သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ “ဘုရားသခင်တည်ရှိသလား” ဟူသော မေးခွန်းနှင့် မတူပေ။ သခင်ယေရှုခရစ်တော်သည် တည်ရှိသလောဟူသော မေးခွန်းကို လူအနည်းငယ်ကသာ မေးမြန်းတတ်ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ဣသရေလလူမျိုးများကြားထဲတွင် သခင်ယေရှုသည် ဤလောက၌ စစ်မှန်သော လူသားတစ်ဦး အဖြစ် အသက်ရှင်ခဲ့သည်ကို ငြင်းဆိုဖွယ်ရာမရှိပေ။ သခင်ယေရှု၏ ဖြစ်ခြင်းအကြောင်းကို ဆွေးနွေးတိုင်ပင်သည့်အခါတိုင်းတွင် ငြင်းခုံမှုများ ရှိတတ်ကြသည်။ တခြားသော ဘာသာကြီးတို့သည် သခင်ယေရှုကို ပရောဖက်တစ်ပါး၊ ကောင်းသော ဆရာတပါး၊ သိက္ခာရှိသော ပုဂ္ဂိုလ်တပါးဖြစ်သည်ဟု သွန်သင်တတ်ကြသည်။ သခင်ယေရှုသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး နှင့် သိက္ခာရှိသော ပုဂ္ဂိုလ်တပါးထက် သာလွန်သည်ဟု သမ္မာကျမ်းစာက ပြောခဲ့ပါသည်။
C.S. Lewis က သူ၏စာအုပ် Mere Christiarity ထဲတွင် ဤသို့ ရေးသားထားခဲ့ပါသည်။ “သခင်ယေရှု အကြောင်းနှင့် ပတ်သက်၍ လူတွေပြောလေ့ရှိသော မိုက်မဲသော အရာတို့ကို ရပ်တန့်ရန် ကျွန်တော်ကြိုးပမ်းအားထုတ်ခဲ့သည်။ “ကျွန်တော်သည် သခင်ယေရှုကို ကြီးမားသော အကျင့်စာရိတ္တ သွန်သင်သောဆရာအဖြစ် ယုံကြည်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူကြွေးကြော်ခဲ့သောသူသည် ဘုရားဖြစ်ကြောင်းကို ကျွန်တော် မလက်ခံခဲ့ပေ။ ၄င်းခံယူချက်ကို ကျွန်ုပ်တို့ မဖွင့်ပြော အပ်သော စကားပဲဖြစ်ပါသည်။ သာမန်လူသားတစ်ဦးက သခင်ယေရှုသည် ကြီးမားသော အကျင့်စာရိတ္တသွန်သင်သူဟု ပြောခဲ့ လျှင် အဓိပ္ပာယ်မရှိပေ။ သူသည် စိတ်ဝေဒနာရှင် (သို့) ကြက်ဥကို ခေါက်ကွဲပြီး ရေနွေးထဲတွင် ကြိုချက်သော သူနှင့် တူပါလိမ့် မည်။ (သို့) သူသည် ငရဲကို အုပ်စိုးသူ နတ်မင်းကြီးပဲဖြစ်ပါသည်။ မိတ်ဆွေသည် ရွေးချယ်မှုပြုနိုင်သည်။ မိတ်ဆွေသည် သခင် ယေရှုကို ဘုရားသခင်၏ သားတော် (သို့) ရှုးသွတ်သောသူ (သို့) တခြားအပြစ်ဒုက္ခရိုက်ပြုသောသူဟု ပြောနိုင်ပါသည်။ သူ့ကို နတ်တစ်ယောက်အဖြစ် သတ်ပစ်နိုင်သည်။ သူ့ကို စံတွေးဖြင့်လည်း ထွေးနိုင်သည်။ သို့သော် အဓိပ္ပာယ်မရှိသော စကားဖြစ်သည့် သခင်ယေရှုသည် ကြီးမားသော ဆရာတပါးဖြစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အဆုံးမသတ်အပ်ပေ။ ကျွန်ုပ်တို့ စိတ်ထင်သည့်အတိုင်း သူ့ကို မတွေးတောအပ်ပေ။ သူသည် ကျွန်ုပ်တို့တွေးတောခြင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သခင်ယေရှုက မိမိကိုယ်ကို မည်သို့သော ပုဂ္ဂိုလ်အဖြစ် ကြွေးကြော်ခဲ့ပါသနည်း။ သူသည် မည်ကဲ့သို့ သော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သမ္မာကျမ်းစာက ပြောခဲ့သနည်း။ ပထမအနေနှင့် ယောဟန်၊ ၁၀း၃၀ ထဲတွင်ရှိသော သခင်ယေရှု၏ စကားများကို ကြည့်ကြပါစို့။ “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတ၀ဖြစ်၏။” နက်နဲစွာ စဉ်းစားခြင်းမရှိပဲ ကြည့်သော် သူသည် မိမိ ကိုယ်ကို ဘုရားဖြစ်ကြောင်းကို ကြွေးကြော်ခြင်းနှင့်မတူပေ။ သို့သော် ဤဖော်ပြချက်အပေါ် ယုဒလူတို့၏ တုန့်ပြန်မှုကို ကြည့်ကြ ပါစို့။ “ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်၊ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်၏ ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောကြောင့် ခဲနှင့် ပစ်မည်ဟု ဆိုကြ၏” (ယောဟန်၊ ၁၀း၃၃)။ သခင်ယေရှု၏ ဖော်ပြချက်တို့သည် သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်းဖြစ်ကြောင်းကို ယုဒလူတို့က သိရှိခဲ့ကြသည်။ အောက်တွင် ဖော်ပြထားသော ကျမ်းပိုဒ်တို့ကိုကြည့်လျှင် ယုဒလူတို့ပြောသော စကားကို သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ သူက “ငါသည် ဘုရားသခင် မဟုတ်ပေ” ဟု မပြောခဲ့ပေ။ သခင်ယေရှုက သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်ခြင်းကို “ငါသည် ငါခမည်းတော်နှင့် တလုံးတ၀တည်းဖြစ်သည်” ဟူသော အချက်အားဖြင့် သိရှိနိုင်ပါသည်” (ယော၊ ၁၀း၃၀)။ ယောဟန်၊ ၈း၅၈ သည် တခြားသော ဥပမာတစ်ခုပင်ဖြစ်သည်။ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ အားဗြမာမဖြစ်မှီ ငါဖြစ်၏” ဟု မိန့်တော်မူ ခဲ့သည်။ ထို့ကြောင့် ယုဒလူမျိုးတို့သည် ကျောက်ခဲကို ယူ၍ သခင်ယေရှုကို သတ်ပစ်ရန် ကြိုးစားပြန်ပါသည်။ ယောဟန်၊ ၈း၅၉ တွင် သခင်ယေရှုက “ငါ” ဟု ပြောဆိုခြင်းသည် ဓမ္မဟောင်းထဲ၌ ရှိသော ဘုရားသခင်၏ နာမတော်ကို ဖြစ်သဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို ရည်ညွှန်းလိုခြင်းဖြစ်မည် (ထွက်၊ ၃း၁၄)။ သခင်ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ပြစ်မှားကြောင်း ကြွေးကြော်သည်ကို ယုဒလူတို့သည် မယုံကြည်လျှင် အဘယ်ကြောင့် ယုဒလူတို့က သူ့ကို ခဲဖြင့် သတ်ပစ်လိုကြပါသတည်း။ ယောဟန်၊ ၁း၁ တွင် “နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ယောဟန် ၁း၁၄ ထဲတွင် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူမည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိုခြင်းဖြစ်ပါသည်။ သောမက “အကျွန်ုပ်၏အရှင်၊ ဘုရားသခင်” ဟု ၀န်ခံခဲ့ ပါသည် (ယောဟန်၊ ၂၀း၂၈)။ သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ တမန်တော်ရှင်ပေါလုက သခင်ယေရှုကို “ကျွန်ုပ်တို့၏ မြင့်မြတ်သော ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်” (တိ၊ ၂း၁၃) ဟု ဖော်ပြထားပါသည်။ တမန်တော် ရှင်ပေတရု ကလည်း “ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၊ သခင်ယေရှုခရစ်တော်” ဟု ဖော်ပြထားပါသည် (၂ပေ၊ ၁း၁)။ ခမည်းတော် ဘုရားသခင်ကလည်း သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သူကိုယ်တိုင်က လုံးဝ အသိအမှတ်ပြုခဲ့ပါသည်။ သို့သော် သားတော်နှင့် ပတ်သက်၍ သူက “ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်သည် အစဉ်ထာဝရတည်မြဲပါစေ။ ဖြောင့်မတ်ခြင်း တရားသည်လည်း ကိုယ်တော်၏ နိုင်ငံတော် အုပ်စိုးသော သန်လျက်ဖြစ်ပါစေ”။ ဓမ္မဟောင်းကျမ်းထဲတွင် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်းကို ကြွေးကြော်ခဲ့ပါသည်။ အကြောင်းမူကား၊ ငါတို့ အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ကြဖွယ်၊ တိုင်ပင်ဘက်၊ တန်းခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည် (ဟေရှာ၊ ၉း၆)။
ထို့ကြောင့် C.S. Lewis က သခင်ယေရှုသည် ကောင်းသော ဆရာတပါးအဖြစ် ယုံကြည်ခြင်းသည် မှားယွင်း သည် ဟု ပြောခဲ့ပါသည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းကို တိကျ၍ ငြင်းဆို၍ မရပေ။ သခင်ယေရှုသည် ဘုရားသခင် မဟုတ်လျှင် သူသည် လိမ်လည်သူပဲဖြစ်ပါသည်။ သူသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး၊ လူကြီးလူကောင်း တယောက်သာ မဟုတ်ပေ။ သခင်ယေရှုပြောကြားခဲ့သော စကားကို ဘေးချိတ်၍ မျက်မှောက် “ပညာရှင်များ” ကြွေးကြော်သော “စစ်မှန်သော သခင်ယေရှုသမိုင်း” သည် သမ္မာကျမ်းစာ ဖော်ပြချက်နှင့် မကိုက်ညီသောအရာ များစွာရှိပါသည်။ သခင်ယေရှု ပြောခြင်း (သို့) မပြောခြင်း နှင့် ပတ်သက်၍ နှုတ်ကပတ် တရားတော်ကို စောဒကတက်၍ ကျွန်ုပ်တို့သည် မည်သို့သော ပုဂ္ဂိုလ် များ ဖြစ်ကြပါသနည်း”။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခုနှစ်ခန့်က သခင်ယေရှု ပြောခဲ့သောအရာ (သို့) မပြောခဲ့သော အရာတို့ကို မျက်ဝါးထင်ထင် မြင်တွေ့၍ သခင်ယေရှုနှင့် အသက်ရှင်ပြီး၊ သူ့ကို အစေခံကာ၊ သူ့ထံ နည်းခံသော သူတို့၏ စကား ကို “ပညာတတ်ပုဂ္ဂိုလ်” များက မည်သို့ ဖယ်ရှားနိုင်မည်နည်း။
သခင်ယေရှု၏ အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်သည်။ (သို့) မဖြစ်သည်ဟူသော မေးခွန်းကို ဆွေးနွေးရန် အဘယ့်ကြောင့် လိုအပ်သနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြင်ရန် အချက်သည် သူသည်ဘုရားသခင်မဟုတ်ခဲ့လျှင်၊ သူ၏ အသေခံခြင်းသည် လောကသားတစ်ခုလုံး၏ အပြစ်များ ပေးဆပ်ရန် မလုံလောက်ပေ ဟူသော အချက်ပဲဖြစ်ပါသည် (၁ယော၊ ၂း၂)။ ဘုရားသခင်သာလျှင် ထိုသို့သော ပြစ်ကြွေးပေးဆပ်ခြင်းအမှုကို ပြုနိုင်သည် (ရောမ၊ ၅း၈၊ ၂ကော၊ ၅း၂၁)။ ကျွန်ုပ်တို့၏ ပြစ်ကြွေးများ ပေးဆပ်ရန် သခင်ယေရှုသည် ဘုရားသခင်ဖြစ်ရမည်ဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူသားတစ်ဦးဖြစ်ရန် လိုအပ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိခြင်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားဖြစ်ခြင်းသည် သူသာလျှင် ကယ်တင်ခြင်းလမ်းဖြစ်ခြင်းကို ပြသခဲ့သည်။ သခင်ယေရှုက ဤသို့ပြောသော ကြောင့် သူသည် ဘုရားသခင်ဖြစ်ပါသည်။ “ငါသည် ကမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ဘုရားသခင်ထံသို့ မရောက်ရ” (ယောဟန်၊ ၁၄း၆)။
ဘုရားသခင်ရှိပါသလား၊ ဤငြင်းခုံမူသည် အာရုံစူးစိုက်ရန်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ နောက်ဆုံးရရှိသော သတင်းသည်ယနေ့ကမ္ဘာပေါ်တွင်ရှိသော ၉၀%က ဘုရားသခင်ရှိကြောင်း (သို့) သူသည် သာလွန်သောတန်ခိုးရှိကြောင်းကို ယုံကြည်ကြသည်။ တစ်ဖက်တွင် ဘုရားသခင်ရှိသည်ဟုယုံကြည်သောသူတို့သည် သူအမှန်တယ်ရှိကြောင်းကို သက်သေပြရန် လိုအပ်ပေသည်။ ကောင်းမွန်စွာ သက်သေမပြနိုင်လျှင် အတွေးအခေါ်သက် သက်ပဲဖြစ်ပါလိမ့်မည်။
သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေမပြနိုင်ပေ။ (သို့) သက်သေလည်းပြနိုင်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ရှိကြောင်းကို ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု မိန့်ဆိုထားပါသည်။ “ယုံကြည်ခြင်းမရှိ လျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံသို ချဉ်းကပ်သော သူတို့သည် ဘုရားသခင် ရှိတော်မူသည်၎င်း၊ ကိုယ်တော်ရှာသောသူအား အကျိုးပေးတော်မူသည်၎င်း ယုံကြည်ရမည်” (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင် အလိုတော်ရှိပါက လောကတခုလုံးတွင် သူရှိကြောင်းကို ဖွင့်ပြော၍သက်သေထူနိုင်ပါသည်။ သို့သော် သူသည်ထိုသို့ပြုလျှင် ယုံကြည်ခြင်းလိုအပ်တော့မည်မဟုတ်ပေ။
“ယေရှုကလည်း၊ သင်သည် ငါကိုမြင်သောကြောင့် ယုံကြည်ခြင်းရှိ၏။ ငါ့ကိုမမြင်ပဲယုံသောသူတို့သည် မင်္ဂလာရှိကြ ၏” ဟု မိန့်တော်မူ၏ (ယောဟန်၊ ၂၀း၂၉)။
သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေအထောက်အထားမရှိသည်ကို မဆိုလိုပေ။ သမ္မာကျမ်းစာက “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအရေတော်ကိုကြားပြော၍၊ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သော အရာ များကိုပြသ၏။ တနေ့ကိုတနေ့်မြွက် ဆို၍၊ တညဉ့်ကိုညဉ့်သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့နှုတ်ထွက် သံကိုမကြားရသော်လည်း သူတို့၏အသံသည် မြေတပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်း တိုင်အောင် ရောက်လေ၏ ” (ဆာ၊ ၁၉း၁-၄)။ ကြယ်တာယာများကို ကြည့်ခြင်း၊ စကြာဝဌတခုလုံး၏ကြီးမားမှုကို သိရှိခြင်း၊ သဘာဝတရား၏ အံဩမှုကိုလေ့လာခြင်း၊ နေ၀င်ခြင်း၏လှပမှုမြင်ကွင်းကို မြင်တွေ့ခြင်းစသော အချက်တို့သည် ဖန်ဆင်းခြင်းရှိကြောင်းကို ညွှန်ပြသည်။ ဤသက်သေပြချက်ကို လုံလောက်မူမရှိလျှင် ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဘုရားသခင်ရှိကြောင်း ကို သက်သေပြနိုင်ပါသည်။ ဒေသနာ၊ ၃း၁၁ က “…လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ” ဟု မိန့်ဆို ထားပါသည်။ ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဤဘ၀လွန်သွားလျှင် နောင်ဘ၀ရှိသည်ကို၎င်း၊ ဤလောကလွန်သွားလျှင် လော ကရှိသေးသည်ကို၎င်း၊ အသိအမှတ်ပြုနိုင်သည်။ ဤသိရှိခြင်းပညာကို ကျွန်ုပ်တို့ငြင်းဆိုနိုင်ပါသည်။ သို့သော ကျွန်ုပ်တို့ထဲ၌ ဘုရားသခင်ရှိသည်ကို၎င်း၊ ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်အလုပ်လုပ်သည်ကို၎င်း တွေ့ရှိနိုင်သည်။ ထို့ပြင် လူတချို့တို့ သည် ဘုရားသခင်တည်ရှိခြင်းကို ငြင်းဆိုနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် မိန့်ဆိုချက်ကို တွေ့နိုင်ပါမည်။ “ဘုရားသခင် မရှိဟု မိုက်မဲသောသူတို့သည် ထင်တတ်ကြ၏ ” (ဆာ၊ ၁၄း၁)။ ၉၀%သော ပုဂ္ဂိုလ်တို့သည် သူတို့၏သမိုင်း၌ဖြစ်စေ၊ ယဉ်ကျေးမူ၌ဖြစ်စေ၊ လူမူရေး၌ဖြစ်စေ၊ နယ်မြေဒေသ၌ဖြစ်စေ ဘုရားသခင်ရှိကြောင်းကို ယုံကြည်တတ်ကြသည်။ ထိုသို့ ယုံကြည်ရန် တစ်စုံတစ်ခု( သို့) တစ်ဦးတစ်ယောက်က သွန်သင်သောကြောင့်ဖြစ်နိုင်သည်။
ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာငြင်းခုံမူထဲမှ အတွေးခေါ်နှင့်ပတ်သက်သော ငြင်းခုံမူကို ကြည့်ကြပါစို့၊ ပထမအနေနှင့် ontological argument ဟု ခေါ်သော ဘုရားသခင်တည်ရှိခြင်းကို သက်သေပြခြင်းဖြစ် သည်။ ဤသက်သေပြခြင်းက ဘုရားသခင်တည်ရှိခြင်း သက်သေထူရန် ဘုရားသခင်နှင့် ပတ်သက်သော ယူဆချက်ကို အသုံးပြုသည်။ ၎င်းက “ဘုရားသခင်ထက် ကြီးမြတ်သောသူမရှိ ” ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် အစပြုထားပါသည်။ တည်ရှိခြင်းသည် မတည်ရှိခြင်းထက်သာ၍ ကြီးမားသည်ဟူသော သက်သေပြချက်ဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးသော ဖန်ဆင်းရှင်ရှိရမည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်သည် မရှိခဲ့လျှင် ဘုရားသခင်သည် အကြီးမားဆုံးသော သူမဖြစ်နိုင်ပေ။ ဘုရားသခင်၏ဖြစ်ခြင်းအနက် ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မည်။ ဒုတိယအချက်သည် teleogical argument ဟု ခေါ်သော ဖန်ဆင်းပြုပြင်သူရှိသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ၎င်းက စကြာဝဌာတစ်ခုလုံး သည် အံ့ဩဖွယ်သော အနေအထားဖြင့် လှပစွာတည်ရှိသောကြောင့် ပုံစံရေးသူရှိရမည်ဟု ယုံကြည်ကြသည်။ ဥပမာအား ဖြင့်၊ ကမ္ဘာသည် နေမှမိုင်ပေါင်းလေးရာ (သို့) ထိုထက်ဝေးလံလျှင် ယခုမျက်မှောက်ကာလတွင် ၎င်း၏လုပ်ဆောင်ချက်အ တိုင်း အသက်ရှိသော သူများ ရှင်သန်နိုင်ရန် ထောက်ပံ့နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့နေထိုင်သော ပတ်ဝန်ကျင်တွင် ပြောင်းလဲမူအနည်းငယ် ရာခိုင်းနှုန်းပေါ်ပေါက်လာပါက လောက၌ရှိသော သက်ရှိသတ္တ၀ါအလုံးတို့သည် သေကုန်ကြပါလိမ့်မည်။ ပရိုတင်း မော်လီကြူး တစ်ခုထုတ်လုပ်နိုင်ရန် တကြိမ်လျှင် ၁၀၂၄၃ လိုအပ်သည်။ (၎င်းသည် ၁၀ ပြီးနောက် ၂၄၃ 0’s တို့က လိုက်လာခြင်းဖြစ်သည်)။ ဆဲလ်တခုသည် သန်းနှင့်ချီသော ပရိုတင်မော်လီကြူတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ တတိယငြင်းခုံမူသည် Cosmologocal ဟုခေါ်သော ကမ္ဘာလုံးနှင့်ပတ် သက်သော သက်သေပြသခြင်းပင်ဖြစ်သည်။ ဖြစ်ပျက်မူဟူသမျှသည် အကြောင်းတရားဖြစ်သည်။ ဤစကြာဝဌာတခုလုံးနှင့် ၎င်း၏အ ထဲ၌ရှိသော အရာအားလုံးတို့သည် အကြောင်းတရားတခုဖြစ်သည်။ အရာခပ်သိမ်းဖြစ်လာရန် ဖန်တီးပေးသော တစ် ယောက်ရှိသည်။ နောက်ဆုံးအနေဖြင့်၊ အရာခပ်သိမ်းဖြစ်လာရန်အတွက် “ဖန်ဆင်းခြင်း” မခံသောသူတစ်ဦးရှိရမည်။ ထို “ဖန်ဆင်းခြင်း” မခံရသောသူသည် ဘုရားသခင်ပင် ဖြစ်လေသည်။ စတုတ္ထမြောက်ငြင်းခုံမူသည် Moral argument ဟု ခေါ် သော အကျင့်စာရိတ္တပိုင်းဆိုင်ရာ သက်သေပြသခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်ကြည့်လျှင် ယဉ်ကျေးမူအားလုံးက ဥပဒေပုံစံရှိ ကြသည်။ လူတိုင်းက အမှားအမှန်ဟူသော ခံယူချက်ရှိကြပါသည်။ သတ်ခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်းနှင့် အကျင့်စာရိတ္တပျက် ပြားခြင်းတို့ကို လူတိုင်းက မနှစ်သက်ကြပေ။ အမှားနှင့်အမှန် သိရှိနိုင်သော ပညာသည် သန့်ရှင်းသောဘုရားသခင်ထံမှ လွှဲ ၍ မည်သည့်အရပ်မှလာသနည်း။
