။ခရစ်ယာန်တို့၏ယုံကြည်ခြင်းတွင် သေဆုံးသွားခဲ့ပြီးနောက်ဘာဖြစ်ပျက်မည်နည်း ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ စိတ်ရှုပ်မှုတွေ အများအပြားရှိသည်။ အချို့သော သူများက သေဆုံးသွားခဲ့ပြီး နောက်လူတိုင်းသည် ကောင်းကင်နိုင်ငံ(သို့)ငရဲပြည်သို့မရောက်မှီနောက် ဆုံးသောတရားစီရင်သည့် အချိန်ထိ အိပ်နေသည်ဟု စွဲကိုင်ယုံကြည်ကြသည်။ အချိ့သော သူများက လူတစ်ဦးသည် သေဆုံးသွားသည်နှင့်တပြိုင်နက် ထိုသူ၏ ၀ိညာဉ်သည် တရားစီရင်ခြင်း ခံရ၍ သူတို့၏၀ိညာဉ်သည် ခရီးစဉ် အဆုံးသို့အရောက် ပို့ဆောင်သည်ဟု ယုံကြည်ကြသည်။ အချိှု့သောသူများက လူတစ်ဦးသည် သေဆုံးသွားသောအခါ ထိုသူတို့၏ ၀ိညာဉ်သည် နောက်ဆုံးသောရှင်ပြန်ထမြောက်ခြင်း နောက်ဆုံးသော တရားစီရင်ခြင်းကိုစောင့်ဆိုင်းရန် ကောင်းကင်နိုင်ငံ(သို့) ငရဲပြည်တွင် “ယာယီ” ထိန်းသိမ်းခြင်းခံရပြီး ၄င်းမှတဆင့် သူတို့၏ နောက်ဆုံးခရီးသို့အရောက်ပို့ဆောင်ခဲ့သည်ဟုယုံကြည်ကြသည်။ထိုကြောင့် သေဆုံးသွားပြီး နောက် ဖြစ်ပျက်ရမည့်အကြောင်းအရာ နှင့်ပတ်သက်၍သမ္မာကျမ်းစာက တိကျစွာ မည်သို့ ဖော်ပြထားသနည်း။ ပထမအနေဖြင့် သခင်ယေရှ ခရစ်တော်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သမ္မာကျမ်းစာသွန်သင်ချက် ဖြစ်သော ယုံကြည်သူတစ်ဦးသည် သေဆုံးသွားသည်နှင့်တပြိုင်နက် ကောင်းကင်နိုင်ငံသို့သွားရောက်ခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော်ထိုသူတို့သည် သခင်ယေရှုကို မိမိကယ်တင်ရှင် အဖြစ်လက်ခံ ယုံကြည်ခြင်း အားဖြင့် အပြစ် ဆေးကြောခြင်းကို ခံခဲ့ရသော ကြောင့်ဖြစ်သည်။(ယော၃း၁၆၊ ၁၈၊ ၃၆) ယုံကြည်သူ အနေဖြင့် သေခြင်းတရားသည် ခန္ဓာကိုယ်မှ ကင်းကွာခြင်းဖြစ်၍ ဘုရားသခင် နှင့်အတူ ဘုန်းတော်ဝင်စားခြင်းဖြစ်သည်။ (၁ကော၊၅း၆-၈၊ ဖိလိပ္ပိ၊၁း၂၃) သို့ရာတွင် (၂ကော ၁၅း၅၀-၅၄) နှင့် (၁သက် ၊၄း၁၃-၁၇) တို့ တွင် ယုံကြည်သူများ ရှင်ပြန်ထမြောက်ခြင်းနှင့်ဘုန်းတော်ပြည့်ဝသောခန္ဓာကိုပေးခြင်း အကြောင်းကို ဖော်ပြထားပါသည်။ ယုံကြည်သူများသည် သေဆုံးသွားသောအခါ ကောင်းကင်နိုင်ငံတော် သို့ခရစ်တော်နှင့် အတူချက်ချင်းရှိလျှင် ယုံကြည်သူများ ထမြောက်ခြင်း ရည်ရွယ်ချက်သည် အဘယ်နည်း။ ယုံကြည်သူများ၏ ၀ိညာဉ်သည် ခန္ဓာကိုယ် သေဆုံးသွားပြီး နောက်ခရစ်တော် နှင့်အတူကောင်းကင် နိုင်ငံတော်(သို့)ချက်ချင်းသွားလျှင် ခန္ဓာကိုယ်သည် အုတ်ဂူထဲတွင် အိပ်နေခြင်း ဖြစ်ပုံရသည်။ ယုံကြည်သူများရှင်ပြန်ထမြောက်သော အချိန်တွင် ခန္ဓာကိုယ်သည် ထမြောက်ခြင်းဖြစ်ပြီး ဘုန်းတော်ဝင်စားခြင်းဖြစ်ကာ ၀ိညာဉ်နှင့်အတူ ပြန်လည်ပေါင်းစည်းခြင်းဖြစ် သည်။ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင်ယုံကြည်သူများသည်ဝိညာဉ်နှင့်ပေါင်းစည်းထားသော ခန္ဓာကိုယ်နှင့်ဘုန်းတော်ဝင်စားသောခန္ဓာကိုယ်ဖြင့်နစ္စထာဝရရှင်သန်မည်ဖြစ်သည်။(ဗျာ ၂၁-၂၂)
ဒုတိယအနေဖြင့်၊ သခင်ယေရှုကို ယုံကြည်လက်ခံခြင်းမရှိသော သူများအတွက် သေခြင်းတရားသည် နစ္စထာဝရအဖြစ်ဒဏ်ခံခြင်းဖြစ်သည်။ သို့သော် သူတို့သည် ယုံကြည် သူများနည်းတူ မယုံကြည် သူများသည်လည်း သေသည်နှင့်တပြိုင်နက်နောက်ဆုံး ထမြောက်ခြင်း ခံရန် တရားစီရင်ခြင်းခံရန် ထာဝရ ခရီးသို့သွားရောက်ရန် အတွက် သူတို့သည် ယာယီ နေရာသို့ပို့ ဆောင် ခြင်းခံရကြမည်ဖြစ် ပါသည်။ လုကာ၊ ၁၆း၂၂-၂၃ ထဲတွင် သူဌေးကြီးသည် သေဆုံးသွား ခဲ့ပြီး နောက်ဆင်းရဲ ဒုက္ခခံရသော နေရာ သို့ချက်ချင်း ရောက်ရှိသွားခဲ့သည်။ ဗျာဒိတ်၊(၂၀း၁၁-၁၅)ထဲတွင် မယုံကြည်သူသောသူအား လုံးတို့သည် ရှင်ပြန်ထမြောက်ကြပြီး ပလ္လင်ဖြူရှေ့တွင်တ ရားစီရင်ရန် မတ်သပ်ရပ်နေကြကာ၊ငရဲမီးအိုင်သို့ပစ်ချခြင်းခံရကြလိမ့်မည် ဟုဖော်ပြထားပါသည်။ မယုံကြည် သူများသည် သေဆုံးသွားသည်နှင့်တပြိုင်နက် သူတို့၏ ၀ိညာဉ် ကိုငရဲမီးအိုင်ထဲ၌ပစ်ချ ခြင်းမခံ ခဲ့ကြပေ၊ သို့သော် သူတို့သည် တရားစီရင်ခြင်းနှင့် ဒဏ်ခတ်သော နေရာတစ်ခုတွင် သိုလှောင်ခြင်း ခံခဲ့ရသည်။ မယုံကြည်သူတို့သည် ငရဲမီးအိုင် ထဲသို့ချက်ချင်း ပစ်ချ ခြင်းမခံကြရ သော်လည်း သေဆုံးသွားပြီး နောက်သူတို့၏ ကံကြမ္မာသည် စမ်းမြောက်ဖွယ်ကောင်း သောအရာ မဟုတ်ပေ။သူဌေးကြီးက ငါသည်မီးအိုင်တွင် ပြင်းစွာသော ဒုက္ခခံခဲရသည် ဟုငိုကြွေးခဲ့သည်။ (လု၊၁၆း၂၄)
ထို့ကြောင့် သေဆုံးသွားပြီးနောက် လူတစ်ဦးသည် ကောင်းကင်နိုင်ငံ (သို့)ငရဲပြည်သို့ ချက်ချင်းရောက်လျှင် နောက်ဆုံးသော ရှင်ပြန်ထမြောက်ခြင်းနှင့် ၊ထိုပုဂ္ဂိလ်၏ ထာဝရ တည်ရှိမည့်နေရာတို့ကို ပြောင်းလဲမှု ရှိတော့မည်မဟုတ်ပေ။ သို့သော် ထိုဝိညာဉ်ထာဝရတည် ရှိသောနေရာသို့ ယာယီတည်ရှိသောနေရာမှ ပြောင်းလဲသွား မည်ဖြစ်သည်။ ယုံကြည်သူများ သည်ကောင်းကင်သစ်နှင့်မြေ ကြီးသစ်သို့ နောက်ဆုံးတွင် ၀င်ရောက်ခွင့်ရှိမည်ဖြစ်သည်။ (ဗျာဒိတ်၊၂၁း၁)။ မယုံကြည်သောသူတို့သည် ငရဲမီးအိုင် ထဲသို့ နောက်ဆုံးတွင် ပစ်ချခြင်းကိုခံရကြ မည်ဖြစ်သည်။(ဗျာဒိတ၂၀း၁၁-၁၅)ဤသည်ကား လူသားအားလုံး တို့အတွက် နစ္စထာဝရ တည်ရှိရန် နောက်ဆုံးသော ခရီးစဉ် ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့ဝင်ရောက်မည် (သို့)ငရဲထဲသို့သွား မည်ဟူသည်မှာ လောကတွင် အသက် ရှင်စဉ်တွင် ကယ်တင်ခြင်းရရှိရန် အတွက် သခင်ယေရှုကို သာယုံကြည်ခြင်းရှိ/မရှိပေါ် တွင်မှု တည်သည်။(မဿဲ၊ ၂၅း၄၆ ၊ ယော၊ ၃း၁၆)
လူတွေက သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံကြသောအခါ သူတို့သည် ဘုရားသခင်နှင့်အတူ မိတ်သာဟာရဖွဲ့ခွင့် ရရှိကာ ထာဝရအသက်အတွက် လုံခြုံစိတ်ချမှု ရရှိခြင်းဖြစ်သည်။ ယုဒ၊ ၂၄ ထဲတွင် “ထိမိ၍လဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့ကို စောင့်ရှောက် ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ၀မ်းမြောက်ခြင်းနှင့်ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သ ခြင်းငှါ၎င်း တတ်နိုင်တော်မူ၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်၏တန်ခိုးတော်က ယုံကြည်သူ များကို အပြစ်မပြုရန် စောင့်ထိန်းကာကွယ်နိုင်စွမ်းရှိသည်။ သူသည်ဘုန်းတန်ခိုးတော်နှင့်မကြွလာမီ သူသည် ကျွန်ုပ်နှင့်အတူပါရှိမည်/မပါရှိမည် ကို ဘုရားသခင်၏စိတ်တော်ပင်ဖြစ်သည်။ ကျွန်ုပ်တို့နှင့် သက် ဆိုင်မှုမရှိပေ။ ကျွန်ုပ်တို့၏ ထာဝရလုံခြုံစိတ်ချမှုသည် ဘုရားသခင်၏စောင့်ထိန်းကွယ်ကာမှု ရလဒ်ဖြစ် သည်။ ကျွန်ုပ်တို့သည် မိမိရရှိသောကယ်တင်ခြင်းတရားကို ကိုယ်တိုင်ထိန်းသိမ်း၍ မရပေ။
သခင်ယေရှုခရစ်တော်က “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည်ပျက်ဆီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှထိုသိုးတို့ကို ခမည်းတော်၏လက်မှမနှုတ်မယူနိုင်ရာ” (ယော၊၁၀း၂၈-၂၉)။ သခင်ယေရှုနှင့် ခမည်းတော်ဘုရားသခင်က သူ၏လက်ထဲတွင်ယုံကြည်သူများကို ဆုပ်ကိုင်ထားပါသည်။ ခမည်းတော်ဘု ရားသခင်နှင့်သခင်ယေရှု၏လက်မှ မည်သူမည်ဝါက ယုံကြည်သူများကို နှုတ်ယူနိုင်မည်နည်း။
ဧဖက်၊ ၄း၃၀ တွင် ယုံကြည်သူများသည် “ရွေနှုတ်ခြင်းနေ့ရက်တိုင်အောင် တံဆိတ်ခတ်ခြင်းကို” ခံခဲ့ကြပါသည် ဟုဖော်ပြထားသည်။ ယုံကြည်သူများသည် ထာဝရလုံခြုံစိတ်ချမှုမရှိလျှင် ထိုသူတို့က ထိုတံဆိတ်ခတ်ခြင်းကို ရွေးနှုတ်ကယ်တင်ခြင်းနေ့တိုင်အောင် အမှန်ရှိလိမ့်မည်မဟုတ်ပေ။ ထိုတံဆိတ်ခတ် ခြင်းကို အပြစ်ပြုမိသည့်ချိန်ထိ၊ လမ်းလွှဲသွားသည့်ချိန်ထိ၊ ယုံကြည်ခြင်းကွယ်ပျောက်သွားသည့်ချိန်ထိ အတွက်သာ အကျုံးဝင်မည်ဖြစ်သည်။ ယော၊ ၃း၁၆ ထဲတွင် သခင်ယေရှုခရစ်တော်ကို ယုံကြည်သောသူအ ပေါင်းတို့သည် “ထာဝရအသက် ရရှိ” လိမ့်မည် ဟုဖော်ပြထားပါသည်။ လူပုဂ္ဂိုလ်တစ်ဦးအားထာဝရ မသက်ကို ဂတိပေးထားခဲ့ပြီးနောက် ထာဝရအသက်ကို ထိုသူထံမှ ပြန်လည်သိမ်းပိုက်လျှင် “ထာဝရ” ကို တဖန် အစပြုလိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်လျှင်၊ ထာဝရလုံခြုံစိတ်ချမှုသည် မှန်ကန်သောအရာ မဟုတ် တော့ပေ။ သမ္မာကျမ်းစာထဲ၌ ဂတိပြုထားခဲ့သော ထာဝရအသက်သည်လည်း မှားယွင်းမှု ရှိပါလိမ့်မည်။
ထာဝရ လုံခြုံစိတ်ချမှုနှင့်ပတ်သက်၍ အကောင်းဆုံးသော ဖြေရှင်းချက်ပေးနိုင်သောကျမ်းပိုဒ်သည် ရောမ၊ ၈း၃၈-၃၉ ဖြစ်ပါသည်။ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တ မန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခ ရစ်တော်အားဖြင့်ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျ လျက်ရှိ၏။” ကျွန်ုပ်တို့၏လုံခြုံစိတ်ချမှုသည် ရွေးကောက်ခဲ့ပြီးသောသူများအပေါ် ဘုရားသခင်ထားရှိသော မေတ္တာတရားပေါ်တွင် အခြေပြုထားပါသည်။ ကျွန်ုပ်တို့၏ ထာဝရလုံခြုံစိတ်ချမှုသည် သခင်ယေရှုခရစ် တော်အားဖြင့် ရရှိပြီး၊ ခမည်းတော်ဘုရားသခင်က ဂတိပြုခဲ့ကာ သန့်ရှင်းသောဝိညာဉ်တော်က တံဆိတ် ခတ်ထားခဲ့ပါသည်။
လူပုဂ္ဂိုလ်တစ်ဦးသည် တစ်ကြိမ်ကယ်တင်ခြင်းရရှိသောအခါ ထာဝရအတွက် လုံလောက်ပါသလား။ လူတွေက သခင်ယေရှုကို မိမိ ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံလာကြ သော အခါ သူတို့သည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ကာ သူတို့ရရှိသောကယ်တင်ခြင်းတရား သည် ထာဝရအတွက်လုံလောက်သည်ဟု အာမခံချက်ရှိပါသည်။ သမ္မာကျမ်းစာထဲတွင် ကယ်တင်ခြင်း သည် ထာဝရလုံခြုံမှုရှိကြောင်းကို ဖော်ပြချက်များစွာရှိသည်ကို တွေ့ရှိနိုင်သည်။ (က) ရောမ၊ ၈း၃၀ တွင် “ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးကောက်သော အချိန်မှစ၍ သူကျိမ်းဝပ် တော်မူသော ကောင်းကင်ဘုံမှာ ကျွန်ုပ်တို့ကို ချီးမြှောက်သည်ဟု ဤကျမ်းပိုဒ်က ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းစိတ်ချမှုကို ကောင်းကင်ဘုံတွင် ထားရှိခဲ့ပြီဖြစ်သော ကြောင့် တနေ့နေ့ကျရင် ယုံကြည်သူများအား ဘုရားသခင်၏ချီးမြှောက်ခြင်းကို ဘယ်သူကမှ ပိတ်ပင် တားဆီးနိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် ဖြောင့်မတ်ခြင်းရရှိသောအခါ ထိုသူ၏ကယ်တင်ခြင်းသည် လည်း ထာဝရစိတ်ချလုံခြုံမှုရှိသည်။ ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းခံရပြီဖြစ် သောကြောင့် ထိုသူရရှိသော ကယ်တင်ခြင်းသည် လုံခြုံစိတ်ချမှုရှိသည်။
(ခ) ရောမ၊ ၈း၃၃-၃၄ တွင် တမန်တော်ရှင်ပေါလုက အရေးကြီးသော မေးခွန်းနှစ်ခုကို မေးမြန်းထားပါသည်။ “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင် မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား၊ အဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား၊ ခရစ်တော်ပေတည်း”။ အဘယ်သူသည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသောကြောင့် မည်သူမည်ဝါက ဘုရားသခင်၏ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ မည်သူက ကျွန်ုပ်တို့ကို တရားစီရင်နိုင်မည်နည်း။ ကျွန်ုပ်တို့အတွက် အသေခံသော သခင်ယေရှုခရစ်တော် သည် တရားစီရင်သူဖြစ်သောကြော် မည်သူမည်ဝါက ကျွန်ုပ်တို့ကို တရားစီရင် နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်သည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသူနှင့် လူတိုင်းကို တရားစီရင်မည့်တရားသူကြီးဖြစ်သည်။
(ဂ) လူတွေက သခင်ယေရှုကို ယုံကြည်သောအခါ ဒုတိယမွေဖွါးခြင်းရရှိသည် (ယော၊ ၃း၃၊ တိတု၊ ၃း၅)။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ မိမိရရှိသော ကယ်တင်ခြင်း ဆုံးရှုံးနိုင်လျှင် ထိုသူသည် ကယ် တင်ခြင်းစိတ်ချမှု မရရှိခြင်းဖြစ်သည်။ သမ္မကျမ်းစာထဲတွင် ဒုတိယမွေးဖွါးခြင်းသည် ကုန်းဆုံးနိုင်မည် ဟု ဖော်ပြချက်မရှိပေ။ (ဃ) သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများထဲတွင် ကျိမ်းဝပ်လျက် ရှိ၍ (ယော၊ ၁၄း၁၇၊ ရောမ၊ ၈း၉)၊ ယုံကြည်သူများကို ခရစ်တော်၏ခန္ဓာကိုယ်ထဲ၌ ဗတ္တိဇံ ပေးလျက်ရှိ သည် (၁ကော၊ ၁၂း၁၃)။ ယုံကြည်သူတစ်ဦးသည် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်လျှင် ထိုသူ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်မကျိမ်းဝပ်ခြင်း၊ ခရစ်တော်၏ခန္ဓာကိုယ်မှ နှုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။
(င) ယော၊ ၃း၁၅ ထဲတွင် သခင်ယေရှု ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် “ထာ ၀ရအသက်” ရရှိလိမ့်မည် ဟုဖော်ပြထားပါသည်။ မိတ်ဆွေသည် ယနေ့ကယ်တင်ခြင်းစိတ်ချမှု ရရှိခဲ့ပြီး၊ မနက်ဖြန် ဆုံးရှုံးသွားလျှင် “ထာဝရ” ဟု မခေါ်နိုင်ပေ။ ထို့ကြောင့်မိတ်ဆွေသည် မိမိရရှိခဲ့ သော ကယ်တင်ခြင်းတရားကို ဆုံးရှုံးနိုင်လျှင် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသော ထာဝရအသက် တွက် ဂတိပြုထားချက်တို့သည် မှားယွင်းခြင်းသက်သက် ဖြစ်ပါသည်။ (စ) ဤအကြောင်းအရာနှင့် ပတ်သက်၍ နောက်ဆုံးအနေဖြင့် သမ္မာကျမ်းစာဖော်ပြချက်ကို အကောင်းဆုံးကြည့်ကြပါစို့။ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့်၊ ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏” (ရောမ၊ ၈း၃၈-၃၉)။ မိတ်ဆွေကို ကယ်တင်သောဘုရားသည် မိတ်ဆွေကို စောင့်ရှောက်သောဘုရား သခင်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ကြိမ်ကယ်တင်ခြင်းစိတ်ချမှုရရှိလျှင် ထာဝရအတွက် လုံလောက် သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ထာဝရအတွက်လုံခြုံစိတ်ချမှုရှိသည်။
