ ယုဒသည် ကျိန်ခြင်းကို ထင်ရှားစေသောသူဖြစ်သည်။ ထိုနည်းတူ၊သခင်ယေရှုသည်လည်း ဘုရားသခင်၏ သားတော်ဖြစ်သည်။ ဘုရားသခင်၏သားတော်သည် ဘုရားဖြစ်သည်။ သခင်ယေရှုသည် လူ့ဇာတိအဖြစ် ထင်ရှားသော ဘုရားသခင်ဖြစ်သည် (ယောဟန် ၁း၁၊၁၄)။

မေးခွန်း: သခင်ယေရှုထမြောက်ခြင်းသည် မှန်ကန်သလား။

သမ္မာကျမ်းစာထဲတွင် သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်ကြောင်း တိကျရှင်းလင်းစွာ သက်သေထောက်ပြခဲ့သည်။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို မဿဲ ၂၈း၁-၂၀၊ မာကု ၁၆း၁-၂၀၊ လုကာ ၂၄း၁-၅၃နှင့် ယောဟန် ၂၀း၁-၂၁း၂၅ တို့တွင် မှတ်တမ်းတင်ထားပါသည်။ သေခြင်းမှရှင်ပြန်ထမြောက် သောသခင်ယေရှုသည် တမန်တော်ဝတ္ထုထဲတွင် မှတ်တမ်းတင်ထားသည် (တမန် ၁း၁-၁၁)။ မိတ်ဆွေသည် ဤကျမ်းပိုဒ်များကို ဖတ်ရှုလျှင် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်း “သက်သေထောက်ပြခြင်း” အမြား အပြားတွေ့ရှိမည်ဖြစ်သည်။ ပထမအနေဖြင့်၊ တပည့်တော်များ၏စိတ်ထားရဲရင့်မှုသို့ပြောင်းလဲခြင်းဖြစ် သည်။ သူတို့သည် လူတွေကို ကြောက်လှန့်ရာမှ သန်မာရဲရင့်ခြင်းရှိလာကာ၊ ကမ္ဘာတစ်ဝှမ်းလုံးသို့သွား၍ ကယ်တင်ခြင်းသတင်းကောင်းကို ဝေငှသက်သေခံခဲ့ကြသည်။ ထိုသို့ပြောင်းလဲခြင်းသည် ခရစ်တော်ရှင်ပြန် ထမြောက်ခဲ့ပြီးနောက် သူတို့ထံထင်ရှားခြင်းကလွှဲ၍ ပြောင်းလဲပေးနိုင်သောအရာများရှိသေးသလား။

ဒုတိယအနေဖြင့်၊ တမန်တော်ရှင်ပေါလု၏အသက်တာဖြစ်သည်။ သူသည် အသင်းတော်များကို ညှင်းပန်းနှိပ် စက်ရာမှ အသင်းတော်အတွက် တမန်တော်ဖြစ်နိုင်ရန် မည်သည့်အရာက ပြောင်းလဲပေးနိုင်သနည်း။ သေခြင်းမှရှင်ပြန်ထမြောက်သောခရစ်တော်သည် ဒမာသက်မြို့သို့သွားသောလမ်းတွင် ထင်ရှားသောအခါ သူသည် ပြောင်းလဲခဲ့ခြင်းဖြစ်သည် (တမန် ၉း၁-၆)။ တတိမြောက် သက်သေအထောက်အထားသည် သင်္ချိုင်းတွင်း ဖွင့်ထားခြင်းဖြစ်သည်။ ခရစ်တော်သည် သေခြင်းမှမထမြောက်ခဲ့လျှင် သူ၏အလောင်း သည်မည်သည့်နေရာတွင်ရှိသနည်း။ တပည့်တော်များနှင့် အခြားသောသူများက သူသဂြိုဟ်ခဲ့သော သင်္ချိုင်းတွင်းကို တွေ့ရှိခဲ့ကြသည်။ သူတို့သည် သင်္ချိုင်းတွင်းသို့ရောက်ကြသောအခါ သူ၏အလောင်းမ တွေ့ခဲ့ကြပေ။ သူဂတိပေးခဲ့သည့်အတိုင်းသူသည် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်ဟု ကောင်းကင်တမန် က သူတို့ထံပြောခဲ့ကြသည် (မဿဲ ၂၈း၅-၇)။ စတုတ္ထအနေဖြင့်၊ သူသည် လူများစွာသောသူများထံထင်ရှား ခြင်းအားဖြင့် သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်သည်ဟု သက်သေပြသနိုင်ပါသည် (မဿဲ ၂၈း၅၊ ၉၊ ၁၆-၁၇၊ မာကု ၁၆း၉၊ လုကာ ၂၄း၁၃-၃၅၊ ယောဟန် ၂၀း၁၉၊ ၂၄၊၂၆-၂၉၊ ၂၁း၁-၁၄၊ တမန် ၁း၆-၈၊ ၁ကော ၁၅း၅-၇)။

သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ အခြားသောသက်သေအထောက်အထားသည် တမန်တော်များဖော်ပြသော သခင်ယေရှုသည် သေခြင်းမှထမြောက်ခြင်းဖြစ်သည်။ ခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်းကို ၁ကော ၁၅ တွင် အဓိကဖော်ပြထားပါသည်။ ဤအခန်းထဲတွင် တမန်တော်ရှင်ပေါလုက ခရစ်တော်၏ထမြောက်ခြင်းကို သိရှိနားလည်ခြင်းနှင့်ယုံကြည်ခြင်း အဘယ်ကြောင့်အရေးကြီးသည်ကို ဖော် ပြထားပါသည်။ ရှင်ပြန်ထမြောက်ခြင်း၏အရေးကြီးမှုသည် ဤသို့ကြောင့်ဖြစ်သည်။ ၁) ခရစ်တော်သည် သေခြင်းမှ မထမြောက်ခဲ့လျှင် ယုံကြည်သူများရှိလာမည်မဟုတ်ပေ (၁ကော ၁၅း၁၂-၁၅)။ ၂) ခရစ်တော် သည်သေခြင်းမှ မထမြောက်ခဲ့လျှင် အပြစ်တရားအတွက် သူ၏ ယဇ်ပူဇော်ခြင်းသည် လုံလောက်မည်မ ဟုတ်ပေ (၁ကော ၁၅း၁၆-၁၉)။ သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းက သူ၏အသေခံခြင်းကို ဘုရားသခင်က အပြစ်တွက် ပြစ်ကြွေးကျေအေးဆပ်ပေးခဲ့သည်ဟု လက်ခံခဲ့သည်။ သခင်ယေရှုသည် အသေခံ၍ရှင်ပြန်ထ မြောက်ခြင်းမရှိလျှင် သူ၏ယဇ်ပူဇော်ခြင်းသည် လုံလောက်မည်မဟုတ်ပေ။ ထိုကြောင့်သူ့ကို ယုံကြည်သော သူများသည်လည်းအပြစ်လွှတ်ခြင်းရလိမ့်မည်မဟုတ်ပေ။ သူတို့သည် သေပြီးနောက် ငရဲထဲ မှာပဲရောက်ကြ မည်ဖြစ်သည် (၁ကော ၁၅း၁၆-၁၉)။ ထာဝရအသက်ကိုလည်းရှိမည်မဟုတ်ပေ(ယောဟန် ၃း၁၆)။ “ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူများတွင် အဦးသီး သောအသီးဖြစ်တော်မူပြီ” (၁ကော ၁၅း၂၀)။