ထို့ပြင် လူတို့သည် ဘုရားသခင်ထံမှလာသော စစ်မှန်သည့်တရားကို ငြင်းပယ်၍ လိမ်ညာမူကိုသာ ယုံကြည်ကြ လိမ့်မည်ဟု သမ္မာကျမ်းစာက ပြောထားပါသည်။ ရောမ၊ ၁း၂၅ က “လူတို့သည် မှန်သောဘုရားသခင်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍၊ ဖန်ဆင်းအပ်သောအရာကို ၀တ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင် သည် ထာဝရမင်္ဂလာရှိတော်မူ၏ “အာမင်” ဟု မိန့်ဆိုထားပါသည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်ခြင်းသည် အပြစ် တင်ခြင်းနှင့်မလွှတ်ကြောင်း သမ္မာကျမ်းစာက မိန့်ဆိုထားပါသည်။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာ များကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုန်းနိုင်ရာ” (ရောပ၊ ၁း၂၀)။
“သိပံ္ပနည်းကျကျ” နှင့် “မျက်ဝါးထင်ထင်သက်သေထူရန်” မရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို မယုံကြည်ကြောင်းပြောလေ့ရှိပါသည်။ လူသည် ဘုရားသခင်ရှိသည်ဟု သိရှိဝန်ခံသည်နှင့်တပြိုင်နက်၊ သူတို့သည် ဘုရား သခင်ထံသို့ လုပ်ဆောင်ရန်တချို့ရှိကြောင်းနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းလိုအပ်ကြောင်းကို သိရှိရန်လိုအပ်သည် (ရောမ၊ ၃း၂၃၊ ၆း၂၃)။ ဘုရားသခင်တည်ရှိလျှင် ကျွန်ုပ်တို့သည် သူထံရိုသေလေးမြတ်မူတခုခုပြုရပေမည်။ ဘုရားသခင် မရှိလျှင် ကျွန်ုပ်တို့သည်ဘုရားသခင်၏တရားစီရင်ခြင်းကို ကြောက်ရွံ့ခြင်းမရှိပဲ မိမိနှစ်သက်သောအရာတို့ကို ပြုနိုင်ပါသည်။ ထိုကြောင့် လူပေါင်းများစွာက တရားစီရင်ခြင်းမှ လွက်မြောက်လိုသောကြောင့် လူသားသည် ခေတ်အဆက်ဆက်တိုး တတ်လာခြင်း မှဖြစ်လာသူဟူသော ခံယူချက်ကို စွဲကိုင်လျှက် ဖန်ဆင်းရှင်ဘုရားသခင်တည်ရှိကြောင်းကို လုံးဝမလက်ခံနိုင် တော့ပေ။ တည်ရှိသောဘုရားသခင်ကို နောက်ဆုံးတွင်သူတည်ရှိကြောင်းကို လူတွေကသိရှိခဲ့ကြသည်။ တချို့သောသူတို့သည် ဘုရားသခင်မရှိ သည်ဟု မိုက်မဲ့စွာငြင်းခုံလိုခြင်းသည် အကျိုးမဲ့ အနတ္တသက်သက်ငြင်းခုံခြင်းပင်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဘုရားသခင်တည်ရှိကြောင်းကို သက်သေပြပါရစေ။ ဘုရားသခင်တည်ရှိကြောင်းကို မည့်သို့ သိရှိနိုင်မည်နည်း။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို နေ့တိုင်းစကားပြောကြသောကြောင့် သူရှိသည်ကို သိရှိခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏စကားပြောခြင်းကို ဇာတိနားဖြင့်မကြားသော်လည်း သူ၏အတူပါ ရှိမူကို ကျွန်ုပ်တို့ခံစားသိရှိနိုင်သည်။ သူ၏သွန်သင်လမ်းပြခြင်းကို ကျွန်ုပ်တို့ခံစားနိုင်သည်။ သူ၏မေတ္တာကို ကျွန်ုပ်တို့သိရှိနိုင်သည်။ သူ၏ ကျေးဇူးတော်ကိုလည်း ကျွန်ုပ်တို့လိုချင်တောင့်တကြသည်။ လူတွေကတောင်မဖြေရှင်းပေးနိုင်သောပြသနာ များ ကို ဘုရားသခင်က သာ ဖြေရှင်းပေးနိုင်သော အဖြစ်အပျက်များ စွာတို့ကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အံ့ဩဖွယ်ရာနိမိတ်လက္ခဏာဖြင့် ကယ်တင်ခဲ့၍ ကျွန်ုပ်တို့ အသက်တာ ကိုလည်းပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို လုံးဝမကူညီနိုင်ခဲ့ပေ။ သို့သော် သူ၏တည်ရှိ ခြင်းကို အသိအမှတ် ပြု၍ ချီးမွမ်းရန်သာလိုအပ်သည်။ အထက်၍ဖော်ပြထားသော ငြင်းခုံမူက ဘုရားသခင်တည်ရှိကြောင်းကို တိကျစွာ အသိအမှတ်ပြုနိုင်ရန် ငြင်းဆိုသောသူတို့ကို လုံးဝဖျားယောင်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်တည်ရှိ ကြောင်းကို ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဖြစ်သည် (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှောင်ထုထဲတွင် ခုန်ချသောမျက်စိကန်းသောသူကဲ့သို့မဟုတ်ပေ။ ၉၀% သော ပုဂ္ဂိုလ်တို့ဝင်ရောက်ခဲ့ သောအခန်းသို့ ရောင်ရဲ့စွာချီတတ်ခြင်းပင်ဖြစ်သည်။
“ငါသည် ဘုရားသခင်ဖြစ်သည်” ဟု သမ္မာကျမ်းစာထဲတွင် သခင်ယေရှုပြောခဲ့သော စကားကိုမတွေ့ရပေ။ သို့သော် သူသည်ဘုရားသခင်ဖြစ်ကြောင်း မကြွေးကြော်ခြင်းကို မဆိုလိုခဲ့ပေ။ ရှင်ယောဟန်၊ ၁၀း၃၀ တွင်ဖော်ပြထားသော သခင်ယေရှု၏စကားကို ဥပမာအဖြစ်ကြည့်ကြပါစို့။ “ငါနှင့်ငါ့ခမည်းတော်သည်တလုံးတ၀ဖြစ်၏”။ မစဉ်းစားပဲကြည့်လိုက်လျှင် ထိုစကားလုံးတို့သည် သခင်ယေရှုက ဘုရားဖြစ်ကြောင်းကြွေးကြော်လိုခြင်းနှင့်မတူပေ။ ထို့ပြင် စကားလုံးတို့သည် သခင်ယေရှုကိုဆန့်ကျင်သော စကားလုံးကို တဖန်ကြည့်ကြပါစို့။ “ယုဒလူတို့က၊ ကောင်းသော အမူကြောင့်ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျှက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကြူးသော စကားကြောင့် ခဲနှင့်ပစ် မည်ဟုဆိုကြ၏ ” (ယောဟန်၊ ၁၀း၃၃)။ ယုဒလူတို့က သခင်ယေရှုသည် မိမိကိုယ်ကိုဘုရားဖြစ်သည်ကို ကြွေးကြော်ခဲ့သည်ကို သိရှိသည်။ ကျန်သောအပိုဒ်တို့ကို ကြည့်လျှင် ယုဒလူမျိုးများပြောဆိုခဲ့သောစကားကို သခင်ယေရှု က “ငါသည် ဘုရားသခင်ဖြစ်သည်သည်ဟုကြွေးကြော်ခြင်းမဟုတ်ပေ” ဟု မပြောခဲ့ပေ။ သခင်ယေရှုက သူသည်စစ်မှန် သော ဘုရားသခင်ဖြစ်ကြောင်း ထိုအရာက သက်သေပြသသည်။ “ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတ၀ဖြစ်၏ ” (ယောဟန် ၁၀း၃၀) ဟုပြောဆိုခဲ့ပါသည်။ ရှင်ယောဟန်၊ ၈း၅၈ သည် တခြားသောဥပမာဖြစ်ပါသည်။ သခင်ယေရှုက “ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံ မဖြစ်မှီငါဖြစ်၏ ” ဟုမိန်တော်မူခဲ့သည်။ ထို့ကြောင့် ယုဒလူမျိုးများက ကျောက်ခဲကို တဖန်ယူ၍ သခင်ယေရှုကို သတ်ပစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည် (ယောဟန်၊ ၈း၅၉)။ သခင်ယေရှုသည် ယုဒလူမျိုး များ ပြစ်တင်ဝေဖန်ချက်ဖြစ်သော ဘုရားသခင်အဖြစ် မိမိကိုယ်ကို မကြွေးကြော်ခဲ့လျှင် အဘယ်ကြောင့် ယုဒလူမျိုးတို့က သူ့ကိုသတ်ပစ်ရန် ကြိုးပမ်းရမည်နည်း။
ယော၊ ၁း ၁ ထဲတွင် “နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ယော၊ ၁း၁၄ ထဲတွင် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူခဲ့သည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ခြင်းကို သေချာစွာ ညွှန်ပြခဲ့ပါသည်။ တ၊ ၂၀း၂၈ တွင် “သင်တို့သည် ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ၀ယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသော ၀ိညာဉ်တော် သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတောမူသော သိုးစုတစုလုံးကို သတိနှင့်ကြည်ရှုကြလော့” ဟု မိန့်ဆိုထားပါသည်။ အသင်းတော်ကို မည်သည်က အသွေးတော်ဖြင့် ရွေးနှုတ်ကယ်တင်ခဲ့သနည်း။ သခင်ယေရှုခရစ်တော်အားဖြင့် ရွေးဝယ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ကြောင် သခင်ယေရှုသည် ဘုရားသခင်ဖြစ်သည်။
တပည့်တော် သောမကလည်း သခင်ယေရှုကို ဤသို့ပြောခဲ့ပါသည်။ “အကျွန်ုပ်၏အရှင်၊ ကျွန်ုပ်၏ဘုရားသခင်” (ယောဟန်၊ ၂၀း၂၈)။ သခင်ယေရှုက အမှားမပြုပြင်ခဲ့ပေ။ တိတု၊ ၂း၁၃ ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ကယ်တင်ရှင်ကြွလာ သော အချိန်ကိုစောင့်ဆိုင်ရန် တိုက်တွန်းထားပါသည် (၂ပေ၊၂း၂ ကို ကြည့်ပါ)။ ဟေဗြဲ၊ ၁း၈ ထဲတွင် ခမည်းတော်က သခင် ယေရှုအား ဤသို့ပြောခဲ့သည်။ “ သားတော်တို့ကား၊ အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ ”
ဗျာဒိတ်ကျမ်းထဲတွင် ကောင်းကင်တမန်များက တမန်တော်ယောဟန်အား ဘုရားသခင်ကိုကိုးကွယ်ရန် ညွှန်ကြားခဲ့ပါသည် (ဗျာ၊ ၁၉း၁၀)။ အကြိမ်ပေါင်းများစွာ နှုတ်ကပတ်တော်ထဲတွင် သခင်ယေရှုသည် ကိုးကွယ်ခြင်းကို ရရှိခဲ့သည် (မဿဲ၊ ၂း၁၁၊ ၁၄း၃၃၊ ၂၈း၉၊ ၁၇၊ လု၊ ၂၄း၅၂၊ ယော၊ ၉း၃၈)။ လူတွေက သခင်ယေရှုကို ကိုးကွယ်သောအခါ သူကမတားမြစ်ခဲ့ပေ။ သခင်ယေရှုသည် ဘုရားမဟုတ်ခဲ့လျှင် ဗျာဒိတ်ကျမ်းထဲတွင် ကောင်းကင်တမန်များ ပြောသည့်အ တိုင်း လူတွေက သူ့ကိုမကိုးကွယ်ရန် ပြောခဲ့မည်ဖြစ်ပါသည်။ သခင်ယေရှုသည် ဘုရားဖြစ်ကြောင်း သမ္မာကျမ်းစာထဲ၌ရှိ သော ကျမ်းပိုဒ်များစွာတွင်တွေ့ရသည်။ အရေးကြီးဆုံးသော ယူဆချက်သည် သခင်ယေရှုသည် ဘုရားသခင်မဟုတ်ခဲ့လျှင် လောကသားတစ်ခုလုံးတို့အတွက် သူပေးဆပ်ခဲ့သော အသွေးတော်သွန်းလောင်းခြင်းကို လုံးဝလုံလောက်မည်မဟုတ်ပေ (၁ ယော၊ ၂း၂)။ ဘုရားသခင်တဦးတည်းသာလျှင် အပြစ်ကြွေးများပေးဆပ်နိုင်ပါသည်။ ဘုရားသခင်တပါးတည်းသာလျှင် လောကီသားတို့၏အပြစ်များကို ယူဆောင်နိုင်ပါ၍ (၂ကော၊ ၅း၂၁) အသေခံနိုင်ပြီး အပြစ်တရားနှင့် သေခြင်းတရားအပေါ် အောင်မြင်ခြင်းရှိကြောင်းကို သက်သေပြရန် သေခြင်းမှရှင်ပြန်ထမြောက်နိုင်သည်။
ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ တည်ရှိခြင်းကို နည်းလမ်း (၃) ခုဖြင့်ဖွင့်ပြထားပါသည်။ ၎င်းတို့မှာ ဖန်ဆင်းခြင်း၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏သားတော် ယေရှုခရစ်တော်တို့ဖြစ်ကြသည်။
ဘုရားသခင်တည်ရှိခြင်းကို သူဖန်ဆင်းခဲ့သောအရာများကြည့်ခြင်းအားဖြင့် သက်သေပြနိုင်ပါသည်။ “အဘယ် သို့ နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော် ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့ သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ” (ရောမ၊ ၁း၂၀)။ “မိုးဃ်ကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသားရေတော်ကို ကြား ပြာ၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏ ” (ဆာ၊ ၉၀း၁)။
မိတ်ဆွေသည် လယ်ကွင်းတခု၏အလယ်တွင် လက်ပတ်နာရီတခုတွေ့ခဲ့လျှင် ဤလက်ပတ်နာရီဖြစ်သည် သူအလိုလျောက် “ပေါ်လာ” သည်(သို့) ဖန်ဆင်းသူမရှိပဲ အမြဲတမ်းရှိသော လက်ပတ်နာရီဖြစ်သည်ဟု တွေးတောရလိမ့်မည်မဟုတ်ပေ။ ၎င်းနာရီ၏လှပမူကိုသိပြီး၊ ဖန်ဆင်းသူရှိရလိမ့်မည်ဟု မိတ်ဆွေတွေးတောနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ထိုထက်မက သာ၍ကြီးမားသော လှပသည့်ရှုခင်းတို့ကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏အချိန်တိုင်းတာမူသည်လက်ပတ်နာရီကြောင့်မဟုတ်ပေ။ သို့သော် ဘုရားသခင်၏လက်ယာတော်ကြောင့်ပင်ဖြစ်သည် ထို့လက်ယာတော်သည် ကမ္ဘာလုံးကြီး ၏ လှည့်ပတ်ရွေ့လျားခြင်းပင်ဖြစ်သည်။ (၎င်းရွေ့လျားသောအရာဝတ္တု၏အလေးချိန်သည် ၁၃၃ အက်တော်မ်ရှိသည်)။ စကြာဝဌာ တခုလုံးက လှပသောလက်ယာတော်ကို ပြသခဲ့သည်။ ထို့ကြောင့် ၎င်းကကြီးမားသော ဖန်ဆင်းရှင်ရှိရလိမ့်မည် ဟု ဖော်ပြထား ပါသည်။
မိတ်ဆွေသည် လျှို့ဝှက်ချက်တခုကို မြင်တွေ့ခဲ့လျှင် ထို့လျှို့ဝှက်ချက်ကို သိရှိရန် မိတ်ဆွေကြိုးပမ်းမည်ဖြစ်ပါ သည်။ ထို့လျှို့ဝှက်ချက်ဖန်တီးရေးသားသောသူသည် အတွေးအခေါ်ထက်မြက်သောသူဖြစ်သည်ဟု မိတ်ဆွေယူဆနိုင်ပါ သည်။ DNA “ပုဒ်ဆာ” သည် မည်မျှခက်ခဲ့သနည်း။ ၎င်းကိုသိရှိရန် ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကြွက်သားများစွာ အသုံးပြုရန်လို အပ်သည်။ DNA ၏ ရှုတ်ထွေးမူနှင့်လေးနက်မူတို့သည် ညာဉ်စမ်းပိုဒ်စာရေးထားသော ညာဏ်ကောင်းသည် စာရေးသူကြောင့် မဟုတ်လော့။
ခပ်သိမ်းသောအရာတို့ကို မိမိအချိန်တန်မှလျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ ၌ စွဲလမ်းစေတော်မူပြီး။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမူကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင် (ဒေသ၊ ၃း၁၁)။ လူတွေ၏စိတ်ထဲတွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော သာ၍ကောင်းမွန်သော ဘ၀ရှိသော သသည်ကို၎င်း၊ ဤလောကအရာများထက်သာ၍ ကြီးမြတ်သောသူရှိသည်ကို၎င်း သိရှိခဲ့သည်။ ကျွန်ုပ်တို့၏ထာဝရကာလ အတွက် ခံယူချက်သည် အနည်းဆုံးနည်းလမ်းနှစ်မျိုးဖြင့် ဖော်ပြနိုင်ပါသည်။ ၎င်းတို့မှာပညတ်တော်ရေးစွဲခြင်းနှင့် ၀တ်ပြု ကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။
သမိုင်းတလျှောက်ရှိ လူမျိုးတိုင်း၌ တန်ဖိုးရှိသောလူမူကျင့်ဝတ်ကိုယ်စီရှိကြပါသည်။ အံ့ဖွယ်ရာတခုသည် သူတို့၏ လူမူကျင့်ဝတ်တို့သည် အများအားဖြင့် တခုနှင့်တခုတူညီသည်။ ဥပမာအားဖြင့် လူသားအားလုံးက ချစ်ခြင်းမေတ္တာကို မြတ် နိုးခဲ့ကြသည်။ လိမ်ညာဖြားယောင်မူကို ရွံ့ရှာမုန်းတီးတတ်ကြသည်။ ဤကဲ့သို့သော တူညီသောအကျင့်စရိုက်၊ အမှားနှင့် အမှန်ခွဲခြားတတ်သော လူသားအားလုံးတို့၏သိရှိနားလည်ခြင်း သွန်သင်ပေးသော ကြီးမြတ်သောသူတစ်ဦးရှိသည်ကို ညွှန် ပြထားပါသည်။
ထိုနည်းတူ လောက၌ရှိသော လူသားအားလုံးတို့သည် သူတို့၏ယဉ်ကျေးမူနှင့်မသက်ဆိုင်သော ၀တ်ပြု ကိုးကွယ်ခြင်းစနစ်ကို အမျိုးမျိုးဖန်တီးတတ်ကြသည်။ ၀တ်ပြုကိုးကွယ်သူတို့သည် အများအပြားဖြစ်နိုင်သော်လည်း “သာ၍မြင့်သော တန်ခိုး” နှင့်ပတ်သက်၍ ယူဆချက်တို့သည် လူတွေ၏နှလုံးသားထဲတွင် ရှိသည်ကိုမငြင်းဆိုနိုင်သော တရား ဖြစ်သည်။ ကျွန်ုပ်တို့၏၀တ်ပြုကိုးကွယ်ခြင်းကိုကြည့်လျှင် ဘုရားသခင်က ကျွန်ုပ်တို့ကို “ ငါတို့၏ပုံသဏဏ္ဍန်နှင့်အညီ ” (က၊ ၁း၂၇) ဖန် ဆင်းကြပါစို့ဟု ဖော်ပြသောအချက်နှင့်ညီညွတ်မူရှိသည်။
ဘုရားသခင်သည် သူ၏တည်ရှိခြင်းကို နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတော်အားဖြင့် ဖွင့်ပြခဲ့ပါသည်။ သမ္မာကျမ်းစာအုပ်တစ်ခုလုံးကိုကြည့်သော် ဘုရားသခင်တည်ရှိခြင်းကို ဖော်ပြရာတွင် သူ့ကိုမည်သူကမှ မဖန်ဆင်းကြောင်း တွေ့ရပါသည် (က၊ ၁း၁၊ ထွက်၊ ၃း၁၄)။ လူတစ်ဦးသည် မိမိအထ္ထုပတ္တိကို ရေးသားသောအခါ မိမိကိုယ်ကိုတည်ရှိခြင်းအ တွက် အချိန်ယူ၍မဖော်ပြခဲ့ပေ။ ထိုနည်းတူ ဘုရားသခင်သည်လည်း သူ၏နှုတ်ကပတ်တော်ထဲတွင် သူတည်ရှိသည့်အ ကြောင်း မိမိကိုယ်ကိုအချိန်ယူ၍ သက်သေမပြခဲ့ပေ။ အသက်တာကိုပြောင်းစေသော နှုတ်ကပတ်တော်၊ ၎င်း၏ရိုးသားဖြူ စင်မူနှင့် ၎င်း၏ရေးသားပြုစုခြင်း နိမိတ်လက္ခဏာကြောင့် ဘုရားသခင်နှင့်နီးကပ်စွာ ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် အသက်ရှင် ရန်လိုအပ်သည်။