မိမိကိုယ်ကို သတ်သေခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ပုဂ္ဂိုလ် ခြောက်ဦးတို့၏အကြောင်းကို ဖော်ပြထားပါသည်။ ထိုသူတို့သည် အဘိမလက် (တရား၊ ၉း၅၄)၊ ရှောလု (၁ဓမ္မ၊ ၃၁း၎)၊ ရှောလု၏လက်နက်ကိုင်ဆောင်လုလင် (၁ဓမ္မ၊ ၃၁း၎-၆)၊ အဟိသောဖေလ (၂ဓမ္မ၊ ၁၇း၂၃)၊ ဇိမရိ (၃ဓမ္မ၊ ၁၆း၁၈)၊ ယုဒရှကာရုတ် (မဿဲ၊ ၂၇း၅) တို့ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ် ငါးဦးတို့သည် အလွန်ယုတ်မာကြကာ၊ အပြစ်ပြုခြင်း၌ ပျော်မွေ့သောသူများဖြစ်ကြသည်။ (ရှောလု ၏ လက်နက်ကိုင်ဆောင်သောသူသည် မိမိဆန္ဒဖြင့် လူသတ်မှုပြုသည်ဟု တခြစ်ချမပြောနိုင်ပေ) အချို့သောသူများက ရှံဆုန်သည်လည်း မိမိကိုယ်ကို သတ်သေသည်ဟု ယူဆကြသည် (တရား၊ ၁၆း၂၆-၃၁)။ သို့သော် ရှံဆုန်၏ အဓိက ပန်းတိုင်သည် ဖိလိတ္တိလူများကို သတ်ရန်ဖြစ်ပြီး၊ မိမိကိုယ်ကို သတ်သေရန်အတွက် မဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင် မိမိကိုယ်ကို သတ်သေခြင်း သည် လူ့မသက်ကိုသတ်ခြင်းဟု သတ်မှတ်ထားပါသည်။ လူတစ်ဦး၏သေရေးကိစ္စကို ဘုရားသ ခင်ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
သမ္မကျမ်းစာဖော်ပြချက်အရ လူတစ်ဦးသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ရန် မိမိကိုယ်ကိုသတ်သေခြင်း မသတ်သေခြင်းက ဆုံးဖြတ်ရလိမ့်မည်မဟုတ်ပေ။ မယုံကြည်သူတစ်ဦး သည် မိမိကိုယ်ကို သတ်သေခဲ့ပါက၊ ထိုလူသတ်မှုကြောင့်မဟုတ်၊ ဒုတိယဖွေးဖွါးခြင်းမခံစားရသော ကြောင့်သူသည် ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံရမည်ဖြစ်ပါသည်။ လူတစ်ဦးသည် မိမိကိုယ်ကို သတ်သေခြင်းကြောင့် ငရဲထဲသို့ရောက်သည်မဟုတ်၊ သခင်ယေရှုခရစ် တော်ကို ယုံကြည်ခြင်းမရှိ သောကြောင့်ငရဲမီးအိုင်ထဲသို့ရောက်ရှိခြင်းဖြစ်သည်။ ခရစ်ယာန်တစ်ဦးသည်မိမိကိုယ်ကို သတ် သေခြင်း နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြထားပါသနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်သည်နှင့် တပြိုင်နက် ထာဝရအတွက် အာမခံချက်ရှိသည် ဟု သမ္မာကျမ်း စာထဲတွင် ဖော်ပြထားပါသည် (ယော၊ ၃း၁၆)။ သမ္မာကျမ်းစာဖော်ပြချက်အရ ခရစ်ယာန်များသည် ထာဝရအသက် ပိုင်ဆိုင်ကြောင်း သံသာယ ရှိရန်မလိုအပ်တော့ပေ။(၁ယော၊ ၅း၁၃)။ မည်သူကမှ ဘုရားသခင်၏ မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင်မည်မဟုတ်ပေ (ရောမ၊ ၈း၃၈-၃၉)။ မည်သူကမှ ဘုရားသခင်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို မကွဲကွာစေနိုင်လျှင်၊ မိမိကိုယ်ကို သတ်သေခြင်းအပြစ်တရားကလည်း ဘုရားသခင်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို ကွဲကွာစေနိုင် မည်မဟုတ်ပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးအတွက် အသေခံခဲ့ပါသည်။ ခရစ်ယာန်တစ်ဦးသည် ကယ်တင်ခြင်းစိတ်ချမှုရရှိခဲ့ပြီးနောက်၊ ၀ိညာဉ်ရေးရာတိုက်ခိုက်မှုနှင့် အားနည်းမှုကြောင့် မိမိကိုယ်ကိုသတ်သေခဲ့လျှင်၊ ထိုသူပြုခဲ့သောအပြစ်တရားသည်လည်း ခရစ်တော်၏အသွေးတော် က လွှမ်းခြုံထားပါသည်။
မိမိကိုယ်ကို သတ်သေခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ကြီးလေးသောအပြစ်ဖြစ် သည်။ သမ္မာကျမ်းစာဖော်ပြချက်အရ မိမိကိုယ်ကို သတ်သေခြင်းသည် လူ့အသက်ကိုသတ်ခြင်း ဖြစ်သည်။ မှားယွင်းသော လုပ်ရပ်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးသည် မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည် စစ်မှန်သော ကယ်တင်ခြင်းစိတ်ချမှု အမှန်စင်စစ် ရရှိသလော ဟု စစ်ဆေးရန်လိုအပ် သည်။ မိမိကိုယ်ကို သတ်သေသော ခရစ်ယာန်တစ်ဦးအတွက် မည်သူကမှ တရားဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ခရစ်ယာန်တစ်ဦးသည် အသက်ရှင်လျှင်လည်း ဘုရားသခင်အတွက်သာ အသက်ရှင်၍ သေလျှင်လည်း ဘုရားသခင်အတွက်သာ သေရမည်ဖြစ်သည်။ ပြုလေသမျှ ဘုရားသခင်အတွက် သာဖြစ်ရမည်။ သမ္မာကျမ်းစာက မိမိကိုယ်ကိုသတ်သေခြင်းနှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိ သော်လည်း ၁ကော၊ ၃း၁၅ တွင် မိမိကိုယ်ကိုသတ်သေသောခရစ်ယာန်တစ်ဦးအပေါ် ဖြစ်ပျက် မည့် အပြစ်ဒဏ်များကို ဖော်ပြထားပါသည်။ “မီးနှင့်လွှတ်သကဲ့သို့သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”
သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ တိတိကျကျဖော်ပြနိုင်ရန် အလွန်ခက်ခဲသော မေး ခွန်းတခုဖြစ်ပါသည်။ သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ လူတွေ၏ဦးနှောက်အတွေးအခေါ် အားဖြင့် သိရှိရန် မလွယ်ကူပေ။ အရိပ်အမြွက်ကိုသာ သိရှိနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ထက်အလွန်ကြီးမားသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြောင်းကို ပြီးပြည့်စုံစွာ နား လည်ရန် မဖြစ်နိုင်ပေ။ ခမည်းတော်သည်ဘုရားသခင်ဖြစ်ကြောင်း၊ သားတော်သည် ဘုရားသခင် ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကို သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ ဘုရားတဆူတည်းရှိကြောင်းကို လည်သမ္မာကျမ်းစာက သွန်သင်ထား ပါသည်။ ကျွန်ုပ်တို့သည် သုံးပါးတဆူ၏အကြောင်းကို နားလည်နိုင်သော်လည်း ကျွန်ုပ်တို့၏နား လည်မှုသည် ပြည့်စုံခြင်းမရှိပေ။ သို့သော် သုံးပါးတဆူသည် မှားယွင်းကြောင်း၊ သမ္မာကျမ်းစာဖော် ပြချက်မဟုတ်ကြောင်းကို တင်ပြလိုခြင်းမဟုတ်ပေ။
သုံးပါးတဆူသည် ပုဂ္ဂိုလ်သုံးပါးအဖြစ်တည်ရှိသော ဘုရားတဆူဖြစ်သည်။ ဘုရားသုံးပါး ပေါင်းစပ်ထားခြင်းမဟုတ်ကြောင်းကို မှတ်သားပါ။ သုံးပါးတဆူကို လေ့လာသောအခါ “သုံးပါးတ ဆူ” စကားလုံးကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိကြောင်းကိုလည်းသိရှိပါ။ သုံးပါးတဆူ ကိုဖော်ပြရန်အတွက် -ဘုရားဖြစ်သော ထိုသုံးပါးတို့သည် အတူတူရှိခြင်း နှင့် ထာဝရကာလမှစ၍ တည်ရှိသော ဘုရားဖြစ်ကြောင်းကိုသာ ပြသနိုင်ပါသည်။ နှုတ်ကပတ်တော်ထဲတွင် “သုံးပါးတဆူ” ကိုမတွေ့ရသော်ငြားလည်း၊ သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ ဖော်ပြထားသော အရိပ်အမြွက် များစွာရှိသည်။ အောက်တွင်ဖော်ပြထားသောကျမ်းပိုဒ်တို့သည် သုံးပါးတဆူအကြောင်းကို ရည်ညွှန်း ဖော်ပြလိုခြင်းဖြစ်သည်။
၁။ ဘုရားတဆူရှိသည် (တရားဟော၊ ၆း၎၊၁ကော၊ ၈း၎၊ ဂလာ၊ ၃း၂၀၊ ၁တိ၊ ၂း၅)
၂။ သုံးပါးတစ်ဆူတွင် ပုဂ္ဂိုလ်သုံးပါးပါဝင်သည် (ကမ္ဘာ၊ ၁း၁၊ ၂၆၊ ၃း၂၂၊ ၁၁း၇၊ ဟေရှာ၊ ၆း၈၊ ၄၈း၁၆၊ ၆၁း၁၊ မဿဲ၊ ၃း၁၆-၁၇၊ ၂၈း၁၉၊ ၂ကော၊ ၁၃း၁၄)။ ကမ္ဘာ၊ ၁း၁ ထဲတွင် ဖော်ပြထားသော ဟေဗြဲဘာသာစကား Elohim (နာမ်) ကို အသုံးပြုထားပါသည်။ ကမ္ဘာ၊ ၂း၁၆၊ ၃း၂၂၊ ၁၁း၇၊ နှင့် ဟေရှာ၊ ၆း၈ တို့တွင် “ကျွန်ုပ်တို့” ဟူသော နာမ်စားတို့သည် အများကိန်းကိုပြ၍ ဟေဗြဲဘာသာ စကားလုံးတွင်ထိုစကားလုံးကိုအသုံးပြုသောအခါ တစ်ဦးထက်ပိုများသောအရာတို့ကို ဖော်ပြလို ခြင်းဖြစ်သည်။ ထိုကြောင့်သုံးပါးတဆူဖြစ်သည်ဟု လက်မထောင်၍ မပြောနိုင်သော်လည်း ဘုရားနာမကို ဖော်ပြသောအခါ အများကိန်းဖြစ်ဖော်ပြထားကြောင်းကို သတ်မှတ်နိုင်ပါသည်။ ဂရိ ဘာသာစကားမှာ Elohim ဘုရားသည် သုံးပါးဖြစ်ကြောင်းကို ထင်ရှားစေပါသည်။
ဟေရှာ၊ ၄၈း၁၆၊ ၆၁း၁ တို့တွင် သားတော်က ခမည်းတော်ထံနှင့် သန့်ရှင်းသောဝိညာဉ် တော်ထံသို့စကားပြောနေသည်ကို ဖော်ပြထားပါသည်။ ဟေရှာ၊ ၆၁း၁ ကို လု၊ ၄း၁၄-၁၉ နှင့် နှိုင်း ယှဉ်လျှင်၊ သားတော်၏စကားပြောခြင်းကို တွေ့ရှိနိုင်ပါသည်။ မဿဲ၊ ၃း၁၆-၁၇ ထဲတွင် သခင်ယေ ရှုနှစ်ခြင်းခံယူခြင်းအကြောင်းကို တွေ့ရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သားတော်ဘုရားပေါ်တွင်ဆင်းသက်၍၊ ခမည်းတော်ဘုရားသည် သားတော်ပေါ်တွင် ၀မ်းမြောက် စကားပြောကြောင်း ဖော်ပြထားပါသည်။ မဿဲ၊ ၂၈း၁၉ နှင့် ၂ကော၊ ၁၃း၁၄၌ ဖော်ပြထား သောကျမ်းပိုဒ်တွင် သုံးပါးတဆူတွင် ပုဂ္ဂိုလ်သုံးပါးပါဝင်ကြောင်းတွေ့ရှိနိုင်ပါသည်။
၃။ ကျမ်းပိုဒ်အများအပြားတွင် သုံးပါးတဆူတို့၏ကွာဟမှုများကို တွေ့ရှိနိုင်ပါသည်။ ဓမ္မ ဟောင်းထဲတွင် “LORD” ထာဝရဘုရား စကားလုံးသည် “Lord” ဘုရားသခင် (ကမ္ဘာ၊ ၁၉း၂၄၊ ဟောရှေ၊ ၁း၎) စကားလုံးနှင့် မတူပေ။ ထာဝရဘုရားမှာသားတော်တစ်ပါးရှိသည်( ဆာ၊ ၂း၇၊ ၁၂၊ သုတ္တံ၊ ၂၀း၃-၄)။ ၀ိညာဉ်တော်သည်လည်း “LORD” ထာဝရဘုရား (ထွက်၊ ၁၇း၁၈)၊ “God” ဘုရားသခင် (ဆာ၊ ၆၁း၁၀-၁၂) နှင့် ကွာဟမှုရှိသည်။ သားတော်ဘုရားသည်လည်း ခမည်းတော် ဘုရားနှင့် ကွာဟမှုရှိသည် (ဆာ၊ ၄၅း၆-၇၊ ဟေဗြဲ၊၁း၈-၉)။ ဓမ္မဟောင်းကျမ်းထဲတွင် သခင်ယေရှု က ခမည်းတော်အား ဥပဇ္ဈယ်ဆရာ၊ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ရန် တောင်းဆိုခဲ့ပါ သည်( ယော၊ ၁၄း၁၆-၁၇)။ သခင်ယေရှု က မိမိကိုယ်ကို ခမည်းတော် (သို့) သန့်ရှင်းသော ၀ိညာဉ်တော်မဟုတ်ကြောင်းကို ထင်ရှားစေပါသည်။သတင်းကောင်းစာအုပ်များတွင် သခင်ယေရှု က ခမည်းတော်ဘုရားသခင်ထံအမြဲတမ်းစကားပြောသည်ကို မှတ်သားထားပါ။ သခင်ယေရှု သည် မိမိကိုယ်ကို စကားပြောသလား။ မဟုတ်ပါ။ သခင်ယေရှုက မိမိနှင့်မတူသော သုံးပါးတဆူတွင် ပါဝင်သော ခမည်းတော်ဘုရားကို စကားပြောခြင်းဖြစ်သည်။
၎။ သုံးပါးတဆူတွင် ပါဝင်သော ပုဂ္ဂိုလ်သုံးပါးတို့သည် ဘုရားသခင်ဖြစ်သည်။ ခမည်းတော် သည် ဘုရားသခင်ဖြစ်သည် (ယောဟန်၊ ၆း၂၇၊ ရောမ၊၁း၇၊ ၁ပေ၊၁း၂)။ သားတော်သည် ဘုရားဖြစ်သည် (ယောဟန်၊ ၁း၁၊ ၁၄၊ ရောမ၊ ၉း၅၊ ကောလော၊ ၂း၉၊ ဟေဗြဲ၊ ၁း၈၊ ၁ယော၊ ၅း၂၀)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည် (တမန်၊ ၅း၃-၄၊ ၁ကော၊ ၃း၁၆)။
၅။ သုံးပါးတဆူတွင် ရာထူးအဆင့်ဆင့်ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော် နှင့်သားတော်တို့ထက် အနည်းငယ်နိမ့်၍၊ သားတော်သည်လည်း ခမည်းတော်ထက်နိမ့်သည်ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည်။ ၎င်းသည် အတွင်းပိုင်းဆိုင်ရာ ဆက်နွယ်မှုဖြစ်ပြီး၊ သုံးပါး တစ်ဆူတို့၏ဘုရားဖြစ်ခြင်းကို ငြင်းပယ်ထားခြင်းမဟုတ်ပေ။ ထို့ကြောင့်ဘုရားသခင်၏အကြောင်း သည် လူ့ဦးနှောက်ဖြင့် အကုန်အစင်မသိနိုင်ခြင်းဖြစ်သည်။ သားတော်အကြောင်းနှင့်ပတ်သက်၍ လု၊ ၂၂း၄၂၊ ယောဟန်၊ ၅း၃၆၊ ၂၀း၂၁၊ နှင့် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ယောဟန် ၁၄း၁၆၊ ၁၄း၂၆၊ ၁၆း၇၊ နှင့် အထူးသဖြင့် ၁၆း၁၃-၁၄တို့ကို ကြည့်ပါ။
၆။ ပုဂ္ဂိုလ်သုံးပါးတွင်ပါဝင်သောသူတို့သည် လုပ်ငန်းကိုယ်စီရှိကြသည်။ ခမည်းတော်ဘုရား သည် စကြာဝဠာတစ်ခုလုံး၏မူလအစ (၁ကော၊ ၈း၆၊ ဗျာ၊ ၄း၁၁)၊ ဘုရားသခင်နှင့်ဆိုင်သောဗျာ ဒိတ်တော် (ယောဟန်၊ ၁း၁)၊ ကယ်တင်ခြင်း (ယော၊ ၃း၁၆-၁၇) တို့၏ အရင်းအမြစ်ဖြစ်တော်မူ၏။ သခင်ယေရှုက လူသားနှင့်ဆိုင်သော အရာများလုပ်ဆောင်ထားပါသည် (ယောဟန်၊ ၅း၁၇၊ ၁၄း၁၀)။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ပါသည်။
သားတော်သည် ခမည်းတော်ပြုခဲ့ပြီးသော- လောကတခုလုံးကိုဖန်ဆင်းခြင်းနှင့်၊ ပြုပြင်မွမ်း မံခြင်း (၁ကော၊ ၈း၆၊ ယောဟန်၊ ၁း၃၊ ကောလော၊ ၁း၁၆-၁၇)၊ ဘုရားသခင်နှင့်ဆိုင်သောဗျာဒိတ် တော် (ယောဟန်၊ ၁း၁၊ ၁၆း၁၂-၁၅၊ မဿဲ၊ ၁၁း၂၇၊ ဗျာ၊ ၁း၁ နှင့် ကယ်တင်ခြင်း (၂ကော၊ ၅း၁၉၊ မဿဲ၊ ၁း၂၁၊ ယောဟန်၊ ၄း၄၁) တို့ကို တာဝန်ယူထိန်းသိမ်းပြုပြင်ထားပါသည်။ ထို့ကြောင့် ဘုရားသခင်က သခင်ယေရှုကို သူဖန်ဆင်းပြီးသောအရာများ ထပ်မံပြုပြင်မွမ်းမံရန် တာဝန်ခန့်အပ် ခဲ့ပါသည်။
ဤဖန်ဆင်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း (ကမ္ဘာ၊ ၁း၂၊ ယောဟန်၊ ၂၆း၁၃၊ ဆာ၊ ၁၀၄း၃၀)၊ ဘုရားသခင်နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ (ယောဟန်၊ ၁၆း၁၂၊၁၅၊ ဧဖက်၊ ၃း၅၊ ၂ပေ၊ ၁း၂၁)၊ ကယ်တင်ခြင်း (ယောဟန်၊ ၃း၆၊ တိတု၊ ၃း၅၊ ၁ပေ၊ ၁း၂) နှင့် သခင်ယေရှုပြုသောအမှုများ (ဟေရှာ၊ ၆၁း၁၊ တမန်၊ ၁၀း၃၈) တို့ကို ဘုရားသခင်က သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အမှုပြုခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်က အမှုပြုသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။
သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ ဖော်ပြချက်များစွာရှိသည်။ သို့သော်သူတို့၏ဖော်ပြ ချက်တို့သည် တိကျမှန်ကန်မှုမရှိပေ။ ကြက်ဥတစ်လုံးတွင် အနှစ်၊ အကာ၊ မခွံ၊ ပန်းသီးတစ်လုံး တွင်အခွံ၊ အသား၊ အစေ့၊ တို့ပါဝင်သည့်နည်းတူ သုံးပါးတဆူသည်လည်းထိုနည်းတူဖြစ်သည် ဟုြ အချို့သောသူများက ပြောတတ်ကြသည်။ သို့သော်ခမည်းတော်၊သားတော်နှင့် သန့်ရှင်းသောဝိ ညာဉ်တော်တို့သည် ဘုရားသခင်၏အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ၊ သူတို့အားလုံးသည် ဘုရားဖြစ် ကြသည်။ ရေအားဖြင့်ဖော်ပြထားခြင်းသည် ပို၍ကောင်းမွန်သော်လည်း သုံးပါးတဆူအကြောင်းကို ဖော်ပြရာတွင် တိကျခိုင်လုံမှုမရှိပေ။ ရေသည် အရည်၊ အငွေ့၊ အခဲ စသည်တို့ဖြစ်ဖွဲ့စည်းထားပါ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ၀ိညာဉ်တော်တို့သည်လည်း ဘုရားသခင်၏ဖွဲ့ စည်းထားသော ပုံသဏ္ဍာန်မဟုတ်ဘဲ၊ သူတို့သည် ဘုရားဖြစ်သည်။ ဤကဲ့သို့သောပုံဆောင်ချက် တို့သည် သုံးပါးတဆူဖော်ပြရာတွင် ဥပမာအဖြစ်မသုံးပြုနိုင်သော်လည်း တိကျမှန်ကန်မှုမရှိပေ။ ထာဝရဘုရားကို နစ္စအရာများအားဖြင့် ပုံဖော်၍မရနိုင်ပေ။