နောက်ဆုံးအနေဖြင့်၊ သမ္မာကျမ်းစာက သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်သည့်နည်းတူ၊ သူ့ကို ယုံကြည်သောသူအပေါင်းတို့သည် ထမြောက်၍ ထာဝရအသက်ရရှိမည်ဖြစ်သည် (၁ကော ၁၅း၂၀-၂၃)။ ၁ကော အခန်းကြီး ၁၅ထဲတွင် ခရစ်တော်ထမြောက်ခြင်းက အပြစ်တရားပေါ်တွင် သူ၏အောင်မြင်ခြင်းနှင့် ကျွန်ုပ်တို့သည်လည်းအပြစ်တရားပေါ်တွင် အောင်မြင်ခြင်းရှိနိုင်ရန် တန်ခိုးကို ပြင်ဆင်ပေးထားသည်ဟု ဖော်ပြထားသည် (၁ကော ၁၅း၃၅-၄၉)။အနာဂတ်ကာလတွင် ကျွန်ုပ်တို့ပိုင်ဆိုင်မည့် ဘုန်းတော်နှင့်ပြည့်စုံ သောခန္ဓာကိုယ်၏ သဘောတရားကို သခင်ယေရှု၏ထမြောက်ခြင်းက ထင်ရှားစေသည် (၁ကော ၁၅း၃၅-၄၉)။ ခရစ်တော်ထမြောက်သည့်အတိုင်း သူ့ကို ယုံကြည်သောသူအပေါင်းတို့သည် နောက်ဆုံးတွင် သေ ခြင်းတရားအပေါ်အောင်မြင်ခြင်းရရှိမည်ကို သခင်ယေရှု၏ထမြောက်ခြင်းက ကြွေးကြော်ထားသည် (၁ကော ၁၅း၅၀-၅၈)။

ခရစ်တော်ထမြောက်ခြင်းသည် မည်မျှ တန်ခိုးကြီးသော သမ္မတရားဖြစ်သနည်း။ “ထိုကြောင့်ငါချစ်သောညီ အစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍မကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ ဘုရားသခင်၏အမှုတော်ကို ကြိုးစား အားထုတ်ကြလော့” (၁ကော ၁၅း၅၈)။ သမ္မာကျမ်းစာဖော်ပြချက်အရ သခင်ယေရှုခရစ်တော်၏ ထ မြောက်ခြင်းသည် အမှန်ကန်ဆုံးသောသမ္မာတရားဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် သခင်ယေရှု၏ထ မြောက်ခြင်းကိုလူ ၄၀၀ ကျော်တို့က မြင်တွေ့ခဲ့ကြသည်။ သခင်ယေရှု၏ထမြောက်ခြင်းပေါ်တွင်အခြေခံ၍ ခရစ်ယာန်များ လိုက်နာကျင့်သုံးမှု အယူဝါဒများကို တည်ဆောက်ထားပါသည်။

မေးခွန်း: အပျိုကညာမှာဖွါးမြင်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

အပျိုကညာမှဖွါးမြင်ခြင်းအယူဝါဒသည် အလွန်အရေးကြီးသည် (ဟေရှာယ ၇း၁၄၊ မဿဲ ၁း၂၃၊ လုကာ ၁း၂၇)။ ပထမအနေဖြင့်၊ သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသော အဖြစ်အပျက်များကို ကြည့်ကြပါစို့။ မာရိဖြေကြားသောမေးခွန်း “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။” (လုကာ ၁း၃၄)ကို ကောင်းကင်တမန် ဂါဗေလက “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာတက်ရောက်တော်၍၊ အမြင့်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်” (လုကာ ၁း၃၅) ဟုဖြေကြား ခဲ့သည်။ ကောင်းကင်တမန်က ယောသအား မာရိကို သိမ်းပိုက်ရန် ဤသို့တိုက်တွန်းခဲ့သည်။ “ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏” (မဿဲ ၁း၂၀)။ ရှင်မဿဲက အပျိုကညာသည် “သန့်ရှင်သောဝိညာဉ် တော် ကြောင့် ပဋိသန္ဓေစွဲနေ၏” (မဿဲ ၁း၁၈) ဟုဖော်ပြထားသည်။ ဂလာတိ ၄း၎ ထဲတွင် အပျိုကညာဖွါးမြင်ခြင်းကို “မိန်းမ၀မ်း၌ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ဘွားမြင်ရသောသား တော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏” ဟုဖော်ပြထားပါသည်။

ဤကျမ်းပိုဒ်များကြည့်လျှင် သခင်ယေရှုဘွားမြင်ခြင်းသည် မာရိ၏ခန္ဓာကိုယ်ထဲတွင်သန့်ရှင်းသော ၀ိညာဉ် တော်၏လုပ်ဆောင်ချက်ဖြစ်ကြောင်း သေချာစွာတွေ့ရှိနိုင်သည်။ သာမန်မျက်စိဖြင့်မမြင်နိုင်သော (သန့်ရှင်း သောဝိညာဉ်တော်) နှင့် မျက်စိဖြင့်မြင်နိုင်သော (မာရိ၏ဗိုက်)တို့ပါဝင်သည်။ မာရိသည် မိမိကိုယ်ကို ကိုယ်ဝန်မရှိပေ။ သူမသည် အသုံးတော်ခံသော “တန်ဆာပလာ”ဖြစ်သည်။ ဘုရားသခင်သာလျှင် ဘုရားဇာတိမှလူ့ဇာတိဖြစ်ဘွားမြင်တော် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာကို ပြုနိုင်သည်။

သို့ရာတွင် မာရိသည် သခင်ယေရ၏မိခင်ဖြစ်သည်ဟု ငြင်ပယ်ခြင်းသည် သခင်ယေရှုသည် လူသား ဖြစ်သည်ကို ငြင်းပယ်ခြင်းဖြစ်သည်။ သခင်ယေရှုသည်လူသားစစ်စစ်ဖြစ်ကြောင်း၊ သူသည် ကျွန်ုပ်တို့ကဲ့ သို့ခန္ဓာကိုယ်ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ သူသည်ထိုခန္ဓာကိုယ်ကို မာရိထံမှ ရရှိခြင်း ဖြစ်သည်။ ထို့ပြင်သခင်ယေရှုသည် ဘုရားစစ်စစ်လည်းဖြစ်သည်။ သူသည် ထာဝရတည်ရှိသည်။ အပြစ် မရှိပေ (ယောဟန် ၁း၁၄၊ ၁တိ ၃း၁၆၊ ဟေဗြဲ ၂း၁၄-၁၇)။