တတိယအနေနှင့် ဘုရားသခင်က သူ၏တပါးတည်းသောသားတော်၊ သခင်ယေရှုတော်အားဖြင့် (ယောဟန်၊ ၁၄း၆-၁၁) မိမိကိုယ်ကိုထင်ရှားခဲ့ပါသည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အ တူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကြွလာသော သူ၏ဘုန်းတန်ခိုးတော်၊ ကျေးဇူးတော်တရားနှင့် သမ္မာတရားတို့ကို မြင်တွေ့ခဲ့ကြသည် (ကော၊ ၂း၉)။
သခင်ယေရှုသည် သူ၏အသက်တာ၌ ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့ကို ပြည့်စုံစွာလိုက် လျှောက်ခဲ့ပြိး မေရှီယနှင့်ပတ်သက်သော ပရောဖက်ပြုချက်တို့ကို သူကပြည့်စုံစေခဲ့သည် (မဿဲ၊ ၅း၁၇)။ သူသည်ကရုဏာ တရားများစွာဖြစ်စေ၊ သူဟောပြောသော ဒေသနာသည် မှန်ကန်ကြောင်းသက်သေပြရန် အံ့ဩဖွယ်နိမိတ်လက္ခဏာများကို ဖြစ်စေ၊ သူသည်ဘုရားဖြစ်ခြင်းကိုဖြစ်စေ သခင်ယေရှုကပြသခဲ့သည် (ယော၊ ၂၁း၂၄-၂၅)။ သူအသေခံပြီး၊ သုံးရက်မြောက် သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပါသည်။ သူ၏ထမြောက်ခြင်းကို ရာကျော်သောသူတို့က သက်သေခံခဲ့ပါသည် (၁ ကော၊ ၁၅း၆)။ သမိုင်းရာဇာဝင်တို့က ခရစ်တော်သည် မည်သူဖြစ်ကြောင်းကို “သက်သေ” ထူနိုင်ခဲ့ပါသည်။ တမန်တော်ရှင်ပေါလု ပြောသည့်အတိုင်း ဤအရာသည် “ဆိတ်ကွယ်ရာအရပ်တို့၌ ပြုသောအရာမဟုတ်ပေ” (တ၊ ၂၆း၂၆)။
ဘုရားသခင်အကြောင်းနှင့်ပတ်သက်၍ မိမိစိတ်ထင်သည့်အတိုင်း သံသယ၀င်နေသူများလည်းရှိနိုင်၍ သူတို့သည် သက်သေအထောက်အထားတို့ဖြင့်လည်း သက်သေပြနိုင်ကို ကျွန်ုပ်တို့နားလည်ရမည်။ သို့သော် သူတို့၏သက်သေပြချက် တို့သည် အလွန်ရှက်စရာပင်ဖြစ်လေသည် (ဆာ၊ ၁၄း၁)။ သူတို့သည် ယုံကြည်ခြင်းရှိရန်လိုအပ်သည် (ဟေဗြဲ၊ ၁၁း၆)။
ကျွန်ုပ်တို့သည် ဤမေးခွန်းကိုဖြေဆိုရန် ကြိုးပမ်းသည့်နည်းတူ ဘုရားသခင် အကြောင်းကို နေရာများစွာတို့၌ တွေ့ရှိနိုင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ပါသည်။ နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတော်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကိုဖြစ်စေ၊ သူသည်မည်သည့် အရာနှင့်မတူကြောင်းကိုဖြစ်စေ ဖော်ပြထားခြင်း သည် သတင်းကောင်းဖြစ်ပါသည်။ သမ္မာကျမ်းစာဖော်ပြချက်မပါပဲ ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်တို့ကိုဖော်ပြထားခြင်းသည် ကောင်းမွန်သော အရာမဟုတ်ပေ။ အထူးသဖြင့် ဘုရားသခင်၏အကြောင်းကို သိရှိနားလည်းခြင်း၌ သမ္မာကျမ်းစာအတိုင်း မဖော်ပြလျှင် မှားယွင်းမှုများစွာရှိသည် (ယောဘ၊ ၄၂း၇)။ ဘုရားသခင်သည် မည်သို့သောအရာနှင့်တူကြောင်းကို သိရှိရန် ကြိုးပမ်းအားထုတ်ခြင်းသည် အရေးကြီးသည်ဟု ပြောဆိုခြင်းသည်မှားယွင်းမှုကြီးတစ်ရပ် ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် မည်သို့သော အရာနှင့်တူကြောင်းကိုမသိရှိခြင်းက ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်၍ တခြားဘုရားများကိုတည်ခြင်း၊ နောက်လိုက်ခြင်းနှင့်ကိုးကွယ်ခြင်းတို့ဖြစ်စေတတ်သည် (ထွက်၊ ၂၀း၃-၅)။
ဘုရားသခင်ဖွင့်ပြသောအရာများကိုသာသိရှိနိုင်ပါသည်။ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များ (သို့) အရည်အချင်း ထဲမှ တစ်ခုသည် “အလင်း” ဖြစ်သည်။ သူကိုယ်တိုင်က အလင်းဖြစ်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်(ဟေရှာ၊ ၆၀း၁၉၊ ယာကုပ်၊ ၁း၁၇)။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှိတော်မူသော အရပ်၌ ၀င်ရောက် ခြင်းမပြုမချင်း ဘုရားသခင်သည် သူရှိကြောင်းကို ဖော်ပြသောသမ္မာတရားကို ကျွန်ုပ်တို့သည် မထီမဲ့မြင်မပြုနိုင်ပေ (ဟေဗြဲ၊ ၄း၁) ။ ဖန်ဆင်းခြင်း၊ သမ္မာကျမ်းစာနှင့် နှုတ်ကပတ်တော်တို့သည် လူဇာတိဖြစ်လာသော (သခင်ယေရှုခရစ်တော်) ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကို သိရှိစေပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့သည် သူ၏ ဖန်ဆင်းထားသော သူများဖြစ်ကြောင်း သိရှိခြင်းမှအစပြုကြပါစို့၊ (က၊ ၁း၁၊ ဆ၊ ၂၄း၁)။ လူသည်ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့် ဖန်ဆင်းခြင်းခံရသောသူဖြစ်ကြောင်း ဘုရားသခင်ကပြောကြားခဲ့ပါသည်။ လူသားသည်ဖန်ဆင်းထားသော အရာတို့ထက် မြင့်မြတ်၍ ဖန်ဆင်းထားသော အရာများအုပ်စိုးရန် တာဝန်အပ်နှံခြင်းခံခဲ့ရသည် (က၊ ၁း၂၆-၂၈)။ ဖန်ဆင်းခြင်းသည် လူသား ကျဆုံးခြင်းအားဖြင့် ပျက်ဆီးသွားခဲ့သော်လည်း ဘုရားသခင်၏ လက်ယာတော်သည် ယခုတိုင်အောင် မြင်တွေ့နိုင်ပါသည် (က၊ ၃း၁၇-၁၈၊ ရောမ၊ ၁း၁၉-၂၀)။ ဖန်ဆင်းခြင်း၏ ကြီးမားကျယ်ပြန့်မှု၊ ရှုပ်ထွေးမှု၊ လှပမှုနှင့် စနစ်တကျတည်ရှိမှုတို့ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မြင့်မြတ်မှုကို ထင်ရှားစွာတွေ့နိုင်ပါသည်။
ဘုရားသခင်၏နာမတော်တချို့တို့ကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်သည် မည်သည့် အရာ နှင့် တူကြောင်းကို စူးစမ်းရှာဖွေရာတွင် များစွာအကျိုးပြုနိုင်ပါသည်။
Elohim - တန်ခိုးကြီးသော ဘုရားသခင် (က၊ ၁း၁)။
Adonai - သခင်၊ သခင်နှင့်ကျွန်ုပ်တို့၏ဆက်နွယ်မှုကိုပြသခြင်း (ထွက်၊ ၄း၁၀၊ ၁၃)။
El Elyon - အမြင့်ဆုံးသောဘုရား၊ တန်ခိုးအကြီးသောဘုရား (က၊ ၁၄း၂၀)။
El Roi - စောင့်ထိန်းတော်မူသော တန်ခိုးကြီးသောဘုရား (က၊ ၁၆၊ ၁၃)။
El shaddai - အရာခပ်သိမ်းတက်စွမ်းနိုင်သော ဘုရား (က၊ ၁၇း၁)။
El olam - ထာဝရဘုရားသခင် (ဟေရှာ၊ ၄၀း၂၈)။
Yehweh - “ငါ” ဟူသော ဘုရားသခင်၊ မိမိကိုယ်ကို ထာဝရတည်ရှိသော ဘုရား သခင်ဟု အဓိပါယ်ရသည် (ထွက်၊ ၃း၁၃၊ ၁၄)။
“ထာဝရဘုရား” ၏ အဓိပ္ပါယ်သည် သူတည်ရှိခြင်းက အစမရှိ၊ အဆုံးလည်းမရှိခြင်း ပင်ဖြစ်သည်။ သူသည် ယိုယွင်းပျက်စီးခြင်းမရှိ၊ ထာဝရတည်ရှိသော ဘုရားသခင်ဖြစ်သည် (တ၊ ၃၃း၂၇၊ ဆာ၊ ၉၀း၂၊ ၁တိ၊ ၁း၁၇)။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိပေ။ ဘုရားသခင်သည် မှီခိုအားကိုးထိုက်သော ဘုရားနှင့်ယုံ ကြည်ကိုးစားထိုက်သော ဘုရားသခင်ဖြစ်ပါသည် (မာ၊ ၃း၆၊ တော၊ ၂၃း၁၉၊ ဆာ၊ ၁၀၂း၂၆၊ ၂၇)။ ဘုရားသခင်သည် သူ၏လုပ်ငန်းအားဖြစ်စေ၊ သူ၏ဖြစ်ခြင်း၌ဖြစ်စေ၊ သူနှင့်တူသောသူတစ်ဦးမျှမရှိပေ။ သူသည် အရာအားလုံးထက်သာလွန်၍ပြီးပြည့်စုံသော ဘုရားသခင် ဖြစ်တော်မူသည် (၂ ဓမ္မ၊ ၇း၂၂၊ ဆာ၊ ၈၆း၈၊ ဟေရှာ၊ ၄၀း၂၅၊ မဿဲ၊ ၅း၄၈)၊ ဘုရားသခင်တည်ရှိခြင်းကို လုံးလုံးလျားလျားရှာဖွေသိရှိ နားလည်း၍မရပေ (ဟေရှာ ၄၀း၂၈၊ ဆာ ၁၄၅း၃၊ ရောမ ၁၁း၃၃-၃၄)
ဘုရားသခင်သည် တရားမျှတသည်သူသည် ဘယ်ပုဂ္ဂိုလ်မှမျက်နှာသာမ ပေးခြင်းကို ဆိုလိုသည် (တရား ၃၂း၎ ဆာလံ ၁၈း၃၀)။ ဘုရားသခင်သည် အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ သူသည်တန်ခိုးအလုံးစုံကိုပိုင်ဆိုင်သည်။ သူလုပ် ချင်သောအရာဟူသမျှလုပ်နိုင်သည်။ သို့သော် သူလုပ်ဆောင်သမျှအားလုံးသည် သူ၏စိတ်နေသဘောထားနှင့်ညီညွှတ်မူရှိသည်။ (ဗျာ ၁၉း၆ ယော ၃၂း၁၇-၂၇)။ ဘုရားသခင်သည် နေရာတိုင်း၌ရှိခြင်း၏ အဓိပ္ပါယ်သည် သူကအချိန်တိုင်း၌ တည်ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည်အရာခပ်သိမ်းကိုသိသည်။ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်၌ ဖြစ်ပျက်သော အကြောင်းအရာ ဟူသမျှ သူသိရှိသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ကြံစည်သော အကြံစည်များကိုလည်းသူသိသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို သိသောကြောင့် သူ၏တရား စီရင်ခြင်းသည် အစဉ်အမြဲမျှတသည် (ဆာ ၁၃၉း၁-၅၊ သုတ္တံ ၅း၂၁)။
ဘုရားသခင်သာလျှင် ဘုရားဖြစ်သည်အဓိပ္ပါယ်သည်ဘုရားသခင်ကလွဲ၍ တခြားသော ဘုရားမရှိခြင်းကို ဆိုလိုသည်။ သူသာလျှင်ကျွန်ုပ်တို့၏နှလုံးသားထဲ၌ လိုချင်တောင်းတ သောအရာများကို ဖြည့်ဆည်းပေးနိုင်သည်။ ဘုရားသခင် သာလျှင် ၀တ်ပြုကိုးကွယ်ခြင်းပေးအပ်ရန်ထိုက်တန်သည်(တရား ၆း၎)။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အဓိပ္ပါယ်သည် ဘုရားသခင်သည် မှားယွင်းသောအရာ တစ်ခုမျှမလုပ်ခြင်းကိုဆိုလိုသည်။ ထို့ကြောင့်ဘုရားသခင်သည် ဖြောင့်မတ်၍ တရားမျှတ သော ဘုရားဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်ကို ခွင့်လွတ်နိုင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှု ပေါ်သို့ တင်သောအခါ သခင်ယေရှုသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည် (ထွက် ၉း၂၇၊ မဿဲ၊၄၅-၄၆၊ ရောမ၊ ၃း၂၁-၂၆)။
ဘုရားသခင်သည်တန်ခိုးအလုံးစုံ၏အရှင်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူသည်အမြင့်ဆုံး သောဘုရားသခင် ဖြစ်ကြောင်းကို ဆိုလိုသည်။ သူ၏ဖန်ဆင်းခြင်းသည် တညီတ ညွတ်တည်းတည်ရှိသည်။ ဖန်ဆင်းခြင်းခံသောအရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝမဖြတ်ဆီးနိုင်ပေ (ဆာ၊ ၉၃း၁၊၉၅း၃၊ ယေရမိ၊ ၂၃း၂၀)။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူ့ကိုသာမန်မျက်စိဖြင့် မမြင်နိုင် ခြင်းကိုဆိုလိုသည် (ယောဟန် ၁-၁၈၊ ၄း၂၄)။ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်။ သုံးပါးတစ်ဆူဟုခေါ်ရာတွင် ပုဂ္ဂိုလ်တစ်ပါးစေတိုင်း၌ရှိသော တန်ခိုးနှင့် ဘုန်းတော် တို့သည် တစ်ခြားသောတစ်ပါးတို့၌ရှိသော ဘုန်းတန်ခိုးတော်နှင့်တူညီ ခြင်းကို ဆိုလို သည်။ ရှင်မဿဲ ၂၈း၁၉ ကိုကြည့်သောအခါ “(နာမည်)” ကိုအနည်းကိန်းဖြင့်ဖော်ပြထားသော်လည်း သုံးပါး တစ်ဆူဖြစ်သော “ခမည်းတော်ဘုရား သားတော်ဘုရား သန့်ရှင်းသောဝိညာဉ်ဘုရား မုသာစကားကို မသုံးတတ်သော ဘုရားသခင်ဖြစ်သည် (ဆာ၊ ၁၁၇း၂၊ ၁ဓမ္မ၊ ၁၅း၂၉)။
ဘုရားသခင်၏် သန့်ရှင်းသည်အဓိပ္ပါယ်သည် ညစ်ညမ်းသောအရာဟူ သမျှနှင့် မရောနှောဘဲ ဆန့်ကျင်ဘက် ဖြစ်ခြင်းကိုဆိုလိုသည်။ တည်ရှိပြီးသောဆိုးသွမ်းမှုများက ဘုရားသခင်ကိုအမျက်ထွက်စေသည်။ ဘုရားသခင်သည် လောင်းကျွမ်းသောမီးအဖြစ် ဖော်ပြထားသည် (ဟေရှယ၊ ၆း၃၊ ဟဗက္က၊ု ၁း၁၃၊ ထွက်၊ ၃း၂၊ ၄၊ ၅၊ ဟေဗြဲ၊ ၁၂း၂၉ )။ ဘုရားသခင်သည် ကျေးဇူးပြုတတ်သော ဘုရားသခင်ဖြစ်သည်။ ကျေးဇူးပြုသည်ဟုဆိုရာတွင် သူ၏ကောင်းမြတ်ခြင်း၊ သနားကြင် နာတတ်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ချစ်ခြင်းတို့ကိုပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းအဓိပ္ပါယ်ကို စကားလုံး အားဖြင့် ဖော်ပြနိုင်သောအရာများဖြစ်သည်။ဘုရားသခင်၏ ကောင်းမြတ်ခြင်းမရှိလျှင် တခြားသောအင်္ဂါရပ်တို့ကိုကျွန်ုပ်တို့ ခံစားရလိမ့်မဟုတ်ပေ။ ကျေးဇူးတင်စရာတစ်ခုသည် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်ဦးခြင်းစီသိရှိလိုသောဆန္ဒသည် သူ၏ကောင်းမြတ်ခြင်းပင် ဖြစ်သည် (ထွက၊် ၃၄း၆၊ ဆာလံ၊ ၃၁း၁၉၊ ၁ပေ၊ ၁း၃၊ ယောဟာန၊် ၃း၁၆၊ ယောဟာန၊် ၁၇း၃)။
ဘုရားသခင်သည် ထာဝရဘုရားသခင်ဖြစ်သောကြောင့် သူသည် မည်သည့် ပုံစံဖြစ်သည်ဟူသောမေးခွန်းကို ပြည့်စုံစွာ မည်သူကမှ မဖြေဆိုနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို ၎င်းသူကို မည်ကဲ့သို့သောသူဖြစ်သည်ကို ၎င်းသိရှိနိုင်သည်။ ဘုရားသခင်၏အကြောင်းကို ဆက်လက်၍ နှလုံးသားအကြွင်းမဲ့ ရှာဖွေတွေ့ရှိနိုင်ကြပါစေ (ယောမိ ၂၉း၁၃)။
ကျွန်ုပ်တို့ဖြေဆိုရသောအဖြေသည် ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကို မည်ကဲ့သို့မြင်ကြောင့်နှင့် ကျွန်ုပ်တို့အသက်တာ၌ ၎င်း၏အရေးပါမူကိုထင်ရာမြင်ရာတွေးတော၍ဆုံးဖြတ်ဖို့ရန်အတွက်မဟုတ်ပေ။ သို့သော်သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ ခရီးအဆုံးကို ဖော်ပြပါလိမ့်မည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကတော်မှန်လျှင် ကျွန်ုပ်တို့သည် မြတ်နိုးသင့်သည်။ လေ့လာ သင့်သည်။ နာခံသင့်သည်။ ယုံကြည်အားကိုးသင့်သည်။ သမ္မာကျမ်းစာသည် နှုတ်ကတော်ဖြစ်၍ ၎င်းကိုလျစ်လှူရှုခြင်း သည် ဘုရားသခင်ကိုလျစ်လှူရှုခြင်းပင်ဖြစ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့အား သမ္မာကျမ်းစာပေးခြင်းသည် ကျွန်ုပ်တို့အပေါ် သူထားရှိသော ချစ်ခြင်းမေတ္တာကို သက်သေပြရန်နှင့်ထင်ရှားစေရန်ဖြစ်သည်။ “ဗျာဒိတ်တော်” ၏ အဓိပ္ပါယ်သည် ဘုရားသခင်က လူသားများအား သူသည်မည် သည့်အရာသူကြောင်းကိုဖြစ်စေ၊ ကျွန်ုပ်တို့သည် သူနှင့်မည်ကဲ့သို့စစ်မှန်သော မိတ်သဟာဖွဲ့နိုင်မည်ကိုဖြစ်စေ ဖော်ပြလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို မသိသောသူတို့သည် သမ္မာကျမ်းစာထဲ၌ ဘုရာသခင်ဖွင့်ပြသော အရာများကို မသိနိုင်ပေ။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်ဖော်ပြသော သူ့အကြောင်းသည် နှစ် ပေါင်းတစ်ထောင်ငါးရာကျော်ရှိသောလည်း လူသားတို့တွင် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့နိုင်ရန်အတွက် ဘုရားသခင်အကြောင်းနှင့်ပတ်သက်၍ သိသင့်သိ ထိုက်သောအရာများကို သမ္မာကျမ်းစာထဲတွင်တွေ့ရသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်လျှင် ယုံကြည်ခြင်း၊ ဘာသာရေး လှုပ်ရှား မှု နှင့်လူမူကျင့်ဝတ်တို့တွင် အဓိက သွန်သင်ပေးသောတရားတော်ဖြစ်သည်။
ကျွန်ုပ်တို့မေးရမည့်မေးခွန်းသည် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း၊ ကောင်းသော စာအုပ် တစ်အုပ်သာမဟုတ်ကြောင်း ကျွန်ုပ်တို့မည့်သို့သိရှိနိုင်မည်နည်း။ တခြားသော ဘာသာရေးစာအုပ်များထက် သမ္မာကျမ်းစာသည် ယုံကြည်ကိုးစားဖွယ်ကောင်းသော စာအုပ်တစ်အုပ်ဖြစ်ကြောင်း မည်သို့သက်သေပြမည်နည်း။ သမ္မာကျမ်းစာသည် ဘုရားသခင် ၏ နှုတ်ကပတ်တော်၊ ဘုရားမှုတ်သွင်းသောစာအုပ်နှင့် ယုံကြည်ခြင်းနှင့်ခရစ်ယာန်ကျင့်ရိုးကျင့်စဉ်အတွက် ယုံကြည်စိတ်ချရသော စာအုပ်ဖြစ်ကြောင်း ကျွန်ုပ်တို့သည်ကွက်ကွက်ကွင်း ကွင်းဆင်ခြင်လိုလျှင် ဤကဲ့သို့သောမေးခွန်းတို့ကို မေးမြန်းသိရှိရန်လိုအပ်ပေ သည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ဖော်ပြထားခြင်းသည် သံသယဖြစ်စရာအကြောင်း တစ်ခုမှမရှိပေ။ ထိမောသေထံ ရှင်ပေါလုရေးသားထားသော စာတစ်စောင်ထဲတွင် ရှင်းလင်းစွာတွေ့နိုင်ပါသည်။ “ ထိုကျမ်းစာ ရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုဌါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩ၀ါဒပေးခြင်၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင် ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏” (၂တိ၊ ၃း၁၆-၁၇)။