ယနေ့ခရစ်ယာန်အသင်းတော်တွင်သုံးပါးတဆူအကြောင်းကို တိကျစွာမသိရှိနိုင်ပေ။ သုံး ပါးတဆူအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် အရိပ်အရောင်သာဖော်ပြထားသော် လည်း ၎င်းတို့သည် ရှင်းလင်းစွာဖော်ပြထားခြင်းမဟုတ်ပေ။ ခမည်းတော်သည်ဘုရားဖြစ်သည်။ သားတော်သည် ဘုရားဖြစ်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားဖြစ်သည်။ သို့သော် ဘုရားတဆူတည်းရှိသည်။ သုံးပါးတဆူအကြောင်းသည် သမ္မာကျမ်းစာ၏ဖော်ပြချက်ဖြစ်သည်။ သမ္မာကျမ်းစာကလွှဲ၍ အခြားဖော်ပြချက်တို့သည် ထင်မြင်ချက်၊ငြင်းဆိုဖွယ်ရာ၊ အနှစ်သာရမရှိ သော ဖော်ပြချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဦးနှောက်ကို အသုံးပြု၍၊ သုံးပါးတဆူအကြောင်း ကို သိရှိရန် ကြိုးပမ်းမည့်အစား၊ ဘုရားသခင်၏ ကြီးမားဆန်းကျယ်မှု နှင့် သူ၏မြင့်မြတ်မှုတို့ကို ချီးမွမ်းရန် ပိုကောင်းသည်။ “ ဘုရားသခင်၏ပညာနှင့် ညာဉ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွ တကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူသောလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမီနိုင်။ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရ ဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဖက်ပြုသနည်း။” (ရောမ၊ ၁၁း၃၃-၃၄)
သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူများ၏ အတွင်း နှလုံးသားထဲ၌ ရှိသော ယုံကြည်ခြင်းကို ပြင်ပန်းသဏ္ဍာန်အားဖြင့် သက်သေထူထင်ရှားစေ ခြင်းဖြစ်သည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူတစ်ဦးက ခရစ်တော်နှင့်အတူသေ ကြောင်း၊ အတူသင်္ဂြိုဟ်ခြင်းခံကြောင်း နှင့် အတူရှင်ပြန်ထမြောက်ကြောင်းကို သက်သေထူခြင်းဖြစ် ပါသည်။ သမ္မာကျမ်းစာက “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့်အသေခံတော်မူခြင်း၌ ဗတ္တိဇံမင်္ဂလာခံ သောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်၊ သေခြင်းမှထမြောက်တော်မူသည့်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း” (ရောမ၊ ၆း၃-၄) ဟုဖော်ပြထားပါသည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်း၌ ရေထဲသို့နှစ်မြှုပ်ခြင်းသည် ခရစ်တော်နှင့်အတူသင်္ဂြိုဟ်ကြောင်း ထင်ရှားစေပါသည်။ ရေပေါ်သို့ပြန်ထခြင်းသည်လည်း သခင်ယေရှု၏ထမြောက်ခြင်းကို ပုံဖော်ပြ သသည်။
ခရစ်များဗတ္တိဇံခံယူခြင်းတွင် ဗတ္တိဇံခံယူမည့်သူက ဤအချက်နှစ်ခုတို့နှင့်ပြည့်စုံရပေမည်။ ၁။ ထိုသူသည် သခင်ယေရှုခရစ်တော်ကို မိမိအသက်ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံရ မည်။ ၂။ ဗတ္တိဇံမင်္ဂလာခံယူခြင်း၏ အရေးပါမှုကိုလည်းနားလည်ရပေမည်။ လူတစ်ဦးသည် သခင်ယေရှုကို မိမိကယ်တင်ပိုင်ရှင် အဖြစ်လက်ခံလျှင်၎င်း၊ ဗတ္တဇံမင်္ဂလာခံယူခြင်းသည် ပရိတ်သတ်ရှေ့မှောက်တွင် သခင်ယေရှုကို ယုံကြည်ကြောင်း သက်သေထူ၍ နာခံခြင်းအားဖြင့် ခြေတစ်လှမ်းရှေ့တိုးခြင်းဖြစ်သည် ဟုသိရှိလျှင်၎င်း၊ ထိုအရည်အချင်းနှင့်ပြည့်စုံသောခရစ်ယာန် တစ်ဦးသည် ဗတ္တိဇံမင်္ဂလာကို အခံဘဲမနေနိုင်ပေ။ သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်ခြင်း၏ခြေတစ်လှမ်းတက်ခြင်း၊ လူအများရှေ့တွင် သခင်ယေရှုကို ယုံကြည်ဆက်ကပ်မှုရှိကြောင်းကို ကြွေးကြော်ခြင်း၊ ခရစ်တော်၏အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် ထမြောက်ခြင်းတို့ကို အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အလွန်အရေးကြီးသည်။
ခရစ်ယာန်များစွာတို့က ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းနှင့်ပတ်သက်၍ သိရှိရန် ကြိုးပမ်း ခဲ့ကြပါသည်။ အချို့သောအသင်းတော်များတွင် ဆယ်ဘို့တစ်ဘို့အကြောင်းကို ပို၍ဦးစားပေး တတ်ကြသည်။ သို့သော်အချို့သော အသင်းတော်များတွင် ဘုရားသခင်အားပေးကမ်းလှူဒါန်းခြင်း နှင့်ပတ်သက်၍ သမ္မကျမ်းစာသွန်သင်ချက်များကို ငြင်းပယ်တတ်ကြသည်။ ဆယ်ဘို့တစ်ဘို့ပေး ကမ်းခြင်းနှင့် အလှူဒါနပြုခြင်းတို့သည် ၀မ်းမြောက်ခြင်းနှင့်ပျော်ရွှင်ခြင်းများကို ဖြစ်စေတတ်သည်။ ၀မ်းနည်းစရာတခုသည် ယနေ့အသင်းတော်တွင် ပေးကမ်းခြင်းက ၀မ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း ဖြစ်စေတတ်သည်ကို မသိကြခြင်းဖြစ်သည်။
ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းသည် ဓမ္မဟောင်း၏သွန်သင်ချက်ဖြစ်သည်။ ဣသရေလလူ မျိုးများသည် မိမိရရှိသောငွေကြေးများထဲမှ ဆယ်ဘို့တစ်ဘို့ကို ပေးလှူရန်နှင့် ၎င်းကိုတဲတော် (သို့) ဗိမာန်တော်သို့ယူဆောင်ရန် ပညတ်တော်ကသွန်သင်ထားပါသည် (၀တ်ပြု၊ ၂၇း၃၀၊ တောလည်၊ ၁၈း၂၆၊ တရားဟော၊ ၁၄း၂၄၊ ၂ရာ၊ ၃၁း၅)။ တကယ်တန်းကျတော့၊ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်က ဆယ်ဘို့တစ်ဘို့အပြင် တစ်ရာမှာ ၂၃.၃ ပေးလှူရန် တောင်းဆိုထားပါ သည်။ ယနေ့ အများအားဖြင့် ဆယ်ဘို့တစ်ဘို့ ပေးလှူရန် ယူဆတတ်ကြသည်။ အချို့သော လူပုဂ္ဂိုလ်များက ဓမ္မဟောင်းထဲ၌ ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းသည် ယဇ်ပူဇော်ခြင်း ကဏ္ဍတွင် ယဇ်ပရောဟိတ်များနှင့် လေ၀ိတို့၏လိုအပ်မှုများအတွက် ဆယ်ဘို့တစ်ဘို့ကို အခွန်ကဲ့သို့ ကောက်ယူခြင်းဖြစ်သည်ဟု သိရှိကြပါသည်။ ဓမ္မသစ်ကျမ်းစာထဲတွင် ဆယ်ဘိုတစ်ဘို့ပေးလှူရန် တောင်းဆိုမှု(သို့)ပြန်လည်အသိပေးခြင်းကို မတွေ့ရပေ။ ယုံကြည်သူတို့သည် အသင်းတော်ကို ထောက်ပံ့ရန် မိမိရရှိထားသောဝင်ငွေမှ မိမိစိတ်စေတနာဆုံးဖြတ်ချက်ရှိသည့်အတိုင်းပေးလှူရန် တမန်တော်ရှင်ပေါလုက ဖော်ပြထားပါသည်။ (၁ကော၊၁၆း၁-၂)
ဓမ္မာသစ်ကျမ်းထဲတွင် မိမိရရှိထားသောဝင်ငွေမှ တစ်ရာမှာမည်မျှပေးလှူရန်ချန်ထားရမည် ဟူ၍ဖော်ပြထားခြင်းမရှိပေ။ ၀င်ငွေနှင့်အတူချန်ထားရန် အတွက်သာပြောထားပါသည်။ (၁ကော၊ ၁၆း၂)။ အချို့သောအသင်းတော်များတွင် ဓမ္မာဟောင်း၏ သွန်သင်ချက်ဖြစ်သော ဆယ်ဘို့တစ် ဘို့ကိုစွဲကိုင်ရန်ဆယ်ဘို့တစ်ဘို့ကိုသာပေးလှူရန်ဖြစ်ကြောင်းနှင့်ခရစ်ယာန်များအလှူဒါနပြုရာတွင်ဆယ်ဘို့တစ်ဘို့ကိုသာပေးလှူရမည်ဖြစ်ကြောင်းခံယူထားကြသည်။ထောက်ခံအားပေး၍သွန်သင်တတ်ကြပါသည်။ဓမ္မာသစ်ကျမ်းထဲတွင်ပေးကမ်းခြင်း၏အရေးပါမှုနှင့်အကျိုးကျေးဇူးများကိုဖော်ပြထားပါသည်။ ကျွန်ူပ်တို့သည်မိမိစိတ်ထဲတွင်ရှိသည့်အတိုင်း ပေးလှူရမည်ဖြစ်သည်။ တခါတရံ ဆယ်ဘို့တစ်ဘို့ထက်များသော ပမာဏလည်းဖြစ်နိုင်သည်။ တစ်ခါတရံဆယ်ဘို့တစ်ဘို့ အောက်လည်းလျော့နည်းနိုင်သည်။ ၄င်းသည် ခရစ်ယာန်တို့၏ စိတ်ဆန္ဒနှင့် အသင်းတော်၏လို အပ်မှုပေါ်မူတည်သည်။ ယုံကြည်သူအယောက်စိတိုင်းက ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်း၌ ပါဝင်ရန် နှင့် မည်သို့ပေးလှူရမည်ကိုသိရှိရန် ဘုရားသခင်၏မျက်နှာတော်ကိုရှာ၍ ဆုတောင်းရပေမည်။ (ယာ ကုပ်၊၁း၅)။ ထိုပြင်ဆယ်ဘို့တစ်ဘို့ပေးလှူခြင်း၊ အလှူဒါန ပေးကမ်းခြင်းတို့သည် စိတ်နှလုံးဖြူစင် ခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှလုံးသားနှင့် ခရစ်တော်၏ခန္ဓာကိုယ်အတွက်ပေးကမ်းခြင်း စသော ရည်ရွယ်ချက်တို့ဖြင့် ပေးလှူရမည်။
“လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူဘဲမနေရ ဟု စိတ်ထင်နှင့် အလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကို သာဘုရားသခင် နှစ်သက်တော်မူ၏” (၂ကော၊ ၉း၇)။
။အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြချက်များစွာရှိ သည် (၀တ်ပြု၊ ၁၀း၉ ၊ တောလည်၊ ၆း၃၊ တရား၊ ၂၉း၆၊ တရားသူ၊ ၁၃း၎၊၇၊ ၁၄၊ သုတ္တံ၊ ၂၀း၁၊ ၃၁း၎၊ ဟေရှာ၊ ၅း၁၁၊ ၂၂၊ ၂၄း၉၊ ၂၈း၇၊ ၁၉း၉၊ ၅၆း၁၂) ဘီယာ သောက်သုံးခြင်း၊ ၀ိုင်နှင့်အခြားမူး ယစ်ဆေးဝါးများသုံးဆောင်ခြင်းမပြုရန် သမ္မာကျမ်းစာက တားမြစ်ထားခြင်းမရှိပေ။ အချို့သော ကျမ်းပိုဒ်များတွင် အရက်ကို ဆေးဝါးအဖြစ်အသုံးပြုရန် ဖော်ပြထားပါသည်။ ဒေသနာ၊၉း၇ ထဲတွင် “ရွှင်လန်းသောစိန်နှင့်စပျစ်ရည်ကို သောက်လော့” ဟုဖော်ပြထားပါသည်။ ဆာလံ၊ ၁၀၄း၁၄-၁၅ ထဲတွင် “စပျစ်ရည်သည်လည်း လူတိုကို ရွှင်လန်းစေ၏” ဟု ဖော်ပြထားပါသည်။ အာမုတ်၊ ၉း၁၄ တွင် ဘုရားသခင်က ကောင်းကြီးမင်္ဂလာချပေးသောကြောင့် သူတို့သည် မိမိဥယျဉ်မှ ထွက်သော စပျစ်ရည်ကို သောက်သုံးကြပါလိမ့်မည် ဟုဖော်ပြထားပါသည်။ ဟေရှာ၊ ၅၅း၁ တွင် “ငွေမပါဘဲ၊ အဘိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ကို ၀ယ်ကြလော့” ဟုဖော်ပြထားပါသည်။
အရက်သောက်ခြင်းနှင့်ပတ်သက်၍ အလွန်အကျူးသောက်သုံးခြင်းမပြုရန် ဘုရားသခင်က ယုံကြည်သူများကို အကျပ်အတင်း တားမြစ်ထားပါသည် (ဧဖက်၊ ၅း၁၈)။ အရက်ကို အလွန်အကျွံ သောက်သုံးသောသူများကို ဘုရားသခင်က တားမြစ်ထားပါသည် (သုတ္တံ၊ ၁၃း၁၉-၃၅)။ ခရစ်ယာန် များသည် မိမိကိုယ်ခန္ဓာကို တစုံတခု၌ ကျွန်မခံရန် သမ္မာကျမ်းစာက တားမြစ်ထားပါသည် (၁ကော၊ ၆း၁၂။ ၂ပေ၊ ၂း၁၉)။ အရက်ကို အဆက်မပြတ်သောက်သုံးခြင်းသည် အရက်ကို စွဲလမ်း ခြင်းဖြစ်သည်။ ခရစ်ယာန်တို့သည် ပြုလေသမျှ၌ အခြားခရစ်ယာန်များ လှဲကျစရာဖြစ်စေသော အပြုအမူ (သို့) အခြားသူများ အပြစပြုစေတတ်သော အပြုအမူများ မဖြစ်စေရန်အတွက် သမ္မာ ကျမ်းစာက တားမြစ်ထားပါသည် (၁ကော၊ ၈း၉-၁၃)။ ထို့ကြောင့် ဤအကြောင်းနှင့်ပတ်ပက်၍ ခရစ်ယာန်များသည် အရက်ကို အလွန်အကျွံသောက်သုံးလျှင် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်ဟု လက်မထောင်ပြောကြားရန် အလွန်ခဲယဉ်းလှပါသည် (၁ကော၊ ၁၀း၃၁)။
သခင်ယေရှုက ရေမှစပျစ်ရည်သို့ ပြောင်းလဲစေခဲ့သည်။ ထိုအချိန်တွင် သခင်ယေရှုသည် စပျစ်ရည် သောက်သုံးနိုင်ပေသည် (ယော၊ ၂း၁-၁၁၊ မဿဲ၊ ၂၆း၂၉)။ ဓမ္မသစ်ခေတ်ကာလတွင် ရေ သည် သန့်ရှင်းမှုမရှိခဲ့ပေ။ ရေသည် ယခုကဲ့သို့ကျန်းမာရေးနှင့် ညီညွတ်ရန် သန့်စင်ခြင်းမပြုလျှင်၊ ရောဂါပိုး၊ အလွန်သေးငယ်သောရောဂါပိုးမွှားများနှင့် အခြားညစ်ညမ်းသောအရာများသည် ရေထဲ တွင်ပါဝင်နိုင်သည်။ ယနေ့တိုးတက်ဖွံ့ဖြိုးမှုမရှိသောနိုင်ငံများတွင်လည်း ထိုအတိုင်းဖြစ်သည်။ ထို့ကြောင့်လူတွေက ညစ်ညမ်းမှုနှင့် ကင်းစင်ရန် စပျစ်ရည်ကို သောက်သုံးခြင်းဖြစ်သည်။ ၁တိ၊ ၅း၂၃ ထဲတွင် တိမောသေက ရေကိုသာအသောက်ဘဲ စပျစ်ရည်ကိုသုံးဆောင်ရန် ရှင်ပေါလုက ညွှန်ကြားထားပါသည်။ (သူသည် ရေကိုသောက်သုံးလျှင် သူ၏အစာအိမ်ကို ဆိုးရွားစွာ ထိခိုက်နိုင် ပေသည်)။ ထိုအချိန်တွင် စပျစ်ရည်ထဲတွင် မူးယစ်ဆေးဝါးပါဝင်လျက်ရှိသည်။ ယနေ့သောက်သုံး သောစပျစ်ရည်နှင့်ခြားနားမှုရှိနိုင်သည်။ စပျစ်ရည်သည် အချိုရည် ဖြစ်ရမည်။ ထိုအချိန်တွင် သောက်သုံးရသောစပျစ်ရည်သည် ယနေ့သောက်သုံးနေရသောစပျစ်ရည်နှင့် တူညီသည် ဟူသော အဆိုသည် မှန်ကန်မှုမရှိနိုင်ပေ။ သမ္မာကျမ်းစာက ဘီယာ၊ စပျစ်ရည်နှင့် အခြားမူးယစ် ဆေးဝါးပါဝင်သော အရည်များသောက်သုံးခြင်းမပြုရန် ခရစ်ယာန်များကို တားမြစ်ထားခြင်းမရှိပေ။ အရက်သည် အပြစ်မဟုတ်ပေ။ ခရစ်ယာန်တို့သည် အရက်ကို အလွန်အကျွံသောက်သုံးခြင်းနှင့် အရူးအမူးသောက်သုံးခြင်းကို ရှောင်ကြဉ်ရပေမည် (ဧဖက်၊ ၅း၁၈၊ ၁ကော၊ ၆း၁၂)။
အရက်မနည်းငယ်သောက်သုံးခြင်း၌ ထိခိုက်ပျက်ဆီးမှု (သို့) စွဲလမ်းမှုမရှိနိုင်ပေ။ ထို့ပြင် အချို့သောဆရာဝန်များက နှလုံးအားတိုးဆေးအတွက် စပျစ်ရည်အနည်းငယ်သုံးဆောင်လျှင်၊ ကျန်းမာရေးနှင့်ညီညွှတ်သည် ဟု အကြံပေးထားပါသည်။ ခရစ်ယာန်များသည် စပျစ်ရည်အနည်း ငယ်ကို သုံးဆောင်ခွင့်ရှိသည်။ အလွန်အကျွံသောက်သုံးခြင်းနှင့် အရူးအမူးစွဲလန်းခြင်းတို့သည် အပြစ်ဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်တို့သည် စပျစ်ရည်သောက် သုံးလျှင် စွဲလန်းရန်လွယ်ကူသည်။ အခြားသူများအတွက်လည်း ထိမိ၍လှဲစရာဖြစ်နိုင်သည်။ ထို့ကြောင့်ခရစ်ယာန်များသည် မူးယစ်ဆေးဝါးကို လုံးဝ ရှောင်ကြဉ်လျှင် အကောင်းဆုံးဖြစ်သည်။
သမ္မာကျမ်းစာထဲတွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဟေဗြဲဘာ သာစကားအားဖြင့်ဖြစ်စေ၊ ဂရိဘာသာစကားအားဖြင့်ဖြစ်စေ၊ ဖော်ပြထားသော စကားလုံးမရှိပေ။ သမ္မာကျမ်းစာက ပြည့်တန်ဆာမလုပ်ခြင်းနှင့် လိင်အပျော်အပါး လွန်ကျူးခြင်းကို တားမြစ်ထားပါသည်။ သို့ဖြစ်လျှင်သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍ အပြစ်ဖြစ်သည်ဟု ဖော်ပြထားသလား။ ၁ကော၊ ၇း၂ ၌ ဖော်ပြချက်အရ “သတ်မှတ်” ထားပါသည်။ “ကောင်းသော်လည်း မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။” ဤကျမ်း ပိုဒ်ထဲတွင် ပေါလုက လိင်အပျော်အပါးလွန်ကျူးသူများအတွက် အိမ်ထောင်ပြုခြင်းသည် “ကျိန်ခြင်း” တခုဖြစ်သည် ဟုဖော်ပြလိုခြင်းဖြစ်သည်။ ၁ကော၊ ၇း၂ ၏အဓိကဖော်ပြလိုခြင်းသည် လူတွေက လိင်ဆက်ဆံရေးတွင် အလွန်အမင်းလွန်ကျူးခဲ့သဖြင့် သူတို့သည် အိမ်ထောင်ပြုသင့်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သို့မှသာ သူတို့သည် မိမိလိုအပ်တောင့်တမှုကို သန့်ရှင်းစွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။