သခင်ယေရှုသည် အပြစ်သားဘ၀ဖြင့် မဘွားခဲ့ပေ။ သူ့မှာ အပြစ်မရှိခဲ့ပေ (ဟေဗြဲ ၇း၂၆)။ အပြစ်တရား သည် မျိုးဆက်သစ်များပေါ်တွင် ဖခင်အားဖြင့် ဆင်းသက်ပုံရသည် (ရောမ ၅း၁၂၊ ၁၇၊ ၁၉)။ အပျိုကညာမှ ဘွားမြင်ခြင်းသည် အပြစ်တရားမှ တိမ်းရှောင်လွတ်မြောက်ခြင်းနှင့် ထာဝရဘုရားသခင်သည် ပြီးပြည့် စုံသော လူသားတစ်ဦးဖြစ်လာခြင်းဖြစ်သည်ကို ထင်ရှားသည်။

မေးခွန်း: သခင်ယေရှုသည် သောကြာနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့သလား။ သို့ဖြစ်လျှင်၊ သခင်ယေရှုသည် တနင်္ဂနွေနေ့တွင် သေခြင်းမှပြန်လည်ထမြောက်ခဲ့သောကြောင့် သူသည် သုံးရက်အ တွင်း မည်သည့်အရာလုပ်ခဲ့သနည်း။

သခင်ယေရှုသည် မည်သည့်ရက်တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့သည်ကိုဂဃနဏ ဖော်ပြထား ခြင်းမရှိပေ။ သူသည် သောကြာနေ့ (သို့) ဗုဒ္ဓဟူးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့ရသည် ဟု ယူဆကြ သည်။ သို့သော် အချို့သောသူများက သခင်ယေရှုသေသည့်နေ့ကို သောကြာနေ့နှင့် ဗုဒ္ဓဟူးနေ့ရောထွေး မှုကို စိတ်ရှုပ်ထွေးသောကြောင့် ကြာသပတေးနေ့ဖြစ်သည်ဟု ငြင်းဆိုကြသည်။

မဿဲ ၁၂း၄၀ ထဲတွင် သခင်ယေရှုက ဤကဲ့သို့ဖော်ပြထားသည်။ “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက် နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။” သခင်ယေရှုသည် သောကြာနေ့တွင် ကား တိုင်တင်သတ်ခြင်းခံသည် ဟုပြောဆိုသောသူများက သခင်ယေရှုသည် သေခြင်းမှ သုံးရက်မြောက် သောနေ့တွင် ထမြောက်သည်ဟု ပြောဆိုခြင်းအားဖြင့် အမှန်ကန်ဆုံးဖြစ်သည်ဟု ပြောကြသည်။ တစ်ရာ စု တွင် ရှိသောဂျူးလူမျိုးများ၏စိတ်ထဲတွင် နေ့တစ်နေ့၏အစိတ်အပိုင်းသည် တစ်ရက်ဟု သတ်မှတ်သည်။ သခင်ယေရှုသည် သောကြာနေ့ နေ့လည်ပိုင်းတွင် သဂြိုဟ်ခြင်းခံခဲ့၍ စနေနေ့တနေ့လုံး သင်္ချိုင်းတွင်းမှာ နေပြီး တနင်္ဂနွေနေ့မနက်ပိုင်းတွင် သေခြင်းမှထမြောက်သောကြောင့် သူသည် သင်္ချိုင်းတွင်းထဲမှာ သုံးရက် နေခဲ့သည်ဟု ယူဆရပါသည်။ မာကု ၁၅း၄၂ ထဲတွင် သခင်ယေရှုသည် ကားတိုင်တင်သတ်ခြင်းခံခဲ့ကြောင်း ဖော်ပြထားပါသည်။ သခင်ယေရှုသည် “အဘိတ်နေ့တည်းဟူသော ပရက္ကုနေ့ မတိုင်မီ” အသေသတ်ခြင်း ကို ခံခံသည်ဟု ဖော်ပြထားပါသည်။ စနေနေ့သည် ရက်သတ္တပတ်၏နောက်ဆုံးနေ့ဖြစ်လျှင် တနင်္ဂနွေ နေ့မှာ သခင်ယေရှု ထမြောက်သောကြောင့် သူသည် သောကြာနေ့တွင် ကားတိုင်တင်သတ်ခြင်း ခံခဲ့သည်ဟုယူဆရသည်။ သခင်ယေရှုသည် သောကြာနေ့တွင် အသေခံခဲ့သည်ဟု ယူဆသောသူများက မဿဲ ၁၆း၂၁ နှင့် လုကာ ၉း၂၂၌ ဖော်ပြထားသော သခင်ယေရှုသည် သုံးရက်မြောက်သောနေ့တွင် အသေခံသည်ဟု ဖော်ပြခြင်းကို အခြေခံထားသည်။ ထိုကြောင့် သခင်ယေရှုသည် သုံးရက်အပြည့်သင်္ချိုင်း တွင်းမှာ နေရန်မလိုအပ်ပေ။ အချို့သောဘာသာပြန်ဆိုခြင်းထဲတွင် “သုံးရက်မြောက်သောနေ့တွင်” ထမြောက်သည်ဟု ဘာသာပြန်ဆိုထားသော်လည်း ဤကျမ်းပိုဒ်များကို “သုံးရက်မြောက်သောနေ့တွင်” ဘာသာပြန်ဆိုခြင်းသည် အကောင်းဆုံးဖြစ်သည် ဟု အချို့သောသူများက သဘောမတူကြပေ။ မာကု ၈း၃၁ထဲတွင် သခင်ယေရှုသည် သုံးရက် “ကုန်သွားပြီးနောက်” ထမြောက်လိမ့်မည်ဟု ဘာသာပြန်ဆိုထား ပါသည်။