သမ္မာကျမ်းစာသည် နှုတ်ကတော်ဖြစ်ကြောင်း သမ္မာကျမ်းစာအရဖြစ်စေ၊ ပြင်ပအရာတို့ဖြင့်ဖြစ်စေ သက်သေ အထောက်အထားများစွာရှိပါသည်။ သမ္မာကျမ်းစာအရ သက်သေပြထားခြင်းသည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် သမ္မာ ကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်သည်။ သမ္မာကျမ်းစာအရ ပထမသက်သေပြသခြင်းသည် သမ္မာကျမ်းစာ၏ စည်းလုံးညီညွတ်မူပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာအုပ်သည် စာအုပ်ပေါင်း ၆၆အုပ် ပါဝင်ခြင်း၊ တိုက်ကြီးသုံးတိုက် တွင်ရေးသားခြင်း၊ ဘာသာစကားသုံးမျိုးဖြင့်ရေးသားခြင်း၊ ခန်မှန်းချေနှစ်ပေါင်း ၁၅၀၀ အတွင်းရေးသားခြင်း၊ စာရေးသူ ၄၀ခန့်က ရှုဒေါင့်အမျိုးမျိုးဖြင့်ရေးသားခြင်းရှိသော စာအုပ်ဖြစ်သော်လည်း သမ္မာကျမ်းစာကို အစအလယ်အဆုံးအထိ ကြည့်လျှင်တစ်ခုတစ်ခု ဆန့်ကျင် ဖက်ရှိခြင်းမရှိပဲ ရည်ရွယ်ချက် တစ်ခုတည်းရှိနေသည်ကို တွေ့ရှိနိုင်သည်။ ၎င်းစည်းလုံးမူသည် သမ္မာကျမ်းစာ သည် တခြားစာအုပ်များနှင့်မတူပဲ ထူးခြားကြောင်းနှင့် စာရေးသူများရေးထားမှတ် တမ်းတင်ထားသော အချက်တို့သည် ဘုရားသခင်က လူသားများထံသိစေလိုသော နှုတ်ကပတ် တရားတော် ဖြစ်ကြောင်းကိုသက်သေထူနေပါသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်းကို သမ္မာကျမ်းစာထဲရှိ အကြောင်းအရာတို့ဖြင့် သက်သေပြ ရလျှင် ပရောဖက်ပြုခြင်း၌ပါဝင်သော အကြောင်းအရာတို့ဖြင့် ဖော်ပြရပေမည်။ ဣသရေလလူမျိုးတစ်ခုလုံးအတွက်ဖြစ်စေ၊ မြို့ကြီး တချို့တို့၏အနာဂတ်အတွက်ဖြစ်စေ၊ လူသားတို့၏ အနာဂတ်အတွက်ဖြစ်စေ၊ွလူမျိုးအားလုံးတို့၏ ကယ်တင်ရှင် မေရှီယကြွလာခြင်းအတွက်ဖြစ်စေ (ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သောသူတို့အတွက်သာဖြစ်သည်)၊ အနာဂါတ် နှင့် စပ်ဆိုင်သောအရာနှင့်ချီသည် ပရောဖက်ပြုချက်တို့ကို သမ္မာကျမ်းစာထဲတွင် ပါဝင်လျက်ရှိသည်။ သမ္မာကျမ်းစာ၌ရှိသော ပရောဖက်ပြုချက်တို့သည် တခြားဘာသာရေးစာအုပ်တို့၌ရှိသော ပရောဖက်ပြုခြင်း(သို့) nlostradamus ၏ ပရောဖက်ပြုခြင်း တို့နှင့်မတူပဲ၊ တိကျ၍ အမှန်တကယ်ဖြစ်လာသည်ကိုတွေ့ရသည်။ ဓမ္မဟောင်းကျမ်းစာ၌ ပင် သခင်ယေရှုခရစ်တော်အ ကြောင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်သုံးရာကျော်ရှိပါသည်။ သူသည်မည်သည့်နေရာတွင် မွေးဖွား၍ မည်သည့်မိသားစုမှ ဖွားမြင်လာမည်ကို ပရောဖက်ပြုခြင်းသာမကပဲ သူသည်မည်သို့ အသေခံရမည်ကို၎င်း၊ သုံးရက်မြောက်သောနေ့၌ ထမြောက်မည် ကို၎င်း ပရောဖက်ပြုထားပါသည်။ သမ္မာကျမ်းစာ၌ရှိသော ပရောဖက်ပြုချက်တို့၏ ပြည့်စုံခြင်းသည် အတွေးအခေါ်အားဖြင့် မဖော်ပြနိုင်ပေ။ သို့သော် နှုတ်ကပတ်တော်ပြည့်စုံခြင်းအကြောင်းသာဖြစ်ပါသည်။ သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း တခြား ဘာသာရေးစာပေများ (သို့) တခြားသော ပရောဖက်ပြုခြင်းတို့၌ လုံးဝမတွေ့ရပေ။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း သမ္မာကျမ်းစာအရ ဖော်ပြချက်သုံးခုမြောက်သည် ၎င်း၏ အခွင့်အာဏာနှင့်တန်ခိုးပင်ဖြစ်သည်။ ၎င်းသည် အထက်၌ဖော်ပြထားသော အချက်နှစ်ခုတို့ထက်ပို၍ အမိန့်အာဏာရှိ သည်။ သမ္မာကျမ်းစာတော်သည် တန်ခိုးနည်းသော ဘုရားသခင်အကြောင်း ဖွင့်ဟသော စာအုပ်မဟုတ်ပေ။ သမ္မာကျမ်းစာသည် တခြားသောစာအုပ်များနှင့်မတူ ပဲ အခွင့်အာဏာရှိသောစာအုပ်ဖြစ်သည်။ သဘာဝထက်သာလွန်သော ဘုရားသခင်၏ တန်ခိုးတော်အား ဖြင့် ကျွန်ုပ်တို့အသက်တာထဲ၌ မရေတွက်နိုင်သော နိမိတ် လက္ခာဏာများအား ဖြင့် ထိုအမိန်အာဏာနှင့်တန်ခိုးတို့ကို တွေရှိနိုင်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူတို့ကို သမ္မာကျမ်းစာက ကျိန်ဆဲသည်။ လိင်တူဆက်ဆံသောသူတို့ကို တားမြစ်ထားသည်။ အနှိမ်ခံသောသူတို့နှင့် ပစ်ပယ်ခြင်းခံသော သူတို့၏ဘ၀ကို မြှင့်တင်ပေးသည်။ ဆိုးသွမ်းသာ ရာဇ၀တ်ပြစ်မှု လွန်ကျူးသူ တို့ကို မျှော်လင့်ချက်ပေးသည်။ အပြစ်သားတို့ကို အပြစ်ရှိကြောင်းဖော်ထုတ် ပေးသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် အမုန်းပွါးမူတို့ကို ချစ်ခြင်း မေတ္တာ သို့ပြောင်းလဲပေးသည်။ သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်သောကြောင့် အသက်တာလို မြန်ဆန်စွာပြုပြင်ပြောင်းလဲပေးနိုင်သော တန်ခိုး ရှိသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ပြင်ပသက်သေအထောက်အထားများလည်းရှိသည်။ ပထမ အချက်သည် သမ္မာကျမ်းစာ၏ သမိုင်းအထောက်အထားများဖြင့် သက်သေပြသခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် သမိုင်း၌ ဖြစ်ပျက်သော အကြောင်းအရာများ ဖြစ်သောကြောင့် ၎င်းထဲရှိအကြောင်း အရာတို့၏မှန်ကန်မှုနှင့်တိကျမှု တခြားသော သမိုင်းသုတေသန စာအုပ်များနှင့် တူညီမှုရှိသည်။ သမိုင်းသုတေသနအထောက်အထားနှင့် တခြားစာပေရေးသားချက် အရ သမ္မာကျမ်းစာ၏ သမိုင်းအကြောင်းနှင့်ပတ်သက်၍ မှတ်တမ်းတင်ခြင်းတို့သည် တစ်ခုနှင့်တစ်ခုတိကျမှန်ကန်စွာ ပြည့်စုံ နေသည်ကိုတွေ့ရသည်။ သုတေသနအားလုံးနှင့်စာမူအားလုံးတို့က သမ္မာကျမ်းစာသည် အကောင်းဆုံးသော ရှေး ဟောင်းစာပေ အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။ ဘာသာရေးရှုတောင့်အားဖြင့်ဖြစ်စေ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို ဖော်ပြရာတွင် သမ္မာကျမ်းစာထဲ၌ရှိသော သမိုင်းအကြောင်းတို့၏ တိကျမှန်ကန်စွာ ဖော်ပြထားခြင်းသည် မှန်ကန်စွာဖော်ပြထားသော သမ္မာတရားဖြစ်ကြောင်းသက်သေပြထားပါသည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်းကို ပြင်ပဖြင့်သက်သေပြသခြင်းနှင့်ပတ်သက်၍ ဒုတိယ အချက်သည် စာရေးသူတို့၏ ရိုးသားဖြူစင်မှုပင် ဖြစ်သည်။ အစောပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်က လူတို့၏ အ သက်တာကိုအသုံးပြုခြင်းဖြင့် သူ၏နှုတ်ထွက်စကားကို ကျွန်ုပ်တို့အားဖွင့်ပြခြင်းဖြစ်ပါသည်။ ဤစာရေးသူတို့၏ အသက်တာ ကိုကြည့်လျှင်၊ ထိုသူတို့သည် ရိုးသားဖြူစင်သောသူများအဖြစ်သံသယရှိရန် မဟုတ်ပေ။ သူတို့၏ အသက်တာနှင့် သူတို့၏ယုံကြည်ခြင်းအတွက် သေသည်တိုင်အောင်ယုံကြည်မှုခိုင်မြဲခြင်းကို ကြည့်လျှင်သူတို့သည် ဘုရားသခင်စကားပြော ခဲ့သော စစ်မှန်သောသာ မန်ယုံကြည်သူများဖြစ်ကြောင်း သေချာစွာသိရှိနိုင်ပါသည်။ ဓမ္မသစ်ကျမ်းရေးသား ပြုစုသူတို့နှင့် ရာနှင့်ချီသောတခြားယုံကြည်သူများ (၁ကော၊ ၁၅း၆)တို့သည် သခင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီးနောက်၊ သူနှင့်အတူ အချိန်ယူ၍သူကို မြင်တွေ့ခဲ့ကြသောကြောင့် သူတို့ဖော်ပြသောအကြောင်းအရာတို့သည် သမ္မာတရားပင်ဖြစ်လေသည်။ သူတို့သည် သခင်ယေရှု၏ထမြောက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့သောကြောင့် သူတို့စိတ်ထဲ၌ ရဲရင့်မှုကိုခံစားစေခဲ့ရသည်။ ထိုသူတို့ထံ ဘုရားသခင်ဖွင့်ပြခဲ့သော သတင်းတရားကြောင့် သူတို့သည် သေခြင်းကိုပင်ခံယူရန် ဆန္ဒရှိခဲ့ကြသည်။ သူတို့၏ အသက်တာနှင့်အသေခံခြင်းက သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းကို သက်သေထူ ခဲ့သည်။
သမ္မာကျမ်းစာသည် နှုတ်ကပတ်တော်ဖြစ်ကြောင်း ပြင်ပသက်သေအထောက်အထားဖြစ်သော နောက်ဆုံး သော အချက်သည် သမ္မာကျမ်းစာ၏ မပျက်ဆီးနိုင်မှုပင်ဖြစ်သည်။ သမ္မာကျမ်းစာ၏အရေးပါမှုနှင့် ၎င်းသည်နှုတ်ကပတ်တော်ဖြစ် သောကြောင့် သမ္မာကျမ်းစာသည် တိုက်ခိုက်ပျက်ဆီးမှုများစွာတို့နှင့်ရင်ဆိုင်ခဲ့ရသည်။ တခြားစာအုပ်စာပေတို့နှင့်မတူပေ။ Diocletion ကဲ့သို့သော ရောမအင်ပါယာခေတ်မှစတင်၍ ကျမ်းစာကို တိုက်ခိုက်သော အဖွဲ့အစည်းနှင့် ယခုခေတ်ဘာသာ တရားမသိသူနှင့် အယူဝါဒလွှဲမှားသူများတို့က သမ္မာကျမ်းစာကို ဖျတ်ဆီးရန်ကြံစည်သော်လည်း သမ္မာကျမ်းသည် ထိုသူတို့ ၏တိုက်ခိုက်မှုတို့ကို ခုခံနိုင်၍ ယနေ့ကမ္ဘာပေါ်တွင် အများဆုံးထုတ်ဝေထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
အချိန်တိုင်းတွင် သံသယရှိသူတို့သည် သမ္မာကျမ်းစာကို ပုံပြင်ဒဏ္ဍရီအဖြစ် ယုံကြည်ကြသော်လည်း သမိုင်းသုတေ သီအဖွဲတို့က ၎င်းကိုမှတ်တမ်းအဖြစ်အသိအမှတ်ပြုခဲ့သည်။ သမ္မာကျမ်းစာကို တိုက်လှန်သူတို့က ၎င်းထဲ၌ရှိသော သွန်သင် ချက်တို့သည် ရှေးဟောင်းခေတ်ဖြစ်၍ ခေတ်မဆန်တော့ကြောင်းပြောခဲ့ကြသည်။ သို့သော် ၎င်း၏အကျင့်စာရိတ္တနှင့် ဥပဒေ ပိုင်းဆိုင်ရာ ခံယူချက်များနှင့်သွန်သင်ချက်တို့သည် ကမ္ဘာတ၀ှမ်းလုံးတွင် သိပ္ပံနည်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ ခေတ်မီိသည်။ သိပ္ပံပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ နိုင်ငံရေးသမားများက သမ္မာကျမ်းစာကို ဆက်လက်တိုက် ခိုက်ရန်ကြိုးပမ်းသော်လည်း သမ္မာကျမ်းစာသည် အစအဦး၌ရေးသားပြုစုခြင်းကဲ့သို့ ယနေ့ထိတိုင်အောင် မှန်ကန်၍အသုံးဝင် မည်ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခုနှစ်အတွင်း မရေတွက်နိုင်သော လူတို့၏အသက်တာ နှင့်ယဉ်ကျေးမှုတို့ကို တိုးတက်ပြုပြင်ပြောင်းစေသော စာအုပ်တစ်အုပ်ဖြစ်သည်။ သမ္မာကျမ်းစာကို မည်မျှပင်တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်၊ ရှုတ်ချရန်အတွက်ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းသည် ခိုင်မာစွာ၊ မှန်ကန်စွာနှင့် အသုံးကျစွာဖြင့်ပြောင်းလဲမှုမရှိ ပဲ ဆက်လက်တည်မြဲသွားမည်ဖြစ်ပါသည်။ ဖျက်ဆီးရာဖျက်ဆီးကြောင်းကို ကြိုးပမ်းအားထုတ်မှုကြားထဲမှ တည်ရှိသော မှားယွင်းမှုမရှိသောတရားသည် သမ္မာတရားသည် ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်ဖြစ်ကြောင်းနှင့် ဘုရားသခင်က ကာကွယ်စောင့်ထိန်းထားခြင်းဖြစ်ကြောင်းသိသာထင်ရှားပါသည်။ သမ္မာကျမ်းစာကို မည်သို့ပင်တိုက်ခိုက်စေကာမူ၊ ၎င်း သည် ပြောင်းလဲမူမရှိ၊ ရွေ့လျော့မူမရှိခြင်းသည် အံ့ဩဖွယ်မဟုတ်တော့ပေ။ ထို့ပြင် သခင်ယေရှုက“ကောင်းကင်နှင့်မြေ ကြီးမတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်” (မာ၊ ၁၃း၃၂) ဟုမိန့်တော်မူခဲ့ပါသည်။ အထက်၌ဖော်ပြထားသော အချက် အလက်တို့ကိုကြည့်ခြင်းအားဖြင့် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်ဖြစ်ကြောင်း လူတိုင်းက ပြော နိုင်ပါသည်။
၁ ကော၊ ၁၅း၁-၄ တွင် “ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြောဘူးသည့်နှင့်အညီ၊ သင်တို့သည် ခံယူ၍မှီဝဲဆည်းကပ်သော ဧ၀ံကလိတရားကို သင်တို့အားတဖန် ငါကြားလိုက်ပါ၏။ အထက်က ငါဟောပြောသည့် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံပဲ စိတ်စွဲလမ်းလျှင်၊ ထိုဧ၀ံကလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အားရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော် သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏ သဂြိုလ်ပြီးမှကျမ်းစာလာသည့်အတိုင်း သုံး ရက် မြောက်သော နေ့၌ ထမြောက်တော်မူ၏။
ခရစ်ယာန်တို့၏ယုံကြည်ခြင်းသည် တန်ဖိုးရှိသောယုံကြည်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းအားလုံးထဲတွင် ခရစ်ယာန်ဘာသာသည် အကျင့်စာရိတ္တကောင်းမွန်ရန် ကြိုးပမ်းသောဘာသာထက်သာ၍ အဓိပ္ပါယ်ရှိသည်။ “လုပ်ရန်” “မလုပ်ရန်” ဟူသောတရားများကို လိုက်လျှောက်မည့်အစား ခရစ်ယာန်တို့၏ပန်းတိုင်သည် ခမည်းတော်ဘုရားသခင်နှင့်နီးကပ်စွာ အသက်ရှင်ရန်ဖြစ်သည်။ ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ခြင်းသည် ခရစ်တော်ပြုခဲ့သော အမူအရာအားဖြင့်ဖြစ်စေ သန့်ရှင်း သောဝိညာဉ်တောအားဖြင့် ခရစ်ယာန်အသက်တာ၌ အမူတော်ဆောင်ခြင်းအားဖြင့်ဖြစ်စေ ဘုရားသခင်နှင့်မိတ်သဟာဖွဲ့ နိုင်သည်။
သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံသောစာအုပ်၊ မှားယွင်းခြင်းမရှိသော ဘုရားသခင်၏နှုတ်ကပတ်တော်၊ သွန် သင်ခြင်းအတွက်အကောင်းဆုံးသော အခြေခံမဏိုင်ဖြစ်ကြောင်းကိုခရစ်ယာန်များက ယုံကြည်သည် (တိ၊ ၃း၁၆၊ ၂ပေ၊ ၁း၂၀-၂၁)။ ဘုရားတစ်ဆူထဲတွင် ပုဂ္ဂိုလ်သုံးပါး၊ ခမည်းတော၊် သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်အဖြင့် တည်ရှိသည်ဟု ခရစ်ယာန်များက ယုံကြည်သည်။
လူသားသည် ဘုရားသခင်က သူနှင့်အတူမိတ်သဟာရဖွဲ့ရန်အတွက် ဖန်ဆင်းခြင်းဖြစ်သည်ဟု ခရစ်ယာန်များ က ယုံကြည်ကြသည်။ သို့သော်အပြစ်ကြောင့် လူသားတို့သည် ဘုရားသခင်နှင့်ခွဲခွာခဲ့ရသည် (ရောမ၊ ၃း၂၃၊၅း၁၂)။ ခရစ်တော် သည် ဤလောကတွင် အသက်ရှင်ခဲ့ကြောင်း၊ စစ်မှန်သော ဘုရားဖြစ်ကြောင်း လူသားတစ်ဦးဖြစ်ကြောင်း (ဖိလိ ၂း၆-၁)၊ လက်ဝါးကားတိုင်ပေါ်တွင် အသေခံခဲ့ကြောင်း၊ ခရစ်ယာန်များက ယုံကြည်ပါသည်။ ခရစ်တော်သည် အသေခံပြီးနောက် သဂြိုလ်ခြင်းခံ၍ ရှင်ပြန်ထမြောက်ပြီး ယခုအချိန်တွင်ခမည်းတော်၏လက်ယာဘက်၌ထိုင်၍ ယုံကြည်သူများအတွက် အမြဲ တမ်းဆုတောင်းပေးသည်ဟု ခရစ်ယာန်များက ယုံကြည်သည် (ဟေဗြဲ ၇း၂၅)။ ကားတိုင်တော်ပေါ်တွင် ခရစ်တော်အသေခံ ခြင်းသည် လူသားအားလုံး၏ပြစ်ကြွေးဟူသမျှကိုပေးဆပ်ရန် လုံလောက်သည်။ ခရစ်တော်၏အသေခံခြင်းကြောင့် ပျက်ဆီး သွားခဲ့သော ဘုရားသခင်နှင့်လူသားတို့၏ မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူစေခဲ့သည်။ (ဟေဗြဲ၊ ၉း၁၁-၁၄၊ ၁၀း၁၀၊ ရောမ ၊ ၅း၈၊ ၆-၂၃)။
ကယ်တင်ခြင်းရဖို့ရန်အတွက် ကားတိုင်ပေါ်တွင် ခရစ်တော်ပြုခဲ့သောအမူကို လုံးလုံးလျားလျားယုံကြည်ရမည်။ ခရစ်တော်သည် ကျွန်ုပ်ကိုယ်စားအသေခံ၍ အကျွန်ုပ်၏ပြစ်ကြွေးဟူသမျှပေးဆပ်ကာ သေခြင်းမှထမြောက်သည်ဟု လူ တစ်ယောက်သည် ယုံကြည်လျှင်ကယ်တင်ခြင်းရရှိသည်။ လူတစ်ယောက်သည်ကယ်တင်ခြင်းရရှိဖို့ရန်အတွက် ကြိုးပမ်း အားထုတ်၍မရပေ။ ဘုရားသခင်စိတ်တော်ပျော်ရွှင်နိုင်ဖို့ရန်အတွက် မည်သူကမျှ မကောင်းမြတ်ပေ။ အဘယ်ကြောင့်ဆို သော် လူသားအားလုံးအတွက် အပြစ်သားများဖြစ်ကြသည် (ဟေရှာ ၅၃း၆၊၆၄း၆-၇)။ ဒုတိယအနေဖြင့် နောက်ထပ်ဖြည့် စွမ်းဖို့ရန်အတွက် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်က လုပ်ဆောင်စရာအားလုံးပြည့်စုံစွာ လုပ်ဆောင်ခဲ့ သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံသောအခါ အမူပြီးပြီးဟုပြောခဲ့သည်။ (ယောဟန် ၁၉း၃၀)
ကယ်တင်ခြင်းရရှိဖို့ရန်အတွက် လူတစ်ယောက်သည် လုပ်ဆောင်နိုင်စွမ်းတစ်ခုမျှမရှိပေ။ ကားတိုင်ပေါ်တွင် ခရစ် တော်ပြုခဲ့သောအမူကို တစ်ခါယုံကြည်ခြင်းအားဖြင့်ရှုံးခြင်းမရှိနိုင်သော ကယ်တင်ခြင်းကိုရရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆို သော ခရစ်တော်က အမူအားလုံးကို ပြီးပြည့်စုံစွာပြုခဲ့သောကြောင့်ဖြစ်သည်။ ကယ်တင်ခြင်းရရှိသောသူများသည် သူတို့၏ကောင်းမြတ်ခြင်းကြောင့်မဟုတ်ပေ။ (ယောဟန် ၁၀း၂၇-၂၉) ထဲတွင် ငါသိုးးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါနောက်သို့လိုက်ကြ၏။ ထို့သိုးတို့ကိုငါသိ၏ထာဝရအသက်ကိုလည်း ငါပေး၏။ထို့သိုးတို့သည် ဖျတ်ဆီးခြင်းနှင့်အစဉ်မပျက် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ပေ။