၁ကော၊ ၇း၂ တွင် အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် ဒုစရိုက်အပြစ်အဖြစ်သတ်မှတ် ထားကြောင်းသိကျစွာဖော်ပြထားပါသည်။ သမ္မာကျမ်းစာထဲတွင် လိင်အပျော်အပါးလိုက်ခြင်းကို တား မြစ်ထားပါသည်။ ထိုကြောင့် အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းကိုလည်း သမ္မာကျမ်းစာက တားမြစ် ထားပါသည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် သမ္မာကျမ်းစာအရ လိင်အပျော်အပါးလိုက်စား ခြင်းဖြစ်သည်။ အိမ်ထောင်မပြုမှီ လိင်ဆက်ဆံခြင်းသည် အပြစ်ဖြစ်ကြောင်း ကျမ်းပိုဒ်များစွာက ဖော်ပြ ထားပါသည် (တမန်၊ ၁၅း၂၀၊ ၁ကော၊ ၅း၁၊ ၆း၁၃၊ ၁၈၊ ၁၀း၈၊ ၂ကော၊ ၁၂း၂၁၊ ဂလာ၊ ၅း၁၉၊ ဧဖက်၊ ၅း၃၊ ကောလော၊ ၃း၅၊ ၁သက်၊ ၄း၃၊ ယုဒ၊ ၇)။ သမ္မာကျမ်းစာက အိမ်ထောင်မပြုမှီ လိင်ဆက် ဆံခြင်းကို ရွံရှာမုန်းတီးသည်။ လင်မယားဖြစ်ပြီးမှ လိင်ဆက်ဆံခြင်းကိုသာ ဘုရားသခင်က မှန်ကန် သည် ဟု ထောက်ခံထားပါသည် (ဟေဗြဲ၊ ၁၃း၎)။
လူတွေက လိင်ဆက်ဆံရေးကို အပျော်အပါးတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ မျိုးဆက်ပြန့်ပွါး ရေးအတွက် မသတ်မှန်ကြပေ။ အိမ်ထောင်ကျပြီးနောက် လိင်ဆက်ဆံခြင်းသည် ပျော်ရွှင်မှုရှိ၍ ဘုရားသခင်ကို စီမံချက်လည်းဖြစ်ပါသည်။ အိမ်ထောင်ပြုခဲ့ပြီးနောက် ယောက်ျားနှင့် မိန်းမတို့က လိင် ဆက်ဆံမှု၌ပျော်ရွှင်ခြင်းရှိရန် ဘုရားသခင်သည် အလိုတော်ရှိသည်။ ရှောလမုန်သီချင်းစာအုပ်နှင့် အခြား သောကျမ်းပိုဒ်များ (သုတ္တံ၊ ၅း၁၉) တွင် လိင်ဆက်ဆံရေး၏ပျော်ရွှင်မှုကို ဖော်ပြထားပါသည်။ အိမ်ထောင်ပြုသော ဇနီးမောင်နှံတို့က လိင်ဆက်ဆံခြင်းသည် မျိုးဆက်သစ်ပေါ်ထွန်းရေးအတွက်ဖြစ် ကြောင်းကို နားလည်းထားရမည်။ ထို့ကြောင့်အိမ်ထောင်မပြုမှီလိင်ဆက်ဆံခြင်းသည် သားသမီးထွန်း ကားရန်အတွက်မဟုတ်၊ လိင်ပျော်ရွှင်ခြင်းသက်သက်ဖြစ်သောကြောင့် မှားယွင်းမှုရှိသည်။ သူတို့သည် ဘုရားသခင်စီမံပေးသော သားသမီးထွန်းကားရန် ပေးသောဆုကျေးဇူးကို အလွှဲသုံးစားပြုခြင်း ဖြစ်သည်။
လိင်ဆက်ဆံခြင်းနှင့် ပတ်သက်၍အမှားအမှန်ကို သေချာစွာမသိလျှင်၊ သမ္မာကျမ်းစာသွန်သင် ချက်များကို လိုက်နာရမည်ဖြစ်သည်။ သို့ပြုလျှင်၊ လိင်ဆက်ဆံမှုကြောင့်ဖြစ်တတ်သောရောဂါ၊ ကလေးဖျက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ရန် စိုးရိမ်ပူပန်ခြင်း၊ မိဘမရှိသောသားသမီးများထွန်ကား ခြင်း နည်းပါးပျောက်ကွယ်သွားမည်ဖြစ်သည်။ အိမ်ထောင်မပြုမှီလိင်ဆက်ဆံရေးကို ရှောင်ရှားခြင်း သည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ မိမိကိုယ်ကို ထိန်းသိမ်းခြင်း၊ ကလေးသူများကိုတန်ဘိုးထား ကာပြုစုစောင့်ရှောက်ခြင်း၊ လိင်ဆက်ဆံရေးကို တန်ဘိုးရှိစွာအသုံးပြုခြင်းသည် တန်ဖိုးကြီး၍ အရေးကြီးဆုံးဖြစ်ကာ ဘုရားသခင်ကို ဂုဏ်ပြုခြင်းလည်းဖြစ်ပါသည်။
၁ပေ၊ ၃း၁၈-၁၉ တွင် “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ၀ိညာဉ် တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံသို့ ပို့ဆောင် ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် အဖြောင့်မတ်သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏။ ၀ိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခုထောင်ထဲမှာလောင်ထားသော ၀ိညာဉ်တို့အား တရားဟောတော်မူ၏” ဟုဖော်ပြထားပါသည်။ အခန်းငယ် ၁၈ ထဲတွင် ဖော်ပြထား သော “၀ိညာဉ်တော်အားဖြင့်” စကားစုသည် “ကိုယ်ခန္ဓာအားဖြင့်” ဟူသောစကားစုနှင့် သဘောတူညီ မှုရှိသည်။ ထိုကြောင့် “၀ိညာဉ်” စကားလုံးနှင့် “ခန္ဓာကိုယ်” စကားလုံးတို့သည် တခုနှင့်တခု ဆက်စပ် မှုရှိသည်ကိုသိရှိရန် လိုအပ်သည်။ ကိုယ်ခန္ဓာ နှင့်ဝိညာဉ်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် ၀ိညာဉ် ဖြစ်သည်။ “၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်တော်မူသည်” ဟူသော စကားစုသည် ခရစ်တော်သည် အပြစ်သားများအတွက် အသေခံတော်မူသောကြောင့် သူ၏၀ိညာဉ်သည် ဘုရားသ ခင်နှင့် မပေါင်းတော့သည်ကို ဖော်ပြလိုခြင်းဖြစ်သည် (မဿဲ၊ ၂၇း၄၆)။ ကိုယ်ခန္ဓာနှင့် ၀ိညာဉ်တို့၏ ကွာဟမှုကို ဖောပြရလျှင် မဿဲ၊ ၂၇း၄၆ ထဲတွင်ဖော်ပြထားသော ကိုယ်ခန္ဓာနှင့်ဝိညာဉ်သည် ခရစ်တော်၏ ခန္ဓာကိုယ်နှင့် သန့်ရှင်းသော ၀ိညာဉ်တော်တို့ကို ဖော်ပြလိုခြင်းဖြစ်သည်။ အပြစ်ကြွေး ပေးဆပ်ရန် ခရစ်တော်၏အသေခံခြင်းသည် ပြီးပြည့်စုံခဲ့သည်။ သူ၏၀ိညာဉ်က ပျက်ဆီးသွားခဲ့သော မိတ်သာဟာရဖွဲ့ခြင်းကို ပြန်လည်ရရှိစေခဲ့ပါသည်။
၁ပေ၊ ၃း၁၈-၂၂ ထဲတွင် ခရစ်တော်၏ဆင်းရဲးဒုက္ခခံခြင်း (အခန်းငယ်၊ ၁၈) နှင့် သူ၏ ဘုန်းတော်ထင်ရှားခြင်း (အခန်းငယ်၊ ၂၂) တို့၏ဆက်နွယ်မှု ကို ဖော်ပြထားပါသည်။ ရှင်ပေတာရုက ထိုအရာနှစ်ခုတို့ကြားဖြစ်ပျက်သော အကြောင်းအရာများကို အစီရင်ခံတင်ပြထားပါသည်။ အခန်းငယ် ၁၉ ထဲ၌ဖော်ပြထားသော “တရားဟောခြင်း စကားလုံးသည် ဓမ္မသစ်ထဲတွင် ရှိသော ကယ်တင်ခြင်း သတင်းကောင်း “ဟောပြောခြင်း” စကားလုံးနှင့် တူညီမှုမရှိပေ။ ၎င်း၏အဓိပ္ပါယ်သည် သတင်းကောင်းကို ရှေ့ပြေးအဖြစ် ကြွေးကြော်ခြင်းဖြစ်သည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် နာကျင်စွာအသေခံခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည်အသေခံခဲ့သည်။ သူ့ကို အပြစ်ရှိသောသူဖြစ်စေ သောကြောင့် သူ၏စိတ်သည် လည် သောခဲ့သည်။ သို့သော် သူ၏၀ိညာဉ်သည် အသက်ရှင်ပြီး၊ ခမည်းတော်ဘုရားသခင်ထံသို့ ဆက်ကပ်ခဲ့ပါသည်။ ရှင်ပေတာရု၏ဖော်ပြချက်အရ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားတွင် သခင်ယေရှုသည် “ထောင်ထဲရှိဝိညာဉ်များ” ထံသို့သတင်းကောင်း ဝေမျှနိုင်သည်။
ပေတာရုဖော်ပြချက်ကိုကြည့်လျှင် လူတွေ၏၀ိညာဉ်ကို ဖော်ပြရလျှင် “souls” (၀ိညာဉ်) ဟုဖော်ပြထားပြီး၊ “spirit” (၀ိညာဉ်) (၃း၂၀) အဖြစ်ဖော်ပြထားခြင်းမရှိပေ။ သမ္မသစ်ကျမ်းထဲတွင် “spirits” ၀ိညာဉ်ဟူသော စကားလုံးသည် ကောင်းကင်တမန်(သို့) နတ်ဆိုးများကို ဖော်ပြရန် အသုံးပြု ခြင်းဖြစ်ပြီး၊ လူသားများကို ဖော်ပြရန် အသုံးအပြုပေ။ အခန်းငယ်၊ ၂၂ သည် ကောင်းကင်တမန် (သို့) နတ်ဆိုးများကို ဖော်ပြလိုခြင်းဖြစ်နိုင်သည်။ သခင်ယေရှုသည် ငရဲသို့သွား၍ ကယ်တင်ခြင်းတရား ဟောခဲ့သည်ဟု သမ္မာကျမ်းစာထဲတွင် မတွေ့ရပေ။ တမန်၊ ၂း၃၁ က သခင်ယေရှုသည် “Hades” (လူသေတို့၏ ၀ိညာဉ်စုရုံးသောနေရာ) သို့သွားရောက်ခဲ့သည် ဟုဖော်ပြထားပါသည်။ သူသည် ငရဲထဲ သို့သွားရောက်ခဲ့သည်ဟု ဖော်ပြထားခြင်းမရှိခဲ့ပေ။ “Hades” စကားလုံးသည် သေပြီးသောသူများ ပြန်လည်ထမြောက်သောအချိန်ကို စောင့်ဆိုင်းရန် အသေကောင်များခေတ္တထားရှိသော နေရာဖြစ်သည်။ ဗျာ၊ ၂၀း၁၁-၁၅ NASB (သို့) New International Version တို့တွင် Hades နှင့် ငရဲတို့၏ကွာဟမှုကို တိကျစွာဖော်ပြထားပါသည်။ ငရဲမီးအိုင်သည် မယုံကြည်သူများထာဝရတည်ရှိ သော နေရာဖြစ်သည်။ Hades သည် ခေတ္တသိုလောင်ထားသောနေရာဖြစ်သည်။
သခင်ယေရှုက မိမိဝိညာဉ်ကို ခမည်းတော်ထဲသို့အပ်နှံကာ သေဆုံးသွားခဲ့သည်။ သူသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလကြားတွင် သောပြီးသော သူများ၏၀ိညာဉ်စုရုံးသော နေရာ (ကျဆင်းသောကောင်းကင်တမန်များ ရှိသောနေရာ-ယုဒ ၆ကို ကြည့်ပါ)သို့သွားရောက်ခဲ့သည်။ထိုသူ တို့နေသည် နောအအချိန်ရေလွှမ်းမိုးခြင်း မတိုင်မှီရှိသောသူများနှင့်တူကြောင်းဖော်ပြထားပါသည်။ အခန်းငယ် ၂၀ ထဲတွင် ဤအကြောင်းနှင့်ပတ်သက်၍ တိကျစွာဖော်ပြထားပါသည်။လှောင်ပိတ်ခြင်းကို ခံရသောဝိညာဉ်များထံ ခရစ်တော်က ဘာအကြောင်းဟောပြောခဲ့သည်ကို ရှင်ပေတာရုက မဖော်ပြခဲ့ သော်လည်း ပစ်ချခြင်းခံသော ကောင်းသောတမန် ကယ်တင်ခြင်းရရှိရန် သူသည် ကယ်တင်ခြင်းသ တင်းကောင်းဟောပြောလိမ့်မည်မဟုတ်ပေ (ဟေဗြဲ၊ ၂း၁၆)။ ထိုသတင်းသည် စာတန်နှင့်သူ၏ လူများအပေါ်တွင် ကြွေးကြော်သော အောင်မြင်ခြင်း သတင်းကောင်းဖြစ်နိုင်သည်(၁ပေ၊ ၃း၂၂၊ ကောလော၊ ၂း၁၅)။ ဧဖက်၊ ၄း၈-၁၀ ထဲတွင် ခရစ်တော်သည် “ပါရဒိသုဘုံ” (လု၊ ၁၆း၂၀၊ ၂၃း၄၃) သို့ တက်ရောက်ခဲ့ပြီး၊ သူမသေမှီ ယုံကြည်ပြီးသောသူများကို ကောင်းကင်ဘုံသို့ ချီဆောင်ခဲ့ပါသည်။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြားထဲတွင် ဖြစ်ပျက်သော အကြောင်းအရာများကို သမ္မာကျမ်းစာထဲတွင် သေချဂနစွာ ဖော်ပြထားခြင်း မရှိသော်လည်း ကျမ်းတတ်ပုဂ္ဂိုလ်အများစုက ၎င်းသည် “ချီဆောင်ခြင်းခံသောသူများလွှတ်မြောက်ပေးခြင်း” ကိုဆိုလိုသည်ဟု သဘောတူကြသည်။
နိဂုံးနေဖြင့်ဖော်ပြရလျှင်၊ ခရစ်တော်၏သေခြင်းနှင့် ထမြောက်ခြင်းကြားကာလတွင် သူသည် ဘာအမှုပြုခဲ့ကြောင်းကို သမ္မာကျမ်းစာထဲတွင် တိကျစွာဖော်ပြထားခြင်းမရှိပေ။သို့သော်သူသည် ကျဆင်းသော ကောင်းကင်တမန်များနှင့် မယုံကြည်သူများပေါ်တွင် အောင်ပွဲကို ကြွေးကြော်နိုင် ပေသည်။ အဓိကအချက်သည် သခင်ယေရှုက ထိုသူတို့သည် ကယ်တင်ခြင်းစိတ်ချမှုရရှိရန် ဒုတိယ အကြိမ်ပေးလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် သေဆုံးသွားခဲ့ပြီးနောက်၊ တရားစီရင်ခြင်းကို ခံရမည် ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည် (ဟေဗြဲ၊ ၉း၂၇)။ ဒုတိယ အခွင့်အရေးဟူ၍ ရှိတော့မည် မဟုတ်ပေ။ သခင်ယေရှုသေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကာလတွင် သူသည် ဘာအမှုပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်းတစုံတခုမျှမရှိပေ။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက် သည့်အခါ နက်နဲလျှို့ဝှက်သောအရာများ ကို သိရှိပါလိမ့်မည်။
အခြားသောဘာသာစကားပြောဆိုခြင်းသည် တမန်တော်ဝတ္ထု၊ ၂း၁-၄၊ ပင်တေဂု တ္တေနေ့တွင် စတင်ပေါ်ပေါက်ခဲ့သည်။ တမန်တော်များသည်သွား၍ မိမိဘာသာစကားကို အသုံးပြု၍ လူများအားတရားဒေသနာဝေငှခဲ့ပါသည်။ “ငါတို့အမျိုးဘာသာစကားအားဖြင့် ဟောပြောသည်ကို ကြားရပါသည်တကားဟု အချင်းချင်း ပြောဆိုကြ၏” (တမန်၊ ၂း၁၁)။ ဂရိဘာသာစကားဖြစ်သော ဘာသာစကားကို ဘာသာပြန်ဆိုလျှင် “အခြားသောဘာသာစကား” ဟုဘာသာပြန်ဆိုရပေမည်။ ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုခြင်းသည် အခြားသော လူမျိုးများ၏စကားကို အသုံးပြု၍ ထိုသူတို့ထံဘုရားသခင်၏အကြောင်းကို ဝေငှသက်သေခံခြင်း ဖြစ်သည်။ ၁ကော၊ ၁၂-၁၄ ထဲတွင် ရှင်ပေါလုက ဆုကျေးဇူး အကြောင်းများကို ဖော်ပြထားပါ သည်။ “ ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍၊အခြားသောဘာသာစကားဖြင့်ဟောပြော သော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမသြ၀ါဒ ပေးခြင်း တခုခုမပြုဘဲလျှက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း” (၁ကော၊ ၁၄း၆) ရှင်ပေါလုဖော်ပြချက်အရ၎င်း၊ တမန်တော်ဝတ္တုထဲ၌ဖော်ပြချက်အရ အခြားသောဘာသာ စကား ပြောသောအခါ နားထောင်သောသူများက ဘုရားသခင်၏စကားတော်ကြားရမည်ဖြစ်ပါသည်။ ထို သို့နားထောင်သောသူက နားမလည်လျှင် မိမိပြောဆိုသော စကားကို ဘာသာပြန်ပေးရမည်ဖြစ် သည်။
အခြားသောဘာသာစကားကို အနက်ဖွင့်ခြင်းဆုကျေးဇူးရရှိသောသူ (၁ကော၊ ၁၂း၃၀) သည် အခြားသောဘာသာစကားပြောကြားသောသူ၏စကားကို တခါမျှမကြားဘူးသော်လည်း အနက်ဖွင့်ဆိုတတ်မည်ဖြစ်ပါသည်။ အခြားသောဘာသာစကားကို အနက်ဖွင့်တတ်သောသူက အခြားသောဘာသာစကားပြောသောသူ၏ နှုတ်ကပတ်တော်ဝေငှခြင်းကို အနက်ဖွင့်ပေးရပေမည်။ သို့မှသာ နားထောင်သောသူများက ဟောပြောသောနှုတ်ကပတ်တော်ကိုသိရှိကြမည်ဖြစ်သည်။ “ထို့ကြောင့်အခြားသောဘာသာစကားကိုပြန်ပြောသောသူသည်၊ အနက်ကိုလည်းဖော်ပြနိုင်မည် အကြောင်းဆုတောင်းစေ။ “ (၁ကော၊ ၁၄း၁၃)။ ရှင်ပေါလုက အခြားသောဘာသာစကားပြောဆို ရာတွင် အနက်ဖော်ပြခြင်းမရှိပါက အကျိုးမရှိပေဟု ဤသို့ဖော်ပြထားပါသည်။ “ သို့သော်လည်း အသင်းတော်၌ အခြားသောဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည်ထက်၊ သူတပါးတို့ကိုသွန်သင်ခြင်းငှါ စကားငါးခွန်းကို ဥာဏ်နှင့်ပြောနိုင်သော အခွင့်ကိုသာ၍အလိုရှိ၏။” (၁ကော၊ ၁၄း၁၉)။
အခြားသောဘာသာစကားပြောတတ်သောဆုကျေးဇူးသည် အနေ့အတွက်ဖြစ်သလား။ ၁ကော၊ ၁၃း၈ထဲတွင် ရှင်ပေါလုက အခြားသောဘာသာစကားဆုကျေးဇူးသည် ရပ်တန့်သွားခဲ့ ကြောင်းဖော်ပြထားပါသည်။ ၁ကော၊ ၁၃း၁၀ ၌ဖော်ပြထားသော “ပြီးပြည့်စုံခြင်း” နှင့်အတူ၊ အခြားသော ဘာသာစကားပြောဆိုခြင်းသည်လည်းရပ်တန့်သွားခဲ့ပါသည်။ ဂရိဘာသာစကားအား ဖြင့် ပရောဖက်ပြုခြင်းနှင့် ညာဉ်ပညာဆုကျေးဇူးတို့၏ရပ်တန့်ခြင်းနှင့် အခြားသောဘာသာစကား ၏ရပ်တန့်ခြင်းသည် အနည်းငယ်ကွာဟမှုရှိသည်။ အခြားသောဘာသာစကားသည် “ပြီးပြည့်စုံ” သောအချိန်မရောက်မီ ရပ်တန့်သွားခြင်းဖြစ်ပါသည်။ သို့သော်ဤကျမ်းပိုဒ်ထဲတွင် အခြားသောဘာ သာစကားသည် ရပ်တန့်သွားခဲ့သည် ဟု ကွက်ကွက်ကွင်းကွင်း ဖော်ပြထားခြင်းမရှိပေ။ အချို့သော ကျမ်းပိုဒ်များဖြစ်သော ဟေရှာ၊ ၂၈း၁၁ နှင့် ယောလ၊ ၂း၂၈-၂၉ တို့တွင် အခြားသောဘာသာ စကားသည် ဘုရားသခင်၏တရားစီရင်မည့်နိမိတ်လက္ခဏာ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ၁ကော၊ ၁၄း၂၂ ထဲတွင် အခြားသောဘာသာစကားသည် “မယုံကြည်သူများအတွက် အံ့သြဘွယ် နိမိတ်လက္ခဏာဖြစ်သည် ဟုဖော်ပြထားပါသည်။ ဣသရေလလူမျိုးတို့သည် သခင်ယေရှုကို မေရှ ယအဖြစ်လက်ခံခြင်းမရှိလျှင် တရားစီရင်မည်ဟု ဂျူးလူမျိုးများကို သတိပြုရန်အတွင် အခြားသော ဘာသာစကားပြောခြင်းဆုကျေးဇူးကို ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က ဣသရေလ လူမျိုးများကို အပြစ်ဒဏ်ပေးသည့်အချိန်တွင် (A.D.70 တွင် ယေရုရှလင်မြို့ကို ရောမများက ဖျက်ဆီးခဲ့သည်) အခြားသောဘာသာစကားပြောဆိုခြင်းဆုကျေးဇူး၏ ပန်းတိုင်ကို ရပ်တန့်သွား ခဲ့ပါသည်။ ၎င်းကြောင့် အခြားသောဘာသာစကားပြောဆိုခြင်းဆုကျေးဇူး၏ ရည်ရွယ်ချက်သည် ပြည့်စုံခဲ့ပြီဖြစ်သောကြောင့် အခြားသောဘာသာစကားပြောဆိုခြင်းသည် ရပ်တန့်သွားခြင်းဖြစ် သည်။ သို့သော်သမ္မာကျမ်းစာထဲတွင် အခြားသောဘာသာစကားပြောဆိုခြင်းသည် ရပ်တန့်သွား ကြောင်းဖော်ပြချက်မရှိပေ။