သခင်ယေရှုသည် ကြသပတေးနေ့တွင် အသေခံခဲ့သည်ဟု ပြောဆိုသောသူများက သောကြာနေ့တွင် အသေခံခဲ့သည်ဟု ပြောဆိုသောသူများ၏အမြင်ကို အကျယ်ချဲ့ထားသည်။ သူတို့က သောကြာနေ့မှ တနင်္ဂနေ့မနက်ကြား၊ သခင်ယေရှုသဂြိုဟ်ခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကြားကာလတွင် အဓိက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များစွာ (အနည်းဆုံး အဖြစ်အပျက်နှစ်ဆယ်) ရှိသည်ဟု ငြင်းဆိုထားပါသည်။ ကြာသပတေးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ငြင်းဆိုသောသူများက သောကြာနေ့နှင့်တနင်္ဂနွေ နေ့ကြား ရက်ပြည့်တစ်ရက်သည် စနေနေ့၊ ဂျူးလူမျိုးများ၏ ဥပုဒ်နေ့ဖြစ်သည်ဟု ယူဆကြသည်။ နောက် ထပ်တစ်ရက် (သို့) နှစ်ရက် ထပ်ဖြည့်ခြင်းသည် ပြသနာဖြစ်သည်။ ကြာသပတေးနေ့တွင် သခင်ယေရှုအ သေခံခဲ့သည်ဟု ယူဆသောသူများက ဤသို့ဖော်ပြထားသည်။ မိတ်ဆွေသည် မိတ်ဆွေ၏သူငယ်ချင်းကို တနင်္လာနေ့ညကတည်းက မတွေ့ခဲ့သည် ဟုဆိုကြပါစို့။ နောက်ကြာသပတေးနေ့တွင် ပြန်တွေ့ကြလျှင် မိတ်ဆွေသည် တကယ်တန်းကျတော့ နာရီ ၆၀ (၂့၅ရက်)ဖြစ်သော်လည်း“သင့်ကို သုံးရက်အတွင်း ငါမတွေ့”ဟုပြောမည်ဖြစ်သည်။ ထိုကြောင့်သခင်ယေရှုသည် ကြာသပတေးနေ့တွင် အသေခံခဲ့လျှင် သူ သည်သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်သည်ကို ယူဆနိုင်သည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုသည် အသေခံခဲ့သည်ဟု ပြောသောသူများက တစ်ပတ်မှာ ဥပုဒ်နေ့နှစ်ကြိမ် ရှိသည်ဟု ဖော်ပြထားသည်။ ပထမဥပုဒ်နေ့ပြီးဆုံးသွားခဲ့ပြီးနောက် (ထိုနေ့သည် သခင်ယေရှုအသေခံခဲ့ သောညဖြစ်သည် (မာကု ၁၅း၄၂၊ လုကာ ၂၃း၅၂-၅၄)) အမျိုးသမီးများသည် ပန်းမွှေးကို ၀ယ်ခဲ့ကြသည်။ သူတို့သည် ပန်းမွှေးကို ဥပုဒ်နေ့ပြီးဆုံးသွားခဲ့ပြီးနောက် ၀ယ်ခဲ့သည်ဟု သိရှိရသည် (မာကု ၁၆း၁)။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့တွင် အသေခံသည်ဟု ထောက်ခံသောသူများက “ဥပုဒ်”နေ့ကို ပသခါပွဲနေ့ ဟု စွဲကိုင်ထားသည်။ (၀တ်ပြု ၁၆း၂၉-၃၁၊ ၂၃း၂၄-၃၂၊ ၃၉ ထဲတွင် သန့်ရှင်းသောနေ့ရက်များသည် ရက်တစ်ပတ်၏ခုနစ်ရက်နေ့ ဥပုဒ်နေ့ဖြစ်သည်ဟု သီးသန့်ဖော်ပြထားခြင်းမရှိပေ။) ဒုတိယဥပုဒ်နေ့သည် သာမန်အားဖြင့် အပတ်၏စနေနေ့ဖြစ်သည်။ လုကာ ၂၃း၅၆ ထဲတွင် ဥပုဒ်နေ့မတိုင်မီ ပန်းမွှေးကို ၀ယ်ယူ သောအမျိုးသမီးများသည် ပြန်လှည့်လည်၍ သူတို့၏ပန်းမွှေးများပြင်ဆင်ခဲ့ကြသည်ဟု မှတ်တမ်းတင်ထား ပါသည်။ ထိုနောက် သူတို့သည် “ဥပုဒ်နေ့တွင် အနားယူခဲ့ကြသည်” (လုကာ ၂၃း၅၆)။ သူတို့၏တင်ပြလို သောအချက်သည် အမျိုးသမီးများက ဥပုဒ်နေ့နှစ်ခုမရှိလျှင် ဥပုဒ်နေ့လွန်သွားခဲ့ပြီးနောက် ပန်းမွှေးများကို ၀ယ်ယူနိုင်ကြမည်မဟုတ်၊ ဥပုဒ်နေ့မတိုင်မီ ထိုပန်းမွှေးများကို ပြင်ဆင်ထားခြင်းဖြစ်သည်။ ဥပုဒ်နေ့နှစ်ခါရှိ သည်ဟု ရှုမြင်သောသူများက ခရစ်တော်သည် ကြာသပတေးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့လျှင် အလွန်သန့်ရှင်းသော ဥပုဒ်နေ့ (ပသခါပွဲ) သည် ကြာသပတေးနေ့ နေ၀င်သောအချိန်တွင် အစပြုပြီး၊ ဥပုဒ် နေ့ (သို့) စနေနေ့ အစ၊ သောကြာနေ့ နေ၀င်သောအချိန်တွင် အဆုံးသတ်ပါလိမ့်မည်။ အမျိုးသမီးများ သည် ပထမ ဥပုဒ်နေ့ (ပသခါပွဲ)တွင် ပန်းမွှေးများဝယ်ယူခဲ့ကြလျှင် သူတို့သည် စနေနေ့တွင် ၀ယ်ယူကြ ခြင်းဖြစ်ပြီး၊ ဥပုဒ်နေ့ကို ချိုးဖောက်သောသူများဖြစ်ကြပါလိမ့်မည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ယူဆသောသူများ ရှုထောင့်အရ သူတို့၏ဖော်ပြချက် သမ္မာ ကျမ်းစာထဲတွင် ဖော်ပြထားသော အမျိုးသမီးအကြောင်းနှင့် ပန်းမွှေးများ အကြောင်းသည် ကျမ်းစာသွန်သင် ချက်နှင့် ဆန့်ကျင်မှုမရှိပေ။ မဿဲ ၁၂း၄၀ ထဲတွင် ဖော်ပြထားသော အချက်နှင့်ကိုက်ညီပါသည်။ ခရစ်တော်သည် ဗုဒ္ဓဟူးနေ့တွင် ကားတိုင်တင်သတ်ခြင်းခံခဲ့ရသည်။ ဥပုဒ်နေ့၊ အသန့်ရှင်းဆုံးသောနေ့ (ပသခါပွဲ) သည် ကြာသပတေးနေ့ဖြစ်သည်။ အမျိုးသမီးများသည် (ကြာသပတေးနေ့ပြီးဆုံးသွားပြီး နောက်)သောကြာနေ့တွင် ၀ယ်ယူခဲ့ကြသည်။ ထိုနေ့တွင် အမျိုးသမီးများသည် အိမ်ပြန်ခဲ့ကြကာ ပန်းမွှေး များကို ပြင်ဆင်ခဲ့ကြသည်။ ထို့နောက်သူတို့သည် စနေနေ့၊ ၄င်းသည် ရက်သတ္တပတ်၏နောက်ဆုံးသောဥ ပုဒ်နေ့တွင် အနားယူခဲ့ကြသည်။ သူတို့သည် ထိုပန်းမွှေးများကို တနင်္ဂနွေနေ့မနက်စောစော သင်္ချိုင်းသို့ ယူခဲ့ကြသည်။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့ နေ၀င်ခါနီး၊ ဂျူးလူမျိုးများအသုံးပြုသော ပြက္ခဒိန်အရ ကြာသ ပတေးနေ့အစတွင် သဂြိုဟ်ခြင်းဖြစ်သည်။ ဂျူးလူမျိုးများအသုံးပြုသော ပြက္ခဒိန်ထဲတွင် ကြာသပတေးနေ့ ည (တစ်ည)၊ ကြာသပတေးနေ့(တစ်ရက်)၊ သောကြာနေ့ည (နှစ်ည)၊ သောကြာနေ့ (နှစ်ရက်)၊ စနေနေ့ ည (သုံးည)၊ စနေနေ့ (သုံးရက်) ဖြစ်သည်ကို သိရှိရသည်။ သခင်ယေရှုသည် မည်သည့်အချိန်တွင် ထ မြောက်ခဲ့သည်ကို အတိအကျမသိရပေ။ သို့သော် သခင်ယေရှုသည် တနင်္ဂနွေနေ့မနက် နေမထွက်မီ ထ မြောက်ခဲ့သည်ဟု သိရှိရသည် (ယောဟန် ၂၀း၁၊ မာကဒလမာရိ သည် “မိုးမလင်းမီ” သင်္ချိုင်းသို့သွားခဲ့ သည်)။ ထိုကြောင့်သခင်ယေရှုသည် စနေနေ့နေ၀င်ပြီးသည်နှင့်တပြိုင်နက် ဂျူးလူမျိုးများ ပြက္ခဒိန်အရ တနင်္လာနေ့မစမှီ ထမြောက်ခြင်းဖြစ်နိုင်သည်။