တချို့သောသူတို့က “တစ်ကြိမ်ကယ်တင်ခြင်းရလျှင် ကယ်တင်ခြင်းရှုံးဆုံးနိုင်တော့မည်မဟုတ်သောကြောင့် ကျွန်ုပ်သည် စိတ်ကြိုက်ပြုနိုင်သည်။ မည်မျှပင်ကောင်းမြတ်သနည်း” ဟုပြောနိုင်ပါသည်။ သို့သော်ကယ်တင်ခြင်းသည် လူတစ်ဦးသည်စိတ်ကြိုက်အသက်ရှင်ရန်အတွက် မဟုတ်ပေ။ ကယ်တင်ခြင်းရပြီးနောက် ကျွန်ုပ်သည် ဇာတိဟောင်းကိုရွေး ချယ်၍ အသက်ရှင်နိုင်သည်။ (သို့) ဘုရားသခင်နှင့်စစ်မှန်သော မိတ်သဟာရဖွဲ့ခြင်းကို ရွေးချယ်၍လည်းရွေးချယ်နိုင်သည်။ ဘ၀ဟောင်းတွင် ကျွန်ုပ်တို့သည် အပြစ်တရား၏ကျွန်ဖြစ်၍ ယခုတွင်ခရစ်တော်၏ကျွန်များဖြစ်လာခဲ့ကြသည် (ရောမ၊ ၆း၁၅-၂၂)။ ယုံကြည်သူတစ်ဦးသည် အသွေးအသားနှင့်ဤလောကတွင် အသက်ရှင်သောကြောင့် အပြစ်တရားနှင့်အမြဲ တမ်းရင်ဆိုင်ရလိမ့်မည့်ဖြစ်ပါသည်။ သို့သော် ယုံကြည်သူတစ်ဦးသည် မိမိအသက်တာ၌ နှုတ်ကပတ်တရားတော်ကိုလေ့ လာ၍အသက်တာတွင် ဆင်ခြင်သုံးသပ်ခြင်းအားဖြင့်အပြစ်တရားကို အောင်မြင်စေနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်ကို ဦးဆောင်စေခြင်းသည်ကျွန်ုပ်တို့၏လုပ်ဆောင်မှုတစ်ခုစီတိုင်း၌် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် နှုတ်ကပတ်တရားတော်ကို နာခံခြင်းအားဖြင့်အသက်ရှင်၍ သန့်ရှင်းသောဝိညာဉ်တော်၏ဩဇာလွှမ်းမိုးမှုအောက် တွင် အသက်ရှင်ခြင်းကို ဆိုလိုသည်။
ထို့ကြောင့် များစွာသောဘာသာတရားတို့သည် လူတစ်ယောက်ကို လုပ်ဆောင်ရမည်အရာများဟူ၍ စည်ကမ်း ချက်ဖြင့် အုပ်ချုပ်သည်။ သို့သော် ခရစ်ယာန်ဘာသာသည် ကျွန်ုပ်၏အပြစ်အတွက် ခရစ်တော်သည် ကားတိုင်တော်ပေါ် တွင်အသေခံ၍ ပြန်လည်ထမြောက်ခဲ့သည်ဟု ယုံကြည်ခြင်းဖြစ်သည်။ မိတ်ဆွေ၏အပြစ်ကြွေးကို ပေးဆပ်ပေးခဲ့ပြီ။ မိတ်ဆွေ သည်ဘုရားသခင်နှင့်မိတ်သဟာဖွဲ့နိုင်သော အခွင့်ရှိသည်။ မိတ်ဆွေသည် မိတ်ဆွေ၏အပြစ်တရားပေါ်တွင် အောင်မြင် ခြင်းအခွင်ရှိ၍ ဘုရားသခင်ကို နာခံခြင်းနှင့်မိတ်သဟာရဖွဲ့ခြင်းအားဖြင့် အသက်ရှင်နိုင်သည်။ ထိုသို့ပြုခြင်းသည် သမ္မာကျမ်းစာ နှင့်ညီညွတ်သော ခရစ်ယာန်ဘာသာဖြစ်သည်။
ဘ၀၏ အဓိပါယ်ဟူသည် အဘယ်နည်း။ ဘ၀၏ရည်ရွယ်ချက် ပြီးပြည့်စုံခြင်း၊ ကျေနပ် တင်းတိမ်မှု တို့ကို ကျွန်ုပ်သည်မည်သို့တွေရှိနိုင်မည်နည်း။ ဘ၀အတွက်နောက်ဆုံးအရေးကြီးသော အစိတ်အပိုင်းကိုပြီးပြည့်စုံရန် ကျွန်ုပ်သည် ခွန်အားရှိပါသလား။ ထိုကြောင့် ဤကဲ့သို့သော မေးခွန်းမျိုးကို လူများစွာတို့က ဆင်ခြင်တွေးတောတတ်ကြပါသည်။ သူတို့ သည် ပြီးပြည့်စုံလိုသော အရာတို့ကိုရယူသော်လည်း ကုန်လွန်ခဲ့သောအချိန်ကာလကိုကြည့်လျှင် ဘုရားသခင်နှင့် ဆက်နွယ်မူကို အလွန်ကျဆင်းပြီး၊ သူတို့သည်လစ်ဟင်းမူကို ခံစားခဲ့ပါသည်။ ဘေ့စ်ဘောကစားခန်းထဲတွင် ဆော့ကစားနေ သောသူအား ကစားရန်ပထမအစပြုလာသောအခါ မည်သည့်အရာကို အတောင့်တဆုံးဖြစ်သနည်းဟု မေးခဲ့သည်။ သူက “ထိပ်ဆုံးရောက်သောအခါ မည်သည့်အရာတခုမျှမရှိပါဟူသော တစုံတယောက်ပြောသည်စကားသံကိုသာ ကြားချင်သည်” ဟု ပြန်ဖြေခဲ့သည်။ သူတို့၏ ကြိုးပမ်းအားထုတ်မူနောက်ကွယ်တွင် အနတ္တသက်သက်ရှိသည်ကို များစွာသောပန်းတိုင်တို့က အသိပေးထားပါသည်။
လူ့အသိုင်းဝိုင်းထဲတွင် များစွာသောသူတို့က ရည်ရွယ်ချက်များစွာထားရှိ၍ ကြိုးပမ်းအားထုတ်တတ်ကြပါသည်။ ထိုရည်ရွယ်ချက်များထဲတွင် ဘ၀၏အဓိပါယ်တွေ့ရှိလိမ့်မည်ဟု ယူဆတတ်ကြသည်။ ထိုကြိုးပမ်းအားထုတ်ထဲတွင် စီးပွား ရေးအောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းမွန်သော မိတ်သဟာရဖွဲ့ခြင်း၊ ကာမဆက်ဆံခြင်း၊ ဖျော်ဖြေခြင်း နှင့် တခြားသူ များအပေါ် ကုသိုလ်ပြုခြင်းတို့ပါဝင်သည်။ လူတွေက သူတို့၏ရည်ရွယ်ချက်ဖြစ်သော ချမ်းသာခြင်း၊ မိတ်သဟာရဖွဲ့ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိသော်လည်း သူတို့စိတ်ထဲ၌ အနတ္တသက်သက်ကို ခံစားခဲ့ရသည်။ အထဲ၌ ဘာမျှမရှိသကဲ့သို့ ခံစားခဲ့သည်။
ဒေသနာဆရာက သူရေးသားထားသော စာထဲတွင်သူ၏ခံစားချက်ကို ဤသို့ရေးသားခဲ့ပါသည်။ “အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက်ဖြစ်၏ ” (ဒေ၊ ၁း၂)။ ဒေသနာကို ရေးသားထား သော ရှေလုမွန်မင်းကြီးသည် အတိုင်းမရှိချမ်းသာကြွယ်ဝသည်။ သူ့အချိန်၌ဖြစ်စေ၊ ကျွန်ုပ်တို့၏အချိန်၌ဖြစ်စေ သူ့လောက် ပညာရှိသောသူတယောက်မျှမရှိခဲ့ပေ။ မိန်းမအယောက်တစ်ထောင်ရှိသည်။ တခြားနိုင်ငံများ၏ တ၀န်တိုနေသော နန်းတော်နှင့် ဥယျာဉ်များစွာလည်းရှိသည်။ ကောင်းသောအစားအသောက်စားသုံးနိုင်သည်။ ကပြဖျော်ဖြေမူမြောက်များစွာရှိ သည်။ ထို့အပြင် သူလိုချင်သမျှသောအရာတို့ကို သူရရှိခဲ့သည်ဟု သူပြောခဲ့ပါသည်။ “နေအောက်တွင်ရှိသော အသက်တာ” ၊ ချမ်းသာကြွယ်ဝစွာ နေထိုင်သောဘ၀သည် အနတ္တသက်သက်ပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ခပ်သိမ်းသောအရာတို့သည် အနတ္တသက်သက် ပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုမျက်မှောက်ကာလတွင် ကျွန်ုပ်တို့ လက်တွေ့ခံစားနိုင်သောအရာ၏ နောက်ကွယ် တွင် တစုံတခုကိုခံစားနိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သော ကြောင့်ဖြစ်သည်။ ရှောလုမွန်က ဘုရားသခင်ထံ ဤသို့ပြောခဲ့သည်။ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီး . . .” (ဒေ၊ ၃း၁၁)။ ယခုဘ၀တွင် တွေ့ကြုံခံစားနိုင်သောအရာတို့သည် ပြည့်စုံသော အရာမဟုတ်ကြောင်းကို ကျွန်ုပ်တို့နှလုံးသားက သိခဲ့သည်။
သမ္မာကျမ်းစာ၏ ပထမစာအုပ်ဖြစ်သော ကမ္ဘာဦးကျမ်းထဲတွင် ဘုရားသခင်က သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းခဲ့သည်ဟု ကျွန်ုပ်တို့တွေ့ရှိနိုင်သည် (က၊ ၁း၂၆)။ အဓိပါယ်သည် ကျွန်ုပ်တို့သည် တခြားသောအရာတို့ထက် ဘုရားသခင်နှင့်တူညီခြင်းကို ဆိုလိုသည်။ လူသားများမကျဆင်းမီနှင့် ကျိန်ခြင်းအမင်္ဂလာကို ဤလောကပေါ်သို့ မရောက်မီ အောက်တွင်ဖော်ပြထားသော အခြေအနေတို့ကို တွေ့ရသည်။ (၁) လူသည် အသိုင်းအ၀ိုင်းဖြင့်နေရန် ဘုရားသခင်က ဖန်ဆင်းခဲ့သည် (က၊ ၂း ၁၈-၂၅)။ (၂) ဘုရားသခင်က လူကိုလုပ်ငန်းတာဝန်ခန့်အပ်ခဲ့သည် (က၊ ၂း၁၅)။ (၃) ဘုရားသခင်သည် လူတို့နှင့်မိတ်သဟာရဖွဲ့သည် (က၊ ၃း၈)။ (၄) လောကကို အုပ်စိုးရန် ဘုရားသခင်က လူကိုအခွင့် အာဏာပေးခဲ့သည်။ ထို့အရာတို့၏အရေးပါမူတို့သည်အဘယ်နည်း။ ဤအရာများတခုစီတိုင်းကို မိမိအသက်တာ၌ အသုံးပြုရန် ဘုရားသခင် အလိုတော်ရှိသည်။ သို့သော် လူသားအားလုံးကျဆုံးသွားခဲပြီး လောကအပေါ်ကျိန်ခြင်း သက်ရောက်ခဲ့ပြီးနောက် (က၊ ၃)၊ ဤအရာ များကို လုံးဝမတွေ့ရတော့ပေ(အထူးသဖြင့် ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ခြင်း)။
သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းထဲတွင် ဘုရားသခင်က ယခုပစ္စုပ္ပန်ကာလတွင်ရှိ သော ကောင်းကင်နှင့် မြေကြီးကိုဖျက်ဆီး၍ ကျွန်ုပ်တို့သိရှိခဲ့ပြီးသည်အတိုင်း ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့ကို ဖန် ထာဝရကာလနေထိုင်ရန်အတွက် ဖန်ဆင်းလိမ့်မည်ဟု ဖွင့်ပြထားပါသည်။ ထိုအချိန်တွင် ကယ်တင်ခြင်းရပြီးသော သူတို့သည် ဘုရားသခင်နှင့်လုံးဝပျော်မွေ့ခြင်းဖြင့် မိတ်သဟာရဖွဲ့၍ မယုံကြည်သောသူတို့ကို တရားစီရင်ကာ မီးငရဲအိုင်ထဲ သို့ ပစ်ချရလိမ့်မည်ဖြစ်သည် (ဗျာ၊ ၂၀း၁၁-၁၅)။ အပြစ်တရားအတွက် ကျိန်ခြင်းသည် ပျောက်ကွယ်သွားပြီး၊ အပြစ်တရား၊ ၀မ်းနည်းခြင်း၊ ဖျားနားခြင်း၊ သေခြင်း၊ နာကျင်ခြင်း စသော မကောင်းဆိုးဝါးတို့ကို လုံးဝရှိတော့မည်မဟုတ်ပေ (ဗျာ၊ ၂၁း၎)။ ထို့နောက် ယုံကြည်သူတို့သည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးရလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ ကျိန်းဝပ်၍ သူတို့သည်လည်း ဘုရားသခင်၏သားသမီးများဖြစ်ရလိမ့်မည် (ဗျာ၊ ၂၁း၇)။ ထိုအချိန်တွင် ဘုရားသခင်သည် လူသားများ ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော သူနှင့်အတူမိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသော လူသားများ၊ မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူမည်ဖြစ်ပါသည်။ အပြစ်ရှိသောလူသားများ၊ မိတ်သဟာရ ဖွဲ့ခြင်းကို ဖျက်ဆီး သော လူသားများဖြစ်သော်လည်း ကယ်တင်ခြင်းခံရပြီးသော သူတို့သည် ထာဝရကာလတွင် ဘုရားသခင်နှင့် လုံးဝပျော်မွေ့သော အသက်တာဖြင့် မိတ်သဟာရဖွဲ့ရလိမ့်မည်။ ယခုအသက်တာ၌ လိုချင်သောအရာဟူသ မျှရရှိပြီး ဘုရားသခင်နှင့်ထာဝရကာလ ပျော်ရွှင်ခြင်းသာမက (လု၊ ၂၃း၄၃) ဤလောကတွင် အသက်ရှင်ချိန်၌ပင် ရောင့်ရဲသော အသက်တာ နှင့် အဓိပါယ်ရှိသော အသက်တာရယူပိုင်ဆိုင်ရန် လမ်းဖွင့်ပေးထားသည်။ ထာဝရပျော်ရွှင်ခြင်းနှင့် “ဤလောကတွင် ကောင်းကင် နိုင်ငံကဲ့သို့ပျော်ရွှင်ခြင်း” မျိုးကို မည့်သို့ရရှိနိုင်မည်နည်း။
သခင်ယေရှုခရစ်တော်အားဖြင့် အဓိပါယ်ရှိသော အသက်တာကို ပြန်လည်ရရှိခြင်းယခုဘ၀နှင့် နောင်တမလွန်ဘ၀တွင် စစ်မှန်၍အဓိပါယ်ရှိသော အသက်တာရရှိနိုင်ရန် အာဒံနှင့်ဧ၀ံအပြစ်ပြုခဲ့ပြီး နောက်ပိုင်းပျက်ဆီးသွားခဲ့သော ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်းကို ပြန်လည်ရယူရမည်ဖြစ်ပါသည်။ ယနေ့ထိုမိတ်သ ဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်အားဖြင့်သာ ရရှိနိုင်ပါသည် (တ၊ ၄း၁၂၊ ယောဟန်၊ ၁၄း၆၊ ယောဟန်၊ ၁း၁၂)။ လူတယောက်သည် မိမိအပြစ်နောင်တရ၍ (အပြစ်ပြုလိုသော စိတ်ပျောက်ကွယ်သွား၍ သခင်ယေရှုထံသို့ ပြောင်းလဲကား အသစ်သော အသက်တာဖြင့် အသက်ရှင်ရန်) သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစား (ကယ်တင်ခြင်းအတွက် ဘုရားသခင်၏စီမံချက်သည် အဘယ်နည်းဟူသော မေးခွန်းကိုကြည့်လျှင် အရေးကြီးသော အကြောင်းအရာ တို့ကို ပို၍တွေ့နိုင်ပါသည်) သော အချိန်မှစ၍ ထာဝရအသက်ရရှိသည်။
သခင်ယေရှုကို မိမိကယ်တင်ရှင်အဖြစ် ရှာဖွေရုံဖြင့် ဘ၀၌စစ်မှန်သော အဓိပါယ်မတွေ့နိုင်ပေ။ (ခရစ်တော်ကို လေးစားခြင်းသာ)။ သို့သော် ခရစ်တော်၏တပည့်တော်အဖြစ် သူ၏ခြေရာသို့လိုက်လျှောက်ရန် လူတစ်ယောက်သည် အစပြုသောအချိန်၊ ဆုတောင်းခြင်းအားဖြင့် သူနှင့်စကားပြောသောအချိန်၊ သူ၏ပညတ်တော်တို့ကို လိုက်လျောခြင်းအားဖြင့် သူနှင့်အတူသွားလာရန်ဆုံးဖြတ်သောအချိန်မှစ၍ စစ်မှန်သောဘ၀အဓိပါယ်ကိုတွေ့ရှိနိုင်ပါသည်။ မိတ်ဆွေသည် မယုံကြည်သူ တစ်ဦး (သို့) ယုံကြည်သူအသစ်ဖြစ်ခဲ့လျှင် ဤသို့ပြောဆိုနိုင်ပါသည်။ “ထိုအရာကို ၀မ်းမြောက်စရာ (သို့) ကျွန်ုပ်တို့ အတွက် လိုအပ်မူများပြည့်စုံစရာမဟုတ်ပေ”။ သို့သော် စိတ်ရှည်သည်းခံ၍ ဆက်လက်ဖတ်စေလိုပါသည်။ သခင်ယေရှုက ဤသို့ မိန့်တော်မူသည်။ “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟု မိန့်တော်မူ၏။ (မဿဲ၊ ၁၁း၂၈-၃၀)။ “သို့တို့သည် အသက်နှင့်ပြည့်စုံခြင်းငှါ ငါလာ၏” (ယောဟန်၊ ၁၀း၁၀(ခ))။ “ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ် လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကား တိုင်ကိုထမ်း၍ ငါ့နောက်ကို လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူ သည် အသက်ကို တွေ့လိမ့်မည်” (မဿဲ၊ ၁၆း၂၄-၂၅)။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည် (ဆာ၊ ၃၇း ၄)။ ဤကျမ်းပိုဒ်အားလုံးတို့၏ ဖော်ပြလိုသော အရာသည် ကျွန်ုပ်တို့သည် ရွေးချယ်ပိုင်ခွင့်ရှိသည် ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် အနတ္တသက်သက်ဖြစ်သော ကိုယ်ကျိုးအတွက်သာ ရွေးချယ်နိုင်သည်။ (သို့) ကြွယ်ဝသော အသက်တာပေးသော၊ ကျွန်ုပ်တို့၏ နှလုံးသားတောင့်တမှုကို ဖြည့်ဆည်းပေးနိုင်သော၊ ကျေနပ်ရောင့်ရဲမှုကို ပေးသော ဘုရားသခင်နှင့် သူ၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ်တို့ရွေးချယ်နိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို ချစ်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာကို အလိုတော်ရှိသောကြောင့်ဖြစ် သည်။ လွယ်ကူသော အသက်တာမျိုးမဟုတ်ပဲ ကြွယ်ဝသော အသက်တာမျိုးဖြစ်ရန်လိုအပ်သည်။
မိတ်ဆွေသည် စကားရည်လုပွဲတစ်ခုတွင် ပြိုင်ပွဲဝင်ရန်ဆုံးဖြတ်ထားခဲ့သည် ဆိုပါစို့။ မိတ်ဆွေသည် ပြိုင်ပွဲခန်းမ ဆောင်သို့ ၀င်ဖို့တောင် ငွေကြေးမတတ်နိုင်ခဲ့လျှင် (သို့) မိတ်ဆွေသည် ထိုခန်းမဆောင်သို့ဝင်ရန် ငွေကြေးတချို့ လိုအပ်ခဲ့လျှင် ပြိုင်ပွဲမ၀င်နိုင်ပဲ ပြန်လှည့်သွားမည်ဖြစ်ပါသည်။ ၄င်းသည် ခရစ်ယာန် အသက်တာနှင့် တူပါသည်။ ဘုရားသခင်၏ နိုင်ငံတော် အတွက် အလုပ်ကြိုးပမ်းစွာ လုပ်ကိုင်ခြင်းသည် တနင်္ဂနွေနေ့ရောက်တိုင်း ခရစ်ယာန်ဖြစ်ခြင်းမျိုးမဟုတ်ပေ။ ထိုကဲ့သို့သော သူတို့ သည် အဖိုးအခမပေးတတ်ပေ။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ၀န်တာစိတ်ထား၍ လုပ်ဆောင်သောသူသည် ထိုသူ၏ ဇာတိ အသွေးအသားတောင့်တမှုတို့ကို လုံးဝပယ်ဖြတ်၍ ခရစ်တော်၏ တပည့်တော်အဖြစ် စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ခြင်း ပင် ဖြစ်သည်။ သို့မှသာ သူသည် ဘုရားသခင်စေခိုင်းသော အရာတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ သူတို့သည် အဖိုးအခ ပေးခဲ့သောသူများဖြစ်ကြသည်။ (ခရစ်တော်နှင့် သူ၏ အလိုတော် လုပ်ဆောင်ရန် ဆက်ကပ်အပ်နှံသော သူများဖြစ်ကြသည်။) သူတို့သည် ဇာတိပကတိစိတ်ကို ပပျောက်စေနိုင်သော သူများဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ်ကိုဖြစ်စေ၊ သူတို့၏ လုပ်ဆောင် ဖက်များကိုဖြစ်စေ၊ သူတို့၏ ဖန်ဆင်းရှင်ကိုဖြစ်စေ၊ နောင်တရခြင်းမရှိ တွေ့ဆုံခဲ့သော သူများဖြစ်ကြသည်။ မိတ်ဆွေသည် အဖိုး အခ ပေးခဲ့ပြီးပြီလော? ပေးဆပ်ရန် ဆန္ဒရှိပါသလား? ပေးအပ်လျှင် မိတ်ဆွေသည် ဘ၀အဓိပယ်နှင့် ရည်ရွယ်ချက်တွေ့သွားခဲ့ပြီး၊ နောင်တငတ်ခြင်းရှိတော့မည် မဟုတ်ပေ။
ဤမေးခွန်းကို သိရှိနားလည်ရန်အတွက် အဓိကသော့ချက်သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်သည် ဣသရေလလူများများအတွက် ပေးထားခြင်းဖြစ်ပြီး ခရစ်ယာန်များအတွက် ပေးထားခြင်း မဟုတ်သည်ကို သိရှိခြင်းပင်ဖြစ်သည်။ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးများက ဘုရားသခင်ကို မည်သို့ နာခံရမည်ကို ၎င်း၊ မည်သို့ ၀မ်းမြောက်စေရမည်ကို၎င်း ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည်။ (ဥပမာ-ပညတ်တော်ဆယ်ပါး)၊ တချို့သော ပညတ်တော်တို့သည် ဣသရေလလူမျိုးတို့က ဘုရားသခင်ကို မည်သို့ဝတ်ပြုမည်ကို၎င်း၊ မည်သို့ အပြစ်ဖြေရ မည်ကို ၎င်း၊ ညွှန်ပြပေးသော ပညတ်တော်များဖြစ်ကြသည် (ယဇ်ပူဇော်ခြင်းအမှု)။ တချို့သော ပညတ်တော်တို့သည် ဣသရေလ လူမျိုးတို့သည် တခြားသော လူမျိုးတို့နှင့် မတူပဲ တမူထူးခြားသော လူမျိုးဖြစ်ကြောင်းကို ညွှန်ပြပေးသော ပညတ် တော်များ ဖြစ်ကြသည် (အစားအသောက်နှင့် အ၀တ်အစားနှင့်ပတ်သက်သော ပညတ်တော်)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှသည် ယနေ့ကျွန်ုပ်တို့ အသက်တာ၌ အသုံးပြုရန်အတွက် မဟုတ်ပေ။ ကားတိုင်တော်ပေါ်တွင် ခရစ်တော် အသေခံသောအခါ သူက ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ဟူသမျှ ဖျက်သိမ်းသွားခဲ့သည် (ရောမ၊ ၁၀း၀၀၊ ဂလာ၊ ၃း၂၃-၂၅၊ ဧဖက်၊ ၂း၁၅)။