ထိုနည်းတူ၊ ယနေ့အသင်းတော်အသီးသီးတွင် အခြားသောဘာသာစကားပြောဆိုခြင်းကို အသုံးပြုလျှင် သမ္မကျမ်းစာ ဖော်ပြထားသည့်အတိုင်း အသုံးပြုရမည်ဖြစ်သည်။ ၎င်းသည် စစ်မှန်၍ နာလည်နိုင်သော စကားဖြစ်ရပေမည် (၁ကော၊ ၁၄း၂၇-၂၈)။ ၁ကော၊ ၁၄း၃၃ ထဲတွင် ဖော်ပြချက် နှင့် ညီညွှတ်ရမည်ဖြစ်သည်။ “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုပြုတော်မမူ။ သန့်ရှင်း သော သူတို့၏အသင်းတော်အပေါင်းတို့၌ဖြစ်သကဲ့သို့ အသင့်အသင့်ငြီမ်ဝပ်ခြင်းပြုစု တော်မူ၏”
ဘာသာစကားမတူသောသူများထံ ဘုရားသခင်၏စကားတော်ဟောပြောနိုင်ရန်အတွက် ဘုရားသခင်က လူပုဂ္ဂိုလ်တစ်ဦးအား အခြားသောဘာသာစကားပြောဆိုခြင်းဆုကျေးဇူး ပေးအပ် နိုင်ခဲ့သည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ၀ိညာဉ်ဆိုကျေးဇူးများကို ဝေမျှသောပုဂ္ဂိုလ်ဖြစ်ပါ သည် (၁ကော၊ ၁၂း၁၁)။ သာသနာလုပ်ငန်းလုပ်ဆောင်သူများအတွင် တခြားတိုင်းတပါးသို့ သွား ရောက်အမှုတော်ဆောင်သောအခါ ထိုနေရာဒေသ၏ဘာသာစကားကို တတ်ကျွမ်းရန် ဘယ် လောက် အရေးကြီးသည် ကို စဉ်းစားကြည့်ပါ။ သူသည် ဘာသာစကားသင်ကျောင်းသို့သွား၍ ဘာသာစကားသင်ယူရမည်ဖြစ်သည်။ အခြားသောဘာသာစကားပြောဆိုခြင်းဆုကျေးဇူးသည် အလွန်အရေးကြီးသော်လည်း ဓမ္မသစ်ယုံကြည်သူများ၏လုပ်ဆောင်ချက်အရ၊ အခြားသောဘာသာ စကားပြောဆိုခြင်းသည် ရပ်တန့်သွားခဲ့သည်။ ယနေ့ အခြားသောဘာသာစကားပြောဆိုခြင်းကို ကျင့်သုံးသော ယုံကြည်သူများသည် အထက်ကဖော်ပြထားသော သမ္မာကျမ်းစာဖော်ပြချက်များနှင့် ညီညွှတ်မှုမရှိပေ။ နိဂုံးချုပ်အနေဖြင့်၊ အခြားသောဘာသာစကားပြောဆိုခြင်းသည် အဆုံးသတ် သွားခဲ့ပြီး၊ အဆုံးမသတ်လျှင်လည်း ယနေ့အသင်းတော်ယုံကြည်သူများအတွက် ဘုရားသခင်၏အ ကြံအစည်သည် အခြားသောဘာသာစကားပြောဆိုခြင်းထက် တခြားအရေးကြီးသောအရာများ စွာ ရှိသည်။
လောင်းကစားခြင်းကို သမ္မာကျမ်းစာက တားမြစ်ထားခြင်းမရှိပေ။ သမ္မာကျမ်းစာက ငွေ ကို တပ်မက်ခြင်းမရှိရန် သတိပေးထားသည် (၁တိ၊ ၆း၁၀၊ ဟေဗြဲ၊ ၁၃း၅)။ “အလျင်အမြန်တိုးတက် ချမ်းသာခြင်း” ကို တပ်မက်ခြင်းမရှိရန် နှုတ်ကပတ်တော်က တိုက်တွန်းထားပါသည် (သု၊ ၁၃း၁၁၊ ၂၃း၅၊ ဒေသနာ၊ ၅း၁၀)။ လောင်းကစားခြင်းသည် ငွေကို တပ်မက်ခြင်း၊ အလျှင်တဆောတိုးတက် ချမ်းသာရန် ဆန္ဒရှိခြင်းဖြစ်သည်။
လောင်းကစားခြင်း၌ မှားယွင်းမှုရှိသလား။ လောင်းကစားခြင်းသည် ငွေကြေးဖြုန်းတီးမှု သက်သက်ဖြစ်၍ တနည်းအားဖြင့်လောင်းကစားခြင်းသည် အပြစ်ပြုခြင်းလည်း မဟုတ်သော ကြောင့် လောင်းကစားခြင်းသည် မှားယွင်းမှုရှိသည်/မရှိသည်ကို ဖော်ပြရန် အလွန်ခဲယဉ်းလှပါ သည်။ လူတွေက လောင်းကစားခြင်း၌ ငွေကြေးများစွာ ဖြုန်းတီးခဲ့ကြသည်။ တကယ်တန်းကျတော့ ရုပ်ရှင်ကြည့်ခြင်း၊ မလိုအပ်ဘဲ ဈေးကြီးသောအစားအစာများစားသုံးခြင်း၊ အရေးအကြီးသော ပစ္စည်း များဝယ်ယူခြင်း စသည်တို့ထက်၊ လောင်းကစားခြင်းသည် ငွေကြေးဖြုန်းတီးမှုသက်သက် ဖြစ်သည်။ တဘက်တွင် အခြားမလိုအပ်သောပစ္စည်းများ ၀ယ်ယူဖြုန်းတီးခြင်းသည် မှန်ကန်၍ လောင်းကစားခြင်းသည် မှားယွင်းသည် ဟုလည်းမပြောနိုင်ပေ။ ငွေကြေးဟူသည် ဖြုန်းတီးရန် အတွက်မဟုတ်ပေ။ ငွေကြေးဟူသည် အနာဂတ်လိုအပ်မှုများ ဖြည့်ဆည်းပေးရန်အတွက် ဖြစ်စေ၊ ဘုရားသခင်အမှုတော်သို့ပေးလှူရန် အတွက်ဖြစ်စေ၊ စုသိမ်းရမည်ဖြစ်သည်။ လောင်းကစားခြင်းပြု ဘို့ရန်အတွက် မဟုတ်ပေ။
သမ္မာကျမ်းစာထဲတွင် လောင်းကစားခြင်းကို ဖော်ပြထားခြင်းမရှိပေ။ “ကံတရား” (သို့) “အခွင့်ထူး” အဖြစ်သာဖော်ပြထားပါသည်။ ဥပမာအားဖြင့်၊ ၀တ်ပြုရာကျမ်းထဲတွင် ယဇ်ပူဇော်ခြင်း အမှုပြုရာတွင် အသုံးပြုရသော ဆိတ်ကို သိရှိနိုင်ရန် စာရေးတံချခဲ့ပါသည်။ ယောရှုသည် ဣသရေလ လူမျိုးများအတွက် နယ်မြေခွဲဝေပေးရာတွင် မဲနှိုက်စေခဲ့သည်။ နေဟမိသည် လည်း ယေရုရှလင်မြို့တွင် မည်သူနေထိုင်ရမည်ကို သိရှိရန် မဲနှိုက်စေခဲ့သည်။ ယုဒရှကာရုတ်နေရာတွင် မည်သူကအစားထိုးမည်ကို သိရှိရန် တမန်တော်များက မဲနှိုက်စေခဲ့သည်။ သု၊ ၁၆း၃၃ တွင် “ စာ ရေးတံတို့ကို အိတ်၌ လောင်းလျက်ရှိရာတွင် ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏ “ ဟုဖော်ပြထားပါသည်။
လောင်းကစားပွဲရုံနှင့် ကံစမ်းခြင်းအကြောင်းနှင့်ပတ်သက်၍၊ သမ္မာကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။ လောင်းကစားပွဲရုံသည် လောင်းကစားလိုသူများလာရောက်၍ ငွေကြေးများစွာ စွန့်စားအသုံးပြုနိုင်သော ဈေးပွဲတော်ကြီးတစ်ခုဖြစ်သည်။ ထိုနေရာတွင် အရက်ကို အခမဲ့ (သို့) ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာ၊ လူတွေက အရက်သောက်ပြီးမူးဝေခဲ့ပြီးနောက်၊ ဆုံးဖြတ်ချက် ချနိုင်သော ညာဏ်လျော့နည်းစေခဲ့သည်။ ထိုနေရာသို့သွားသောသူများသည် ငွေကြေးများစွာ ရင်း ၍ အမြတ်မရတတ်ကြပေ။ သို့သော်ပျော်ရွှင်မှုကို ခံစားခဲ့ကြသည်။ ကံစမ်းခြင်း သည် ပညာရေး (သို့) လူမှုရေး အစီအစဉ်အတွက် ရန်ပုံငွေရရှိရန် ရှာဖွေသောနည်းလမ်းဖြစ်သည်။ ကံစမ်းမဲ၌ ပါဝင် သောသူများက ကံစမ်းမဲဝယ်ယူရန် အတွက် ငွေကြေးများစွာ ရင်းနှီးရန် မလိုအပ်ပေ။ “တဟုန်ထိုး” ချမ်းသာလိုသောစိတ်တောင့်တမှုသည် အလွန်ကြီးမားသော စုံစမ်းခြင်းတခုဖြစ် သည်။ လောင်းကစားခြင်းသည် ငွေကြေးဖြုန်းတီးမှုမရှိသော အရာတခုဖြစ်သည်။ ၎င်းကြောင့် လူများစွာတို့၏ ဘ၀ကို ပျက်ဆီးခဲ့သည်။
လောင်းကစားခြင်အားဖြင့် ဘုရားသခင်သည် ၀မ်းမြောက်ခြင်းရှိမည်လော။ အချို့သောသူ များက အသင်းတော်ကို ထောက်ပံ့ရန်နှင့် အခြားသော ကောင်းမှုကုသိုလ်များပြုရန်အတွက် လောင်းကစားခြင်းအားဖြင့် ငွေကြေးရှာဖွေတတ်ကြသည်။ ကောင်းသော အရာများပြုရန် လောင်းကစားလျှင်၊ လောင်းကစားရာ၌ အောင်မြင်မှုရရှိရန် အခွင့်အလမ်းနည်းပါးသွားပေမည်။ လောင်းကစားရာတွင်အောင်မြင်၍ ငွေကြေးများစွာရရှိသောသူတို့သည် ငွေကြေးအသုံးချရာတွင် မှားယွင်းမှုများစွာရှိသည်။ လူအနည်းငယ်ကသာ လောင်းကစားရာမှ မိမိရရှိသော ငွေကြေးကို မှန်ကန်စွာအသုံးပြုသည်။ ထို့ပြင်ဤလောကတွင် ဘုရားသခင်၏အမှုတော်မြတ်အတွက် ဘုရား သခင်က ကျွန်ုပ်တို့၏ငွေကြေးကို မလိုအပ်ပေ။ သုတ္တံ၊ ၁၃း၁၁ တွင် “လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာလျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွါးတတ်၏” ဟု ဖော်ပြထားပါသည်။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုး၍ သူ၏အသင်းတော်ကိုလည်း ဖြူစင် သော ဥစ္စများအားဖြင့် ထောက်ပံ့ထားပါသည်။ ဘုရားသခင်သည် အရက်ရောင်းချခြင်းမှ ရရှိသော ငွေ (သို့) ဘဏ်ထိုးဖောက်ရာမှရရှိသောငွေတို့ဖြင့် ၀မ်းမြောက်ခြင်းရှိမည်လား။ သူသည် ၀မ်းမြောက် ပီတိရှိလိမ့်မည် မဟုတ်ပေ။ ဆင်းရဲသားများထံမှ မတရားသဖြင့် ရရှိသော ငွေကြေးကို ဘုရားသခင်က မနှစ်သက်ပေ။
၁တိ၊ ၆း၁၀ တွင် “ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအ ပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာ များနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင် ထိုးကြပြီ “ ဟုမိန့်ဆိုထားပါသည်။ ဟေဗြဲ၊ ၁၃း၅ တွင် “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွှတ်၍၊ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျင်းမထား ဟု ကတိတော်ရှိ၏” ဟု ဖော်ပြထားပါသည်။ မဿဲ၊ ၆း၂၄ တွင် “အဘယ်သူမျှ သခင်နှစ်ဦးအစေကို အခံနိုင်၊ သခင်တစ်ဦးကို မုန်း၍တစ်ဦးကို ချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သခင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ” ဟုဖော်ပြထားပါသည်။
အိမ်ထောင်ကွာရှင်းခြင်းကိစ္စနှင့် ပတ်သက်၍ ယူဆချက်များစွာရှိခဲ့သော်လည်း မာလခိ ၂း၁၆ ကို မှတ်သားရန် အလွန်အရေးကြီးသည်။ “မယားကို စွန့်ပစ်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှား သော အပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည် ဟု ဣသရေလလူမျိုး၏ဘုရားသခင်က မိန့်တော် မူသည်”။ သမ္မာကျမ်းစာအရဖော်ပြရလျှင်၊ အိမ်ထောင်ပြုခြင်းသည် ဤလောကတွင် အသက်ရှင် နေသရွေ့ ဆက်ကပ်အပ်နှံခြင်းရှိရန်အတွက် ဖြစ်သည်။ “ထို့ကြောင့်လင်မယားတို့သည် နှစ်ဦးဖြစ် သည် အဟုတ်။ တစ်ဦးတည်းဖြစ်တော်မူ၏။ ဘုရားသခင်ပေါင်းစပ်၍ ထမ်းပိုးတင်တော်မူသော အရာကို လူမခွဲမခွါစေနှင့် ဟုမိန့်တော်မူ၏” (မဿဲ၊ ၉း၆)။ ဘုရားသခင်၏ရှေ့မှောက်တွင် အိမ်ထောင်ပြုခြင်းကို မှန်ကန်မှုမရှိလျှင်၊ ထိုအပြစ်ကြောင့် ကွာရှင်းမှုဖြစ်နိုင်သည် ဟုဘုရားသခင် က မိန့်တော်မူခဲ့သည်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းထတွင် အမျိုးသမီးများသည် ကွာရှင်းခြင်းအ မှုပြုသောအခါ ကွာရှင်းနိုင်သော ပညတ်အချို့တို့ကို ဘုရားသခင်က ချပေးထားပါသည် (တရားဟော၊ ၂၄း၁-၆)။ ထိုကွာရှင်းခြင်း ပေးအပ်ခြင်းသည် ဘုရားသခင်၏အလိုတော်မဟုတ်ဘဲ လူတွေ၏နှလုံးသားမာကြောမှုကြောင့်ပင်ဖြစ်သည် (မဿဲ၊ ၁၉း၈)။
ကွာရှင်းခြင်း၊ တဖန်အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ပတ်သက်၍ သမ္မာကျမ်းစာအရဖော်ပြရ လျှင် မဿဲ၊ ၅း၃၂ နှင့် ၁၉ တို့တွင် သခင်ယေရှုပြောသောစကားကို အခြေပြုရပေမည်။ သမ္မာ ကျမ်းစာထဲတွင် ဖော်ပြသော “အိမ်ထောင်ပြုခြင်းတွင် သစ္စာမဲ့လျှင်” ဟူသောစကားစုကလွှဲ၍ ကွာ ရှင်းခြင်းနှင့် တဖန်အိမ်ထောင်ပြုခြင်းကို ဘုရားသခင်က ခွင့်မပြုပေ။ ဤကျမ်းပိုဒ်ကို ဘာသာပြန် အနက်ဖွင့်ဆိုသူများစွာတို့က “လျှင်” စကားလုံးကို မသုံးပြုခြင်းသည် “အိမ်ထောင်ပြုခြင်း၌ သစ္စာ မဲ့ခြင်း” ကို ရည်ညွှန်းလိုခြင်းဖြစ်ပြီး၊ ၎င်း သည် စေ့စပ်ပွဲလုပ်သည့်အချိန်မှစ၍ စောင့်ထိန်းရမည်ဖြစ် သည်။ ဂျူးလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ၊ မိန်းမနှင့် ယောက်ျားတို့သည် “စေ့စပ်ပွဲ” ပြု လုပ်ခြင်းအချိန်မှစ၍၊ အိမ်ထောင်ပြုသည်ဟု ခံယူချက်ရှိသည်။ ၎င်းယူဆချက်အရ၊ “စေ့စပ်ပွဲ” ပြု လုပ်ပြီးသည့်အချိန်တွင် သစ္စာဖောက်လျှင် ကွာရှင်းနိုင်သည် ဟု ဖော်ပြလိုခြင်းဖြစ်သည်။
“အိမ်ထောင်ပြုခြင်း၌ သစ္စပျက်ပြားမှု” ကို ဂရိဘာသာစကားအားဖြင့် ဖော်ပြရလျှင်၊ ကာမ ဆက်ဆံရေးတွင် လွန်ကျူးခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ လက်ထပ်ရန်ရည်ရွယ်ချက်မရှိဘဲ ကာမ ဆက်ဆံခြင်း၊ ပြည့်တန်ဆာမပြုခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသည်တို့ကို ဆိုလိုသည်။ လိင်ဆက်ဆံရေး တွင်သစ္စာချိုးဖောက်လျှင်၊ ကွာရှင်းနိုင်သည် ဟုသခင်ယေရှုက ဖော်ပြလိုခြင်းဖြစ်သည်။ အိမ်ထောင်ပြုခြင်းတွင် ကာမဆက်ဆံရေးသည် အရေးကြီးသော ကဏ္ဍတစ်ခုတွင် ပါဝင်သည်။ “သူ တို့သည် တစ်ဦးတည်းဖြစ်တော်မူ၏” (ကမ္ဘာ၊ ၂း၂၄၊ မဿဲ၊ ၁၉း၅၊ ဧဖက်၊ ၅း၃၂)။ ထို့ကြောင့်အိမ် ထောင်ပြုပြီးသောအခါ ကာမဆက်ဆံခြင်းတွင် လွန်ကျူးမှုရှိလျှင်၊ ကွာရှင်းနိုင်သောသဘောရှိ သည်။ ထို့ကြောင့်သခင်ယေရှုက လွန်ကျူးခြင်းအမှုမပြုသောသူက တဖန်အိမ်ထောင်ပြုနိုင်သည် ဟုဖော်ပြခြင်းဖြစ်သည်။ “အခြားသူနှင့်အိမ်ထောင်ပြုနိုင်သည် “ (မဿဲ၊ ၁၉း၉) သည် ဘယ်လိုဘဲ အနက်ဖွင့်နေပါစေ၊ ၄င်းသည် ချွင်းချက်ရှိသော နေရာများတွင် ကွာရှင်းနိုင်သည် ကိုဆိုလိုခြင်းဖြစ် ၍၊ နောက်မှတဖန်အိမ်ထောင်ပြုနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ မှတ်သားစရာတစ်ခုသည် အပြစ် မရှိသောသူကသာ အိမ်ထောင်ပြုနိုင်ခွင့်ရှိသည်။ ဤကျမ်းပိုဒ်ထဲတွင် ဖော်ပြထားခြင်းမရှိသော် လည်း တဖန်အိမ်ထောင်ပြုခြင်းသည် အပြစ်မရှိသောသူများအတွက် ဘုရားသခင်ပေးထားသော ဂရုဏာတော်တရားဖြစ်ပြီး၊ သစ္စာချိုးဖောက်သောသူများအတွက် မဟုတ်ပေ။” “အပြစ်လွန်ကျူး သော” သူများအတွက် တဖန်အိမ်ထောင့်ပြုရန် ခွင့်ပြုချက်ရှိနိုင်သော်လည်း ဤကျမ်းပိုဒ်ထဲတွင် မ တွေ့ရပေ။
၁ကော၊ ရး၁၅ သည် မယုံကြည်သောသူများနှင့် အိမ်ထောင်ပြုပြီး ကွားရှင်းသောသူများအ တွက် တဖန်အိမ်ထောင်ပြုရန် ခွင့်ပြုထားခြင်းဖြစ်သည် ဟု အချို့က ယုံကြည်သည်။ သို့သော်ဤ ကျမ်းပိုဒ်၏အဓိက ဖော်ပြချက်သည် တဖန်အိမ်ထောင်ပြုခြင်းကိစ္စမဟုတ်ပေ။ ယုံကြည်သူတစ်ဦး သည် မယုံကြည်သူတစ်ဦးက ကွာရှင်းလိုသောအခါ ကွာရှင်း၍တဖန်အိမ်ထောင်ပြုရန် ဖော်ပြလို ခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြခြင်းမရှိသော်လည်း အလွန်သောင်းကျန်းငြူစူမှုပြု တတ်သောသူတို့ကို ကွာရှင်းနိုင်သည် ဟု အချို့က ယုံကြည်သည်။ ထို့သို့အလွန်ကောင်းမွန် သောယူဆချက်များစွာရှိသော်လည်း နှုတ်ကပတ်တော်ကို အံတုပြိုင်ဆိုင်မှုမရှိနိုင်ပေ။