ဗုဒ္ဓဟူးနေ့တွင် သခင်ယေရှုအသေခံခဲ့သည်ဟု ယုံကြည်သောသူများရှုထောင့်မှာ ပြသနာတစ်ခုရှိသည်။ သခင်ယေရှု၏ရှင် ပြန်ထမြောက်သော “နေ့ရက်” တွင် ဧမောက်သွားသောလမ်း၌ သခင်ယေရှုနှင့် သွားလာကြသော တပည့်တော်များ အတူတကွ လျှောက်သွားခဲ့ကြသည် (လုကာ ၂၄း၁၃)။ သခင်ယေရှုကို မမှတ်မိသောတပည့်တော်များက သခင်ယေရှု၏ ကားတိုင်တင်တတ်ခြင်း (၂၄း၂၁)အကြောင်းကို သူ့ထံပြောခဲ့ကြပြီး “ယနေ့သည် ဤအရာများဖြစ်ပျက်ခဲ့သည့်နေ့တတိယမြောက်နေ့” (၂၄း၂၂) ဖြစ်သည် ဟု ပြောခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိသည် လေးရက်ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော ဖြေရှင်း ချက်သည် သူတို့က ခရစ်တော်၏သဂြိုဟ်ခြင်းသည် ဗုဒ္ဓဟူးနေ့ဖြစ်သည်ဟု ရေတွက်ခြင်းဖြစ်သည်။ သူတို့ က သခင်ယေရှုသဂြိုဟ်သည့်နေ့သည် ကြာသပတေးနေ့မှစသည်ကာ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ အထိသည် သုံးရက်ဖြစ်သည်ဟု ရေတွက်နိုင်သည်ဟု ပြောခဲ့ကြသည်။

အဓိကအကြောင်းရင်းသည် ခရစ်တော်ကားတိုင်တင်ခြင်းကို သိရှိခြင်းသည် အရေးကြီးသောအရာမဟုတ် ပေ။ သခင်ယေရှုကားတိုင်တင်သတ်ခြင်းသည် အလွန်အရေးကြီးလျှင် သမ္မာကျမ်းစာက သခင်ယေရှုသေ သော နေ့ရက်နှင့်အချိန်ကို တိတိကျကျ ဖော်ပြထားမည်ဖြစ်သည်။ အရေးကြီးဆုံးသောအရာသည် သခင်ယေရှုသည် အသေခံ၍ သေခြင်းမှ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းဖြစ်သည်။ ထိုနည်းတူ၊ အရေးကြီးဆုံး သောအရာသည် အပြစ်သားများခံရမည့် ကျိန်ခြင်းအမင်္ဂလာဟူသမျှ ယူဆောင်သွားရန် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းဖြစ်သည်။ ယောဟန် ၃း၁၆နှင့် ၃း၃၆ များထဲတွင် မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်လျှင် ထာဝရအသက်ရရှိသည်ဟု တညီတညွတ်တည်းဖော်ပြထားသည်။ သခင်ယေရှုသည် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့တွင်သေလျှင်နေ့ရက်သည် အဓိကမ ဟုတ်ဘဲ သူအသေခံခြင်းသာလျှင် အရေးကြီးသည်။

မေးခွန်း: သခင်ယေရှုသည် သူ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကြားကာလတွင် သူသည် ငရဲပြည်သို့သွားခဲ့သလား။

ဤမေးခွန်းနှင့်ပတ်သက်၍ ကြီးမားသောသဘောထားလွှဲချော်မှုရှိခဲ့သည်။ ဤခံယူချက်သည် တမန်တော်များလိုက်နာကျင့်သုံးခြင်းမှ ဖြစ်လာပါသည်။ “သခင်ယေရှုသည် ငရဲပြည်သို့သွားခဲ့သည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် “ငရဲပြည်”သို့သွားခဲ့သည်ဟု ဖော်ပြထားသော ကျမ်းပိုဒ်အနည်းငယ် ရှိသည်။ ဤအချက်ကို လေ့လာရာတွင် ဦးစွာ သေခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောအကြောင်းအရာများ နားလည်သဘောပေါက်ခြင်းသည် အရေးကြီးသည်။

