ဝတ်ပြုရာကျမ်း
နိဒါန်း
ဝတ်ပြုရာကျမ်းတွင်ရှေးခေတ်ဣသရေလ အမျိုးသားတို့၏ ဝတ်ပြုကိုးကွယ်မှုနှင့်ဘာ သာရေးဆိုင်ရာပြဋ္ဌာန်းချက်များအတိုင်း တာဝန် ယူဆောင်ရွက်ရသောယဇ်ပုရောဟိတ်များအတွက် ညွှန်ကြားချက်များဖော်ပြပါရှိသည်။
ဤကျမ်း၏အဋ္ဌိကအကြောင်းအရာမှာဘုရားသခင်သည် သန့်ရှင်းတော်မူခြင်းနှင့်ကိုယ်တော်၏ လူမျိုးတော်သည်``ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းသောဘုရားသခင်'' နှင့်ဆက်သွယ်မှု ရှိနေစေရန်လိုက်နာရမည့်ဝတ်ပြုကိုးကွယ်မှု၊ အသက်ရှင်နေထိုင်မှုဆိုင်ရာနည်းလမ်း များအကြောင်းဖြစ်သည်။
သခင်ယေရှုကဒုတိယအကြီးမြတ်ဆုံး သောပညတ်တော်ဟူ၍ဖွင့်ဆိုခဲ့သော``ကိုယ် ၏အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်'' ဟူသောကျမ်းချက်ကိုအခန်းကြီး ၁၉ ငယ် ၁၈ တွင်တွေ့နိုင်သည်။
အကြောင်းအရာအကျဉ်းချုပ်
ယဇ်ပူဇော်ခြင်းနှင့်အခြားပူဇော်သကာများ ဆိုင်ရာပညတ်များ ၁:၁-၇:၃၈။
အာရုန်နှင့်သူ၏သားများကိုယဇ်ပုရောဟိတ်များ အဖြစ်သိက္ခာတင်ခြင်း ၈:၁-၁၀:၂၀။
ဘာသာရေးထုံးနည်းအရသန့်ရှင်းခြင်းနှင့် မသန့်ရှင်းခြင်းဆိုင်ရာပညတ်များ ၁၁:၁-၁၅:၃၃။
အပြစ်ဖြေရာနေ့ ၁၆:၁-၃၄။
သန့်ရှင်းစွာနေထိုင်မှုနှင့်ဝတ်ပြုကိုးကွယ်မှု ဆိုင်ရာပညတ်များ ၁၇:၁-၂၇:၃၄။
အကောင်လိုက်ပူဇော်ရာယဇ်
၁
၁-၂ ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။
တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
၃ နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
၄ သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
၅ သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
၆ ထိုနောက်သူသည်နွားကိုအရေဆုတ်၍ ခုတ် ဖြတ်ရမည်။-
၇ ယဇ်ပုရောဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင် ထင်းကိုစီခင်း၍ မီးညှိရမည်။-
၈ ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-
၉ ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
၁၀ ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
၁၁ သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
၁၂ သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
၁၃ သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
၁၄ တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။-
၁၅ ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
၁၆ ထို့နောက်စလုတ်ရှိအစာနှင့်တကွစလုတ် ကိုထုတ်၍ ပလ္လင်အရှေ့ဘက်ရှိပြာပုံထဲသို့ ပစ်လိုက်ရမည်။-
၁၇ သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။