တခါတရံ “အိမ်ထောင်ပြုခြင်း၌ သစ္စာမရှိလျှင်” ဟူသောချွင်းချက်ကိုပြသသော စကားစု သည် ကွာရှင်းခြင်းပြုရန်မိန့်ဆိုခြင်းမျိုးမဟုတ်ဘဲ၊ ကွာရှင်းရန် ခွင့်ပြုခြင်းဖြစ်သည် ဟု အနက်ဖွင့်ဆို တတ်ကြသည်။ ကာမဂုဏ်၌ လွန်ကျူးမှုဖြစ်လျှင်၊ လွန်ကျူးမှုမရှိသော ကြင်ဖော်က ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်လျှင် ဆက်လက်ပေါင်းသင်းခွင့်ရှိသည်။ ဘုရားသခင်က ၎င်းထက် များပြားသော ကျွန်ုပ်တို့၏ အပြစ်များကိ ခွှင့်လွှတ်ခဲ့ပါသည်။ ထိုကြောင့်ကျွန်ုပ်တို့သည် လည်း ကာမဆက်ဆံရေးတွင် သစ္စာဖောက်၍အပြစ်ပြုမိသောသူကို ခွင့်လွှတ်ရမည်ဖြစ်သည် (ဧဖက်၊ ၄း၃၂)။ သို့သော်သစ္စာဖောက်သောသူက မိမိအပြစ်ကို နောင်တရခြင်းမရှိ၊ ကာမဆက်ဆံ ရေးတွင် ဆက်လက်လွန်ကျူးသောသူများလည်း ရှိနိုင်သည်။ ထို့ကြောင့် လင်မယားတို့က မဿဲ၊ ၁၉း၉ ကို စွဲကိုင်ထားရပေမည်။ အချို့သောသူများကို ဘုရားသခင်က တဖန်အိမ်ထောင်ပြုရန် အလိုတော်မရှိသော်လည်း သူတို့က ကွာရှင်းပြီးသည်နှင့် တခါတည်း အိမ်ထောင်ပြုခဲ့ကြသည်။ အချို့သောသူတို့သည် အိမ်ထောင်မပြုရန် ဘုရားသခင်က အလိုတော်ရှိသည် (၁ကော၊ ၇း၃၂-၃၅)။ အချို့သော အခြေအနေမျိုးတွင် ချွင်းချက်အနေဖြင့် ကွားရှင်းခဲ့ပြီးနောက် တဖန်အိမ်ထောင် ပြုနိုင်သည်။ သို့ရာတွင် ချွင်းချက်ရှိမှသာ တဖန်အိမ်ထောင်ပြုနိုင်မည် ဟူ၍မရှိပေ။
ဝမ်းနည်းစရာတစ်ခု သည် ခရစ်ယာန်များသည် မယုံကြည်သူများကဲ့သို့ အိမ်ထောင်ကွာ ရှင်းခြင်းကို အလျင်တဆောပြုတတ်ကြသည်။ ဘုရားသခင်သည် ကွာရှင်းခြင်းကို အလွန်မုန်းတီး သည် ဟုသမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (မာလ၊ ၂း၁၆)။ ပြန်လည်သင့်မြတ်ခြင်းနှင့် ခွှင့်လွှတ်ခြင်းတရားတို့သည် ခရစ်ယာန်များ၏အမှန်အသားဖြစ်သည်( လု၊ ၁၁း၎၊ ဧဖက်၊ ၄း၃၂)။ ဘုရားသခင်က မိမိလူများကြားထဲတွင် ကွာရှင်းခြင်းဖြစ်ပေါ်စေနိုင်သည်ကို သိရှိခဲ့သည်။ ကွာရှင်း ခြင်းနှင့် တဖန်အိမ်ထောင်ပြုခြင်းတို့သည် မဿဲ၊ ၁၉း၉ နှင့်ညီညွှတ်မှုမရှိသော်လည်း ကွာရှင်း သော အိမ်ထောင်မိသားစု၊ တဖန်အိမ်ထောင်ပြုသောအိမ်ထောင်မိသားစုတို့ကို ဘုရားသခင်က မချစ်ပါ ဟု တစ်ခြစ်ချ မပြောနိုင်ပေ။ ဘုရားသခင်က မိမိအကြံအစည်များအောင်မြင်နိုင်ရန် တခါတ ရံ နာခံမှုမရှိ၊ အပြစ်ဒုက္စရိုက်တို့၌ ကြင်လည်သော ခရစ်ယာန်ကို အသုံးပြုနိုင်သည်။
အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာအမှုပြုခြင်းနှင့် ပတ်သက်၍ ယနေ့ အသင်းတော်များတွင် ငြင်းခုံမှုများစွာရှိသည်ကို အတွေ့ရပေ။ အမျိုးသမီးများ နှင့် အမျိုးသားများသည် ပြိုင်ဆိုင်မှုမရှိဘဲ အတူတူဖြစ်သည်ကို မြင်တွေ့ခြင်းသည် အလွန်အရေး ကြီးသည်။ အမျိုးသမီများသည် သင်းအုပ်ဆရာအမှုကို မဆောင်ရွက်နိုင်ကြောင်း၊ သမ္မာကျမ်းစာက အမျိုးသမီးများသည် အမှုတော်မြတ်၌ ပါဝင်ရန် တားမြစ်ထားကြောင်း စွဲကိုင်ယုံကြည်သောအမျိုး သမီးများ ရှိသည်နည်းတူ၊ အမျိုးသမီးများသည် သင်းအုပ်ဆရာအမှုကိုထမ်းဆောင်နိုင်ကြောင်းနှင့် သူတို့သည် အမှုတော်မြတ်၌ အမျိုးသားများနှင့် ရင်ဘောင်တန်းလုပ်ဆောင်နိုင်ကြောင်း စွဲကိုင်သူ အမျိုးသားများလည်းရှိသည်။ ထိုသို့ခံယူခြင်းသည် လူမျိုးအဆင့်အတန်းခွဲခြားခြင်း မဟုတ်ပေ။ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်း မတူညီသောကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်က “ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာနေအပ်၏” (၁တိ၊ ၂း၁၃-၁၄)။ အသင်းတော်ကဏ္ဍတွင် ဘုရားသခင်က အမျိုးသမီး များနှင့် အမျိုးသားများအတွက် တာဝန်အသီးသီးပေးအပ်ခဲ့ပါသည်။ ဤလောကသို့် အပြစ်ဝင်လာ သည့်အချိန်မှစ၍၊ ဘုရားသခင်ကလူသားများကို တာဝန်အသီးသီးခန့်အပ်ခဲ့ပါသည် (၁တိ၊ ၂း၁၃-၁၄)။ တမန်တော်ရှင်ပေါလုအားဖြင့်၊ ဘုရားသခင်က အမျိုးသမီးများသည် အမျိုးသားများပေါ်တွင် သွန်သင်ခြင်း နှင့် အုပ်စိုးခြင်း အမှုမပြုရန် တားမြစ်ထားပါသည်။ အမျိုးသမီးများသည် သင်းအုပ်ဆရာ အဖြစ်အမှုထမ်းခြင်းကို ကြိုတင်တားမြစ်ရာတွင်၊ သူတို့သည် အမျိုးသားများအပေါ် တရားဟောခြင်း၊ သွန်သင်ခြင်း နှင့် အုပ်စိုးခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်။
အမျိုးသမီးများအမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ “တားမြစ်ခြင်း” များစွာရှိသည်။ ပထမချက်ငြင်းခုံမှုသည်၊ပထမရာစုနှစ်တွင်အမျိုးသမီးများသည်အများအားဖြင့်ပညာမဆည်းပူးခဲ့ကြသောကြောင့်တမန် တော်ရှင်ပေါလု က အမျိုးသမီးများသည် သွန်သင်ခြင်းအမှုမပြုရန် တားမြစ် ထားခြင်းဖြစ်သည်။ သို့သော် ၁တိ၊ ၂း၁၁-၁၄ တွင် ပညားရေးအကြောင်းနှင့် ပတ်သက်၍ဖော်ပြ ထားခြင်းမရှိပေ။ အမှုတော်မြတ်ကြီးထဲတွင် ပညာတတ်ပုဂ္ဂိုလ်များကသာပါဝင်ခွင့် ရရှိလျှင်၊ သခင်ယေရှု၏နောက် တော်လိုက်တပည့်တော်ဆယ့်နှစ်ပါးတို့သည် ပညာမတတ်ခဲ့ကြသော ကြောင့် အမှုတော်မြတ်၌ပါ ၀င်ခွင့်ရကြလိမ့်မည်မဟုတ်ပေ။ ဒုတိယမြောက်ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ဧဖက်မြို့၌ရှိသော အမျိုးသမီးများကိုသာ တားမြစ်ထားခြင်းဖြစ်သည်။ ( တိမောသောသြ၀ါဒစာပဌမစောင်သည်ဧဖက်မြို့အသင်းတော်တွင်သင်းအုပ်ဆရာအဖြစ်အမှုထမ်း သော တိမောသေ ထံပေးပို့သော စာစောင်ဖြစ်သည်)။ ဧဖက်မြို့သည် Artemis ဘုရားကျောင်း၊ ဂရိနှင့်ရောမလူမျိုး များ၏မှားယွင်းသော ဘုရားမများကိုးကွယ်သော မြို့အဖြစ်ထင်ရှားသည်။ အမျိုးသမီးများသည် Artemis ဘုရား ၀တ်ပြုခြင်းတွင် အခွင့်အာဏာရှိသောသူများဖြစ်ကြသည်။ သို့သော်လည်း တိမောသောသြ၀ါဒစာပဌမစောင်ထဲတွင် Artemis ဘုရားအကြောင်းကို၎င်း၊ ၁တိ၊ ၂း၁၁-၁၂ တွင် ဖော်ပြထားသော သြ၀ါဒသည် Artemis ဘုရားကိုကိုးကွယ်သောသူများအတွက် ဖြစ်သည်ကို၎င်း တမန်တော်ရှင်ပေါလုက မဖော်ပြခဲ့ပေ။
တတိယမြောက် ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ယောက်ျားနှင့်မိန်မ အကြောင်း ဖော်ပြလိုခြင်းမဟုတ်ဘဲ၊ လင်မယားအကြောင်းကိုသာ ဖော်ပြလိုခြင်းဖြစ်သည်။ မူရင်းဂရိဘာသာစ ကားလုံးတွင် လင်မယားအကြောင်းကို ဖော်ပြလိုခြင်းဖြစ်နိုင်ပေသည်။ သို့သော်ထိုစကားလုံး၏ အခြေခံအဓိပ္ပါယ်သည် ယောက်ျား၊မိန်းမ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထို့ပြင်၊ အခန်းငယ် ၈-၁၀ ထဲတွင် ထိုဂရိဘာသာစကားကိုသာအသုံးပြုခဲ့ပါသည်။ အရပ်ရပ်တို့၌ ယောက်ျားများသည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆိုတောင်း ပြုရမည်လော(v.၈)။မယားများကသာ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအ၀တ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ၀န်ခံပြုစုသောမိန်းမ ဆင်သင့်သည့်အတိုင်း၊ ကောင်းသောအကျင့်ကျင့်ရမည်လော(v.၉-၁၀)။ ထိုသို့မဟုတ်ပေ။ အခန်းငယ် ၈-၁၀ သည် ယောက်ျားအားလုံးနှင့် မိန်းမအားလုံးကို ရည်ညွှန်းလိုခြင်းဖြစ်ပြီး၊ လင်နှင့်မယားကိုသာ ရည်ညွှန်းလိုခြင်မဟုတ်ပေ။ အခန်းငယ် ၁၁-၁၄ ကိုကြည့်လျှင်၊ လင်မယားကို သာညွှန်ပြလိုခြင်းမဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။
အမျိုးသမီးများသည် အမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ မကြခဏငြင်းခုံမှုတစ်ခု သည် ဓမ္မဟောင်းထဲ၌ရှိသောအမျိုးသမီးခေါင်းဆောင်များဖြစ်သည့် မိရိရံ၊ ဒေဗောရ၊ ဟုလဒ တို့ကို အကြောင်းပြု၍၊ ငြင်းခုံမှုပြုတတ်ကြသည်။ သို့သော်ဤ ငြင်းခုံမှုတွင် အဓိပ အချက်ကို လွှဲချော်သွား ခဲ့သည်။ ပထမအနေဖြင့်၊ ဒေဗောရသည် တရားသူကြီး ၁၃ ဦးများကြားတွင် တစ်ဦးတည်းသော အမျိုးသမီးတရားသူကြီး တစ်ဦးဖြစ်သည်။ ဟုလဒသည် သမ္မာကျမ်းစာထဲ၌ဖော်ပြထားသော ယောက်ျားပရောဖက် ၁၂ ပါးထဲတွင် သူမတစ်ဦးတည်းသာ ပရောဖက်မဖြစ်ခဲ့သည်။ အာမိရံ ခေါင်း ဆောင်ဖြစ်ခြင်းသည်လည်း မောရှေနှင့် အာရုံတို့၏ ညီမဖြစ်သောကြောင့်ဖြစ်သည်။ အာသလိနှင့် ယေဇဗေလ တို့သည် ဘုရင်ခေတ်တွင် ခက်ခက်ခဲခဲဖြင့် ခေါင်းဆောင်သောသူများဖြစ်သည်။ အများအားဖြင့်၊ဓမ္မဟောင်းထဲတွင်အမှုတခုခုဆုံးဖြတ်ချက်ချရာတွင်အမျိုးသမီးများ၏အခွင့်အာဏာသည် အသုံးမ၀င်ကြပေ။ တိမောသေသြ၀ါဒစာပထမစောင်နှင့် အခြားသော စာစောင်များတွင် အသင်းတော်၊ ခရစ်တော်၏ခန္ဓာကိုယ်အတွက် လမ်းညွှန်မှုများစွာတွေ့ရှိနိုင်ပါသည်။ ထိုလမ်းညွှန် ချက်ထဲတွင် အသင်းတော်၏အခွင့်အာဏာနှင့်ပတ်သက်သော တည်ဆောက်ပုံများကိုလည်းတွေ့ ရှိနိုင်သည်။ ၎င်းတည်ဆောက်ပုံများသည် ဣသရေလလူမျိုးများအတွက် (သို့) ဓမ္မဟောင်းထဲ၌ရှိ သသောသူများအတွက်မဟုတ်ပေ။
ဓမ္မသစ်ကျမ်းထဲတွင် ပြစ်ကိလနှင့်ဖိဗေ တို့အားဖြင့် ထောက်ပြ၍ အမျိုးသမီးများ သည် အမှုတော်ထဲ၌ပါဝင်နိုင်သည်ဟု ငြင်းခုံတတ်ကြသည်။ တမန်တော်ဝတ္တု ၁၈ တွင် ပြစ်ကိလနှင့် အာဂုလ တို့သည် ဘုရားသခင်ကို သစ္စာရှိရှိ အစေခံခဲ့ကြသည်ဟု ဖော်ပြထားပါ သည်။ ပြစ်ကိလ၏နာမည်ကို ပထမဦးဆုံးဖော်ပြထားသည်။ သူမသည် မိမိခင်ပွန်းထက် အမှုတော်အတွက် သာ၍ထိရောက်စွာလုပ်ဆောင်နိုင်ပေသည်။ သို့သည် ပြစ်ကိလသည်အမှုတော် မြတ်၌ပါဝင်ရာတွင် ၁တိ၊ ၂း၁၁-၁၄ ထဲတွင်ဖော်ပြထားသော အချက်အလက်များနှင့် ဆန့်ကျင်မှုမ ရှိပေ။ ပြစ်ကိလနှင့် အာဂုလတို့သည် အာပေါလုကို မိမိအိမ်သို့ခေါ်၍၊ သူ့ကို ဆုံးမကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သာ၍သိရှိနိုင်ရန် ရှင်းပြခဲ့ကြသည်(တ၊ ၁၈း၂၆)။
ရောမ၊၁၆း၁ ထဲတွင်၊ ဖိဗေသည် “အစေခံ” ဟု ဖော်ပြမည့်အစား သူမသည် “သင်းတော်လူ ကြီး” ဟုဖော်ပြထားသောလည်း သူမသည် အသင်းတော်တွင် သွန်သင်ဆရာဖြစ်သည်ဟု အဖော်ပြခဲ့ပေ။ “သွန်သင်ခြင်းအစွမ်း” သည် သင်းထောက်လူကြီးများအတွက် ချပေးထားခြင်းဖြစ် ပြီး၊ သင်းတော်လူကြီးများအတွက်မဟုတ်ပေ (၁တိ၊ ၃း၁-၁၃၊ တိတု၊ ၁း၆-၉)။ သင်းထောက်လူ ကြီး/သင်းတော်လူကြီး/ ဘုန်းကြီးတို့သည် “မယားတစ်ဦးတည်းရှိသောသူ” “မိမိသားသမီးများက ယုံကြသည်သောသူ” “လေးစားထိုက်သောသူ” ဖြစ်ရမည်။ ထို့ကြောင့် သင်းအုပ်ဆရာများ၏အ ရည်အချင်းများကြည့်လျှင် ယောက်ျားများရည်ညွှန်းထားသည်ကို တွေ့ရှိနိုင်ပါသည်။ ၁တိ၊ ၃း၁-၁၃ နှင့် တိတု၊ ၁း၆-၉ တို့တွင် သင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများ ဖော်ပြရာတွင် ပုလ္လိင်ဖြင့် ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
၁တိ၊ ၂း၁၁-၁၄ ထဲ၌ ဖော်ပြချက်သည် “လုံးဝ” ရှင်းလင်းပါသည်။ အခန်းငယ် ၁၃ ကို
“အတွက်” ဖြင့်အစချီပြီး၊ အခန်းငယ် ၁၁-၁၂ ထဲရှိ ပေါလု ဖော်ပြလိုသော “အကြောင်း” အရာများကို တင်ပြထားပါသည်။ မိန်းမများသည် အဘယ့်ကြောင့် ယောက်ျားများပေါ်တွင် အာဏာမရှိရမည်နည်း။ သွန်သင်ခြင်းမပြုရမည်နည်း။ အာဒံသည် ဦးစွာဖန်ဆင်းခြင်းခံခဲ့ရပြီး နောက်မှ ဧ၀ကို ဖန်ဆင်းသောကြောင့်ဖြစ်သည်။ အာဒံသည် လှည့်ဖြားမှုကို မခံစားခဲ့ပေ။ ဧ၀ကိုသာ လှည့်ဖြားမှုခံခဲ့ပါသည်။ ဘုရားသခင်သည် အာဒံကို ဖန်ဆင်းခဲ့ပြီးနောင် သူ့ကို ကူညီရန် ဧ၀ကို ဖန်ဆင်းခဲ့ပါသည်။ ဤဖန်ဆင်းခြင်းသည် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးနှင့် အသင်းတော်အတွက်ဖြစ်ပါသည် (ဧဖက်၊ ၅း၂၂-၂၃)။ ဧ၀သည် ပထမဆုံးလိမ်ညာခြင်းခံရသော သူဖြစ်သောကြောင့် မိန်းမများက သင်းအုပ်ဆရာအဖြစ်အလုပ်အပ်ခြင်း၊ ယောက်ျားများ ပေါ်တွင် အာဏာအမိန်ပမရှိအပ်ခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့်အချို့သောသူများက အမျိုးသမီးများ သည် လှည့်ဖြားရန် လွယ်ကူသောကြောင့် သူတို့သည် သွန်သင်ခြင်းမပြုအပ်ပေ ဟု ခံယူထားခြင်း ဖြစ်သည်။ ဤခံယူချက်သည် အငြင်းပွါးစရာပင်ဖြစ်သည်။ မိန်းမများသည် လိမ်ညာရန် လွယ်ကူလျှင် အဘယ်ကြောင့်သူတို့က ကလေးသူငယ်များ (လိမ်လည်ရန်အလွန်လွယ်ကူသည်) နှင့် အခြားမိန်းမများ (ပို၍လိမ်လည်ရန်လွယ်ကူသောသူများ) ကို သွန်သင်ရမည်နည်း။ အပေါ်တွင် ဖော်ပြထားသော ကြောင်းအရာက ထိုသို့မဆိုလိုပေ။ ဧ၀သည် လိမ်ညာမှုကို ပထမဆုံးခံရသော ကြောင့် မိန်းမများသည် ယောက်ျားများပေါ်တွင်သွန်သင်ခြင်းမပြုရန်နှင့် သူတို့ပေါ်တွင် အာဏာ အမိန့်မရှိရန်ဖြစ်ပါသည်။ အဓိကဖော်ပြလိုခြင်းသည် ဘုရားသခင်က အသင်းတော်၏အခွင့်အာဏာ ကို ယောက်ျားများပေါ်တွင်ပေးအပ်ခဲ့ပါသည်။
မိန်းမများစွာတို့သည် ဧည့်ဝတ်ကျေပွန်ခြင်း၊ ကျေးဇူးတရားရှိခြင်း၊ သွန်သင်ခြင်း၊ သူတပါး ကိုကူညီခြင်းစသော ၀ိညာဉ်ဆုကျေးဇူးများရှိတတ်ကြသည်။ များစွာသော အသင်းတော်၏သာသ နာလုပ်ငန်း၏အောင်မြင်မှုသည် အမျိုးသမီးများပေါ်တွင်မူတည်သည်။ အသင်းတော်တွင် ရှိသော အမျိုးသမီများသည် ပရိန်သတ်အများရှေ့တွင် ဆုတောင်းခြင်း၊ ပရောဖက်ပြုခြင်းများပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၁း၅)။ သူတို့သည် ယောက်ျားများပေါ်တွင် အာဏာအမိန့်မရှိ ရန် အတွက်သာတားမြစ်ထားခြင်းဖြစ်သည်။ မိန်းမတို့သည်လည်း မိမိရရှိထားသော ၀ိညာဉ်တော်ဆုကျေးဇူးများကိုလည်း အသုံးပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၂)။ အမျိုးသမီးများသည် ယောကျာ်းများကဲ့သို့၊ အခြားသူများထံ အမှုတော်ဆောင်နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်အသီးကိုလည်း ထင်ရှားစေနိုင်သည်(ဂလာ၊ ၅း၂၂-၂၃)။ ပျောက်ဆုံး သောဝိညာဉ်များထံ ကယ်တင်ခြင်းသတင်းကောင်းလည်းဝေငှ နိုင်သည် (မဿဲ၊ ၂၈း၁၈-၂၀၊ တ၊ ၁း၈၊ ၁ပေ၊ ၃း၁၅)။