ကျွန်ုပ်တို့သည် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်ကို ကျင့်သုံးမည့်အစား ခရစ်တော်ပေးသည့် ပညတ်တော် ကို အသုံးပြုကြပါသည် (ဂလာ၊ ၆း၂)။ ၎င်း ပညတ်တော်သည် “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့။ ..... ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” (မဿဲ၊ ၂၂း၄၀)။ သို့သော် ယခုခေတ်တွင် ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော်ကို မထီမဲ့မြင်ပြုရန်အတွက် မဆိုလိုပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်တချို့တို့သည် “ဘုရားသခင်ကို ချစ်ခြင်း” နှင့် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်ရန်” ဖော်ပြထားသော အချက်များလည်း ပါဝင်ပါသည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည်ကို၎င်း၊ မိမိအိမ်နီးနားချင်းကို မည်ကဲ့သို့ ချစ်ရမည်ကို ၎င်း သိရှိနိုင်ရန် ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်တို့သည် အလွန်ကောင်းသည့် “လမ်းညွှန်တိုင်” ပင် ဖြစ်သည်။ ထိုနည်းတူ ယနေ့ခရစ်ယာန်အသက်တာထဲတွင် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်ကို အသုံးပြုရမည်ဟု ပြောဆိုခြင်းသည်လည်း မှန်ကန်မှုမရှိပေ။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် လောကနီတိပင်ဖြစ်သည် (ယာကုပ်၊ ၂း၁၀)။ ထိုပညတ်တော် အားလုံးကို ကျင့်သုံးနိုင်သည်။ ပယ်ဖျက်နိုင်သည်။ ယဇ်ပူဇော်ခြင်း လုပ်ဆောင်မှုကဲ့သို့သော ပညတ်တော်မျိုးကို ခရစ်တော်က ပြည့်စုံပေးခဲ့လျှင် ပညတ်တော်အားလုံးကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ “ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်ကို စောင့်ခဲ့သည်မဟုတ်” (၁ယော၊ ၅း၃)။ ပညတ်တော် ဆယ်ပါးတို့သည် ဓမ္မ ဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့၏ အချုပ်အခြာပင်ဖြစ်သည်။ ပညတ်တော် ဆယ်ပါးအနက် ကိုးခုတို့သည် ဓမ္မသစ်ကျမ်းထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ (ဥပုဒ်နေ့ကို စောင့်ထိန်းရန် ပညတ်များကလွဲ၍)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ခဲ့လျှင် တခြားသော မှားသော ဘုရားတို့ကို ကိုးကွယ်မည်မဟုတ်တော့ပေ။ သို့မဟုတ် ရုပ်ထုများရှေ့တွင် ကိုးကွယ်မည်မဟုတ်တော့ပေ။ ကျွန်ုပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့ကို ချစ်လျှင် သူတို့ကို သင်ပြောမဟုတ်ပေ။ သူတို့ ကို လိမ်ညှာမည်မဟုတ်ပေ။ သူတို့အပေါ် မတရားမှုတွေ ပြုမည်မဟုတ်ပေ။ ဓမ္မဟောင်းထဲ၌ ဖော်ပြထားသော ပညတ်တော် ၏ ရည်ရွယ်ချက်သည် လူသားများက သခင်ယေရှုကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံရန် လိုအပ်ကြောင်း ညွှန်ပြ လိုခြင်း ဖြစ်သည် (ရောမ၊ ၇း၇-၉၊ ဂလာ၊ ၃း၂၄)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်သည် ဘုရားသခင်က လူသားအားလုံးအတွက် အမြဲတမ်းကျင့်သုံးရန် ပေးထားသော ပညတ်တော်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သော သူတို့ကို ကိုယ်နှင့် အမျှ ချစ်ရပါမည်။ ဤပညတ်တော်နှစ်ပါးအတိုင်း သစ္စာရှိစွာဖြင့် အသက်ရှင်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်တောင်းဆိုသော ပညတ်တော်အားလုံးတို့ကို လိုက်လျောက်အသက်ရှင်ခြင်းပင်ဖြစ်သည်။
ခရစ်တော်သည် မိမိဖြစ်ခြင်းအကြောင်းကို ကိုယ်တိုင် ပြောဆိုခဲ့သည့်အတိုင်း သူ၏ တပည့်တော် တို့ကလည်း ခရစ်တော်၏ ဘုရားဇာတိကို အသိအမှတ်ပြုခဲ့ပါသည်။ ဘုရားသခင်သာလျှင် ပြုနိုင်သော ခွင့်လွှတ်ခြင်းတရားကို သခင်ယေရှု က ပြုနိုင်သော အခွင့်ရှိသည်ဟု တပည့်တော်တို့က ကြွေးကြော်ခဲ့ပါသည်။ အပြစ်တရားက ဘုရားသခင်ကို ပုန်ကန်ခဲ့ပါသည် (တ၊ ၅း၃၁၊ ကောလော၊ ၃း၁၃၊ ဆာ၊ ၁၃၀း၎၊ ယေဇမိ၊ ၃၁း၃၄)။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆုံး ကြည့်လျှင် သခင်ယေရှုသည် “အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို” တရားစီရင်မည့် တရားသူကြီးဖြစ်သည် (၂တိ၊ ၄း၁)။ သောမက သခင်ယေရှုသည် “ငါ့၏ အရှင်သခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂၀း၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သောဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့သည် (တိတု၊ ၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိမခံယူမီ “ဘုရားသခင်” ဟု ကြွေးကြော်ခဲ့ပါသည် (ယော၊ ၂၀း၂၈)။ ပေါလုက သခင်ယေရှုသည် “ကြီးမြတ်သော ဘုရားနှင့် ကယ်တင်ရှင်” ဟု ပြောခဲ့ သည် (တိတု၊ ၁၂း၁၃)။ သခင်ယေရှုသည် လူ့ဇာတိ မခံယူမီ “ဘုရားသခင်” ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါသည်” (ဖိလိပ္ပ၊ ၂း၅-၈)။ ဟေဗြဲသြ၀ါဒစာရေးသူက သခင်ယေရှုကို “အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင် ဖြစ်ပါ၏” (ဟေဗြဲ၊ ၁း၈) ဟု ဖော်ပြထားပါသည်။ ယောဟန်က “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” (ယော၊ ၁း၁) ဟု ဖော်ပြထားပါသည်။ ခရစ်တော်၏ ဘုရားဇာတိဖြစ်ခြင်းကို ကျမ်းပိုဒ်များစွာက နမူနာပေး၍ သွန်သင်ထားပါသည် (ဗျာ၊ ၁း၁၇၊ ၂း၈၊ ၂၂း၁၃၊ ၁ ကော၊ ၁၀း၎၊ ၁ပေ၊ ၂း၆-၈၊ ဆာ၊ ၁၈း၂၊ ၉၅း၁၊ ၁ပေ၊ ၅း၎၊ ဟေဗြဲ၊ ၁၃း၂၀)။ သို့သော် ဤကျမ်းပိုဒ်များထဲမှ သခင်ယေရှု၏ နောက်လိုက်တပည့်တော်များ ပြောဆိုသော ခရစ်တော်၏ ဘုရားဇာတ်ဖြစ်ခြင်းကို ပြသသည့် ကျမ်းပိုဒ်တစ်ခုသည် လုံလောက်ပါသည်။
ဓမ္မဟောင်းကျမ်းထဲတွင် သခင်ယေရှု၏ နာမတော်ရာထူးကို ယေဟောဝါဘုရား (ဘုရားသခင်၏ တစ်ခုတည်းသော နာမတော်)ဟု နာမည်ပေးအပ်ခြင်းခံခဲ့ရသည်။ ဓမ္မဟောင်းကျမ်းစာထဲ၌ ဖော်ပြထားသော “ကယ်တင်ရှင်” (ဆာ၊ ၁၃၀း၇၊ ဟောရှေ၊ ၁၃း၎) သည် ဓမ္မသစ်ကျမ်းစာထဲတွင် သခင်ယေရှုကို ညွှန်ပြထားခြင်းပင်ဖြစ်သည်(တိတု၊ ၂း၁၃၊ ဗျာဒိတ်၊ ၅း၉)။ သခင် ယေရှုကို မောနွေလဟု ခေါ်ပါသည်။ (”ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရား” (မဿဲ ၁ ထဲတွင်)”) ဇာခရိ၊ 12း10 ထဲတွင် “သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကိုရှုမြင်ရကြလိမ့်မည်” ဟု ပြောသော သူသည် ယေဟောဝါဘုရားပင်ဖြစ် သည်ဟု ဖော်ပြထားပါသည် (ယော၊ ၁၉း၃၇၊ ဗျာ၊ ၁း၇)။ ထိုးဖောက်ခြင်းခံရသော သူသည် ယေဟောဝါဘုရားဖြစ်သည်။ ပေါလုက ဟေရှာယ၊ ၄၅း၂၂-၂၃ ကို ဖိလိပ္ပိ၊ ၂း၁၀-၁၁ ထဲတွင် သခင်ယေရှုကို ဖော်ပြလိုခြင်းဖြစ်သည်ဟု အနက်ဖွင့်ဆို ထားပါသည်။ ထို့ပြင် ဆုတောင်းခြင်းထဲတွင် သခင်ယေရှု၏ နာမတော်ကို ယေဟောဝါဘုရားအဖြစ် အသုံးပြု ထားပါသည်။ “သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော” (ဂလ၊ ၁း၃၊ ဧဖက်၊ ၁း၂)” ခရစ်တော်သည်ဘုရားသခင်မ ဟုတ်ခဲ့လျှင် ဤကဲ့သို့ပြောဆိုခြင်းသည ပြစ်တင်စရာပင်ဖြစ်သည်။ရေနှစ်ခြင်းခံယူရန် ဘုရားသခင် ယေရှုမိန့်မှာချက်ထဲတွင် ယေဟောဝါးသည် သခင်ယေရှု၏ နာမတော်နှင့် ဒွန်တွဲနေသည်ကို တွေ့ရသည်။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” (မဿဲ၊ ၂၈း၁၉၊ ၂ ဘော၊ ၁၃း၁၄)။
ဘုရားသခင်သာလျှင် ပြုနိုင်သော အမှုတို့ကို သခင်ယေရှုသည်လည်း ပြုနိုင်သော အခွင့်ရှိသည်။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ရုံသာမက (ယော၊ ၅း၂၁၊ ၁၁း၃၈-၄၄)။ သူသည် အပြစ်ကို ခွင့်လွှတ်နိုင်သောအခွင့်ရှိသည် (တ၊ ၅း၃၁၊ ၁၃-၃၈)။ စကြာဝဠာကို ဖန်ဆင်းခဲ့၍ စောင့်ထိန်းထားပါသည် (ယော၊ ၁း၂၊ ကော်လော၊ ၁း၁၆-၁၇)။ ယေဟောဝါးဘုရားသည် ဖန်ဆင်း ခြင်းအမှုပြုသောအခါ သူတစ်ဦးတည်းသာရှိသည်ဟု ယူဆသော သူများအတွက် ဤအချက်သည် အလွန် အကျုံးဝင်ပါသည် (ဟေရှာ၊ ၄၄း၂၄)။” ထို့ပြင် ခရစ်တော်သည် ဘုရားသခင်ကသာ ပိုင်ဆိုင်နိုင်သော အရည်အချင်းကို ပိုင်ဆိုင်နိုင်သည်။ ၎င်းတို့ သည် ထာဝရအသက် (ယော၊ ၈း၅၈)၊ နေရာတိုင်း၌ ရှိခြင်း (မဿဲ၊ သား၂၀၊ ၂၈း၂၀)၊ အရာခပ်သိမ်းကို သိရှိခြင်း (မဿဲ၊ ၁၆-၂၁)၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်း (ယော၊ ၁၁း၃၈-၄၄) တို့ဖြစ်ကြသည်။
သခင်ယေရှု ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသခြင်းမရှိပဲ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်း (သို့) သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်ခြင်းသည် ရူးသွပ်ရာ ရောက်သွားခဲ့သည်။ ခရစ်တော် ဘုရားသခင်ဖြစ်ကြောင်းကို သူပြုခဲ့သော အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့် သူ၏ ထမြောက်ခြင်းက သက်သေထူခဲ့ ပါသည်။ သခင်ယေရှုပြုခဲ့သော နိမိတ်လက္ခဏာတချို့တို့ကို ဖော်ပြရလျှင် ရေကို စပျစ်ရည်ဖြစ်စေခြင်း (ယော၊ ၂း၇)၊ ရေပေါ်တွင် လမ်းလျှောက်ခြင်း (မဿဲ၊ ၁၄း၂၅)၊ အရာဝတ္ထုတို့ကို တိုးပွားစေခြင်း (ယော၊ ၆း၁၁)၊ မျက်စိကန်းသောသူကို ပြန်မြင်စေခြင်း (ယော၊ ၉း၇)၊ ခြေထောက် မသန်စွမ်းသောသူကို ပြန်ကောင်းစေခြင်း (မာ၊ ၂း၃)၊ ဖျားနာသောသူကို ပြန်ကောင်းစေခြင်း (မဿဲ၊ ၉း၃၅၊ မာ၊ ၁း၄၀-၄၂) နှင့် သေသောသူများပင်လျှင် ထမြောက်စေခဲ့ပါသည် (ယော၊ ၁၁း၄၃-၄၄၊ လု၊ ၇း၁၁-၁၅၊ မာ၊ ၅း၃၅)။ ၎င်းပြင် ခရစ်တော်ကိုယ်တိုင်က သေခြင်းမှ ထမြောက်ခဲ့ပါသည်။ တခြားသောဘုရားတို့သည် သေ၍ ထမြောက် သည်ဟူ၍ မရှိပေ။ တခြားသော ဘာသာတရား၌ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြွေးကြော်ခြင်းကို မတွေ့ရပေ။ သမ္မာကျမ်းစာဖော်ပြခြင်းကို နောက်ထပ် မဖြည့်စွပ်သင့်ပေ။ Dr Gray Habermas ဖော်ပြချက်အရ၊ တခြားသော ဘာသာရေး ပညာတတ်ပုဂ္ဂိုလ်တို့က ၀န်ခံမှုပြုရန် အနည်းဆုံး ဆယ့်နှစ်ခုရှိပါသည်။
နိဂုံး
ခရစ်တော်က သူသည် ယေဟောဝါးဘုရားဖြစ်ကြောင်း၊ မိမိကိုယ်ကို ကြွေးကြော်ခဲ့သည်။ သူသည် ဘုရား ဖြစ်သည်။ တခြားသော ဘုရားနည်းတူ ဘုရားတဆူမဟုတ်ပဲ၊ သူသာလျှင် စစ်မှန်သော ဘုရားသခင်ဖြစ်သည်။ သူ၏ တပည့်တော်များ (ရုပ်တုကို ကြောက်ရွံ့ရိုသေသော ယုဒလူမျိုးများ) သည်လည်း သခင်ယေရှုသည် ယေဟောဝါးဘုရားဖြစ်ကြောင်း ယုံကြည်ခဲ့ ကြသည်။ အံ့သြဖွယ်ရာ နိမိတ်လက္ခဏာတို့နှင့်အတူ လောကကို အောင်၍ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြသနိုင်ပါသည်။ ထင်ရာမြင်ရာပြောတတ်သော သူတို့သည် ဤအချက်အလက်များကို မရှင်းပြနိုင်ခဲ့ပေ
ခရစ်ယာန် သီအိုလျော်ရီအားလုံးထဲတွင် ဤမေးခွန်းသည် အရေးကြီးဆုံးသော မေးခွန်းဖြစ်နိုင်ပါသည်။ ဤ မေးခွန်းပေါ်ပေါက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း(Reformation)ကြောင့်ပင် ဖြစ်သည်။ Protestant အသင်းတော်နှင့် Catholic အသင်းတော်တို့၏ ကွဲပြားမှုကြောင့်ဖြစ်သည်။ ဤမေးခွန်းသည် သမ္မာကျမ်းစာကို စွဲကိုင်သော ခရစ်ယာန်ဘာသာ နှင့် “ခရစ်ယာန်” အယူဝါဒ လွဲမှားသူ အများစုတို့အကြား ကွာဟမှုဖြစ်စေသော သော့ချက်ပင်ဖြစ်သည်။ ကယ်တင်ခြင်းကို ယုံကြည်ခြင်း တစ်ခုဖြင့်သာလျှင် ရရှိသလော၊ (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုတို့ဖြင့် ရရှိပါသလော။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိသလော။ (သို့) ခရစ်တော်ကို ယုံကြည်၍ တခြားကောင်းမှု ကုသိုလ်တို့ကို လည်း လုပ်ဆောင်ရန် လိုအပ်သလော။
ယုံကြည်ခြင်းသာလျှင် (သို့) ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ဟူသော မေးခွန်းသည် သမ္မာကျမ်းစာထဲ၌ ရှိသော စာပိုဒ်များကို ညှိနှိုင်းစွာကြည့်ခြင်းဖြင့် ဖြေကြားပေးနိုင်ရန် အလွန်ခက်ခဲပါသည်။ ရောမ၊ ၃း၂၈၊ ၅း၁ နှင့် ဂလာ၊ ၃း၂၄၊ ယာကုပ်၊ ၂း၂၄ တို့ကို နှိုင်းယှဉ်ကြည့်ပါ။ ပေါလုတင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ရရှိ သည်) နှင့် ယာကုပ်တင်ပြသော အချက် (ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအားဖြင့် ရရှိသည်) တို့၏ ကွာဟမှုတို့ကို တွေ့ရှိနိုင်ပါသည်။ တကယ်တန်းကျတော့ ပေါလုနှင့် ယာကုပ်တို့သည် အချင်းချင်း ကွဲပြားမှုမရှိပေ။ တချို့သော သူတွေ ယူဆသော မတူညီခြင်းအချက်သည် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤပြဿနာကို ဖြေ ရှင်းပေးနိုင်ရန် ယာကုပ်တင်ပြသော အရာသည် မည်သည့်အရာဖြစ်သည်ကို သေချာစွာသိရှိရန် လိုအပ်သည်။ ကောင်းသော အလုပ်များ မရှိဘဲ ယုံကြည်ရှိသည်ဟု ပြောဆိုသော သူတို့ကို ယာကုပ်က ငြင်းဆိုခြင်းဖြစ်သည် (ယာ၊ ၂း၁၇-၁၈)။ ခရစ် တော်၌ စစ်မှန်သော ယုံကြည်ခြင်းရှိမှသာ ပြောင်းလဲသော အသက်တာ ပိုင်ဆိုင်၍ ကောင်းသော လုပ်ငန်းများကို လုပ်ဆောင် နိုင်ခြင်းဖြစ်သည်ဟု ယာကုပ်က အဓိကတင်ပြလိုခြင်းဖြစ်ပါသည် (ယာ၊ ၂း၂၀-၂၆)။ ယုံကြည်ခြင်းနှင့် လုပ်ငန်း လုပ်ဆောင် ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည်ဟု ယာကုပ်ပြောလိုခြင်းမဟုတ်ပဲ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ရရှိသော သူတို့ သည် မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်များ လုပ်ဆောင်ရမည်ဟု ပြောလိုခြင်းဖြစ်ပါသည်။ လူတစ်ယောက်သည် ယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်၍ မိမိအသက်တာ၌ ကောင်းမွန်သော အလုပ်မရှိလျှင် ထိုသူသည် ခရစ်တော်ထဲ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူ လုံးဝ မဖြစ်နိုင်ပေ (ယော၊ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၆)။
ပေါလုက သူရေးသားထားသော စာစောင်ထဲတွင် ယာကုပ်ရေးထားသည့်အတိုင်း ရေးသားခဲ့ပါသည်။ ကောင်းမွန် သော အသီးသီးသော ယုံကြည်သူတို့သည် မိမိ အသက်တာ၌ ဂလာက်သြ၀ါဒစာ၊ ၅း၂၂-၂၃ ထဲ၌ ဖော်ပြထားသော ၀ိညာဉ် အသီးတို့ တွေ့ရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကောင်းမှုကုသိုလ်ကြောင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိသည်ဟု ပေါလုက ပြောပြီးသည်နှင့် တပြိုင်နက် (၆၊ ၂း၈-၉) ကျွန်ုပ်တို့သည် ကောင်းသော အလုပ်လုပ်ဆောင်ရန် ဖန် ဆင်းထားခြင်းဖြစ်ကြောင်း ပေါ်လုက ဆက်လက်ညွှန်ကြားထားပါသည် (ဧဖတ်၊ ၂း၁၀)။ ပေါလုက ယာကုပ်ရေးထားသည့် အတိုင်း အသက်တာပြောင်းလဲသူတို့သည် အသက်တာ ပြောင်းလဲရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ “လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာတို့ကို ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။ ပေါလုနှင့် ယာကုပ်တို့သည် ကယ်တင်ခြင်းအကြောင်း သွန်သင်ရာတွင် သဘောထား ကွဲလွဲမှုမရှိပေ။ သူတို့သည် တူညီသော အချက်ကို မတူညီသောရှုထောင့်မှ တင်ပြခြင်းသာဖြစ်ပါသည်။ ပေါလုက ယုံကြည် ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းရရှိသည်ဟု အဓိကတင်ပြလိုခြင်းဖြစ်၍ ယာကုပ်က ခရစ်တော်ထဲ၌ ရှိသောသူတို့သည် ကောင်းသော အကျင့်စာရိတကောင်းမွန်ခြင်းရှိရမည်ဟု အဓိကတင်ပြလိုခြင်းဖြစ်ပါသည်။
သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်းနှင့် ပတ်သက်၍ မှားယွင်းသော ခံယူချက်များစွာ ရှိသည်။ သန့်ရှင်း သော ၀ိညာဉ်တော်အကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟု တချို့သော သူတို့က မြင်တွေ့ကြသည်။ တချို့သော သူတို့က သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်က ခရစ်တော်၏ နောက်လိုက်သော သူများအတွက် ပြင်ဆင်ပေး ထားသော လူပုဂ္ဂိုလ်မဟုတ်၊ တန်ခိုးကြီးသောသူ ဖြစ်သည်ဟု သိရှိသည်။ သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်း နှင့် ပတ်သက်၍ သမ္မကျမ်းစာက မည်သို့ဖော်ပြထားသနည်း။ သမ္မကျမ်းစာက သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ် သည်ဟု ပြောထားပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒတွေ ရှိ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားပါသည်။