ဟေဗြဲကျမ်းစာထဲတွင် သေခြင်းကို sheol ဟု ဖော်ပြထားပါသည်။ “အသေကောင်များထားရှိသောနေရာ” (သို့) “ ၀ိညာဉ်များထွက်ခွါသွားသောနေရာ” ဟုအဓိပ္ပါယ်ရသည်။ ဓမ္မသစ်ကျမ်းထဲတွင် ငရဲစကားလုံးကို “hades”ဟုခေါ်ပါသည်။ “အသေကောင်များရှိသောနေရာ”ဟုအဓိပ္ပါယ်ရသည်။ ဓမ္မသစ်ကျမ်းရှိအချို့သော ကျမ်းပိုဒ်များတွင် sheol/hades ဟုသုံးသောအခါ ရှင်ပြန်ထမြောက်ခြင်းနှင့် တရားစိရင်အတွက် သေပြီးသောသူများ၏၀ိညာဉ်များ ယာယီစုံရုံးသောနေရာဖြစ်သည်။ ဗျာဒိတ်ကျမ်းထဲတွင် ထိုစကားလုံးတို့၏ မတူညီမှုကို တိကျစွာဖော်ပြထားပါသည်။ ငရဲပြည် (မီးအိုင်)သည် ကယ်တင်ခြင်းစိတ်ချမှုမရသောသူများ၏ ထာဝရနေထိုင်မည့်နေရာနှင့် တရားစီရင်ခြင်းဖြစ်သည်။ Hades သည် ယာယီထားရှိသောနေရာဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် ငရဲပြည်သို့မသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ငရဲပြည်သည် အနာဂတ် တွင်တည်ရှိသောနေရာဖြစ်သည်။ ငရဲပြည်သည် ပလ္လင်ဖြူရှေ့တရားစီရင်ခြင်းပြီးနောက်တည်ရှိ မည့်နေရာ ဖြစ်သည် (ဗျာဒိတ် ၂၀း၁၁-၁၅)။

Sheol/Hades မှာ ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူများ တည်ရှိသောနေရာနှင့် ကယ်တင်ခြင်းမရသေးသော သူများရှိသောနေရာဟူ၍ နှစ်မျိုးဖြင့်ခွဲခြားထားသည်။ (မဿဲ ၁၁း၂၃၊ ၁၆း၁၈၊ လုကာ ၁၀း၁၅၊ ၁၆း၂၃၊ တမန် ၂း၂၇-၃၁)။ ကယ်တင်ခြင်းရရှိခဲ့ပြီးသောသူများရှိသေနေရာကို “ပါရဒိသုခဘုံ” နှင့် “အာဗြဟံရင်ခွင်” ဟုခေါ်ပါသည်။ ကယ်တင်ခြင်းရရှိသောသူများနှင့် ကယ်တင်ခြင်းမရသေးသောသူများသည် “ကြီးမားသော တွင်းနက်” က ပိုင်းခြားထားပါသည် (လုကာ ၄း၈-၁၀)။ သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်း ကို ခံသည့်အချိန်တွင် သူကယုံကြည်သူများကို သူနှင့်အတူ ချီဆောင်ခဲ့သည် (ဧဖက် ၄း၈-၁၀)။ ကယ်တင် ခြင်းမရသေးသောသူများရှိသောနေရာ sheol/hades သည် နဂိုမူလအတိုင်းကျန်ခဲ့သည်။ မယုံကြည်သူအား လုံးတို့သည် နောက်ဆုံးသောတရားစီရင်ခြင်းအတွက် ထိုနေရာတွင် စောင့်ဆိုင်းခဲ့သည်။ သခင်ယေရှုသည် sheol/hades တွင် သွားခဲ့သလား။ ဧဖက် ၄း၈-၁၀နှင့် ၁ပေ ၃း၁၈-၂၀ အရသွားခဲ့သည်။

ဆာလံ ၁၆း၁၀-၁၁ ကို King James Version တွင်ကြည့်လျှင် ရှုပ်ထွေးမှုအချို့ရှိသည်။ “အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏၀ိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသောသူ အားလည်း ပုပ်စပ်ခြင်းကို ရှိတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွန်တော်မူလိမ့်မည်။ အထံတော် ၌စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာအစဉ် အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။” ဤနေရာတွင် “ငရဲပြည်” ဟုဘာသာပြန်လျှင် မှားသည်။ “သင်္ချီုင်း” (သို့) “Sheol”ဟု ဘာသာပြန်ရမည် ဖြစ်သည်။ သခင်ယေရှုက သူ့နားတွင်ရှိသော ရာဇ၀တ်ကောင်ကို ဤသို့ပြောခဲ့သည်။ “ငါအမှန်ဆို သည်ကား၊ ယနေ့တွင်သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” (လုကာ ၂၃း၄၃)။ သခင် ယေရှု၏ ခန္ဓာကိုယ်သည် သင်္ချိုင်းတွင်းထဲတွင်ရှိသည်။ သူ၏၀ိညာဉ်သည် အသေကောင်များထားရှိသောနေ ရာတဘက် “ပါရဒိသုဘုံ” တွင်ရှိခဲ့သည်။ သူက ဖြောင့်မတ်သောသူများ၏၀ညာဉ်များကို ပါရဒိသုဘုံမှ ကောင်းကင်ဘုံသို့ ချီဆောင်သွားခဲ့သည်။ ကျမ်းစာအုပ်ဘာသာပြန်ဆိုခြင်းအများအပြားတို့သည် ဂရိနှင့် ဟေဗြဲဘာသာစကားတွင်ဖော်ပြထားသော “sheol”, “hades” နှင့် “Hell” တို့ကို မှားယွင်းစွာ (သို့) အဓိပ္ပါပယ်လွှဲမှားစွာ ဘာသာပြန်ဆိုကြသည်။

အချို့သောသူများက သခင်ယေရှု “ငရဲပြည်” (သို့) sheol/hades သို့ရောက်ရှိခြင်းသည် ကျွန်ုပ်တို့၏ အပြစ်အတွက်ကိုယ်စားပြု ပြစ်ဒဏ်ခံခြင်းဖြစ်သည်ဟု ရှုမြင်တတ်ကြသည်။ ထိုသို့ယူဆခြင်းသည် သမ္မာ ကျမ်းစာတော်နှင့်မကိုက်ညီပေ။ သခင်ယေရှုကားတိုင်တော်ပေါ်တွင် အသေခံခြင်းနှင့်ဆင်းရဲခံခြင်းတို့သည် ရွေးနှုတ်ကယ်တင်ခြင်းရရှိရန်အတွက် လုံလောက်သည်။ သခင်ယေရှု၏အသွေးတော်မြတ်က ကျွန်ုပ်တို့၏ အပြစ်ဟူသမျှတို့ကို ဆေးကြောပေးခဲ့သည် (၁ယော ၁း၇-၉)။ သခင်ယေရှုသည် ကားတိုင်တော်ပေါ်တွင် ဆွဲချိတ်ခြင်းခံသောအချိန်တွင် လောကီလူသားများအားလုံး၏အပြစ်များကို သူ့အပေါ်တွင် တင်ထမ်း ခဲ့သည်။ သူသည် ကျွန်ုပ်တို့အတွက် အပြစ်သားဖြစ်ခဲ့သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသ ခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူ ကား၊ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်း တည်း” (၂ကော ၅း၂၁)။ အပြစ်ကူးပြောင်းခြင်းက ခရစ်တော်သည် ဂေသာရှေမန်ဥယျာဉ်ထဲတွင် အပြစ်တရားအ တွက်ဆုတောင်းခြင်းကို သတိရစေသည်။ ထိုအပြစ်ခွက်ကို သခင်ယေရှုသည်ကားတိုင်တော် ပေါ်တွင်အ သေခံချိန်တွင် သူ့အပေါ်သို့သွန်းလောင်းခဲ့သည်။