အသင်းတော်ပေါ်တွင် ၀ိညာဉ်ရေးရာနှင့်ပတ်သက်၍ အခွင့်အာဏာရှိရန် ယောက်ျားများ ကို ဘိသိက်ထားပါသည်။ သို့ရာတွင် ယောက်ျားများသည် သာ၍ကောင်းသော သွန်သင်ဆရာ ဖြစ်သောကြောင့်၊ သူတို့သည် ရာထူးအဆင့်အတန်းမြင့်သောကြောင့်၊ သာ၍ညာဏ်ကောင်းသော ကြောင့်မဟုတ်ပေ။ ဘုရားသခင်က ထိုအမှုအရာကို ဆောင်ရွက်ရန်တာဝန်ခန့်အပ်ထားသော ကြောင့်ဖြစ်သည်။ ယောက်ျားများသည် မိမိအသက်တာအားဖြင့်ဖြစ်စေ၊ စကားအားဖြင့်ဖြစ်စေ၊ ၀ိညာဉ်ရေးရာဦးဆောင်နိုင်ရန် စံပြနာမူနာယူထိုက်သူဖြစ်ရမည်ဖြစ်သည်။ မိန်းမများသည် အုပ်ချုပ် ရေးကဏ္ဍတွင် အနည်းငယ်နိမ့်ကျသည်။ မိန်းမများက အခြားမိန်းမများကို သွန်သင်ရပေမည် (တိတု၊ ၂း၃-၅)။ မိန်းမများသည် မိမိသားသမီးများကို မသွန်သင်ရန် ကျမ်းစာက တားမြစ်ထားခြင်း မရှိပေ။ မိန်းမများသည် ယောက်ျားများကို သွန်သင်ခြင်းမပြုရန်နှင့် သူတို့အပေါ်တွင် အခွင့်အာဏာ မရှိရန် အတွက်သာ တားမြစ်ထားခြင်းဖြစ်သည်။ အမျိုးသမီးများသည် သင်းအုပ် ဆရာအဖြစ်အမှုမထမ်းအပ်ပေ။ ထို့သို့ဆိုရာတွင် အမျိုးသမီးများသည် ရာထူးအဆင့်အတန်းအား ဖြင့် နိမ့်ကျသည်/ အရေးမကြီးပေကို မဆိုလိုပေ။ သို့သော် အမျိုးသမီးများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မိမိရရှိသော ဆုကျေးဇူးများကို မှန်ကန်သင့်လျော်စွာ အသုံးချရမည်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းစာထဲတွင် ဣသရေလလူမျိုးများသည် တခြားသောတိုင်းတပါးများ နှင့် အိမ်ထောင်မပြုရန် ဘုရားသခင်က တားမြစ်ထားပါသည် (တရား၊ ၇း၃-၄)။ သို့ရာတွင် ထိုတားမြစ်ချက်သည် လူမျိုးရေးရာနှင့် ပတ်သက်မှုမရှိပေ။ ၄င်းသည် ဘာသာရေးကစ္စကြောင့်သာဖြစ် သည်။ ဘုရားသခင်က တိုင်းတပါးများနှင့် အိမ်ထောင်မပြုရ ဟုတားမြစ်ခြင်း အကြောင်းသည် တိုင်းတပါးတို့သည် ဘုရားသခင်ကို အသိ၊ ရုပ်တု နှင့် မှားယွင်းသော ဘုရားများကို ကိုးကွယ်ကြသော ကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးများသည် ရုပ်တုကို ကိုးကွယ်သောသူများ၊ ဘုရားမသိသောသူ များ၊ လူရိုင်းများနှင့် အိမ်ထောင်ပြုလျှင် သူတို့သည် ဘုရားသခင်နှင့် ဝေးကွာနိုင်ပေသည်။ ထိုနည်းတူ၊ ဓမ္မသစ်ကျမ်းထဲတွင်လည်း ထိုကဲ့သို့ ဖော်ပြထားပါသည်။ သို့ရာတွင် ကွာဟမှုများ ရှိသည်။ “မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် အမှောင်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။” (၂ကော၊ ၆း၁၄) ဣသရေလလူမျိုးတို့သည် တဆူတည်းသော ဘုရားသခင်ကို ယုံကြည်သောသူများဖြစ်ကြသောကြောင့် သူတို့သည် ရုပ်တုကိုးကွယ်သောသူများနှင့် အိမ်ထောင်မပြုရန် ဘုရားသခင်က ပညတ်ထားပါသည်။ ထိုနည်းတူယုံကြည်သူများသည်လည်း တဆူ တည်းသောဘုရားသခင်ကို ယုံကြည်သောသူများဖြစ်သောကြောင့် မယုံကြည်သူများနှင့် အိမ်ထောင်မ ပြုကြရန် အမိန့်တော်ရှိသည်။ ထို့ကြောင့် ဤမေးခွန်းကို တိတိကျကျဖြေဆိုရလျှင် အခြားသောလူ မျိုးများနှင့်အိမ်ထောင်ဘက်ပြုခြင်းသည် မှားယွင်းမှုရှိသည် ဟု သမ္မာကျမ်းစာက မပြောခဲ့ပေ။
Martin Luther King က လူတစ်ဦးသည် မိမိအသားအရေပေါ်မူတည် ၍ တရားစီရင်ခြင်းမခံရ ဘဲ မိမိပြုသော အကျင့်စာရိတ္တပေါ်တွင် မူတည် ၍ တရားစီရင်ခြင်းခံရမည် ဟု ပြောဆိုခဲ့သည်။ ယုံကြည်သူခရစ်ယာန်များကြားတွင် လူမျိုးခွဲခြားမှု လုံးဝမရှိပေ (ယာကုပ်၊ ၂း၁-၁၀)။ အိမ်ထောင်ဖက် အတွက် ရှာဖွေရာတွင် ခရစ်ယာန်များသည် သခင်ယေ ရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယ မွေးဖွါးခြင်းခံသောသူများကို ရှေ့ဦးစွာ ရှာဖွေရန် လိုအပ်လျက်ရှိသည်(ယော၊ ၃း၃-၅)။ ကြင်ဖော်ကြင် ဖက် ရွေးချယ်ရာတွင် အသားအရေကို အကြည့်ဘဲ ခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံ သောသူများကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ လူမျိုးမတူသော အိမ်ထောင်ပြုခြင်း၌ အမှား/အမှန် ဟူ၍ မရှိပေ။ သို့သော် မိမိနှင့်အိမ်ထောင်ပြုမည့်သူကို ကောင်းမွန်စွာ သိကျွမ်း၍ ဆုံးဖြတ်ချက်ချရန်နှင့် ဆုတောင်းရန်လိုအပ်ပေသည်။
လူမျိုးမတူသောသူနှင့်အိမ်ထောင်ပြုခြင်းအတွက်စဉ်းစားစရာတစ်ခုသည်လင်မယားနှစ်ဦး ကြားတွင် မတူညီသော ယဉ်ကျေးမှုနှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် လူမှုရေးပြသနာအခက်အခဲနှင့် ရင်ဆိုင်နိုင်ပေသည်။ လူမျိုးမတူညီသောသူနှင့်စုံဖက်သောလင်မယားအမြားမပြားတို့သည်မိမိအိမ်ထောင်မိသားစု၌ပင်လျှင် ခွဲခြားဆက်ဆံခြင်းနှင့် ပြောင်လှောင်သရော်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ တခါတရံ လူမျိုးမတူသော လင်မယားမှာ မိမိသား သမီးများသည် မိဘများထံမှ (သို့) မွေးချင်းညီအစ်ကို မောင်နှမများထံမှရရှိသော အသားအရေ ကြောင့် လည်း မိသားစု မဋိပက္ခ ဖြစ်နိုင်သည်။ လူမျိုးမတူသော လင်မယားတို့သည် ဤအချက်များကို သေချာစွာ စဉ်းစားတတ်ရန် လိုအပ်ပေသည်။ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိရန်အတွက်လည်း ပြင်ဆင်ရပေမည်။ ထိုသို့နားလည်မှုမရှိနိုင်လျှင် အခြားသောလူမျိုးများနှင့် အိမ်ထောင်မပြုသင့်ပေ။ နောက်တဖန်၊ သမ္မကျမ်းစာဖော်ပြထားသောအိမ်ထောင်ပြုခြင်းသည်ခရစ်ယာန်တစ်ဦးကသခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပြီးသော သူများနှင့် စုံဖက်ခြင်း ဖြစ်ပါသည်။
တိရိ စ္ဆာန်များသည် ၀ိညာဉ်ရှိခြင်းနှင့်ကောင်းကင် နိုင်ငံတော်သို့ရောက်ရှိ နိုင်ခြင်းအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် သေချာစွာဖော်ပြထားခြင်းမရှိပေ။ သို့သော် ဤအကြောင်းနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန်အတွက် သမ္မာကျမ်းစာဖော်ပြပေးသော အခြေခံနည်းဥပဒေသအချို့တို့ကို လေ့လာကြပါစို့။ လူ (ကမ္ဘာ၊ ၂း၇) နှင့် တိရိ စ္ဆာန်(ကမ္ဘာ၊ ၁း၃၀၊ ၆း၁၇၊ ၇း၁၅၊ ၂၂) တို့သည် အသက်ရှိကြောင်းကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ တိရိ စ္ဆာန်များနှင့် လူသားတို့၏အဓိက ကွာဟမှုသည် လူသားများသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော် နှင့်အညီဖန်ဆင်းထားခြင်းဖြစ်ပြီး (ကမ္ဘာ၊၁း၂၆-၂၇) တိရိ စ္ဆာန်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန် တော်နှင့်အညီ ဖန်ဆင်းထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်း၏အဓိပ္ပါယ်သည် လူသားတို့သည် ဘုရားသခင်နှင့် တူခြင်း၊ ၀ိညာဉ်ပိုင်ဆိုင်ခြင်း၊ ဆင်ခြင်တွေးခေါ်နိုင်ခြင်း၊ လှုပ်ရှားမှုရှိခြင်း၊ ဆန္ဒရှိခြင်း နှင့် သေသွားခဲ့ပြီးနောက် နောင်ဘ၀ရှိခြင်း တို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တိရိ စ္ဆာန်များသည် ၀ိညာဉ်ရှိလျှင်၊ ၎င်းသည် ထူးခြား မှုတရပ်ပင်ဖြစ်သည်။ အဓိက ခြားနားမှုသည် တိရိ စ္ဆာန်များက ၀ိညာဉ်မရှိသောကြောင့် သူတို့သည် သေပြီးနောင်တမလွန်ဘ၀ ဟူ၍မရှိကြပေ။
တိရိ စ္ဆာန်များသည် ဘုရားသခင်၏ဖန်ဆင်းထားခြင်းဖြစ်ကြောင်းကို လည်း ကမ္ဘာဦးကျမ်း ထဲတွင် ဖော်ပြထားကြောင်း စဉ်းစားရန်လိုအပ်သည်။ ဘုရားသခင်က တိရိ စ္ဆာန်များကို ဖန်ဆင်းခဲ့၍ လှပသည်ဟု မြင်တွေ့ခဲ့သည်။ (ကမ္ဘာ၊ ၁း၂၅)။ ထို့ကြောင့် တိရိ စ္ဆာန်များ သည်လည်း ကောင်းကင်နှင့်မြေကြီးသစ်တွင် မရောက်နိုင်စရာအကြောင်းမရှိပေ။(ဗျာ၊ ၂၁း၁) အနှစ်တထောင်အုပ်စိုးခြင်းတွင်လည်း တိရိ စ္ဆာန်များသည် ရှိနေကြမည်ဖြစ်သည် (ဟေရှာ၊ ၁၁း၆၊ ၆၅း၂၅)။ သို့သော်ထိုတိရိ စ္ဆာန်များသည် ယခုကျွန်ုပ်တို့မွေးမြူသော တိရိ စ္ဆာန်များ ဖြစ်မလား ဟူ၍ လက်မထောင်ပြီး ပြောလို့မရပေ။ ဘုရားသခင်သည် တရားသောအမှုပြုကြောင်းနှင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက်ရှိသောအခါ သူပြုသောအမှုများ၏ အဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်းသိရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။
ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကဣသရေလလူမျိုးများကို ပညထားပါသည်။ “သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏” (၀တ်ပြု၊ ၁၉း၂၈)။ ထိုကြောင့် ယနေ့ ယုံကြည်သူများသည်လည်း ဓမ္မဟောင်း ထဲ၌ရှိ သောပညတ်တော်အောက်တွင် မရှိသော်လည်း (ရောမ၊ ၁၀း၎၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)၊ မိမိကိုယ်ထိုးရှခြင်းနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်းထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်ခဲ့သည်။ မိမိကိုယ်ကို ထိုးရှခြင်းနှင့်ပတ်သက်၍ ယုံကြည်သူများက ပြုသင့်/မပြုသင့်သည်ကို ဓမ္မသစ်ကျမ်း ထဲတွင် ဖော်ပြထားခြင်းမရှိပေ။
ခန္ဓာကိုယ်ခြစ်ရှခြင်း နှင့်အနာတရ ရစေခြင်းအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ဘုန်း တော်ထင်ရှားဖို့ရန်အတွက် ဖြစ်သည်/မဖြစ်သည်ကို ကျွန်ုပ်တို့သည် ဖြူစင်သော စိတ်နှလုံးသား ဖြင့် ဘုရားသခင်ထံ မိမိစိတ်နှလုံးကို စစ်ကြော၍ မေးမြန်းရမည်ဖြစ်သည်။ “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” (၁ကော၊ ၁၀း၃၁)။ ဓမ္မသစ်ကျမ်းစာထဲတွင် ခန္ဓာ ကိုယ်ခြစ်ရှခြင်း၊ အနာတရရစေခြင်းနှင့်ပတ်သက်၍ တားမြစ်ခြင်းမရှိပေ။ သို့သော် ယုံကြည်သူတစ် ဦးအနေဖြင့်၊ ဘုရားသခင်က ခန္ဓာကိုယ်ခြစ်ရှရန် (သို့) အနာတရဖြစ်စေရန် ခွင့်ပြုသည် ဟုလည်းဖော်ပြထားခြင်းမရှိပေ။
ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင်လည်းဖော်ပြထားခြင်းမရှိ၊ ဘုရားသခင် ကနှစ်သက်မည်/မနှစ်သက်မည် ဟူ၍လည်း စိတ်ထဲတွင်သံသယမကင်း သောကြောင့် အကောင်း ဆုံးသောနည်းလမ်းသည် ထိုကဲ့သို့သောလုပ်ဆောင်ချက်မျိုးတွင် ကိုယ်တိုင်ရောထွေး၍ မပါဝင်ရန် ဖြစ်ပါသည်။ ရောမ၊ ၁၄း၂၃ ထဲတွင် ယုံကြည်ခြင်းအားဖြင့် မဟုတ်သော လုပ်ဆောင်ချက်အားလုံး သည် အပြစ်ဖြစ်သည် ဟု ကျွန်ုပ်တို့အား သတိပြုထားပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ဖြစ်စေ၊ စိတ်ဝိညာဉ်ဖြစ်စေ ဘုရားသခင်ကယ်တင်သောအရာ၊ ဘုရားသခင်၏ဥစ္စာ ဖြစ်သည်ကို သိရှိရန် လိုအပ်သည်။ ၁ကော၊ ၆း၁၉-၂၀တွင် ခန္ဓာကိုယ်ခြစ်ရှခြင်း (သို့) အနာတရ ဖြစ်စေခြင်းအကြောင်း ကို မှားသည်ဟုတိုက်ရိုက်ဖော်ပြထားခြင်းမရှိသော်လည်း၊ ထိုကျမ်းပိုဒ်သည်ဤကြောင်းနှင့်ပတ် သက်၍ ကျွန်ုပ်တို့အား နည်းဥပဒေသကို ပေးခဲ့ပါသည်။ “ အဘယ်သို့နည်း၊ သင်တို့ကိုယ်ခန္ဓာ သည်ဘုရားသခင်ပေးသနားတော်မူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော် ၏ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။သင်တို့သည် အဘိုးနှင့်ဝယ်သောသူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့။” အဓိက ကြောင်းတရား သည် ကျွန်ုပ်တို့သည် မိမိခန္ဓာကိုယ်ဖြင့်ပြုသောအမှု နှင့် မိမိခန္ဓာကိုယ်အားဖြင့် သွားသောနေရာ သည် ဘုရားသင်၏ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို ဘုရားသခင်က ပိုင်ဆိုင်လျှင် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ခြစ်ခြင်း (သို့) အနာတရဖြစ်စေခြင်း မပြုမှီ ဘုရားသခင်ထံမှ “ ခွင့်ပြုချက်” ရယူရမည်ဖြစ်ပါသည်။
ခွန်အားကြီးသောလူအကြောင်းနှင့်ပတ်သက်၍ ခရစ်ယာန်တို့သည် နှစ်ပေါင်းများစွာက တည်းက ကြီးမားသောအငြင်းပွါးမှုထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ကမ္ဘာဦးကျမ်းစာထဲတွင် ဖော်ပြထားသော ခွန်အားကြီးသောလူအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင်ရှိသော သူများအားဖြင့် မည်သို့သက်သေအထောက်အထားပြသရမည်နည်း။ ရှေးဟောင်းယူဆချက်ကို ယုံကြည်သောသူများက သမ္မကျမ်းစာထဲတွင်ခွန်အားကြီးသောသူအကြောင်းဖော်ပြထားခြင်းမရှိပေ ဟုသဘောတူသည်။ သူတို့၏ဖော်ပြချက်အရ၊ ခွန်အားကြီးမားသောပုဂ္ဂိုလ်တို့သည် ဤကမ္ဘာပေါ်တွင် ရှိသော လူသားများတစ်ယောက်မျှ မဖန်ဆင်းမှီ ကတည်းက သေဆုံးသွားခဲ့သည်ဟု သူတို့က ယုံ ကြည်ခဲ့ကြသည်။ သမ္မာကျမ်းစာကို ရေးသားသောသူများက ထိုသို့သော ခွန်အားကြီးသောသူများကို မြင်တွေ့ဘူးကြမည်မဟုတ်ပေ။ ရှေးဟောင်းခေတ်ကာလ မစွဲကိုင်သောသူများက သမ္မာကျမ်းစာထဲ တွင် “ခွန်အားကြီးမားသော ပုဂ္ဂိုလ်များ” စကားလုံးအသုံးမပြုခဲ့သော်လည်းသမ္မကျမ်းစာထဲတွင် ခွန်အားကြီးမားသော ပုဂ္ဂိုလ်များအကြောင်း ဖော်ပြထားသည်ဟု ယုံကြည်ခဲ့ကြသည်။ ဟေဗြဲစကားလုံး tanniyn ကို အင်္ဂလိပ်ကျမ်းစာထဲတွင် ဘာသာပြန်ဆိုသောအခါ မူရင်းအဓိပ္ပါယ်နှင့် အနည်းငယ်ကွာ ခြားမှုရှိသည်။ တခါတရံ “ကြီးမားသောလူ”၊ တခါတရံ “မြွေကြီး” ဟုဘာသာပြန်ဆိုထားပါသည်။ အ များအားဖြင့် “နဂါး” ဟု ဘာသာပြန်ဆိုထားပါသည်။ Tanniyn ဟုဖော်ပြရာတွင် အလွန်ကြီးမားသော ဘီလူးအမျိုးအစားများကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သောသတ္တ၀ါမျိုးသည် ဓမ္မဟောင်းကျမ်းထဲ တွင် အကြိမ်ပေါင်း ၃၀ တွေ့ရှိနိုင်ပြီး၊ သူတို့သည် ကုန်းပေါ်နှင့် ရေပေါ်တွင် နေထိုင်ကြောင်းတွေ့ ရှိနိုင်ပါသည်။
ထိုသို့ကြီးမားသော ဘီလူးများဖောပြရာတွင် သမ္မာကျမ်းစာကို ရေးသားသော စာရေးဆရာ များက ကြီးမားသောသတ္တ၀ါများဖော်ပြလိုခြင်းဖြစ်နိုင်သည် ဟု အချို့သော ကျမ်းတတ်ပုဂ္ဂိုလ်များက ဆိုထားပါသည်။ ဗေဟမုတ်တို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တ၀ါအားလုံးထဲတွင် အကြီးမား ဆုံးသောသတ္တ၀ါမျိုးဖြစ်သည်။ သူတို့၏အမျိုးသည် ထင်းရှူးပင်နှင့်တူသည် (ယောဘ၊ ၄၀း၁၅)။ အချို့ သောကျမ်းတတ်ပုဂ္ဂိုလ်များက ဗေဟမုတ်သတ္တ၀ါမျိုး ဟုဖော်ပြရာတွင် ဆင် (သို့) ရေမြင်း ကဲ့သို့ သော သတ္တ၀ါမျိုးကို ဖော်ပြလိုခြင်းဖြစ်သည် ဟုဆိုသည်။ အချို့သောသူများက ဆင်နှင့်ရေမြင်းတို့မှာ အလွန်သေးငယ်သော အမြီးရှိကြသည်။ ထင်းရှူးပင်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ ဟုဆိုသည်။ အလွန်ကြီး မားသောသတ္တ၀ါမျိုးသည် brachiosaurus နှင့် diplodocus သတ္တ၀ါများနှင့်တူပြီး၊ တနည်းအားဖြင့်၊ အလွန်ကြီးမားရှည်လျားသော အမြီးရှိသောကြောင့် ထိုသတ္တ၀ါတို့သည် ထင်းရှူးပင်နှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။