ကျမ်းပိုဒ်များစွာတို့နှင့် အတူ တမန်တော်၊ ၅း၃-၄ ထဲတွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင် ဖြစ် ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ ဤကျမ်းပိုဒ်တွင် ပေတရုက အာနနိ အား သူသည် အဘယ့်ကြောင့် ဘုရား သခင်ကို လိမ်ညာခဲ့ကြောင်း၊ သူ၏ အပြစ်ကို ဖော်ပြ၍ “လူတွေကို လိမ်ညာခြင်းမဟုတ်ပဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ် ကြောင်း” ပေတရု က သူ့အား ပြောထားသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ကို လိမ်ညာခြင်းသည် ဘုရားသခင်ကို လိမ်ညာ ခြင်းဖြစ်ကြောင်း သေချာသော ဖော်ပြချက်ဖြစ်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင် ပိုင်ဆိုင်သော အရည်အချင်းများ (သို့) ၀ိသေသတို့ကို ပိုင်ဆိုင်ထားသဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်တို့ သိရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆာ၊ ၁၃၉၊ ၇-၈ ထဲတွင် သန့်ရှင်းသော ၀ိညာဉ်တော်သည် နေရာတိုင်း၌ ရှိကြောင်းကို တွေ့ရ သည်။ “၀ိညာဉ်တော်နှင့် လွတ်စေခြင်းငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော် နှင့် လွတ်စေခြင်းငှါ အဘယ့် အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌လည်း အိပ်ရာကို ခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”။ ထို့နောက် ၁ကော၊ ၂း၁၀ တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ သမ္ဗညုတ္တဥာဏ်တော်နှင့် ပြည့်စုံသော ၀ိသေသကို တွေ့နိုင်ပါသည်။ “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ပြတော်မူ၏။ ၀ိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကို စစ်တော်မူ၏။ လူ၏ နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ ၀ိညာဉ်တော်မှ တပါး အဘယ်သူမျှ မသိ။” သန့်ရှင်းသော ၀ိညာဉ်တော်သည် စိတ်၊ လှုပ်ရှားမှု၊ ဆန္ဒရှိသဖြင့် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်ပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် တွေးတော၍ သိရှိသည် (၁ကော၊ ၂း၁၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က နာကျည်းမှုကို ခံစားနိုင်သည် (ဧ၊ ၄း၃၀)။ သန့်ရှင်းသော ၀ိညာဉ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်စားပြုဆုတောင်းပေးနေသည် (ရော၊ ၈း၂၆-၂၇)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် သူ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချသည် (၁ကော၊ ၁၂း၇-၁၁)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားသခင်ဖြစ်၍ သုံးပါးတစ်ဆူထဲတွင် “တတိယမြောက် ပုဂ္ဂိုလ်” ဖြစ်သည်။ ဘုရားသခင်ကဲ့သို့ သန့်ရှင်းသော ၀ိညာဉ်တော်သည်လည်း သခင်ယေရှု ကတိပေးခဲ့သည့်အတိုင်း နှစ်သိမ့်သူ၊ တိုင်ပင်ဖက်အဖြစ် ကူညီလုပ်ဆောင်နိုင်ပါသည် (ယောဟန်၊ ၁၄း၁၆၊ ၂၆၊ ၁၅း၂၆)။
ဘုရားသခင်၏ အလိုတော်ကို သိရှိခြင်းနှင့် ပတ်သက်၍ အခြေအနေဖော်ပြသော အချက်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ (၁)မိတ်တွေတောင်းဆိုချက် (သို့) တင်ပြချက်တို့သည် သမ္မာကျမ်းစာ တားမြစ်သော အရာမဟုတ်သည်ကို သေချာ သိရှိပါ။ (၂) မိတ်ဆွေ တောင်းဆိုချက် (သို့)တင်ပြချက်တို့သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပို့ရန် နှင့် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရေးဖြစ်သည်ကို သေချာသိရှိပါ။ မိတ်ဆွေ၏ ဆုတောင်းချက်သည် အထက်၌ ဖော်ပြခဲ့ သော အချက် နှစ်ချက်တို့နှင့် ကိုက်ညီ၍ ဘုရားသခင်က မိတ်ဆွေကို အဖြေမပေးသေးပါက- မိတ်ဆွေ၏ ဆုတောင်းချက် သည် ဘုရားသခင်၏ အလိုတော် မဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ (သို့) မိတ်ဆွေသည် အချိန်အနည်းငယ် စောင့်ဆိုင်းရန် လိုအပ်ခြင်းဖြစ်ပါသည်။ တခါတရံ ဘုရားသခင်၏ အလိုတော် သိရှိရန် ခက်ခဲပါသည်။ လူတွေက အခြေခံအား ဖြင့် ဘုရားသခင်အား မည်သည့် အမှာကို လုပ်ဆောင်မည်ကို၎င်း၊ မည်သူနှင့် ထိမ်းမြားရမည်ကို ၎င်း သိရှိရန် မေးမြန်းတတ် ကြသည်။ ရောမ၊ ၁၂း၂ ထဲတွင် “သင်တို့သည် လောကိ ပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက် ဖွယ်သော အရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု မိန့်ဆိုထား ပါသည်။
ဘုရားသခင်က မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်နှင့် လမ်းပြမှုများကို လူတို့အား ပြောပြချက်သည် အလွန် ရှားပါးသည်။ ထိုကဲ့သို့ အကြောင်းအရာများနှင့် ပတ်သက်၍ ရွေးချယ်မှုပြုနိုင်ရန် ဘုရားသခင်က ကျွန်ုပ်တို့အား အလိုတော် ရှိသည်။ ဆုံးဖြတ်ချက်အားလုံးမှ ဆုံးဖြတ်ချက်ချရန် ဘုရားသခင်အလိုတော်မရှိသော အချက်နှစ်ခုတို့သည် အပြစ် ပြုရန် ဆုံးဖြတ်ချက်နှင့် သူ၏ အလိုတော်ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ အလိုတော်နှင့် ညီညွတ်သော ဆုံးဖြတ်ချက်ချရန် ကျွန်ုပ်တို့အား အလိုတော်ရှိသည်။ မိတ်ဆွေအတွက် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်ကို မည်သို့ သိရှိနိုင်မည်နည်း? မိတ်ဆွေသည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်၍ မိတ်ဆွေအတွက် သူ၏ အလိုတော်ကို သိရှိရန် အမှန်တကယ် ဆန္ဒရှိလျှင် မိတ်ဆွေ၏ နှလုံးသားထဲ၌ ဘုရားသခင်က သူ၏ အလိုတော် ဖွင့်ပြောမည် ဖြစ်ပါသည်။ သော့ချက်သည် မိတ်ဆွေ၏ စိတ်ဆန္ဒအတိုင်း မဟုတ်ပဲ ဘုရားသခင်၏ အလိုတော်သိရှိလိုခြင်းပင်ဖြစ်သည်။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်” (ဆာ၊ ၃၇း၎)၊ သမ္မာကျမ်းစာထဲတွင် ဤအကြောင်းနှင့် ပတ်သက်၍ ဆန့်ကျင်ဘက်စကား မရှိသောကြောင့် ဘုရားသခင်နှင့် အတူ လျှောက် လှမ်းခြင်းသည် မိတ်ဆွေ၏ ၀ိညာဉ်ရေးရာတိုးတက်ရန်အတွက် အသင့်တော်ဆုံးသော လှုပ်ရှားမှုဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက မိတ်ဆွေကို ဆုံးဖြတ်ချက်ချရန် နှင့် မိတ်ဆွေ၏ နှလုံးသားအတိုင်းလိုက်လျှောက်ရန် “ခွင့်ပြုခြင်း” ဖြစ်ပါသည်။
အပြစ်တရားကို အောင်မြင်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်နိုင်မှု စွမ်းရည်အများအပြားတို့ကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ဤဘ၀တွင် ကျွန်ုပ်တို့သည် အပြစ်တရားကို ပြည့်စုံစွာ အောင်မြင်နိုင်မည် မဟုတ် ပေ။ သို့သော် ကျွန်ုပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် ရည်ရွယ်ချက်ထားရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ကူညီမစ ခြင်းအားဖြင့်ဖြစ်စေ၊ နှုတ်ကပတ်တော်၏ နိယာမတို့ကို လိုက်လျောက်ခြင်းအားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့သည် အပြစ်တရားကို တဖြည်းဖြည်း အနိုင်ယူနိုင်ပါသည်။
အပြစ်တရားကို အောင်မြင်ရန်အတွက် နှုတ်ကပတ်တော်ဖော်ပြသော ပထမဦးဆုံး ရှာဖွေရမည့် အရာသည် သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သည် ကျွန်ုပ်တို့သည် ခရစ်ယာန် အသက်တာ၌ အောင်မြင်မှုရနိုင်ရန်အတွင် ဘုရားသခင်က ကျွန်ုပ်တို့အား သန့်ရှင်းသော ၀ိညာဉ်တော် ပေးထားပါသည်။ ဂလာတိသြ၀ါဒစာ၊ ၅း ၁၆-၂၅ ထဲတွင် ဇာတိ သဘောတရားနှင့် ၀ိညာဉ်သဘောတရားတို့၏ ကွာဟမှုကို ဘုရာသခင်က နှိုင်းယှဉ်ထားသည်။ ဤ ကျမ်းပိုဒ်များထဲတွင် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် ကျွန်ုပ်တို့အား တိုက်တွန်းထားပါသည်။ ယုံကြည်သူအားလုံးတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ပိုင်ဆိုင်ကြပါသည်။ သို့သော် ဤကျမ်းပိုဒ်များထဲတွင် ကျွန်ုပ်တို့သည် ၀ိညာဉ်တော်အားဖြင့် လျှောက်လှမ်းရန် လိုအပ်ကြောင်း နှင့် သူ၏ ထိန်းချုပ်မှုအောက်တွင် လျှောက်လှမ်းရန် ကျွန်ုပ်တို့အား မိန့်ဆိုထားပါသည်။ ၎င်းကျမ်းပိုဒ်၏ ဆိုလိုရင်းသည် ကျွန်ုပ်တို့၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မှုကို ခွင့်ပြုခြင်းဖြင့် သူ၏ ဦးဆောင်မှုအတိုင်း လိုက်လျှောက်ရန် ရွေးချယ်မှုကို ဆိုလိုသည်။
ယုံကြည်သူတစ်ယောက်၏ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာ၏ ထူးခြားမှုကို ယေရှု၏ အသက်တာအားဖြင့် သိသာထင်ရှားစေနိုင်သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မပြည့်ဝမှီ သခင်ယေရှုကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခဲ့သည်။ သို့သော် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခဲ့ပြီးနောက် သူသည် အသေခံသည့်တိုင်အောင် ခရစ်တော်၏ နောက်သို့ လိုက်လျှောက်ရမည်ဟု သစ္စာပြုခဲ့သည်။ သူသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝသွားခဲ့ပြီးနောက် ပင်တေဂုတ္တေနေ့တွင် ယုဒလူမျိုးများအား သတင်းကောင်းကို ရဲရဲဝံ့ဝံ့ ဟောပြော ခဲ့သည်။
လူတစ်ယောက်သည် (၁သက်၊ ၅း၁၃ ထဲတွင် ဖော်ပြသည့်အတိုင်း) ၀ိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေရန် ကြိုးပမ်း အားထုတ်ခြင်း၊ ရှိသည့်အတိုင်း ထိုသူသည် ၀ိညာဉ်တော်ဖြင့် လျှောက်လှမ်းနိုင်ပါသည်။ ၀ိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကိုလည်း ရှာဖွေတွေ့ရှိနိုင်သည် (ဧ၊ ၅း၁၈-၂၁)။ လူတစ်ဦးသည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် မည်သို့ ပြည့်ဝ နိုင်မည်နည်း။ ပထမအနေနှင့် ၎င်းသည် ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်က သူနှစ်သက်သော ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်၍ ထိုသူအားဖြင့် သူပြုလိုသော အမှုအားလုံး ပြည့်စုံစွာလုပ်ဆောင်ခဲ့ပါသည် (က၊ ၄၁း၃၈၊ ထွက်၊ ၃၁း၃၊ ကော၊ ၂၄း၂၊ ၁ဓမ္မ၊ ၁၀း၁၀)။ ဧ၊ ၅း၁၈-၂၁ နှင့် ကော၊ ၃း၁၆ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပြည့်ဝသော သူများကို ဘုရားသခင်က ရွေးချယ်ကြောင်းကို တွေ့နိုင်ပါသည်။ ဤကျမ်းပိုဒ်နှစ်ခုတို့သည် သန့်ရှင်းသော ၀ိညာဉ်တော်နှင့် ပြည့်ဝခြင်း ကို ဖော်ပြလိုသော ကျမ်းပိုဒ်များဖြစ်ကြသည်။ ဤအချက်မှ တဆင့် ဒုတိယအချက်ကိုလည်း လုပ်ဆောင်နိုင်ပါသည်။
ကောင်းသောအရာဟူသမျှသည် လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ထံ ပေးအပ်ခဲ့သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားက မိန့်ဆိုထားပါသည် (၂တိ၊ ၃း၁၆-၁၇)။ သမ္မကျမ်းစာက မည်ကဲ့သို့သော အသက်ရှင်ရမည်ကို၎င်း၊ မည်သည့်အရာကို ယုံကြည်ရမည်ကို၎င်း၊ ကျွန်ုပ်တို့အား သွန်သင်ထားပါသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် လမ်းမှားကို ရွေးမိခေဲ့သောအခါ လမ်းမှန်သို့ ရောက်ရှိရန် လမ်းညွှန်၍ ပို့ဆောင်ပေးပါသည်။ ထို့ပြင် သမ္မတရားလမ်း၌သာ နေရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ဟေဗြဲ၊ ၄း၁၂ ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်သကာတို့ထက် တက်ခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ဆင်ခြေကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင် တတ်၏ဟု ပြောထားသည်။ ဆာ၊ ၁၁၉ ထဲတွင် ဆာလံ ဆရာက စိတ်နှလုံးသားထဲ၌ ပြောင်းလဲပေးနိုင်သော တန်ခိုးရှိသည် ပြောဆိုထားပါသည်။ ယေရှုသည် သူ၏ ရန်သူတို့ပေါ်တွင် အောင်မြင်ခြင်းရရှိစေနိုင်သော သော့ချက်သည် နှုတ်ကပတ်တော် တရားတော်ကို မမေ့လျော့ပဲ နေ့ည မပြတ် မြွတ်ဆို အာရုံပြုရမည်ဖြစ်သည်။ သို့မှသာ သူသည် နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ပါလိမ့်မည်။ ယေရှုက ဘုရားသခင် မိန့်ဆိုသည့်အတိုင်း ပြုခဲ့သည်။ ဘုရားသခင်က သူ့ကို စစ်ချီရန် အမိန့် မရှိ သော်လည်း ကတိတော်နယ်မြေ သိမ်းယူနိုင်ရန် စစ်ပွဲ၌ သူ၏ အောင်မြင်မှု ရရှိခြင်းသော့ချက်သည် နှုတ်ကပတ်တော်ကို စောင့်ထိန်းခြင်းဖြစ်သည်။
ဝမ်းနည်းစရာတစ်ခုကတော့၊ တခါတရံ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ပေါ့ပေါ့တန်တန် ထင်မှတ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားကျောင်းသို့ မိမိကျမ်းစာအုပ်ကို ယူဆောင်သွားကြသည်။ နေ့တိုင်း ဖတ်ရှုသည်။ တစ်နေ့လျှင် အခန်းကြီး တစ်ခုစီဖတ်ကြသည်။ သို့သော် အလွတ်ကျက်မှတ်ရန်၊ အာရုံပြုရန်၊ မိမိအသက်တာ၌ ဆင်ခြင် သုံးသတ်ရန်၊ ထိုနှုတ်ကပတ်ဖွင့်ပြသည့်အတိုင်း အပြစ်ဝန်ချရန်၊ နှုတ်ကပတ်တော်ထဲ၌ ဖွင့်ပြသည့်အတိုင်း ဘုရားသခင် ပေးထားသော ဆုကျေးဇူးတော်အတွက် သူ့ကို ချီးမွမ်းရန်အတွက် ကျွန်ုပ်တို့မေ့လျော့တတ်ကြသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ ဖတ်ရှုသောအခါ အလွန်ငေးငွေ့တတ်ကြပါသည်။ ကျွန်ုပ်တို့သည် ၀ိညာဉ်ရေးရာ၌ ရှင်သန်နိုင်ရန် နှုတ်ကပတ်တော်ကို ထိန်းသိမ်းနိုင်ပါသည်။ (ကျန်းမာရေးကောင်းမွန်ရန် အတွက်သာ မျိုချဖို့မဟုတ်ပဲ ကျမ်းမာသန်စွမ်းရန် စာသုံးရန်လိုအပ် သည်။) (သို့) ကျွန်ုပ်တို့သည် တခါတရံသာ ကျွေး၍ သမ္မာကျမ်းစာမှ အစာအဟာရပြည့်စုံစွာ ရရှိနိုင်ရန် နှုတ်ကပတ်တော်ကို အချိန်ကြာမြင့်စွာ အာရုံမပြုပဲ နေနိုင်သည်။
မိတ်ဆွေက နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း အကျိုးရှိစွာ လေ့လာခြင်းအကျင့် မရှိသေးခဲ့လျှင်ဖြစ်စေ၊ သန့်ရှင်းသော ၀ိညာဉ်တော်က မိတ်ဆွေ၏ နှလုံးသားထဲ၌ လှုပ်ရှားသည့်အတိုင်း ကျမ်းပိုဒ်တွေကို အလွတ်မကျက်သေးခဲ့ လျှင် ယခုမစ၍ ထိုလုပ်ငန်းတို့ကို စတင်လုပ်ဆောင်ခြင်းသည် အရေးကြီးပါသည်။ တချို့သော ကျမ်းပိုဒ်တို့က မိတ်ဆွေ၏ ဘ၀ခရီးအစပြုနိုင်ရန် ကူညီပါလိမ့်မည်။ မိတ်ဆွေ၏ နှလုံးသားထဲ၌ နှုတ်ကပတ်တော်တရားတော်ကို အမြစ်မစွဲသည့်တိုင် အောင် နှုတ်ကပတ်တော် အလွတ်ကျက်မှတ်ခြင်းကု မရပ်တန့်အပ်ပေ။ တချို့သော ကျမ်းပိုဒ်တို့သည် သူတို့၏ နှလုံးသားထဲ ၌ ဘုရားသခင်၏ စကားပြောသည့်အတိုင်း ဘုရားသခင်က အကူအညီပေးရန် တောင်းဆိုသော ဆုတောင်းချက်တို့လည်း ပါဝင် ပါသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ အသက်တာထဲ၌ ဘုရားသခင် အသုံးပြုခဲ့သော စာအုပ်ဖြစ်ပါသည်။ (ဧ၊ ၆း၁၇)။ သမ္မာကျမ်းစာသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပြီး၊ ၀ိညာဉ်ရေးရာတိုက်ပွဲ ဆင်နွဲရာတွင် ဘုရားသခင်အသုံးပြုသော အဓိကလက်နက်တစ်ခုဖြစ်ပါသည်။ (ဧ၊ ၆း၁၂-၁၈)။