သခင်ယေရှုသည် ကားတိုင်တော်ပေါ်ဤသို့ငိုကြွေးခဲ့သည်။ “အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မဿဲ၂၇း၄၆)။ ထိုအချိန်တွင် သခင်ယေရှုပေါ်တွင် အပြစ်များသွန်းလောင်းထား သောကြောင့် သူသည် ခမည်းတော်ဘုရားသခင်နှင့် ကွဲကာနေခဲ့ရခြင်းဖြစ်သည်။ သူသည် ခမည်းတော်ဘု ရားသခင်ထံ သူ၏၀ိညာဉ်ကို ဆက်ကပ်ခဲ့သည်။ “အကျွန်ုပ်ဝိညာဉ်ကို ကိုယ်တော့်လက်၌အကျွန်ုပ်အပ်ပါ၏” (လုကာ ၂၃း၄၆)။ ကျွန်ုပ်တို့ကိုယ်စား သူ၏ဆင်းရဲဒုက္ခခံခြင်းသည် ပြည့်စုံခဲ့သည်။ သူ၏၀ိညာဉ်သည် hades တဘက် ပါရဒိသုဘုံသို့သွားခဲ့သည်။ သခင်ယေရှုသည် ငရဲပြည်သို့မသွားခဲ့ပေ။ သခင်ယေရှု၏ ဆင်းရဲဒုက္ခခံခြင်းသည် သူသေဆုံးသောအချိန်တွင် အဆုံးသတ်ခဲ့သည်။ အပြစ်အားလုံးအတွက် သူပေးဆပ် ခဲ့သည်။ ထိုနောက်သူသည် သူ၏ခန္ဓာကိုယ်ရှင်ပြန်ထမြောက်ရန်နှင့် ဘုန်းတော်နှင့်ပြည့်စုံသောခန္ဓာကိုယ် ဖြင့် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရန် စောင့်ဆိုင်းနေခဲ့သည်။ သခင်ယေရှုသည် ငရဲပြည်သို့သွားခဲ့သ လား။ မသွားခဲ့ပေ။ သခင်ယေရှုသည် sheol/hades သို့သွားခဲ့သလား။ သွားခဲ့သည်။

မေးခွန်း: သခင်ယေရှုသည် သေသောအချိန်နှင့် ရှင်ပြန်ထမြောက်သောအချိန်ကြားသုံးရက် အတွင် ဘယ်မှာရှိခဲ့သနည်း။

၁ပေ၊ ၃း၁၈-၁၉ တွင် “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ၀ိညာဉ် တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံသို့ ပို့ဆောင် ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် အဖြောင့်မတ်သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ ၀ိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင်ထဲမှာလောင်ထားသော ၀ိညာဉ်တို့အား တရားဟောတော်မူ၏” ဟုဖော်ပြထားပါသည်။ အခန်းငယ် ၁၈ ထဲတွင် ဖော်ပြထား သော “၀ိညာဉ်တော်အားဖြင့်” စကားစုသည် “ကိုယ်ခန္ဓာအားဖြင့်” ဟူသောစကားစုနှင့် သဘောတူညီ မှုရှိသည်။ ထိုကြောင့် “၀ိညာဉ်” စကားလုံးနှင့် “ခန္ဓာကိုယ်” စကားလုံးတို့သည် တခုနှင့်တခု ဆက်စပ် မှုရှိသည်ကိုသိရှိရန် လိုအပ်သည်။ ကိုယ်ခန္ဓာ နှင့်ဝိညာဉ်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် ၀ိညာဉ် ဖြစ်သည်။ “၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်” ဟူသော စကားစုသည် ခရစ်တော်သည် အပြစ်သားများအတွက် အသေခံတော်မူသောကြောင့် သူ၏၀ိညာဉ်သည် ဘုရားသ ခင်နှင့် မပေါင်းတော့သည်ကို ဖော်ပြလိုခြင်းဖြစ်သည် (မဿဲ၊ ၂၇း၄၆)။ ကိုယ်ခန္ဓာနှင့် ၀ိညာဉ်တို့၏ ကွာဟမှုကို ဖောပြရလျှင် မဿဲ၊ ၂၇း၄၆ ထဲတွင်ဖော်ပြထားသော ကိုယ်ခန္ဓာနှင့်ဝိညာဉ်သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် သန့်ရှင်းသော ၀ိညာဉ်တော်တို့ကို ဖော်ပြလိုခြင်းဖြစ်သည်။ အပြစ်ကြွေး ပေးဆပ်ရန် ခရစ်တော်၏အသေခံခြင်းသည် ပြီးပြည့်စုံခဲ့သည်။ သူ၏၀ိညာဉ်က ပျက်ဆီးသွားခဲ့သော မိတ်သာဟာရဖွဲ့ခြင်းကို ပြန်လည်ရရှိစေခဲ့ပါသည်။

၁ပေ၊ ၃း၁၈-၂၂ ထဲတွင် ခရစ်တော်၏ဆင်းရဲးဒုက္ခခံခြင်း (အခန်းငယ်၊ ၁၈) နှင့် သူ၏ ဘုန်းတော်ထင်ရှားခြင်း (အခန်းငယ်၊ ၂၂) တို့၏ဆက်နွယ်မှု ကို ဖော်ပြထားပါသည်။ ရှင်ပေတာရုက ထိုအရာနှစ်ခုတို့ကြားဖြစ်ပျက်သော အကြောင်းအရာများကို အစီရင်ခံတင်ပြထားပါသည်။ အခန်းငယ် ၁၉ ထဲ၌ဖော်ပြထားသော “တရားဟောခြင်း စကားလုံးသည် ဓမ္မသစ်ထဲတွင် ရှိသော ကယ်တင်ခြင်း သတင်းကောင်း “ဟောပြောခြင်း” စကားလုံးနှင့် တူညီမှုမရှိပေ။ ၎င်း၏အဓိပ္ပါယ်သည် သတင်းကောင်းကို ရှေ့ပြေးအဖြစ် ကြွေးကြော်ခြင်းဖြစ်သည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် နာကျင်စွာအသေခံခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည်အသေခံခဲ့သည်။ သူ့ကို အပြစ်ရှိသောသူဖြစ်စေ သောကြောင့် သူ၏စိတ်သည် လည် သောခဲ့သည်။ သို့သော် သူ၏၀ိညာဉ်သည် အသက်ရှင်ပြီး၊ ခမည်းတော်ဘုရားသခင်ထံသို့ ဆက်ကပ်ခဲ့ပါသည်။ ရှင်ပေတာရု၏ဖော်ပြချက်အရ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားတွင် သခင်ယေရှုသည် “ထောင်ထဲရှိဝိညာဉ်များ” ထံသို့သတင်းကောင်း ဝေမျှနိုင်သည်။