လူမျိုးအားလုံးနီးပါးတွင် ဘီလူးကဲ့သို့သောသတ္တ၀ါမျိုးကို ပြတိုက်များတွင် ရုပ်တုများ အဖြစ်ထားရှိခဲ့ကြသည်။ မြောက်မေရိကတိုက်တွင် Petroglyphs, artitacts, နှင့် သေးငယ်သော figurines ကျောက်များ အလွန်ကြီးမားသော လူများပုံဆောင်ရန် ပြတိုက်များတွင် ထားရှိခြင်းဖြစ် သည်။ မြောက်အမေရိကတိုက်တွင် diplodocus ကဲ့သို့သော သတ္တ၀ါပေါ်တွင် လူစီးထားသော ပုံဖော် ဖန်တီးထားသော ကျောက်ခဲရုပ်များရှိသည်။ ထိုကျောက်ရုပ်တို့၏ထူးဆန်းမှုသည် triceratops, pterodactyle, tyrannosaurus သတ္တ၀ါများနှင့် တူသည်။ Roman Mosaics, Mayan Pottery, Babylonian မြို့ရိုးများတွင် ဤကဲ့သို့သောသတ္တ၀ါများအားဖြင့် လူတွေ၏ခေတ်အဆက်ဆက်တိုး တက်ပြောင်းလဲသော ယဉ်ကျေးမှုနှင့် ပထ၀ီအနေအထားများကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားပါ သည်။ Sober က Marco Polo’s II Milione ပုံပြင်များကို ခြေထောက်လေးချောင်းပါသော သတ္တ၀ါ များစုရုံးထားခြင်းကဲ့သို့ စိတ်ဝင်စားဖွယ် တင်ပြထားပါသည်။ အလွန်ကြီးမားသော လူနှင့် လူတို့သည် သမိုင်းသုတေသနအရ အတူတကွနေထိုင်ကြောင်း မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါသည်။ လူတွေ၏ ခြေရာများကဲ့သို့ အလွန်ကြီးမားသော လူတွေ၏ခြေရာများသည်လည်း မြောက်အမေရိကနှင့် အာရှအနောက်အလယ်ပိုင်းဒေသများတွင် တွေ့ရှိနိုင်ပါသည်။
သို့ဖြစ်လျှင် သမ္မာကျမ်းစာထဲတွင် ခွန်းအားကြီးမားသော လူများအကြောင်းဖော်ပြထားပါသ လား။ ဖောပြချက်မရှိပေ။ သို့သော်၎င်းသည် မိတ်ဆွေ၏ဘာသာပြန်ဆိုမှုနှင့် မိတ်ဆွေ၏ပတ်ဝန်းကျင် တွင် တွေ့ရှိနိုင်သော အရာများပေါ်တွင် မူတည်သည်။ သမ္မာကျမ်းစာကို တိတိကျကျ ဘာသာပြန်ဆို လျှင် ရှေးဟောင်းခေတ်မယုံကြည်သောသူများ ၏ ယုံကြည်ခြင်းသည် မှန်ကန်ပေသည်။ ခွန်အားကြီး သောသူများနှင့်လူတို့သည် အတူတူနေထိုင်လျက်ရှိကြောင်း မိတ်တွေ သိရှိနိုင်ပေမည်။ ခွန်အားအ လွန်ကြီးမားသောသူများနှင့်လူတို့သည် အတူတကွ နေထိုင်လျှင်၊ ခွန်အားကြီးမားသော လူများသည် ဘယ်နေရာသို့ရောက်ရှိသွားကြသနည်း။ သမ္မာကျမ်းစာထဲတွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ဖော်ပြချက်မရှိပေ။ သူတို့ကို လူတွေက တိုက်ဖျက်ချေမုန်းခဲ့သောကြောင့် သူတို့သည် ရေလွှမ်းမိုးခြင်း အချိန်တွင် အကုန်အစင်သေဆုံးခဲ့ကြကာ အမျိုးတုံးခြင်းဖြစ်နိုင်သည်။
ကာဣန၏ မယားသည် မည်သူဖြစ်သည်ကို သမ္မာကျမ်းစာထဲတွင် တိကျစွာ ဖော်ပြထားခြင်းမရှိပေ။ ကာဣန၏ မယားသည် မိမိညီမ အရင်း (သို့) တ၀မ်းကွဲညီမ ဖြစ်နိုင်သည်။ ကာဣနက မိမိညီလေးကို သတ်ဖြတ်သောအခါ သူသည် မိမိအသက် ဘယ် လောက်ရှိသည် ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိပေ (ကမ္ဘာ၊ ၄း၈)။ သူတို့သည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်သောသူများဖြစ်ခဲ့ကြသောကြောင့် သူတို့သည် အရွယ်ရောက်ခဲ့ပြီး သော သူများဖြစ်နိုင်ခဲ့ကြ၍၊ မိသားစုကိုယ်စီလည်း ရှိနိုင်ကြပါသည်။ အာဒံနှင့် ဧ၀တို့သည် ကာဣ နက မိမိညီလေးကို သတ်သောအချိန်တွင် သားသမီးများစွာ ထွန်းကားခဲ့သည်ကို သေချာသည်။ နောက်ပိုင်းတွင်သူတို့သည် သားသမီးများစွာ ထွန်းကားခဲ့သည် (ကမ္ဘာ၊ ၅း၎)။ ကာဣနသည် မိမိ ညီကို သတ်ဖြတ်ခဲ့ပြီးနောက် သူသည် မိမိအသက်အန္တရာယ်ဖြစ်မည်ကို စိုးရိမ်လာခဲ့သည် (ကမ္ဘာ၊ ၄း၁၄)။ ထိုကြောင့် ထိုအချိန်တွင် အခြားသော ကလေးငယ်များစွာ နှင့် အာဒံနှင့် ဧ၀တို့၏ မြေး အမြားအပြား ရှိနိုင်ပေသည်။ ကာဣန၏မယားသည် အာဒံနှင့်ဧ၀တို့၏ သမီး (သို့) မြေးဖြစ်နိုင် သည် (ကမ္ဘာ၊ ၄း၁၇)
အာဒံနှင့် ဧ၀တို့သည် ပထမဆုံးသော လူသားများဖြစ်ကြသောကြောင့် သူတို့၏သားသမီး များက အိမ်ထောင်ပြုရန်အတွက် အခြားသူများ ရွေးရန်မရှိပေ။ လူတွေအများအပြားမရှိမီအချိန်၊ အခြားသူများနှင့် အိမ်ထောင်ပြုနိုင်သည့် အချိန်ထိ ဘုရားသခင်က မိသားစုအချင်းချင်း အိမ်ထောင် ပြုရန် ခွင့်ပြုခဲ့ပါသည် (၀တ်ပြု၊ ၁၈း၆-၁၈)။ ယနေ့ ညီအစ်ကို မောင်နှမ အချင်းချင်းကာမဆက်ဆံ ၍ သားသမီးရရှိခြင်း၏အကြောင်းသည် သူတို့က မိမိကာမဂုဏ်တပ်မက်မှုကို မချုပ်တည်းနိုင် ကြသောကြောင့်ဖြစ်သည်။ လူတွေက အခြားမိသားစုများနှင့် အိမ်ထောင်ပြု၍ သားသမီးထွန်းကား သောအခါ နှစ်ဘက်သောမိဘများသည် ကာမဂုဏ်နောက်သို့ လိုက်လျှောက်ခြင်းမဟုတ်ပေ။ ရာစုနှစ်များ တိုးတက်လာသည့်နှင့်အမျှ လူတွေ၏ညစ်ညမ်းသော အပြုအမူသည်လည်းတိုးတက် လာကာ မျိုးဆက် သစ် တစ်ခုမှတစ်ခုသို့ ရောဂါဆိုးများသည် အလွန်ကျယ်ပြန့်စွာ ကူးစက်လာ ခဲ့ပါသည်။ အာဒံနှင့်ဧ၀တို့မှာ ရောဂါဆိုးမရှိခဲ့ကြပေ။ သူတို့၏ဆွေစဉ်မျိုးဆက်၌လည်း ယခုကျွန်ုပ် တို့၌ ရှိသောရောဂါမျိုးကို အရှိခဲ့ကြပေ။ အာဒံနှင့် ဧ၀တို့ခေတ်ကာလတွင် ယခုချိန်ကဲ့သို့ ရောဂါဆိုးရှိလျှင် သူတို့သည် သားသမီးအနည်းငယ်ကိုသာ ထွန်းကားကြမည်ဖြစ်သည်။ သို့သော် သူတို့သည် သားသမီးများစွာ ထွန်းကားခဲ့သောကြောင့် သူတို့ခေတ်ကာလတွင် မိမိညီအစ်ကို မောင်နှမများနှင့် အိမ်ထောင်ပြုနိုင်ခဲ့ကြခြင်းဖြစ်သည်။
လိင်တူချင်းဆက်ဆံခြင်းသည် အပြစ်ဖြစ်သည်ဟု သမ္မာကျမ်းစာကဆက် ဆက် ဖော်ပြထားပါသည် (ကမ္ဘာ၊ ၁၉း၁-၁၃၊ ၀တ်ပြု၊ ၁၈း၂၂၊ ရောမ၊ ၁း၂၆-၂၇၊ ၁ကော၊ ၆း၉)။ ရောမ၊ ၁း၂၆-၂၇ တွင် လိင်တူဆက်ဆံခြင်းသည် ဘုရားသခင်၏စကားတော်ကို ငြင်းပယ်ခြင်း၊ နားမထောင်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ လူတွေက အပြစ်ပြု၍ မယုံကြည်မှုအားဖြင့်သာ အသက်ရှင်ကြသောအခါ ဘုရားသခင်က ထိုသူတို့အပေါ်တွင် သာ၍ဆိုးသွမ်းသော အပြစ်များကို စေလွှတ်ပါလိမ့်မည်။ သို့မှသာ သူတို့သည် ဘုရားသခင်နှင့်ကင်းကွာသောအသက်တာ၏ မျှော်လင့်ချက်ကင်းမဲ့ခြင်းကို သိရှိကြမည်ဖြစ်သည်။ ၁ကော၊ ၆း၉ တွင် ကာမဂုဏ်လွန်ကျူးသော သူတို့သည် ကောင်ကင်နိုင်ငံတော်ကို အမွေမခံရကြဟု ဖော်ပြထားပါသည်။
လူတစ်ဦးသည် လိင်တူဆက်ဆံခြင်းပြုရန် ဘုရားသခင်က လူသားများကို မဖန်ဆင်းခဲ့ပေ။ လူသားများသည် မိမိအပြစ်တရားနှင့် ကိုယ်တိုင်ရွေးချယ်မှုကြောင့် လိင်တူဆက်ဆံနေကြသည် (ရော၊ ၁း၂၄-၂၇) ဟု ဖော်ပြထားပါသည်။ လူတစ်ဦးသည် မွေးစကတည်းက လိင်တူဆက်ဆံလို စိတ်ရှိနိုင်သည်။ အခြားသူတစ်ဦးသည်လည်း ကြမ်းကြုတ်သောအလုပ်နှင့်တခြားအပြစ်များပြု လိုစိတ်ကို မွေးစကပင် ရှိတတ်သည်။ ၄င်းတို့အခြေအနေအမျိုးမျိုးကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုလ် တို့သည် အပြစ်ဒုစရိုက်၌ ကျင်လည်ရန်အတွက် မဟုတ်ပေ။ လူတစ်ဦးသည် အမျက်ဒေါသထွက် တတ်သော ဗီဇဖြင့် မွေဖွါးလျှင်လည်း ထိုသူသည် အချိန်တိုင်းအမျက်ထွက်နေလျှင် တရားမည် လော။ လုံးဝတရားလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူ လိင်တူကာမဂုဏ်လွန်ကျူးခြင်းသည်လည်း မွေးရာပါရောဂါဖြစ်သော်လည်း လိင်တူဆက်ဆံခြင်းလုံးဝ မပြုအပ်ပေ။
သို့ရာတွင် သမ္မကျမ်းစာထဲတွင် လိင်တူဆက်ဆံခြင်းသည် အခြားသောအပြစ်များထက် ပို၍ ကြီးမားသည် ဟု ဖော်ပြထားခြင်းမရှိပေ။ အပြစ်ဒုစရိုက်အားလုံးတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုသည်။ လိင်တူဆက်ဆံခြင်းသည် ၁ကော၊ ၆း၉-၁၀ ထဲတွင် ဖော်ပြထားသော အ ပြစ်များထဲမှ တစ်ခု အပါအ၀င်ဖြစ်သည်။ ထိုအပြစ်တရားက ဘုရားသခင်၏နိုင်ငံတော်နှင့်ဝေးကွာ စေပါသည်။ သမ္မာကျမ်းစာဖော်ပြချက်အရ ဘုရားသခင်၏ခွင့်လွှတ်ခြင်းတရားသည်လည်း လိင်တူဆက်ဆံသောသူများ၊ ပြည့်တန်ဆာလုပ်သောသူများ၊ ရုပ်တုကို ကိုးကွယ်သောသူများ၊ လူသတ်သမားများ၊ သူခိုးများ အတွက်ဖြစ်ပါသည်။ သခင်ယေရှုကို မိမိ ကယ်တင်ပိုင်ရှင်မဖြစ် ယုံကြည်သော သူတို့သည် လိင်တူဆက်ဆံခြင်း အပါအ၀င် အပြစ်တရားပေါ်တွင် အောင်မြင်ခြင်း ရရှိရန် ခွန်အားရရှိလိမ့်မည် ဟု ဘုရားသခင်က ဂတိတော်ထားခဲ့ပါသည် (၁ကော၊ ၆း၁၁၊ ၂ကော၊ ၅း၁၇၊ ဖိလိပ္ပိ၊ ၄း၁၃)
မိန်းမအနိုင်ကျင့်လုယူခြင်းအားဖြင့် ကာမဆက်ဆံခြင်းနှင့် ပတ်သက်၍ ၄င်းသည် အပြစ်ဖြစ်သည်/မဖြစ်သည်ကို သမ္မကျမ်းစာထဲတွင် တိကျစွာဖော်ပြထားခြင်းမရှိပေ။ မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြချက်ကို ကြည့်လျှင် ကမ္ဘာ၊ ၃၈း၉-၁၀ ၌ ဖော်ပြထားသောသြနန် အကြောင်းကို ကြည့်ရပေမည်ဖြစ်ပါသည်။ အချို့သောသူများက ဤကျမ်းပိုဒ်၏ဖော်ပြချက်သည် “သင်၏မျိုးစေ့ကို မြေပေါ်သို့ထွေးခြင်း” သည် အပြစ်ရှိသည် ဟု ဘာသာပြန်ဆိုထားပါသည်။ သို့ရာတွင် ဤကျမ်းပိုဒ်၏အဓိက ဖော်ပြလို သော အချက်သည် ထိုသို့မဟုတ်ပေ။ ဘုရားသခင်က သြနန်အား “မိမိမျိုးစေ့ကို မြေပေါ်သို့ထွေး ခြင်း” ကြောင့်မဟုတ်၊ သူသည် မိမိညီလေးအတွက် အမွေဆက်ခံခြင်းကို စီမံပေးရန် ငြင်းဆိုထား သောကြောင့် သေဒဏ်ခံခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်သည် မိန်းမအနိုင်ကျင်းလုယူခြင်းအားဖြင့် ကာ မဆက်ဆံခြင်း ကို ဖော်ပြလိုခြင်းမဟုတ်ဘဲ၊ မိသားစုတာဝန်ကို ပြီးပြည့်စုံစွာ မထမ်းဆောင်ခြင်းကို ဖော်ပြထားပါသည်။ ဒုတိယမြောက်သော ကျမ်းပိုဒ်သည် တခါတရံ မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်းသည် အပြစ်ဖြစ်သည် ဟု ထောက်ပြလိုခြင်းဖြစ်သည် (မဿဲ၊ ၅း၂၇-၃၀)။ သခင်ယေရှုက စိတ်နှလုံးသားထဲ၌ တပ်မက်သောစိတ်ရှိခြင်းသည်လည်း အပြစ်ဖြစ်သည် ဟုဖော် ပြထားပါသည်။ သခင်ယေရှုက “လက်ယာလက်ဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင်၊ ထိုလက်ကို ဖြတ်ပစ်လော့။” ဟု မိန့်တော်မူသည်။ ဤကျမ်းပိုဒ်သည် မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်းနှင့်တိုက်ဆိုင်မှုရှိသော်လည်း သခင်ယေရှုက ဤစကားကိုမိန့်ဆိုရာတွင် မိန်းမ အနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်းကို တိုက်ရိုက်ဖော်ပြလိုခြင်းမဟုတ်ပေ။
သမ္မာကျမ်းစာထဲတွင် မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်း သည် အပြစ်ရှိ သည် ဟု မျက်ဝါးထင်ထင်ဖော်ပြထားခြင်းမရှိပေ။ မည်သည့်အရာက မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်း အပြစ်ဖြစ်စေသည်ကို မေးမြန်ရန်မေးခွန်းလည်းအရှိပေ။ မိန်းမအနိုင်ကျင့်ခြင်း အားဖြင့် ကာမဆက်ဆံခြင်းသည် ကာမဂုဏ်တပ်မက်ခြင်း၊ စိတ်ထဲတွင်ကာမစိတ်ကို မဖြောက်ဖျက် နိုင်ခြင်း၊ အပြာဓါတ်ပုံအမြားအပြားကြည့်ခြင်း မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် မိန်းမနှင့် ကာမဆက်ဆံရာတွင် လွန်ကျူးမှုမရှိရန် အထက်ကဖော်ပြသော မကောင်းသော အကျင့်များကို ပယ်ဖျက်ရမည်ဖြစ်သည်။ ကာမဂုဏ်တပ်မက်သောစိတ်၊ ညစ်ညမ်းသောအတွေး အခေါ်များ၊ နှင့် အပြာဓါတ်ပုံများ စသည်တို့ကို စွန့်လွှတ်နိုင်လျှင် မိန်းမအနိုင်ကျင့်ခြင်းဖြင့်ကာမ ဆက်ဆံခြင်း ရှိ တော့မည်မဟုတ်ပေ။ မြောက်များစွာသော လူပုဂ္ဂိုလ်များက မိန်းမအနိုင်ကျင့်ခြင်း ဖြင့် ကာမဆက် ဆံလိုသောစိတ် တဖွါးဖွါး ရှိကြသည်။ ထို့ကြောင့်သူတို့ပြုသော အပြစ်တရားအ တွက် နောင်တ ရခြင်းရှိသင့်ပေသည်။
မိန်းမအနိုင်ကျင့်ခြင်းအားဖြင့်ကာမဆက်ဆံခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲ၌ ဖော်ပြ ထားသော နည်းဥပဒေသအချို့တို့ကို ကြည့်ကြပါစို့။ ဧဖက်၊ ၅း၃ တွင် “မတရားသောမေထုံ၌ မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊တို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်”ဟု ဖောပြထားပါသည်။ ကာမဆက်ဆံခြင်းအားဖြင့်စုံစမ်းခြင်းကို အောင်မြင်ကျော်လွှားနိုင်ရန် အလွန် ခက်ခဲသည်။ သမ္မာကျမ်းစာက “သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” ဟု ဖော်ပြထားပါသည်။ (၁ကော၊ ၁၀း ၃၁) ဘုရားသခင်၏ဘုန်းတော်ထင်ရှားမှုမဖြစ်စေသောအမှုအ ရာများကို လုံးဝအပြုအပ်ပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် မိမိပြုသောအမှုက ဘုရားသခင်ကို ၀မ်းမြောက်စေသည်ဟု သေချာစွာမသိလျှင်၊ ၎င်းသည် အပြစ်ဖြစ်သည်။ “ယုံသောစိတ်မရှိဘဲ ကျင့် သမျှသောအကျင့်တို့သည် အပြစ်ရှိကြသည်” (ရောမ၊ ၁၄း၂၃)။ ထပ်မံ၍၊ ကျွန်ုပ်တို့၏ခန္ဓာကိုယ် ကို ဘုရားသခင်၏ရွေးနှုတ်ပြီး၊ ဘုရားသခင်၏ပိုင်ဆိုင်မှုဖြစ်ကြောင်းကို သိရှိရန်လိုအပ်သည်။ “သင်တို့၏ခန္ဓာကိုယ်သည် ဘုရားသခင်ပေးသနားတော်မူသော ၀ိညာဉ်တော်တည်းဟူသော၊ သင် တို့အထဲ၌ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိကိုယ်ကိုယ်မိမိ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သော ကြောင့် ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။ “ (၁ကော၊ ၆း၁၉-၂၀) ကျွန်ုပ်တို့သည် ပြုလေသမျှသော အကျင့်တို့၌ ဤသမ္မာကျမ်းစာကို အမြဲတမ်း စွဲကိုင်ရမည်ဖြစ်သည်။ သမ္မာကျမ်းစာဖော်ပြချက်အ ရ၊ မိန်းမအနိုင်ကျင့်ခြင်းအားဖြင့် ကာမဆက်ဆံခြင်းသည် အပြစ်ဖြစ်သည်ဟု နိဂုံးချုပ်လိုက်ပါသည်။ မိန်းမအနိုင်ကျင့်ခြင်းဖြင့်ကာမဆက်ဆံခြင်းသည် ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေခဲ့ပေ။ ကိုယ်ကျင့်တရားလည်းပျက်ပြားစေပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ် အပေါ်ဘုရားသခင်၏ စုံစမ်း ခြင်းကိုလည်း အောင်မြင်ကျော်လွှားခြင်းမပေးနိုင်ပေ။