အပြစ်တရားကို တိုက်ခိုက်ရန် အလွန်အရေးကြီးသော တတိယမြောက် လက်နက်သည် ဆုတောင်းခြင်းပင်ဖြစ်ပါ သည်။ ဤလုပ်ငန်းသည် နှုတ်ခမ်းအားဖြင့်သာ လုပ်ဆောင်ရသော လုပ်ငန်းဖြစ်သော်လည်း ခရစ်ယာန်တို့သည် ဆုတောင်း ရန် အလွန်အားနည်းတတ်ကြသည်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း အစည်းအဝေးများ၊ ဆုတောင်းရန် အချိန်များ သတ်မှတ် ထားသော်လည်း ကျွန်ုပ်တို့၏ ဆုတောင်းခြင်းတို့သည် ကနဦး အသင်းတော်၌ ပေးထားသော လုပ်ဆောင်မှု နမူနာတို့နှင့်သာ တူညီသည်။ (တမန်၊ ၃း၁၊ ၄း၃၁၊ ၆း၎၊ ၁၃း၁-၃)။ ပေါလုသည် သူ အမှုတော်ဆောင်သော နေရာဒေသ၌ ရှိသော သူတို့ အတွက် မည်သို့ ဆုတောင်းခဲ့သည်ကို သူက မကြာခဏ ပြောခဲ့ပါသည်။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ဘုရားသခင်က ကျွန်ုပ်တို့အား အံ့သြဖွယ်ကောင်းသော ကတိတော်ပေးခဲ့ပါသည်။ (မ၊ ၇း၇-၁၁၊ လု၊ ၁၈း ၁-၈၊ ယော၊ ၆း၂၃-၂၇၊ ၁ယော၊ ၅း၁၄-၁၅)။ ၀ိညာဉ်တိုက်ပွဲ ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ရန် ပေါလု တိုက်တွန်းပေးသော အကြောင်းအရာလည်း တွေ့နိုင်ပါ သည် (ဧ၊ ၆း၁၈)။
ကျွန်ုပ်တို့၏ အသက်တာ၌ အပြစ်တရားကို အောင်မြင်ရန် ဆုတောင်းခြင်းသည် မည်မျှ အရေးကြီးသနည်း။ ဂေသာရှေမာနေဥယျာဉ်၌ ပေတာရုက သခင်ယေရှုကို မငြင်းမီ သူထံ ခရစ်တော်ပြောသောစကားကို ပေတရုကို ကြည့်သော် တွေ့နိုင်ပါသည်။ ထိုနေရာတွင် သခင်ယေရှုသည် ဆုတောင်း၍ ပေတရုသည် အိပ်မောကျနေသည်။ သခင်ယေရှုက သူ့ကို နှိုး၍ ဤသို့ပြောခဲ့သည်။ “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာစိတ်ရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” (မဿဲ၊ ၂၆း၄၁)။ ပေတရု နည်းတူ ကျွန်ုပ်တို့ သည်လည်း မှန်ကန်သော အရာကို လုပ်ဆောင်လိုကြသော်လည်း အင်အားကို မတွေ့နိုင်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင် အကြံပြုခဲ့သော ဆက်လက်ရှာဖွေခြင်း၊ တံခါးခေါက်ခြင်းနှင့် အသနားခံခြင်းတို့ကို အမြဲလုပ်ဆောင်ရန် လိုအပ်သည်။ သို့ပြု လျှင် ကျွန်ုပ်တို့လိုအပ်သော အင်အားကို ဘုရားသခင်က ချပေးတော်မူမည်ဖြစ်ပါသည် (မဿဲ၊ ၇း၇)။ ဆုတောင်းခြင်းသည် ၀ိဇ္ဇာအတတ်ပမာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်သည် ကြည်ညိုလေးစားဖွယ် အလွန်ကောင်းသည်။ ဆုတောင်း ခြင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်ကို သိရှိခြင်းဖြစ်၍ ဘုရားသခင်၏ မကုန်ခမ်းနိုင်သော တန်ခိုးတော်ကို အသိအမှတ်ပြု ခြင်းဖြစ်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့အား လုပ်စေလိုသော အရာများ လုပ်ဆောင်နိုင်ရန် ခွန်အား တောင်းခံခြင်းဖြစ်သည် (ကျွန်ုပ်တို့၏ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ရန် မဟုတ်ပေ) (၁ယော၊ ၅း၁၄-၁၅)။
အပြစ်တရားကို အောင်မြင်နိုင်ရန် လေးခုမြောက်သော ကျွန်ုပ်တို့၏ လက်နက်သည် အသင်းတော်၌ ယုံကြည်သူများ ၏ မိတ်သဟာရဖွဲ့ခြင်းပင်ဖြစ်သည်။ သခင်ယေရှုက သူ၏ နောက်လိုက်တပည့်တော်တို့ကို စေလွှတ်သောအခါ နှစ်ယောက် တစ်တွဲသွားရန် စေလွှတ်ခဲ့ပါသည်။ (မဿဲ၊ ၁၀း၁)။ တမန်တော် ၀တ္တုထဲ၌ ရှိသော သာသနာလုပ်ငန်းကို ကြည့်သော သူတို့သည် တစ်ကြိမ်တည်း အားလုံးမသွားခဲ့ပေ။ သို့သော် နှစ်ယောက် (သို့) လိုထက်များသော အဖွဲ့များ ခွဲ၍ သွားခဲ့ပါ သည်။ သခင်ယေရှုက သင်တို့သည် နှစ်ဦး (သို့) သုံးဦးတို့သည် သဘောချင်းတိုက်ဆိုင်၍ စုရုံးသောနေရာတွင် ငါရှိသည်ဟု မိန့်ဆိုခဲ့ပါသည် (မဿဲ၊ ၁၉း၂၀)။ သခင်ယေရှုက စုရုံးခြင်းအမှုကို မထီမဲ့မြင်ပြုရန် အမိန့်မရှိခဲ့ပေ။ သို့သော် စုရုံးခြင်းထဲ၌ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ကောင်းသောအကျင့်စရိုက် ပြုခြင်းအားဖြင့် အချင်းချင်း ခွန်အားပေးရန် သခင်ယေရှုက တိုက်တွန်းထားပါသည် (ဟေဗြဲ၊ ၁၀း၂၄-၂၅)။ အချင်းချင်း တစ်ယောက်က တစ်ယောက်အပေါ်တွင် အပြစ်ဝန်ချတောင်းပန် ရန် သခင်ယေရှုက မိန့်ဆိုထားပါသည် (ယာ၊ ၅း၁၆)။ ဓမ္မဟောင်းထဲ၌ ရှိသော ပညာပေးစာစောင်က ကျွန်ုပ်တို့ကို ဤသို့ ပြောထားပါသည်။ သံက သံကို၎င်း၊ လူက လူကို၎င်း၊ ထက်မြက်စေနိုင်သည် (၁၃၊ ၂၇း၁၇)။ လူအများအပြား စုရုံးသော နေရာတွင် အင်အားရှိသည် (ဒေသ၊ ၄း၁၁-၁၂)။
တစ်ယောက်နှင့် တစ်ယောက် အသိအမှတ်ပြုသော လုပ်ဆောင်ဖက်တို့သည် အပြစ်ဒုစရိုက်ကို ကျော်လွှားစေနိုင် သည်ဟု ခရစ်ယာန်များစွာက တွေ့ရှိခဲ့သည်။ မိတ်ဆွေကို စကားပြောသောသူ၊ ဆုတောင်းပေးမည့်သူ၊ အားပေးမည့်သူ၊ ဆုံးမမည့်သူ ရှိခြင်းသည် ရေတွက်၍မရသော တန်ဖိုးရှိသည်။ စုံစမ်းခြင်းသည် လူတိုင်းအပေါ် ကျရောက်မည့်အရာ ဖြစ်သည် (၁ကော၊ ၁၀း၁၃)။ ကူညီမည့်အပေါင်းအဖော်ရှိခြင်း (သို့) အဖွဲ့အစည်းရှိခြင်းက ပြင်းထန်သော အပြစ်ဒုစရိုက်ကို ကျော်လွှား အောင်မြင်ရန် ကျွန်ုပ်တို့ လိုအပ်သော ခွန်အားနှင့် လှုပ်ရှားမှုကို ပေးခဲ့သည်။
တခါတရံ အပြစ်တရားကို လျှင်မြန်စွာ အောင်မြင်နိုင်သည်။ တခါတရံ တချို့သော နေရာများတွင် အောင်မြင်မှု နှေး ကွေးတတ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နည်းလမ်းကို အသုံးပြုခဲ့လျှင် ကျွန်ုပ်တို့၏ အသက်တော်၌ တိုးတက်မှုကို ဖြည်းညှင်းစွာ ရရှိမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ကတိတော်ပေါ်တွင် သစ္စာစောင့်သော ဘုရားသခင် ဖြစ်သော ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရားကို အောင်မြင်ရန် စိတ်ရှည်သည်းခံစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်ပါသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် သောသောသူတို့အတွက် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ ခံစားမှုများ စွာရှသည်။ ထိုသို့ အသေခံသောသူသည် မိတ်ဆွေဖြစ်ခဲ့လျှင် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် စိတ်ပျက်ဝမ်းနည်းခြင်း ကဲ့သို့သော စိတ်ဖိဆီးမှုတို့ကို ခံစားသည်ဟု ပြောစရာရှိပါသည်။ မိတ်ဆွေသည် နက်ရှိုင်းသော တွင်းထဲသို့ ကျသောသူကဲ့သို့ စိတ်ဖိဆီးမှုကို ခံစားနိုင်သည်။ ထို့ပြင် ပို၍ ကောင်းမွန်သော အရာဖြစ်သော မျှော်လင့်ခြင်းရောင်ခြည်ကို မည်သူကမှ စိတ်ဝင် စား၍ သိရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့သော ဘ၀သည် ရှင်သန်ရန် သင့်လျော်သလော့။
ချို့တဲ့သော စိတ်ဖိဆီးမှုကို များစွာသောသူတို့က တချိန်ချိန်တွင် တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ စိတ်ဖိဆီးမှု ဒဏ် ကြောင့် ငရဲထဲသို့ ရောက်နေသော သူတို့၏ စိတ်ထဲတွင် ဤကဲ့သို့သော မေးခွန်းများ ပေါ်လာနိုင်သည်။ “ဤကဲ့သို့ စိတ်ဖိဆီးမှု ခံစားခြင်းသည် ကျွန်ုပ်ကို ဖန်ဆင်းခဲ့သော ဘုရားသခင်၏ အလိုတော်ဖြစ်သလား။” “ကျွန်ုပ်ကို မကယ်တင်နိုင် လောက်အောင် ဘုရားသခင်သည် အလွန်သေးငယ်သလော။” သို့သော်၊ ယခု ဘုရားသခင်သည် စစ်မှန်သော ဘုရားဖြစ် ကြောင်းကို အချိန်အနည်းငယ်ယူ၍ မိတ်ဆွေ စဉ်းစားကြည့်လျှင် သူသည် သူဖြစ်သည့်အတိုင်း ကြီးမားကြောင်းကို သက်သေ ပြပါလိမ့်မည်။ “ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာ တစ်ခုမျှမရှိပေ” (လု၊ ၁း၃၇)။ ဒဏ်ရာဟောင်းက ငြင်းပယ်မှု (သို့ ) စွန့်ပစ်မှုကို ခံစားစေတတ်သည်။ ၎င်းက မိမိကိုယ်ကို သနားခြင်း၊ အမျက်ထွက်ခြင်း၊ ခါးသီးမှုကို ခံစားခြင်း၊ လက်စားချေလို သော စိတ်များ (သို့) နည်းလမ်းများ၊ ကျမ်းနာရေးအတွက် ပူပန်စိတ်များ ဖြစ်စေတတ်ပါသည်။ ၎င်းတို့က မိတ်ဆွေ၏ အရေးကြီးသော ဆက်နွယ်မှုတချို့တို့ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ သို့သော် ကိုယ်ကိုယ့်ကို သတ်သေခြင်းသည် မိတ်ဆွေ လုံးဝ မထင်မှတ်သည်၊ မိတ်ဆွေ မြတ်နိုးသော သူတစ်ယောက်က မိတ်ဆွေကို နာကျည်းအောင် ပြုသည့်အခါတွင် ဖြစ်စေ၊ မိတ်ဆွေ၏ ဘ၀၌ နာကျည်းခဲ့သော ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာသောအခါတွင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း အကြောင်းဖြစ်တတ်သည်။
မိတ်ဆွေသည် အဘယ့်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံစည်သင့်သနည်း။ မိတ်ဆွေ၊ မိတ်ဆွေ၏ အသက်တာ ထဲ၌ မည်မျှပင်ဆိုးသွမ်းမှုတွေ ရောက်ပါစေ၊ မိတ်ဆွေ၏ ၀မ်းနည်းပူဆွေးမှုထဲတွင် လမ်းပြပို့ဆောင်ရန်နှင့် အံ့သြဖွယ် ကောင်း သော အလင်းထဲသို့ ပို့ဆောင်ပေးရန် စောင့်ထိန်းသူချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော ဘုရားသခင်ရှိပါသည်။ သူသည် မိတ်ဆွေ မျှော်လင့်သောသူပင်ဖြစ်သည်။ သူ၏ အမည်နာမသည် သခင်ယေရှုဖြစ်သည်။
ထိုသခင်ယေရှု၊ အပြစ်ကင်းမဲ့သော ဘုရားသခင်၏ သားတော်သည် မိတ်ဆွေ၏ စွန့်ပစ်မှုခံရသော အချိန်နှင့် အနှိမ်ခံ ဘ၀၌ နေသောအချိန်တွင် မိတ်ဆွေနှင့်အတူ အစဉ်အမြဲရှိပါသည်။ ပရောဖက်ဟေရှာယက သူ့အကြောင်းကို ဤသို့ ရေးသား ခဲ့သည်။ ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့ ၎င်း၊ သွေ့ခြောက်သော မြေ၌ ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော် ၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံးသော သူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတစ်ပါး မျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ။ သို့သော်လည်း ထိုသူ သည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း၊ ခံရသောသူဖြစ်သည်ဟု ငါတို့ကသည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ ခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျော်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက်၊ ကိုယ့် လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏ ခပ်သိမ်းသော အပြစ်များကို သူ့အပေါ်၌ ထင်တော်မူ၏ (ဟေရှာ၊ ၅၃း ၂-၆)။
ချစ်မိတ်ဆွေ၊ မိတ်ဆွေ၏ အပြစ်အားလုံး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိရန် သခင်ယေရှုခရစ်တော်က သည်းခံခွင့်လွှတ် ခြင်းဖြင့် ဤအမှုကို ပြုနေခြင်းဖြစ်သည်။ မိတ်ဆွေ၏ အပြစ်သည် မည်မျှပင် ကြီးမားလျှင်လည်း မိတ်ဆွေသည် နှိမ့်ချစွာဖြင့် နောင်တရလျှင် ခရစ်တော်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ (အပြစ်ဒုက္စရိုက်နွံထဲမှ ရုန်းထွက်၍ ဘုရားသခင်ထံသို့ ပြန်လာပါ။ “အမှုရောက်သည့်ကာလ၌ ငါ့ကို ပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကို ချီးမွှမ်းလိမ့်မည်” (ဆာ၊ ၅၀း၁၅)။ မိတ်ဆွေပြုခဲ့သော အရာများက သခင်ယေရှုအတွက် ခွင့်လွှတ်ရန် အလွန်ဆိုးရွားမည် မဟုတ်ပေ။ သမ္မကျမ်းစာထဲ၌ ဖော်ပြထားသော ပုဂ္ဂိုလ်တချို့က ကြီးမားသော အမှုပြုခဲ့ပါသည်။ ထိုပုဂ္ဂိုလ်တို့သည် လူသတ် သမား (မောရှေ)၊ လူသတ်၍ မတရားပြုသူ (ဒါဝိတ်ဘုရင်)၊ စိတ်ပိုင်းနှင့် ကာယပိုင်းဆိုင်ရာ ကြမ်းကြုတ်သူ (တမန်တော် ရှင်ပေါလု) တို့ဖြစ်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်အားဖြင့် အပြစ်လွှတ်ငြိမ်းခြင်း အခွင့်နှင့် အသစ်သော ကြွယ်ဝ သော အသက်တာကို ရရှိခဲ့ကြသည်။ “ဒုက္စရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေ တော်မူပါ” (ဆာ၊ ၅၁း၂)။ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော၊ ၅း၁၇)။
မိတ်ဆွေသည် အဘယ့်ကြောင့် မိမိကိုယ်ကို သေကြောင်းမကြံသင့်သနည်း။ မိတ်ဆွေ၊ ယခု မိတ်ဆွေ၏ “ပျက်ဆီး” သောဘ၀၊ မိမိကိုယ်ကို သေကြောင်းကြံခြင်းအားဖြင့် သတ်သေရန် ကြိုးပမ်းအားထုတ်သောအသက်တာကို ဘုရားသခင်က ပြန်လည်ပြုပြင်ရန် အဆင့်သင့်ဖြစ်ပါသည်။ ပရောဖက်ဟေရှာယက ဤသို့ ပြောထားပါသည်။” ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ သတင်းကို ကြား ပြောစေခြင်းငှါ၊ ငါ့ကဘိ သိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသော သူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဖမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်စေခြင်းအကြောင်းကို ဖြစ်စေ ခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းထွားသောသူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊ စိတ်မသာ ညည်းထွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍၊ ပြာ အရာ၌ ပေါင်းသရဖူ၊ ၀မ်းနည်းခြင်းအရာ၌ ၀မ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သောစိတ်သဘောအရာ၌ ချီးမွမ်းခြင်း အ၀တ်တန်ဆာ ကို သူတို့အားပေးစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်တို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် (ဟေရှာ၊ ၆၁း၁-၃)။
သခင်ယေရှုထံပြန်လာ၍ မိတ်ဆွေက ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို ပြန်လည်ရယူပါ။ မိတ်ဆွေ၏ ဘ၀၌ အသစ် သောအမှု လုပ်ဆောင်နိုင်ရန် သခင်ယေရှုကို ယုံကြည်ကိုးစားမှုဖြင့် လျှောက်လှမ်းသည့်နည်းတူ အသုံးကျသော ဘ၀ကို ပြန် လည်ရယူပါ။ “ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ၀မ်းမြောက်ခြင်းအခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း၍ မြွတ်ဆိုပါမည်။ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သော စိတ်ပေတည်။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းတော်မမူတတ်ပါ” (ဆာ၊ ၅၁း၁၂-၁၅-၁၇)။
မိတ်ဆွေသည် ယခု သခင်ယေရှုကို ကယ်တင်ရှင်နှင့် သိုးထိန်းအဖြစ် လက်ခံမည်လော။ အချိန်တိုင်း၌ ဘုရားသခင် က မိတ်ဆွေ၏ အတွေးအခေါ်နှင့် ခြေလှမ်းများကို သူ၏ နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် လမ်းပြပို့ဆောင် ပါလိမ့် မည်။ “သင်သွားရာလမ်းကို ငါညွှန်ပြ၍ လမ်းပြပါလိမ့်မည်။ ငါသည် သင့်ကို သွန်သင်၍ စောင့်ထိန်းပါလိမ့်မည်” (ဆ၊ ၂း၈)။ “ဥာဏ်နှင့်ပညာသည် သင်၏ လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည်လည်းသင်၏ ဘဏ္ဍာဖြစ်လိမ့်မည် (ဟေ ရှာ၊၃၃း၆)။ခရစ်တော်ထဲ၌ မိတ်ဆွေသည် ဆက်လက်ကြိုးပမ်းပါလိမ့်မည်။ သို့သော် ယခုမိတ်ဆွေသည် မျှော်လင့်ချက်ရှိသည်။ ခရစ်တော်သည် မိတ်ဆွေဖြစ်၍၊ မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက်သာ၍ စွဲကပ်တတ်၏” (သုတ္တံ၊ ၁၈း၂၄)။ မိတ်ဆွေ၏ ဆုံးဖြတ်ချက်ပေါ်တွင် သခင်ယေရှုခရစ်တော်၏ ငြိမ်သက်ခြင်း သက်ရောက်ပါစေသော။
မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံလိုပါက ဤဆုတောင်းချက်ကို နှလုံးသားထဲ မှ ဘုရားသခင်အား ပြောပြပါ။ “ဘုရားသခင်၊ ကျွန်ုပ်၏ ဘ၀၌ ကိုယ့်တော်ကို လိုအပ်ပါ၏။ ကျွန်ုပ်ပြုခဲ့မိသော အပြစ်ဟူသမျှ ခွင့်လွှတ်သနားတော်မူပါ။ ကျွန်ုပ်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်၍ ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ပါ၏။ ကျွန်ုပ်ကို စင်ကြယ်စေတော်မူပါ။ ကျမ်းမာစေတော်မူပါ။ ၀မ်းမြောက်ခြင်း ပေးသနားတော်မူပါ။ ကိုယ်တော်၏ ချစ်ခြင်း မေတ္တာနှင့် ကျွန်ုပ်၏ ကိုယ်စား သခင်ယေရှု၏ အသေခံတော်မူခြင်းအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏”။
ဤနေရာတွင်မိတ်ဆွေဖတ်ခဲ့သောအကြောင်းအရာကြောင့်ခရစ်တော်ကိုလက်ခံရန်ဆုံးဖြတ်ချက်ချခဲသလား? ဆုံးဖြတ်ချက်ချခဲ့လျှင်“ယနေ့ခရစ်တော်ကို ကျွန်ုပ်လက်ခံခဲ့ပါပြီ”ဟူသော စကားစုကို နှိပ်ပါ