ပေတာရုဖော်ပြချက်ကိုကြည့်လျှင် လူတွေ၏၀ိညာဉ်ကို ဖော်ပြရလျှင် “souls” (၀ိညာဉ်) ဟုဖော်ပြထားပြီး၊ “spirit” (၀ိညာဉ်) (၃း၂၀) အဖြစ်ဖော်ပြထားခြင်းမရှိပေ။ သမ္မသစ်ကျမ်းထဲတွင် “spirits” ၀ိညာဉ်ဟူသော စကားလုံးသည် ကောင်းကင်တမန်(သို့) နတ်ဆိုးများကို ဖော်ပြရန် အသုံးပြု ခြင်းဖြစ်ပြီး၊ လူသားများကို ဖော်ပြရန် အသုံးအပြုပေ။ အခန်းငယ်၊ ၂၂ သည် ကောင်းကင်တမန် (သို့) နတ်ဆိုးများကို ဖော်ပြလိုခြင်းဖြစ်နိုင်သည်။ သခင်ယေရှုသည် ငရဲသို့သွား၍ ကယ်တင်ခြင်းတရား ဟောခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင် မတွေ့ရပေ။ တမန်၊ ၂း၃၁ က သခင်ယေရှုသည် “Hades” (လူသေတို့၏ ၀ိညာဉ်စုရုံးသောနေရာ) သို့သွားရောက်ခဲ့သည် ဟုဖော်ပြထားပါသည်။ သူသည် ငရဲထဲ သို့သွားရောက်ခဲ့သည်ဟု ဖော်ပြထားခြင်းမရှိခဲ့ပေ။ “Hades” စကားလုံးသည် သေပြီးသောသူများ ပြန်လည်ထမြောက်သောအချိန်ကို စောင့်ဆိုင်းရန် အသေကောင်များခေတ္တထားရှိသော နေရာဖြစ်သည်။ ဗျာ၊ ၂၀း၁၁-၁၅ NASB (သို့) New International Version တို့တွင် Hades နှင့် ငရဲတို့၏ကွာဟမှုကို တိကျစွာဖော်ပြထားပါသည်။ ငရဲမီးအိုင်သည် မယုံကြည်သူများထာဝရတည်ရှိ သော နေရာဖြစ်သည်။ Hades သည် ခေတ္တသိုလောင်ထားသောနေရာဖြစ်သည်။

သခင်ယေရှုက မိမိဝိညာဉ်ကို ခမည်းတော်ထဲသို့အပ်နှံကာ သေဆုံးသွားခဲ့သည်။ သူသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလကြားတွင် သောပြီးသော သူများ၏၀ိညာဉ်စုရုံးသော နေရာ (ကျဆင်းသောကောင်းကင်တမန်များ ရှိသောနေရာ-ယုဒ ၆ကို ကြည့်ပါ)သို့သွားရောက်ခဲ့သည်။ထိုသူ တို့နေသည် နောအအချိန်ရေလွှမ်းမိုးခြင်း မတိုင်မှီရှိသောသူများနှင့်တူကြောင်းဖော်ပြထားပါသည်။ အခန်းငယ် ၂၀ ထဲတွင် ဤအကြောင်းနှင့်ပတ်သက်၍ တိကျစွာဖော်ပြထားပါသည်။လှောင်ပိတ်ခြင်းကို ခံရသောဝိညာဉ်များထံ ခရစ်တော်က ဘာအကြောင်းဟောပြောခဲ့သည်ကို ရှင်ပေတာရုက မဖော်ပြခဲ့ သော်လည်း ပစ်ချခြင်းခံသော ကောင်းသောတမန် ကယ်တင်ခြင်းရရှိရန် သူသည် ကယ်တင်ခြင်းသ တင်းကောင်းဟောပြောလိမ့်မည်မဟုတ်ပေ (ဟေဗြဲ၊ ၂း၁၆)။ ထိုသတင်းသည် စာတန်နှင့်သူ၏ လူများအပေါ်တွင် ကြွေးကြော်သော အောင်မြင်ခြင်း သတင်းကောင်းဖြစ်နိုင်သည်(၁ပေ၊ ၃း၂၂၊ ကောလော၊ ၂း၁၅)။ ဧဖက်၊ ၄း၈-၁၀ ထဲတွင် ခရစ်တော်သည် “ပါရဒိသုဘုံ” (လု၊ ၁၆း၂၀၊ ၂၃း၄၃) သို့ တက်ရောက်ခဲ့ပြီး၊ သူမသေမှီ ယုံကြည်ပြီးသောသူများကို ကောင်းကင်ဘုံသို့ ချီဆောင်ခဲ့ပါသည်။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားထဲတွင် ဖြစ်ပျက်သော အကြောင်းအရာများကို သမ္မာကျမ်းစာထဲတွင် သေချဂနစွာ ဖော်ပြထားခြင်း မရှိသော်လည်း ကျမ်းတတ်ပုဂ္ဂိုလ်အများစုက ၎င်းသည် “ချီဆောင်ခြင်းခံသောသူများလွှတ်မြောက်ပေးခြင်း” ကိုဆိုလိုသည်ဟု သဘောတူကြသည်။

နိဂုံးနေဖြင့်ဖော်ပြရလျှင်၊ ခရစ်တော်၏သေခြင်းနှင့် ထမြောက်ခြင်းကြားကာလတွင် သူသည် ဘာအမှုပြုခဲ့ကြောင်းကို သမ္မာကျမ်းစာထဲတွင် တိကျစွာဖော်ပြထားခြင်းမရှိပေ။သို့သော်သူသည် ကျဆင်းသော ကောင်းကင်တမန်များနှင့် မယုံကြည်သူများပေါ်တွင် အောင်ပွဲကို ကြွေးကြော်နိုင် ပေသည်။ အဓိကအချက်သည် သခင်ယေရှုက ထိုသူတို့သည် ကယ်တင်ခြင်းစိတ်ချမှုရရှိရန် ဒုတိယ အကြိမ်ပေးလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် သေဆုံးသွားခဲ့ပြီးနောက်၊ တရားစီရင်ခြင်းကို ခံရမည် ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည် (ဟေဗြဲ၊ ၉း၂၇)။ ဒုတိယ အခွင့်အရေးဟူ၍ ရှိတော့မည် မဟုတ်ပေ။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလတွင် သူသည် ဘာအမှုပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်းတစုံတခုမျှမရှိပေ။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက် သည့်အခါ နက်နဲလျှို့ဝှက်သောအရာများ ကို သိရှိပါလိမ့်မည်။